အရှုတ်ထုံးမပြေသံတွဲမြေ

ေတေလOctober 27, 20111min08

သံတွဲခရိုင်အုပ်ချုပ်ရေးမှုးရဲ.လုပ်ရပ်များကိုအထူးစစ်ဆေးစောင့်ကြည့်ရန်
လိုအပ်နေပါကြောင်း ရွာသူရွာသားမိတ်ဆွေများသိရှိရန်ဖြစ်ပါတယ်
ဘင်္ဂလားဒေရှ်.ပို.ရန် နွားလှေတစ်စီးပင်လယ်ထဲထွက်ရင်
ခရိုင်အုပ်ချုပ်ရေးမှုးကိုသုံးသိန်းဆက်ကြေးပေးဆောင်နေရာမှာ
ခရိုင်အုပ်ချုပ်ရေးမှုးက သူအတွက်နည်းနေတယ်ဆိုပြီးတော့နောက်ထပ်တစ်သိန်းထပ်မံတောင်းနေလို ့
ယခုတော့စုစုပေါင်းလေးသိန်းပေးနေရပါကြောင်းသိရှိရပါတယ်
ဂျိတ္တော အပါအဝင်ပင်လယ်ကမ်းခြေ ငါးလှမ်းကွက်များကိုယခင်နှစ်တစ်ကွက်ကိုငါးသောင်းကျပ်ကနေ
ယခုနှစ်တော့သုံးသောင်းငါးထောင်အထိလျော့ချပေးလိုက်ပါပြီဗျို.
ကမ်းခြေရှိငါးလှမ်းတဲ့အကွက်တွေကအကွက်၂၀ဝကျော်ဆိုတော့
တစ်ကွက်ကိုသုံးသောင်းငါးထောင်နဲ.စုစုပေါင်းကောက်ခံရငွေကသိန်း၇ဝကျော်ပေါ့နော်….
ကောက်ခံရငွေသိန်း၇ဝကျော်ကိုဘယ်နေရာတွေမှာအသုံးပြုမှာလည်း………
သံတွဲမြို.နယ်ဖွံဖြိုးတိုးတတ်ရေးအတွက်သုံးစွဲမယ်ဆိုရင်တော့
ဒေသခံတွေကကန်.ကွက်ရန်မရှိကြောင်းဒေသခံတွေရဲ.ပြောဆိုသံတွေကြားနေရပါတယ်
ရွာသူရွာသားမိတ်ဆွေအပေါင်းတို.ရေ….
အထက်ဖေါ်ပြပါငွေတွေကို ဘယ်နေရာတွေမှာ သံတွဲ ခရိုင်အုပ်ချုပ်ရေးမှုးသုံးမှာလည်းဆိုတာကိုဝိုင်းဝန်းစဉ်းစားကြည်.လိုက်ကြဦးနော်….

8 comments

  • mgmgmone

    October 27, 2011 at 10:18 pm

    ဒီစစ်တပ်ထွက် အုပ်ချုပ်ရေးမှူးတွေ ငတ်ချက်က တော့မောင်မိုးဒီလက်လန်ပါတယ်ကွာ။ဒါပေမယ့်ပြောရအုံးမယ် ကျောသားရင်သားလေးတော့ခွဲခြား
    ပြီးသိဖို ့လိုနေပီထင်ပါတယ်။ပြောလိုတာက ပြည်သူ ့ဝန်ထမ်းဖြစ်လျှက်နဲ ့ပြည်သူကို ညှင်းဆဲနေတာ လာဘ်မှူးပေါ့ (သို ့)မသာမှူးလို ့ဘဲခေါ်ကြမယ်။

    Reply

  • tharbaw

    October 28, 2011 at 12:17 pm

    ပင်လယ်နားကလူတွေရိုင်းတယ်ပြောလဲ ပြောကြပါ။ပြည့်သူ ့ငွေတွေကို နိုင်ငံ့ငွေ အဖြစ်ဝင်မယ်ဆိုရင်အကောင်းဆုံးပေါ့၊ခုလို အလွဲသုံးစားလုပ်နေတာကို မဖြစ်သင့်တော့ပါဘူး။ကျော့ပိုက်မိသားစုတွေအနေ နဲ ့ပေးရမယ့် ငွေကိုဘဏ်ချလံနဲ ့သာပေးသွင်းလိုပါတယ်။ဘယ်ဆီရောက်သွားတဲ့ငွေမှန်းမသိခဲ့တာနှစ်ပေါင်းမနည်းခဲ့တော့ဘူး။အဲတော့ ရပ်ရွာ အုပ်ချုပ်ရျေးမှူးတွေကို ခေါင်းခံ ကောက်ခံ ခိုင်းနေတော့ သူတို ့လဲ မတတ်နိုင်ကြောင်း လင်းသာ၊မြပြင် ပိုက်လှေ မိသားစုများက အကြောင်းပြန်ထားပါတယ်။

    Reply

  • mgmgmone

    October 28, 2011 at 12:28 pm

    အာဏာရှင်စော်နံနေတယ် ကိုထွန်းဝေရယ်

    သတင်းမီဒီယာတွေ နားထောင်၊ ဂျာနယ်တွေဖတ်လုပ်တဲ့အခါတိုင်း သမ္မတကြီးဦးသိန်းစိန်အပါအဝင် နိုင်ငံခေါင်းဆောင်တွေ နေ့စဉ်နဲ့အမျှ ပြောကြားနေတဲ့ ဒီမိုကရေစီဆိုတဲ့ စကားသံတွေနဲ့ မအပ်စပ်တဲ့စကားသံတွေလည်း ကြားကြားနေရတဲ့ အတွက် ရေးဖြစ်တာပါ။ အဲဒီစကားသံတွေကတော့
    ”ခရိုင်မှုးကြီးညွှန်ကြားတဲ့အတိုင်း”
    ‘ခရိုင်မှုး’ကြီးပြောကြားတဲ့အတိုင်း”
    ”ခရိုင်မှုးကြီးဆုံးဖြတ်တဲ့အတိုင်း” ဆိုတဲ့ အသံတွေဖြစ်တယ်။ ဒီစကားတွေက အရာရာကို ခရိုင်မှုးကြီးတစ်ယောက်တည်းရဲ့သဘောနဲ့ ဆုံးဖြတ်လုပ်ကိုင်နေတယ်ဆိုတဲ့ အဓိပ္ပာယ်သက်ရောက်ပါတယ်။ အစိုးရအဖွဲ့၊ အထူးသဖြင့် ဒီမိုကရေစီလမ်း ကြောင်းလိုက်နေတဲ့ အစိုးရအဖွဲ့ကို ဂုဏ်သိက္ခာ ကျဆင်းစေတယ်။ အာဏာရှင်စနစ်အောက်မှာဆိုရင်တော့ နားလည်နိုင်တယ်။ မဲဆန္ဒရှင် ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရဆိုတော့ အာဏာရှင်စော်နံတဲ့ ဒီစကားမျိုးတွေ မသုံးသင့်တော့ဘူး။

    Reply

  • myaphay

    October 28, 2011 at 12:43 pm

    ကိုယ့်လူ စကားတွေအများကြီးပြောရင် အမှားပါတတ်တယ်လေကွာ။ဒီလို လုပ် ကမ်းနားကဖောင်တွေစုပြီးသမတကြီးဆီတိုင်စာပို ့ကြမယ်။မတရားကောက်နေတဲ့ဒီငွေ ကိစ ကို ဓားချင်း၊တုတ်ချင်း ရှင်းကြမယ်။ဘာ အုပ်ချုပ်ရေးမျူးလဲ။သီးခံနေတာများနေပီ။

    Reply

  • phoekhwarchay

    October 28, 2011 at 12:54 pm

    မိမဆုံးမသား ပြောလဲ ပြောကြပါတော့ ခင်များတို ့မျိုဖို ့ဆို ့ဖို ့ KTV မှာ သောက်ဖို ့၊အရက်ဖိုးအဖြစ်မခံနိုင်ဘူး။ပင်လယ်နာလိုက်သေပါစေ။ငါးမရနိုင်လို ့စိတ်ညစ်ရတာ တမျိုး၊ငါးဦးစီးကို ပေးရကမ်းရတာက တစ်မျိုး မဆုံးသံသရာ အကြွေးတောင်းသလို လာတောင်းမနေကြနဲ ့လည်ပင်းပြတ်သွားမယ်။ကိုယ့်အသက် စပယ်ရာရှိရင်လုပ်ကြ။

    Reply

  • maetu

    October 28, 2011 at 1:04 pm

    လာပြန်ပီ ဒီလူအကြောင်း ဘယ်ခါမှ မပြီးပါလား။ဝန်ထမ်းပျက်တွေ၊အာဏာရူးတွေ ပြည်သူကို နှိပ်စက်နေတဲ့ လူ၊မသဓာရေစာတွေစား အပင်းဆို ့သေေစေသောဝ်၊

    Reply

  • naymin

    October 31, 2011 at 1:03 pm

    ဂျိတ္တောရွာက ကျော့ပိုက်ပိုင်ရှင်တွေကတော့ ငါးလှမ်းကွက် တွေအတွက် ၃၅၀၀ဝ ကျပ်နှုံးနဲ့
    ပေးသွင်းပြီးသွားပါပြီ ။ မြပြင်ရွာ နဲ့ လင်းသာရွာက ကျော့ပိုက်ပိုင်ရှင်တွေက မပေးသေးဘူး
    တဲ့ ၊ ကျေးရွာအုပ်ချုပ်ရေးမှုးတွေကလဲ မကောက်ရဲကြဘူးတဲ့ ၊ ခရိုင်အုပ်ချုပ်ရေးမှုးက
    သူတို့ကို ကောက်ခံရမဲ့ နောက်ဆုံးရက်ကို သတ်မှတ်ပေးထားပြီးဖြစ်လို့ ကျေးရွာအုပ်ချုပ်ရေးမှုး
    တွေ စိတ်သောက ရောက်နေကြပါတယ် တဲ့ ၊ မြပြင်နဲ့လင်းသာကျေးရွာ ကျော့ပိုက်ပိုင်ရှင်တွေက
    တောင်းတဲ့ငွေ ပေးပါ့မယ် ဒါပေမဲ့ ငွေရရှိကြောင်းချလံ စာရွက်ပေးပါရန် တောင်းဆိုနေပါတယ်တဲ့။
    ခရိုင်မှုးကလဲ ချလံစာရွက်ပေးရန် အစီအစဉ် ရှိဟန်မတူ ပါဘူးတဲ့ ။
    ( ချလံ ပေးရင် သူ့အတွက် လာဘ်ငွေ မရနိုင်တော့လို့)

    Reply

  • pyinlepyaw

    November 9, 2011 at 9:29 pm

    ကွန်နက်ရှင်ကလည်းမကောင်းတော့ဒီနေ.မှပဲရွာသူရွာသားအပေါင်းရဲ.
    ကော်မန်.လေးတွေဖတ်ရလို.ဝမ်းသာတယ်ဗျဒီကောင်တွေရဲ.လုပ်ရပ်တွေကို
    ပြောမဲ့သူမရှိရင်မရှိသလိုလုပ်ချင်တိုင်းလုပ်နေတာ
    ရွာသူရွာသားတွေလည်းသိနေဘီဆိုတော့ဒီကောင်တွေတွန်.နေဘီထင်ပါရဲ.ဗျာ
    သံတွဲသားတွေအင်တာနက်သုံးတာတွေလည်းလိုက်ကန်.သတ်ဆိုင်တွေပိတ်တယ်ဆိုပဲ
    သူတို.အကြောင်းတွေအင်တာနက်ပေါ်မှာပြန်.လာမှာစိုးလို.နေမှာပေါ့ဗျာ
    ဟုတ်ရင်ကျော်ပုတ်ရင်ပေါ်မှာပဲ
    သံတွဲနေအင်တာနက်သုံးနေရတဲ့သူတွေကိုတော့လုပ်လို.ရမှာပေါ့
    တခြားနေတဲ့သူတွေကိုသူတို.ပိတ်လို.မှမရတာ
    ကောင်းတာလုပ်ရင်ကောင်းတာနဲ.ကျော်ကြားမယ်
    မဟုတ်တာလုပ်ရင်လည်းမဟုတ်တာနဲ.ကျော်ကြားမယ်လေ

    Reply

Leave a Reply to naymin Cancel Reply

Your email address will not be published.