ရွှေမင်းသမီးက7days news ဂျာနယ် မှဂျာနယ်လစ် မိန်းကလေးတစ်ဦးကို ကိုယ်ထိလက်ရောက်စော်ကားခြင်း

BayoteMay 21, 20101min04

၁၉.၅.၂၀၁ဝ ဗုဒ္ဓဟူးနေ့ ညနေက ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်တွင် ကျင်းပသော Johnson n Johnson ကုန်ပစ္စည်းသစ်မိတ်ဆက်ပွဲတွင် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီထက်ထက်မိုးဦးမှ 7DaysNewဂျာနယ်မှ ဂျာနယ်လစ်မိန်းကလေးတစ်ဦး၏ ဆံပင်ကို ဆွဲကာပါးကိုရိုက်ပြီး ကိုယ်ထိလက်ရောက် စော်ကားခဲ့သည်ဟု ခိုင်လုံတိကျ သေချာသော သတင်းရပ်ကွက်မှ သတင်းရရှိပါသည်။ ဖြစ်စဉ်မှာ အဆိုပါဂျာနယ်မှ ဂျာနယ်လစ်မိန်းကလေးက ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီထက်ထက်မိုးဦးအား အင်တာဗျူးရန်အတွက် ၎င်းအခမ်းအနား၌ ချိန်းဆိုထားခဲ့သည်။ ချိန်းဆိုပြီးနောက် ဂျာနယ်လစ် မိန်းကလေးမှ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီထက်ထက်မိုးဦး၏ အိမ်ထောင်ရေးကိစ္စမှာ တည်မြဲသွားပြီလားဟု မေးမိရာ ၎င်းမှ စိတ်ဆိုးမာန်ဆိုး နှင့်မိန်းကလေး၏ ဆံပင်ကိုဆွဲကာ ပါးကိုရိုက်နှက်ပြီး လက်သည်းများနှင့် လည်းကုတ်ခြစ်ခဲ့သည်။ ဟုသိရှိရပါသည်။

Source : http://www.demowaiyan.co.cc/2010/05/7days-news.html

4 comments

  • Shwemannmay

    May 21, 2010 at 3:06 am

    အင် :0
    မေးတဲ့လူကလည်း မေးပုံမပာုတ်သလို ဖြေတဲ့လူကလည်း ဖြေပုံလှတယ်တော့ 😀

    သူ ့ အိမ်ထောင်ကတော့ အမြဲတမ်း နယူးဗားရှင်းတွေ ထွက်တာပဲလေ

    အိုင်တီခေတ်ကို း Upgrade လုပ်နေရတဲ့သဘောကို သူသိတာ အတော်ကြာပီ ပာိ 😀

    Reply

  • Rain girl

    May 21, 2010 at 4:19 am

    အင်တာနက်ခေတ်မှာ အရာရာဟာ ပြောင်းလဲ မြန်နေသလို သူလဲ အဲ့လိုနေမှာပေါ့ကွယ်။

    Reply

  • moethiha

    May 21, 2010 at 4:23 am

    အော်ဟုတ်ပါရဲ့သူကလဲဒီလောက်များနေတဲ့သူကိုမှသွားမေးမိတာကိုကောင်းပါတယ်။သူလဲအဆော်ခံရ မင်းသမီးလဲနာမည်ပျက်နဲ့၊အဆင်ကိုပြေနေတာပဲ

    Reply

  • nyi

    May 21, 2010 at 4:59 am

    ဒါ မျိုုးသွား မေးတော့ အရိုက်ခံရတာ ပေါ်….
    အနားပေါ်ဒုတ်ကြတော့ နားတာပေါ့်။။
    မေးပုံမေးနီး သင်တန်းပြန်တက်လိုက်ပါဦး။။

    Reply

Leave a Reply to Rain girl Cancel Reply

Your email address will not be published.