မိုးရေထဲက ကျိုက်ထီးရိုးခရီး-၃

အခုမြင်နေရတဲ့ အမိုးလေးက သတ်သတ်လွတ်ဘုန်းကြီးကျောင်းပါ.. ရေတံခွန်သွားတဲ.လမ်းမှာရှိတာပါ အဲဒီကျောင်းမှာ သတ်သတ်ထမင်း လူတိုင်းဝင်စားလို.ရပါတယ်.. ဟဲဟဲ

ရင်ပြင်တော်ပေါ်က ညနေ ၃ နာရီလောက်က ရိုက်ထားတာပါ.. တော်တော်လေးလှပါတယ်ဗျာ..

ဒီပုံလေးကတော့ ရင်ပြင်တော်ပေါ်က နတ်တောင်ပေါ်တက်ပြီး ရိုက်ထားတာပါ..

အရမ်းကြည်ညိုစရာကောင်းပါတယ် ဘယ်တော့ ဖူးဖူး မရိုးနိုင်တဲ့ မြင်ကွင်းလေပါဗျာ..

ဒီပုံလေးတွေကတော့ ထူးထူးခြားခြား မနက်နေထွက်ချိန် လေးတွေပါ.. ရောက်တဲ့နေ.ကစပြီး တလျှောက်လုံး မြူတွေဆိုင်းနေတာ တရက်မှမမြင်ရတဲ့မြင်ကွင်းပါ.. ပြန်မယ့် မနက်မှ အခုလိုမြင်ကွင်းကို မြင်ရတာပါ..

ဒီပုံကတော့ တည်းခိုတဲ့ သုံးထပ်ဆောင်နောက်ဘက်ကနေရိုက်ထားတာပါ…

အခုဆိုရင် ကျွန်တော်ရဲ. မိုးရေထဲက ကျိုက်ထီးရိုးခရီး ကို အောင်မြင်စွာအဆုံးသတ်လိုက်ပါပြီဗျာ…

မြတ်စွာဘုရားရှင်ရဲ. ဂုဏ်တော်တွေကို ကြည်ညိုကာ ဘုရားဖူးသွားရင်း မြို.ပြရဲ.မွန်းကျပ်မှူတွေကနေ. ခဏထွက် တောတောင်ရေမြေသဘာဝတွေကို တဝကြီးခံစားရင် ပင်ပန်းနွမ်းနယ်သမျှတွေပြေပျောက်ခဲ့ရပါတယ်.. အဲဒီလိုပဲ ရွာသူ၊ရွာသားအပေါင်းတို.လဲ ဒီပို.စ်လေးကို ကြည့်ရင် ကျွန်တော်နဲ.ထပ်တူ ခံစားနိုင်ကြပါစေ…

ကျေးဇူးတင်ပါတယ်ခင်ဗျာ..

3 comments

  • ဆူး

    October 25, 2011 at 12:03 pm

    မနေ့က မန်းလိုက်တာ ၃ မှာ ဒီနေ့ ဘာလို့ မရှိတော့လဲ တွေးနေတာ.. အခု တင်တဲ့ ပိုစ်က နံပါတ် လွဲ နေတာ ၃ မဟုတ်ဘူး ၄ ဖြစ်ရမှာလေ ဆရာလေးရဲ့..

    Reply

  • Diamond Key

    October 25, 2011 at 12:09 pm

    ကျိုက်ထီးရိုးခရီးလေး တွေ့ရတာ စိတ်အေးချမ်းလှပါတယ်။

    Reply

  • windtalker

    October 25, 2011 at 1:17 pm

    နေဝင်ချိန် ရှူခင်းပုံလေး ကို ခံစားရတယ် ဗျာ

    Reply

Leave a Reply

Your email address will not be published.