ဦးဖက်တီးကိုဟောာတာမှန်ပါသည် ..

fattyOctober 28, 20111min011

ကျနော်အရင်တပတ်ကကျနော့်အမျိုးသမီး
ကိုယ်ဝန်ရှိနေတုန်းအသားဝါဖြစ်တော့ ဘာလီရည်
သောက်စရာပိုက်ဆံမရှိတဲ့အကြောင်းရေးပြီးပြီနော် ..။

အဲဒီတုန်းက ကျနော် ပက်စီကိုလာ ဦးသိန်းထွန်းဆီမှာ
အလုပ်လုပ်နေချိန်ပေါ့ဗျာ …။
ဦးသိန်းထွန်းဆိုတာမြန်မာနိုင်ငံမှာပထမဆုံးပေါ်တဲ့
သူဌေးကြီးတွေထဲမှာတယောက်ပေါ့ …။
အခုတော့ ထွန်းဖေါင်ဒေးရှင်း ဥက္ကဌဖြစ်မှာပေါ့

ကျနော်က ဦးသိန်းထွန်း Rap ရထားတဲ့ကုမ္ပဏိတွေကို
ကိုင်ရပါတယ်။
ကျနော့အမျိုးသမီးလည်းတဖြည်းဖြည်းနဲ့မွေးချိန်နီးလာပါပြီ။
မွေးဖွားစားရိတ်ေလေးဘာလေးရှာရဖွေရပါအုံးမယ်။
ဗိုက်ကိုတော့ သူ့အဒေါ် OG ဒေါ်ခင်စောလှဆီမှာအပ်ထားပါတယ်။
ကျနော့လစာကအဲဒီတုန်းက ၃၀၀ဝ လောက်ဆိုတော့
စားဖို့သောက်ဖို့လောက်ဘဲရတယ်ေလေ။

အဲဒီကြားထဲကိုရီးယားတွေလာကြအုံးမယ်လို့ပြောတော့
သူဌေးကိုအဲဒါပြီးရင်ကျနော်ခွင်းယူမယ်ပြောထားလိုက်ရတယ် …။
အဲဒီမှာ ……
ဗေဒင်မှန်ကြောင်းအဲံဲ့့ဩစွာတွေ့ရတော့တာပါဘဲ ….။
ကိုရီးယားတွေလာကြတော့ သူတို့နဲ့အလုပ်အတူလုပ်ရတယ် ။
ဦးသိန်းထွန်းက ကျနော့ကိုအကုန်လွှဲထားလိုက်တယ် ။
ညပိုင်းကျတော့မှ dinner စားရင်း သူ့ကိုရှင်းပြရတယ်။

ကံက အဆိုးထဲကကောင်းချင်တော့ ………
ကိုရီးယားတယောက်က မင်းလုပ်ပုံသဘောကျတယ်ဆိုပြီး
ပြန်ခါနီးမှာ ယူအက်စ်ဒေါ်လာ ၂၀ဝ လက်ထဲထည့်ပေးသွားတယ် ….။
ဟာ … ဘာပြောကောင်းမလဲ …………………….။
ရုံ့းဆင်းတာနဲ့အိမ်တန်းပြေး ……………..။

မိန်းမကိုပြောပြ …။ မိန်းမခမျာ မျက်ရည်များတောင်လည်လို့ .
မောင့်ကိုဟောတဲ့ ဗေဒင်မှန်နေပြီပေါ့တဲ့ ….။
ဗေဒင်က အခက်အခဲရှိရင် မ, မဲ့ သူပေါ်လာလိမ့်မယ် လို့ဆိုထားတာကိုး …။

ကျနော်ဗေဒင်ပညာကိုယုံသထက်ပိုပြီးယုံလာပါတော့တယ် ….။
ဒါကတော့ ကျနော့ဘဝတစိတ်တစ်ပိုင်းရယ် …ဗေဒင်မှန်ပုံရယ်ကိုရေးပြတာပါ ..။

ကျနော့အမျိုးသမီးလဲအားလုံးလျှောလျှောလျူလျူ မွေးနိုင်ပါတယ် ..။
အဲဒါပေတဲ့ခွဲမွေးရတာပေါ့ ………။
သိပ်ပြီးမကြခင်မှာဘဲ ဘေးအိမ်က ဆွေမျိုးတော်တဲ့ဘူန်းကြီးကြွလာလို့ပင့်ပြီးတောင်ဆွမ်းကျွေး
လိုက်သေးတယ် …။
အဲဒီမှာ ပြသနာတခုစတက်တော့တာပါဘဲ ……………။
ဘေးအိမ်က အဲဒီဘုန်းကြီးက ဗေဒင်ဟောတတ်တယ် တစိမ်းတွေဆိုဟောတာမဟုတ်ဘူး
ကြုံတုန်းလေးမေးထားလိုက်ပါလားတဲ့ အမျိုးသမီးကိုပြောရော …..။
အမျိုးသမီးကလည်းယုံစပြုနေပြီလေ ..။
ဘုန်းဘုန်းကိုလျှောက်တာပေါ့ …. ဘုန်းဘုန်းက ဘုန်းကြီးတွေဗေဒင်ဟောတာသိပ်တော့မကောင်းလှဘူး
ဒါပေမဲ့ ဒီတခါတော့ဒကာနဲ့ဒကာမကို ကူညီတဲ့အနေနဲ့ဟောပေးမယ် ဆိုပြီး
တခုဘဲပြောတယ် မင်းတို့ .. အိုးပျောက်အိမ်ပျောက်ကိန်းရှိလို့ ဂရုစိုက်ကြပါတဲ့ ..။

ဟိုက် ……….။
ကျနော်က လက်ထပ်ပြီး ကျနော့အမျိုးသမီးပိုင်တဲ့အခန်းမှာနေတာ
ဘာမှအိုးအိမ်ပျောက်စရာမရှီဘူး ……………။
ဒါပေမဲ့ အကျဉ်းချုံးပြီးပြောပါ့မယ် ..။
သူ့မောင်ကံထရိုက်တာ ငွေမနိုင်တော့လို့အမှုအခင်းဖြစ်ခါနီး ထောင်ကျတော့မှာမို့
အခန်းရောင်းပြီးဆောက်လက်စအိမ်ထဲငွေထဲ့ပေးလိုက်ရပါတယ် ..။

ကျနော်တို့လဲ အဲဒီအချိန်ကစပြီး စမ်းချောင်းကနေ သမိုင်းဆရာများရိပ်သာဘက်သွာပြီးဈေးပေါပေါနဲ့ငှားနေရတော့တာပါဘဲ။

ဒါမျိါ်ပေါ့ သွေးထွက်အောင်မှန်တယ်ဆိုတာ .။
အော် လောကဓံ လောကဓံ …………………………။

……………………………….. နောက်များမှဆက်တာပေါ့နော …………………

11 comments

  • windtalker

    October 28, 2011 at 7:09 pm

    ဦးဖက်တစ်ယောက် ယောက်ဖကျော် ၏ ဘိုးဘိုးအောင် လုပ်ခြင်း ကို ခံခဲ့ရပေတကား ။
    ကျုပ် အထင် ၊ အဲ့တုန်းက တော်တော်တော့ ဖီးလ်ဖြစ်ခဲ့မယ် ထင်တယ် နော် ။
    ဦးဖက် တူးပြနေသော ဦးဖက်သမိုင်း ကို စောင့်မျှော်လျှက်ပါ

    Reply

  • MaMa

    October 28, 2011 at 7:10 pm

    ဦးဖက်တီးကဟောတာလေးလည်း သိချင်ပါသည်။ 🙂

    Reply

  • ပေါက်ဖော်

    October 28, 2011 at 7:35 pm

    ယောက်ဖတော် ကောင်းမှုကြောင့် ဗေဒင် ပိုမှန်သွားသည်
    😆

    Reply

  • Koyin Sithu

    October 28, 2011 at 8:36 pm

    ယောက်ဖကောင်းမှု့ အကြောင်းပြုလိုက်တာ
    ဦးဖက်တော့ အိုးပျောက်အိမ်ပျောက်သွားတယ်ပေါ့နော်…
    တခုမေးချင်ပါတယ်..
    ဟောပေးတဲ့ ဘုန်းကြီးက ဘာနည်းနဲ့ ဟောပေးသွားတာလဲ…
    အင်္ဂဝိဇ္ဇာလား… သို့မဟုတ် အကြားအမြင်လား…
    ဦးဖက်ပြောပုံအရဆိုရင် အကြားအမြင်များလား…
    ကျနော် အဲ့လို ပုဂ္ဂိုလ်တစ်ယောက်နဲ့ ဆုံဖူးလို့ပါ… ခင်ဗျာ..

    Reply

  • unclegyi1974

    October 28, 2011 at 10:10 pm

    ဗေဒင်ကိုကျွန်တော်လည်းယုံတာပါပဲကိုဖက်
    သို့သော်ကံကိုယုံပြီးဆူးပုံမနင်းဖို့တော့လိုပါမယ်

    Reply

    • ကြောင်ကြီး

      October 29, 2011 at 8:07 am

      အန်တယ်ဂျီးကရဲ ကံကိုယုံပြီး ရွာတော်ရှင်ဖွားဆူးပုံ တက်နင်းရင် ဟိုကတီးထဲ့လိုက်မှာပေါ့။ သဂျီးတောင် အိမ်ဦးခန်းမှာ ဖွားဆူးပုံ ချိတ်ထားရတာ…။ အခုလို မဆင်မခြင်ပြောတာတောင် လွန်လှနေပြီ…။
      ကြောင်ကြီးကြောက်ကြောက်
      ငါးငခြောက်
      စား၍မလောက်
      အယားပျောက်..။ 😛

      Reply

      • ဆူး

        October 29, 2011 at 10:59 am

        မဆီလေးရယ်မှ မဆိုင် အိမ်က ပုဇွန်ခြောက် ၅ကောင် ပျောက်သွားတဲ့ ကိစ္စ မပြောတော့ပါဘူးလေ.. အချွန်နဲ့ မခံရမှာ စိုးလို့..

        Reply

  • “ဘီလူးကြီး”ogre

    October 29, 2011 at 7:49 am

    ဦးဖက်က သိုက်ဖွား အခု ရာဟုမှာ အင်္ဂါဂြိုလ်အားကောင်းနေတော့
    အခုလတ်တလော စာတွေရေးနေရတတ်တယ်
    ဗုဒ္ဓဟူး အထွန်းဖြစ်လို့ အဝလွန်ဖြစ်နေတတ်တယ်ဗျ
    လေးပင်တဲ့ တနင်္လာနံ ကင်မရာကြီးလွယ်ထားရတတ်တယ်
    အခုက ကြာသာပတေး သက်ရောက်ဖြစ်လို့ မျက်စိနဲ့ပါတ်သက်တဲ့
    မျက်မှန်တွေဘာတွေတပ်ထားရတတ်တယ်…
    ကျွန်တော်ရဲ့သုံးတန်ပေါ်နိစ်(မျက်မြင်ဗေဒင်)နည်း နဲ့တွက်ကြည့်တာပါ ….မမှန်ရင်ကြိုက်သလိုပြော.. 😛
    (ချတာနော် ချိတ်ချိုးနဲ့….. : ) 😛

    Reply

  • fatty

    October 29, 2011 at 10:15 am

    ကိုဘီလူးရေ ကျနော် အထွန်းဖွားပါဗျ …။
    အန်ကယ်ကြီးရေ ကျေးဇူးတင်ပါတယ် ……။
    ကျနော် ကံကိုကြည့်ပြီးလှုပ်ရှားပါတယ် ………။
    ယုံပြီးတော့ ပုံမအောပါဘူး ခင်ဗျ ..။
    ကျန်သောသူများအာလုံးကျေးဇူး အထူးတင်ပါတယ် …။

    Reply

  • စုံ စုံ

    October 29, 2011 at 10:36 am

    ဦးဖက်ရေစိတ်ဝင်တစားနဲ့ကိုဖတ်မိပါတယ်
    နောက်ပိုင်းဗေဒင်နဲ့ဦးဖက်တီးဘယ်လောက်ထိကံစပ်ခဲ့တယ်ဆိုလေးတွေကိုလဲ
    စောင့်ဖတ်နေပါ့မယ်နော်

    Reply

  • manawphyulay

    October 29, 2011 at 11:59 am

    ဗေဒင်မှန်တယ်ဆိုတော့ ဟောမယ့်သူတွေ တန်းစီနေမှာ မြင်ယောင်သေးတယ်။

    Reply

Leave a Reply

Your email address will not be published.