350 Campaign (သို့မဟုတ်) ပန်းတစ်ပွင့်တောင် သစ်ပင်စိုက်ပွဲ (23.10.2011)

we R oneNovember 1, 20113min011

Myanmar Youth In Action အဖွဲ ရဲ့ Activity  တစ်ခုဖြစ်ပြီး. လေထုထဲမှာ ရှိတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ဒ် ပမာဏ ကို ၃၅ဝ အထိ လျောချနိုင်ဖို့ တစ်ကမာ္ဘလုံး အတိုင်းအတာ နဲ ကြိုးပမ်းနေကြတဲ့ နေရာမှာ ကျွန်မတို့ လူငယ်တွေလည်း ကိုယ်တတ်နိုင်တဲ့ အင်အားနဲ တစ်ထောင့်တစ်နေရာက နေ ပါဝင်ဖို့အတွက် မှော်ဘီ မြို့နယ်အတွင်းရှိ ပန်းတစ်ပွင့်တောင် ဘုန်းတော်ကြီး သင် စာသင်ကျောင်းမှာ သစ်ပင် တွေ စိုက်ပျိုးခဲ့ကြပါတယ်။

အဖွဲဝင် တစ်ယောက် လက်စွမ်းပြထားတဲ့ အမှတ်တရ ကဒ်လေး ပါ for 350 Campaign

စုရပ်ကတော့ လှည်းတန်း ပြည်လမ်းမှတ် တိုင်နားမှာပါ။ ရ နာရီးခွဲ အရောက် ဆိုပေမဲ့ ကျွန်မ က အိပ်ရာထ နောက်ကျတဲ့အတွက် အဆောင်က ထွက်ကတည်း က ရ နာရီ ခွဲခါနီးပါပြီ။ လိုင်းကား စီးရင် မမှီမှာစိုးလို့ လမ်းထိပ်က ပဲ ကက ငှားစီးပြီးသွားလိုက်ပါတယ်။ ကျွွန်မတို့ ရောက်တော့ အပင်တွေ လာပို့တဲ့ ကား ကရောက်ခါ စပဲရှိပါသေးတယ်။ အဲဒါ နဲ ပဲ သစ်ပင်တွေ ကို BM ကားပေါ်ကို ပြောင်းတင်ကြပါတယ်။ အားလုံး ပျော်စရာကြီးပေါ့။ ဒီလိုနဲ ၉ နာရီ ခွဲလောက်မှာ ပန်းတစ်ပွင့်တောင် ကို ရောက်ခဲ့ ကြပါတယ်။

ပန်းတစ်ပွင့်တောငိ ကိုရောက်ပြီး ကားပေါ်က ဆင်းခဏနားတဲ့ အချိန်မှာ အဖွဲဝင် တစ်ယောက် က လိုက်လာတဲ့ ဧည့်သည် ( တစ်ယောက်ကို မေးလိုက်ပါတယ်။ အစ်မ ဘယ်ကနေ သိတာလဲ တဲ့ ။ Mandalay Gazette က နေ သိတာ လို့ ပြောသံကြားလိုက်တော့  ကျွန်မ တော်တော် ဝမ်းသာသွားတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မ တင်လိုက်တဲ့ ပို့စ် ကြောင့် လူတစ်ယောက် သစ်ပင်လိုက်စိုက် ဖြစ်တယ်ဆိုတာ ကျွန်မ အောင်မြင်မှုပေါ့.. 😀

 

ကားပေါ်က သစ်ပင်တွေ ကို နေရိပ်ကို သယ်ချ နေကြတာ
ကားပေါ်က သစ်ပင်တွေ ကို နေရိပ်ကို သယ်ချ နေကြတာ
 ကားပေါ် က သစ်ပင် တွေ ကို နေရိပ်တဲ့ နေရာ  ကိုပြောင်း  ပျော်ပျော်ပါးပါးကြတယ်။
ကားပေါ် က သစ်ပင် တွေ ကို နေရိပ်တဲ့ နေရာ ကိုပြောင်း ပျော်ပျော်ပါးပါးကြတယ်။

ဲ့ီသစ်ပင်တွေ နေရိပ်ထဲရောက်တာနဲ သစ်ပင်စိုက်ပွဲစပါတော့တယ်..။ အဲဒီနေ့ ကံဆိုးချင်တော့ မိုးက လုံးဝ မအုံ့ ဘူး..။ နေပူကျဲကျဲ ထဲမှာ ကျွန်မ တို့တတွေ ပျော်ရွှင်စွာနဲ သစ်ပင် စိုက်ခဲ့ ကြပါတယ်။

ဲ့နပူကျဲကျဲ ထဲမှာ ကျွန်မ တို့တတွေ ပျော်ရွှင်စွာနဲ သစ်ပင် စိုက်ခဲ့ ကြပါတယ်။
နပူကျဲကျဲ ထဲမှာ ကျွန်မ တို့တတွေ ပျော်ရွှင်စွာနဲ သစ်ပင် စိုက်ခဲ့ ကြပါတယ်။
ကျဲတောက်နေတဲ့ နေအပူ ကို အံတု ရင် ပျော်ရွှင်စွာ သစ်ပင်စိုက်ပျိုးခဲ့ ကြသည်။
ကျဲတောက်နေတဲ့ နေအပူ ကို အံတု ရင် ပျော်ရွှင်စွာ သစ်ပင်စိုက်ပျိုးခဲ့ ကြသည်။

နေ့လည် ၁၂ နာရီ မှာ နေအရမ်း ပူလာတာ က တစ်ကြောင်း ၊ ဗိုက်ဆာလာ တာက တစ်ကြောင့် အဲဒီ အကြောင်းကြောင်းကြောင့် ထမင်းစား နားခဲ့ကြပါတယ်။ သက်သတ် လွတ် (အသားလွတ် )ဟင်းပွဲတော်တော် များ ပါ တဲ့ ထမင်းဝိုင်းမှာ ဝင်ပြီးလွေ  လိုက်ပါတော့တယ်။ ဟင်ပွဲတွေ က တော်တော် တော့များတယ်.. အားလုံးက တော့ သက်သတ်လွတ်(၉ အသားလွတ်) ဟင်းတွေ ကြည်းပဲ။ဗိုက်ဆာနေလို့လားတော့ မသိဘူး ဟင်းတွေ အကုန်လုံးက စားလို့တော်တော် ကောင်းကြတယ်။

ထမင်းစားပြီး ခဏနားပါတယ်။ နားနေတဲ့ အချိန်လေးမှာ အဖွဲ တစ်ယောက်နဲ တစ်ယောက်မိတ်ဆက်ကြ။ သီချင်းစသား ဆက်ဆိုတဲ့ ဂိမ်းဆောလိုက်ကြနဲ ညနေ ၃ နာရီမှာ ဒုတိယ ပိုင်း သစ်ပင်စိုက်ပွဲ ပြန်စပါတယ်။

ပျော်ရွှင်စွာ သစ်ပင်စိုက်ပျိုးကြသည်။
ပျော်ရွှင်စွာ သစ်ပင်စိုက်ပျိုးကြသည်။
ပန်းတစ်ပွင့် တောင်ပေါ်တက်လမ်း
ပန်းတစ်ပွင့် တောင်ပေါ်တက်လမ်း
ပန်းတစ်ပွင့်တောင် ပေါ်က နဂါးရုံဘုရား
ပန်းတစ်ပွင့်တောင် ပေါ်က နဂါးရုံဘုရား
ပန်းတစ်ပွင့်တောင် ပေါ်က လှမ်းမြင်ရတဲ့ ဖူးကြီး ရေလှောင်တမံ
ပန်းတစ်ပွင့်တောင် ပေါ်က လှမ်းမြင်ရတဲ့ ဖူးကြီး ရေလှောင်တမံ
ညနေ ၅ နာရီကျော်တော့မှာ သစ်ပင်တွေ အကုန် စိုက်ပျိုး ပြီးသွားပါတယ်။
အပြန်ကြတော့ ကားပေါ်မှာ ဓါတ်ပုံတွေ ရို်က်ကြ သီချင်းတွေ ဆိုကြနဲ ရ နာရီလောက်မှ အိမ်ပြန်ရောက်ပါတယ်။ :D

ကျေးဇူးတင်ပါတယ်..
we R one

11 comments

  • windtalker

    November 1, 2011 at 12:52 pm

    ဆရာလေး အဲဒီနေ ့က ဆွမ်းကော ဘုန်းလိုက်ရရဲ ့လား ဟင်

    Reply

    • we R one

      November 1, 2011 at 12:57 pm

      ဘုန်းပါ့ရှင် ဘုန်းပါ့.. သက်သတ်လွက် ဟင်းတွေနဲ ဘုန်းလာတာ 😀

      Reply

      • windtalker

        November 1, 2011 at 1:05 pm

        စကားမစပ်
        ဆရာလေး က ဂျီတော့မှာ
        သင်္ကန်းလေးနဲ ့ဆိုတော့
        ကြည်ညိုဖွယ်ရာလေးမို ့
        ဆန်လောင်းလှူချင်သဗျာ
        ဒီနေ ့အဝေးဖိတ် နေ ့ဘဲ
        သဘက်ခါ ဦးပုသ်

        Reply

  • nikita

    November 1, 2011 at 12:58 pm

    ပျော်စရာကြီးနေမှာပဲနော် 😛

    Reply

    • we R one

      November 1, 2011 at 1:00 pm

      ပျော်စရာကြီးပေါ့ နိကိတာ ရယ်.. ပင်ပန်းလို့ ပင်ပန်းမှန်းတောင် မသိလိုက်ဘူး.. 😀

      Reply

  • kocho

    November 1, 2011 at 1:40 pm

    ရည်ရွယ်ချက်များအားလေးစားမိပါ၏

    Reply

  • ပေါက်ဖော်

    November 1, 2011 at 2:54 pm

    ချရာလေး..
    အနော်..တစ်ပင် အကြွေးစိုက်ခိုင်းလိုက်တာ စိုက်ခဲ့ပါသလား..
    စိုက်ခဲ့ရင် သဂျီးဆီက ငါးရာတောင်းလိုက်နော်
    သာဓု..အာဝု..
    😆

    Reply

    • we R one

      November 1, 2011 at 3:15 pm

      ရေးဖို့ မေ့သွားလို့ ဗျို့ ဝင်တော့ကာ အတွက်ရော ..ကိုပေါက်ဖော် အတွက်ရော ၂ ပင်စီ ပို စိုက်ခဲ့တယ်.. သူကြီး ၂ဝဝဝ ပေးပါ..။ Invoice ပို့ပေးလိုက်ရမလား .. ? 😀

      Reply

  • etone

    November 1, 2011 at 3:01 pm

    ကောင်းပါတယ် … လုပ်နိုင်သူတွေ လုပ်ကြတာ ..ကိုယ်တော့ အားပေးတယ် … (ကိုယ်မလုပ်နိုင်လို့ ) ဟီး :mrgreen:

    Reply

  • inz@ghi

    November 1, 2011 at 3:25 pm

    ဆြာလေးလဲ ဒါ့ပုံဆြာ ပဲကိုး …
    များများ ရိုက်နိုင် တင်နိုင်ပါစေ ဆြာလေး..

    Reply

  • ဆူး

    November 1, 2011 at 4:38 pm

    ပန်းတပွင့်တောင် အထိတော့ မရောက်ဘူး အဲဒီ လမ်းက လမ်းခွဲ တခုမှာ ရှိတဲ့ ဘုန်းကြီးကျောင်းကိုတော့ ဝါတွင်းဆို ဥပုသ်နေ့တိုင်း ချိုင့်ဆွဲပြီး သွားတယ်။
    တန်ဆောင်မုန်း လပြည့်နေ့လည်း သွားဖြစ်မယ် ထင်တယ်။ အလှူရှိလို့.. ဆူး သွားတဲ့ ဘုန်းကြီးကျောင်းမှာ လာပြီး ဝါးတီးပေးဖို့ ဖိတ်ပါတယ်နော်။

    Reply

Leave a Reply

Your email address will not be published.