မြင်တွေ့နေရသော ဘဝအစိတ်အပိုင်းများ

နီကီတာOctober 24, 20111min025

ညနေ ၅ နာရီထိုးတော့မည်။
ရုံးဆင်းချိန်ရောက်တော့မည်။

ဒီလို အလုပ်ပြန်ချိန်တွေမှာ bus ကားကျပ်တာ မထူးဆန်းလှပေမယ့်
ပြန်တဲ့သူတွေက
လက်လုပ်လက်စား နေ့စားသမားတွေ ပိုမိုများပြားလာခြင်းကြောင့် ဖြစ်သည်။

အခြေခံလူတန်းစားတွေရဲ့ ဘဝက ဘယ်တော့မှ ပြောင်းလဲလာမှာလဲ
ပြောင်းလဲလာဖို့အတွက်လမ်းကြောင်းတစ်ခုဆိုတာ ဘယ်မှာလဲ
အချိန်တန်အရွယ်ရောက် မိန်းကလေးဆိုရင် စက်ရုံဆင်းမယ်
ယောကျာ်းလေးဆိုနေ့စားလိုက်လုပ်မယ်

မနက် ၈ နာရီမှ စတင်ပြီး ည ၉ နာရီအထိ စက်ရုံဆင်းရသည်
ပိတ်ရက်ဆိုတာ ၁ လလုံးနေမှ ၂ ရက်
ဘဝကို ပြောင်းလဲဖို့အတွက် ဘယ်မှာလဲအချိန်ပို
ပြောင်းလဲဖို့ရော အခွင့်ရေးရှိရဲ့လား
မရေရာပါ
နေ့စားအလုပ်သမားတွေအတွက်ကရော
တစ်နေ့လက်လှုပ်မှ တစ်နေ့စားရသည်
ဒီလိုနှင့် သူတို့ရဲ့မျိုးဆက်တွေ ဒီလိုပုံစံတွေပဲ ဆက်ရောက်လာသည်
ပညာရေးဆိုသည်ကို အထင်မကြီးတော့
” ဘွဲ့ရလည်း ဘာထူးမှာလဲကွာ ဒီခေတ်မှာ ဘွဲ့ရတဲ့သူတွေတောင် အလုပ်ရှိတာမဟုတ်ဘူး
သေစာ ၊ ရှင်စာတတ် တော်ရောပေါ့ ”

စီးပွားရေး အကျပ်အတည်းကလည်း ပိုနွံနစ်စေသည်..
ဟင်းရွက်သည်၊ ကုန်စိမ်းသည်ရဲ့ သားသမီးကျောင်းထားသည် သို့သော်လည်း……..
” ကုန်ဈေးနှုန်းတွေကလည်း တတ်လို်က်တာ ၊ ညည်းတို့ကျောင်းကလည်း တောင်းလို်က်တဲ့
ပို်က်ဆံ အေ ၊ တော်ကြာ ဟိုဟာကြေး တော်ကြာ ဒီဟာကြေးနဲ့ ၊ ကျူရှင်မတတ်၊သူတို့တောင်းတာမပေးပြန်လည်း မအောင်ပြန်ဘူး
ထွက်လိုက်ပါတော့အေ ၊ စက်ရုံပဲဆင်းတော့ပေါ့….”

ဒီလိုနှင့် စက်ရုံဆင်းတဲ့ သူတွေများပြားလာသည်..။

” ဘာနဲ့ဘွဲ့ရလဲ ”
” ရိုးရိုးမေဂျာလေးပါ အခုစက်မှုဇုံမှာ ဝင်လုပ်နေပြီလေ ”
” ကွန်ပျူတာနဲ့ပါ အခုစက်ရုံမှာ ကွန်ပျူတာနဲ့ပဲ ဝင်လုပ်နေတယ်လေ ”

်foundation မကောင်းတော့ ……..
တဖြည်းဖြည်းနှင့် အခြေခံလူတန်းစား ဦးရေပဲတိုးပွားလာသည်
ပြောင်းလဲလာမည့် လူ့ယဉ်ကျေးမှု အဆင့်အတန်းဆိုတာ
စိတ်ကူးယဉ်စရာ အိပ်မက် တစ်ခုပမာ………

25 comments

  • MOEPWINTPHYU

    October 24, 2011 at 12:13 pm

    ဟုတ်ပါတယ် ပါတ်ဝန်းကျင်ပေါ စက်ရုံပတ်ဝန်းကျင်မှာဆိုဒါမျိုးတွေ့ရမှာပေါ
    ဈေးအသိုင်းအဝိုင်းဆိုဈေးရောင်းတာကိုတွေ့နေရတယ်
    မိုးပွင်တိုက company ဝန်တမ်းဆိုတော ဝန်းတမ်းလောကပေါ ့
    ဘယ်တောမှလွတ်မှာလဲတော ကိုယ့်အပေါ်မူတည်တယ်ထင်ပါတယ်
    အခြေခံလူတမ်းစားကနေပြီ ကြီးပွားတိုးတက်သွားတာတွေစာအုပ်ထဲမှာတောဖတ်ဘူးတယ်
    သူဌေးတော်2များ2လဲ ငယ်2ကဆင်းရဲတယ် အခုမှချမ်းသာသွားကြတာတဲ
    မိုးပွင်တောလုပ်နိုင်သေးဘူး

    Reply

    • nikita

      October 24, 2011 at 12:55 pm

      အဲ
      သေရော
      ကိုယ်ပါရောအထင်ခံရပြီ
      ကြုံတုန်းလေး ကြွားလိုက်ဦးမယ် 🙂
      အလုပ်အကိုင်က programmer ပါ
      အခုဟာက ရုံးဆင်းချိန်မြင်နေရတာလေးတွေ
      ရေးပြလိုက်တာပါ

      Reply

  • GreeNSheeP

    October 24, 2011 at 12:25 pm

    ဒီလို ချည်း “foundation မကောင်းတော့” ဆိုတာကို ပဲ လိုက်အပြစ်တင်နေတော့မှာလား ။
    ဘယ်သူတွေ ဘယ်လို ပဲ မကောင်းမကောင်း ၊ အဲဒီပတ်ဝန်းကျင် ကနေ လွတ်မြောက်အောင် ဖောက်ထွက်လေ ၊
    ကိုယ်စွမ်းကိုယ်စ နဲ ့၊ ရုန်းကန် လှုပ်ရှား တီထွင်လေ ။ စွန် ့စားရမယ်လေ ။
    တစ်ကယ် ချမ်းသာချင်ရင် ချမ်းသာဖို ့နည်းလမ်းရှာလေ ။
    မူကြိုမတက်ဖူးတဲ့ ပညာမတတ် လူချမ်းသာတွေ အများကြီး ။
    သူတို ့သွားမေးကြည့်ပါ ။ ဖောင်ဒေးရှင်း တွေ ဘာတွေ သိမှာ မဟုတ်ဘူး ။
    ဒါပေမယ့် ပိုက်ဆံရဖို ့၊ ပိုက်ဆံရှာဖို ့ဘယ်လို လုပ်ရမယ် ဆိုတာသိတယ် ။
    စွန် ့စားသင့် စွန် ့စားရမှာပဲ ။
    ဟိုသီချင်းထဲကလိုပါပဲ ။ “ ထိုက်တန်တဲ့ ရင်းနှီးမှုတော့ရှိရမယ် ”

    Reply

    • Mg Ni Tut

      October 24, 2011 at 9:46 pm

      ဟုတ်ပါတယ် ကိုယ့်မှာထိုက်တန်တဲ့ပေးဆပ်မှုသာရှိမယ်ဆိုရင် လိုချင်တဲ့အရာက ကိုယ့်အတွက်အဆင့်သင့်ပါပဲ။

      Reply

  • nikita

    October 24, 2011 at 12:47 pm

    ဆိုလိုရင်းက ဒါမဟုတ်ဘူးလေ
    အခွင့်အရေးမရှိတာကိုပြောတာ
    စွန့်စားတာတော့ ဟုတ်ပါရဲ့
    အလုပ်အကိုင် အခွင့်အလမ်းဆိုတာ………

    Reply

    • GreeNSheeP

      October 24, 2011 at 6:27 pm

      အလုပ်အကိုင် အခွင့်အလမ်း ဆိုတာ
      ကိုယ်တစ်ကယ် ကို လုပ်ချင်ကိုင်ချင်စိတ်သာ ရှိပါစေ
      တွေ ့လာပါလိမ့်မယ် ။
      ရွာကနေ ငတ်ငတ်ပြတ်ပြတ်နဲ ့မြို ့တက်လာပြီး
      ဆိုက်ကားနင်း၊ကူလီလုပ်ရင်း
      ပင်ပန်းကြီးတဲ့ ဘဝက လွတ်မြောက်ချင်စိတ်နဲ ့
      ရသမျှ ပိုက်ဆံလေး စုပြီး ၊ တစ်ခြား အရောင်းအဝယ်စမ်းလုပ်ရင်း
      ကိုယ့်အတွက် ကြီးပွားနိုင်မယ့် လမ်းကြောကိုတွေ ့ရှိသွားပြီး
      ကြီးပွားချမ်းသာသွားတဲ့ သူဌေးတွေ အများကြီးပါ

      Reply

      • Mg Ni Tut

        October 24, 2011 at 9:38 pm

        ဟုတ်ပ ဟုတ်ပ အဲ့လို လူမျိုးတွေကို ရေလည်လေးစားတယ်။ အားကျတယ်။ လူတိုင်း အတုယူသင့်တယ်။

        Reply

  • ရွှေဘိုသား

    October 24, 2011 at 1:11 pm

    ကြိုးစားရမှာပေါ့ လမ်းဟောင်းကြီးလိုက်လို့ကတော့ ဝဲလည်လည်ပဲ
    အိမ်က အမေတို့အဖေတို့နဲ့တောင် သိပ်သဘောထားမတိုက်ဆိုင်ဘူးဗျ
    သူတို့ကလည်း သူတို့ကျွမ်းကျင်ရာ မိဘ လက်ငုတ် လေးဖြစ်တဲ့ လယ်ယာပဲ လုပ်ချင်တယ် ကိုယ်တွေက လူငယ်တွေးနဲ့ လုပ်ချင်တယ် ဒီလိုပါပဲ ကြိုးစားရမှာပေါ့

    Reply

  • Koyin Sithu

    October 24, 2011 at 1:15 pm

    အလုပ်အကိုင် အခွင့်အလမ်းရှားပါးချက်ကတော့
    ပြောမနေနဲ့တော့… လူငယ်တွေ လမ်းလျှောက်ရင်း
    လမ်းပျောက်နေကြပုံတွေ နောက်မှ ရေးပေးဦးမယ်..
    နာမည်က နီကီတာဆိုတော့ ဇာတ်လမ်းထဲကလို
    အရင်က ဆေးသုံးဖူးလား… (ခေါင်းကိုက်ပျောက်ဆေး) ပြောတာပါ.. 😛
    ဘယ်နေရာ ဘယ်ပတ်ဝန်းကျင်ရောက်ရောက် မျှောလိုက်မနေပဲ..
    တိုးတက်ဖို့ ကြံဆနေသူသာ အခွင့်အရေးနဲ့ အောင်မြင်မှုရှိကြမှာပါ…
    ဒီမှာတော့ လူတန်းစားတွေက ကွာဟချင်တိုင်း ကွာဟနေကြဆဲ.. :9

    Reply

    • nikita

      October 24, 2011 at 1:39 pm

      ဟုတ်ကဲ့
      အရင်က ဆေးသုံးဖူးပါတယ်
      ခေါင်းကိုက်ပျောက်ဆေးတော့ မဟုတ်ဘူး
      အကိုက်ခဲ ပျောက်ဆေးပါ 🙂
      ကိုရင်တို့ ဘုန်းကြီးကျောင်းမှာ နိုင်ငံခြားကားတွေ ကြည့်လို့ရတယ်နဲ့ တူတယ်
      တယ် ခေတ်မီပါလား 😛

      Reply

  • etone

    October 24, 2011 at 2:15 pm

    (((ဒီလိုနှင့် စက်ရုံဆင်းတဲ့ သူတွေများပြားလာသည်..။

    ” ဘာနဲ့ဘွဲ့ရလဲ ”
    ” ရိုးရိုးမေဂျာလေးပါ အခုစက်မှုဇုံမှာ ဝင်လုပ်နေပြီလေ ” )))

    ညီမလေး နီကီတာ …စက်ရုံတစ်ရုံမှာ ဘယ်လို လူမျိုးတွေ တာဝန်ခွဲယူနေလဲဆိုတာ အဲ့ဒီလောကထဲကလူမဟုတ်လို့ မသိလို့ပဲဖြစ်ရမယ် … ။ စက်ရုံပိုင်းမှာ ယေဘူယျနှစ်မျိုးရှိတယ် … အလုပ်သမားပိုင်းနဲ့ …. management ပိုင်းဆိုတာပါပဲ … ။ စက်ရုံမှာ လုပ်တာက ညီမပြောသလိုပဲ အခြေခံလူတန်းစား အများကြီးပါပါတယ် … ဘွဲ့မရတဲ့လူ … အလယ်တန်း အဆင့်သာသာ လောက်သာ သင်ကြားခွင့်ရသူ အများကြီးပါပါတယ် … သို့သော် … ဘွဲ့ရတဲ့လူ အနည်းငယ်လည်းပါနေတယ်ဆိုတာ အဲ့ဒီလုပ်ငန်းနဲ့ ထဲထဲဝင်ဝင် မသိသေးတဲ့ ညီမက နားလည်မှာမဟုတ်ဘူး … ဒါတောင် စက်ရုံပိုင်းကိုပြောတာနော် … အခြေခံလူတန်းစားတွေအများကြီးထဲ .. ဘာလို့ ဘွဲ့ရပါနေသလဲ သိချင်ကောင်းသိချင်ပါလိမ့်မယ် … လစာကွာဟတာကြောင့်ပါ … ။ တချို့ ရုံးတို့ ကုမ္ပဏီတို့မှာ လှလှပပကြွကြွရွရွလေး အလုပ်လုပ်ရတယ် ..လ စာကျတော့… တစ်လ ခုနှစ်သောင်း ရှစ်သောင်းနဲ့ တသိန်းမပြည့်တပြည့် …. ။ အခြေခံလူတန်းစားတွေကြား အလုပ်လုပ်ရတဲ့ စက်ရုံဝန်ထမ်းထဲမှာ သာမန်အလုပ်သမား ( စူပါဗိုက်ဆာ ၊ လီဒါ မဟုတ် ) တောင် … တစ်ချို့ လုပ်သက် နှစ်နှစ်ကျော်လျှင် လစာ သိန်းကျော်ရပါတယ် … ။ စူပါဗိုက်ဆာထဲမှာ … တကယ့်ကိုကြိုးစားတဲ့လူဆိုလျှင် … သုံးသိန်းနီးပါးရပါတယ် … ။ (တော်ရုံ ရုံးအလုပ်သမားတွေ မရနိုင်တဲ့ လစာပါ … ) ။

    စက်ရုံရဲ့ … ရုံးပိုင်း ၊ management ပိုင်းမှာ ထိုင်နေရတဲ့ လူတစ်ချို့တောင် ….. အခြေခံလူတန်းစား လစာကို မမှီတာရှိပါရဲ့ …. ။ စက်မှုဇုံလို့ ဆိုလို့တိုက်နဲ့ … လူတိုင်း လူတိုင်း အလုပ်ကြမ်း လုပ်နေတယ်လို့ မယူဆစေချင်ပါ … ရထားတဲ့ဘွဲနဲ့ အံဝင်ခွင်ကြ ရတဲ့အလုပ်စောင့်နေရင်း အသက်သာ ကြီးသွားတယ် အခုထိ အလုပ်မမြဲတဲ့ လူတွေတွေ့ဖူးပါတယ် … ။ တကယ်တမ်း နှဖူးတွေ့ ဒူးတွေ့ အလုပ်လုပ်မှ ရလာတဲ့အတွေ့ကြုံမျိုးကို … သင်တန်းတွေ လျှောက်တက်ရင်း ဘယ်နေရာမှာ ဘယ်လိုအလုပ်ဝင်လိုက်မယ် … ဆိုတဲ့ လူတွေ မရနိုင်တာတော့ အမှန်ပါ….။

    (((ကွန်ပျူတာနဲ့ပါ အခုစက်ရုံမှာ ကွန်ပျူတာနဲ့ပဲ ဝင်လုပ်နေတယ်လေ ))) ဆိုတာလေးကိုလည်း …. ဆွေးနွေးချင်ပါတယ် …ကွန်ပျူတာနဲ့ကျောင်းပြီးတိုင်း ပရိုဂရမ်မာကြီး ဖြစ်ရမယ်လို့ တစ်ထစ်ချ ပုံသေပြောလို့မရပါဘူး … ညီမရဲ့ အရင့်အရင် ရှေးညီနှောင် မောင်နှမများလက်ထပ်ကတည်းက စိတ်ကူးယဉ်အိမ်မက်ဆိုတာ ရှိကောင်းရှိမယ် … တကယ့်လက်တွေ့ဘဝမှာ ..ပရိုဂရမ်မာအလုပ်နဲ့ ကွန်ပျူတာကျောင်းဆင်းတွေ လုပ်စားတာ … 10%လောက်ပဲရှိတယ် ယုံ … ။ လက်တွေ ့ကျကျ ပြောရလျှင် အစ်မလည်း ကွန်ပျူတာနဲ့ကျောင်းပြီးထားတာပဲ … ဒါပေမယ့် အခုအချိန် စက်ရုံမှာ (ညီမပြောသလို) ကွန်ပျူတာ application လေးပဲ သက်သက်သာသာ အသုံးပြုနေရတဲ့ လူတွေထဲက တစ်ယောက်ပေမယ့် … အတူတူ ဘွဲ့ရခဲ့တဲ့ သူငယ်ချင်းတွေ (ပရိုဂရမ်ရေးနေတဲ့ လူတွေရော …အလုပ်မျိုးစုံရောက်နေတဲ့ သူတွေ) ကြားထဲမှာ ကိုယ်ရထားတဲ့နေရာတစ်ခုဟာ အရမ်းကို ကျေနပ်စရာကောင်းတယ် …. ။ (မနိမ့်လွန်းမမြင့်လွန်းတဲ့) လစာကွာဟမှုနဲ့ အတူ …. စေ့စပ်တိကျတဲ့ အလုပ်ကို ပိုင်နိုင်စွာ ကွပ်ကဲ လုပ်ဆောင်နိုင်တာတွေ့ကြောင့်ပါပဲ … ။

    အလုပ်သမား လူတန်းစားတွေ အပေါ် စိတ်ပူပေးတဲ့ စေတနာကိုတော့ လေးစားပါတယ် …သို့သော် အလုပ်သမား လူတန်းစားကြားထဲမှာ … ဘွဲ့ရတဲ့ ကလေးမတွေလည်း … လစာကွာဟမှုကြောင့် ဝင်လုပ်နေသေးတယ်ဆိုတာလေးတော့ …သိထားသင့်ပါတယ် … ။

    Reply

    • tay mi

      October 24, 2011 at 10:38 pm

      ” ဘာနဲ့ဘွဲ့ရလဲ ”
      ” ရိုးရိုးမေဂျာလေးပါ အခုစက်မှုဇုံမှာ ဝင်လုပ်နေပြီလေ ”
      ” ကွန်ပျူတာနဲ့ပါ အခုစက်ရုံမှာ ကွန်ပျူတာနဲ့ပဲ ဝင်လုပ်နေတယ်လေ ”

      အဲ့ဒီ စာကြောင်းလေးကို ပြောချင်လွန်းလို့ ဒီနေ့မှပဲ အကောင့်လုပ်ပြီး ဝင်မန့်ရတော့တယ်…

      အဲ့လိုဆိုရင် ကွန်ပျူတာကျောင်းဆင်းတွေက စက်ရုံမှာကွန်ပျူတာ မကိုင်ရတော့ဘူးလား…
      ကွန်ပျူတာနဲ့ကျောင်းပြီးတိုင်း ပရိုဂရမ်မာ၊ Web Design လုပ်ရမည်မဟုတ်ပါဘူး…
      တကယ်တော့ မြန်မာပြည်မှာ ကွန်ပျူတာဘွဲ့ရ တွေအတွက် ထိုက်တန်တဲ့နေရာမရှိပါဘူး..
      ကွန်ပျူတာနဲ့ကျောင်းပြီးပြီး ကွန်ပျူတာမကိုင်တဲ့သူတွေအများကြီးပါ ကျွန်တော်လည်း UCSY ကပါပဲ…ကွန်ပျူတာ ယူဇာ အနေနဲ့ပဲ ပြည်တွင်း company မှာ အလုပ်ဝင်လုပ်နေတာပါ…

      e tone ကိုလည်း ကျွန်တော် ပြောချင်တာနဲ့ တထပ်တည်းကျတဲ့အတွက် ကျေးဇူးတင်ပါတယ်…

      Reply

      • nikita

        October 25, 2011 at 11:03 am

        အဟင်း
        အဲဒါကို ဆိုလိုချင်တာ မဟုတ်ဘူးလေ
        ကျောင်းပြီးသွားတဲ့ သူငယ်ချင်းတစ်ချို့က သူတို့မ်ိဘတွေကြောင့်
        နီးစပ်ရာ စက်မှုဇုံမှာပဲ ဝင်လိုက်ရတယ်
        သူတို့ကပြောတယ်
        မနက် ၈ ကနေ ည ၉ အထိဆင်းရတယ်တဲ့
        ရတဲ့လစာက ငါးသောင်း၊ ခြောက်သောင်းနဲ့
        ပိတ်ရက်က တစ်လလုံးနေမှ ၂ ရက်တဲ့
        ဒီလောက ကြီးထဲက ထွက်ဖို့ သင်တန်းတတ်ချင်ရင်တောင်
        အချိန်နဲ့ ငွေမရှိဘူးတဲ့

        Reply

        • nikita

          October 25, 2011 at 11:06 am

          နောက်ရှိသေးတယ်
          ကွန်ပျူတာ စာရင်းကိုင်လို့သာ အမည်တွင်တာ
          ဟုတ်တိ ပတ်တိလည်း ဘာမှ မလုပ်ရ
          တစ်နေကုန် စာရင်းလေး တစ်ချက် ၊နှစ်ချက်စစ်ပြီး
          ငုတ်တုတ်ထိုင်နေရတာ
          သေချင်စိတ်တောင် ပေါက်တယ်တဲ့
          နောက် အားမှ ထပ်ပြီး interview သွားလုပ်ဦးမယ် 🙂

        • etone

          October 27, 2011 at 4:22 pm

          (((ကွန်ပျူတာ စာရင်းကိုင်လို့သာ အမည်တွင်တာ
          ဟုတ်တိ ပတ်တိလည်း ဘာမှ မလုပ်ရ
          တစ်နေကုန် စာရင်းလေး တစ်ချက် ၊နှစ်ချက်စစ်ပြီး
          ငုတ်တုတ်ထိုင်နေရတာ
          သေချင်စိတ်တောင် ပေါက်တယ်တဲ့ ))) ဆိုတဲ့နေရာမျိုး အားတောင်ကျလာပြီ … ။ ကွန်ပျူတာစာရင်းကိုင် နေရာမျိုးကို ဘာမှ မလုပ်ခိုင်းပဲ အလကား အသားတင်ပိုက်ဆံရနေလို့ပါ … ။ နည်းနည်းနောနော ကုသိုလ်တော့မဟုတ်လောက်ဘူး … ။
          အင်တာဗျူးဖြစ်လျှင်လည်း ပြန်ပြောပါဦး … အသစ်ဆန်းလေးတွေ နားထောင်ရတာပေါ့ ….။ 🙂

  • windtalker

    October 24, 2011 at 8:30 pm

    လူဦးရေကတော့ တိုးပွားပြီး တိုးပွားနေဦးမှာပဲ
    ကိုယ်က အဲဒီတိုးပွားလာတဲ့ လူဦးရေအပေါ်ကို ကိုယ့်အတွက်
    ဘယ်လို အကျိုးအမြတ်ရအောင် လုပ်မလဲ ဆိုတာပဲ စဉ်းစားတယ်ဗျာ

    Reply

    • Mg Ni Tut

      October 24, 2011 at 9:43 pm

      လူဦးရေတိုးပွားတာနဲ့အမျှ လူတွေရဲ့ အဓိကလိုအပ်ချက်တွေတိုးပွားလာမှာပဲလေ။ စား၊ဝတ်၊နေ ရေးပေါ့။ အစားအသောက်ဆိုင် ၊ အဝတ်အထည်ဆိုင်နဲ့ အိမ်ခြံမြေတိုက်ခန်း အရောင်းအဝယ်တွေက အဓိကလိုအပ်ချက်တွေဖြစ်လို့ ၁ဝရင်းရင် ၁၀ဝမြတ်တဲ့ စီးပွားရေးလုပ်ငန်းတွေဖြစ်တယ်လို့ စီးပွားရေးနဲ့ပတ်သတ်လို့ ကျွန်တော်လေးစားရတဲ့ အစ်ကိုတစ်ယောက်ပြောဖူးတယ်။

      Reply

  • kai

    October 25, 2011 at 4:42 am

    သမဂ္ဂထောင်ဖို့… လိုနေပြီထင်မိတယ်..။
    မကြာခင်လာတော့မှာပါ..။
    စွန့် ဦးသူတွေဖြစ်ချင်ရင်.. စိတ်တူကိုယ်တူ မိတ်ဆွေ..သူငယ်ချင်းတွေ စုပြီး.. ကိုယ်တိုင်ထောင်လိုက်..။
    အနည်းဆုံး.. အလုပ်ပိတ်ရက်လေး ၁ပါတ် ၁ရက်ရအောင်တော့.. တိုက်ယူပေါ့..။ 😆

    Reply

  • MaMa

    October 25, 2011 at 7:15 am

    အင်းးးး ဖတ်ခဲ့ဖူးတဲ့ စာတစ်ပုဒ်မှာ အလုပ်တခုကို ဝင်လုပ်တော့မယ်ဆိုရင် ဘယ်လောက်ရမလဲက အရင်မေးတယ်။ ဘာလုပ်ရမှာလဲကို နောက်မှမေးတယ် တဲ့။ အဓိကကိုယ်လုပ်ရမယ့်တာဝန်ကို စိတ်ဝင်စားမှုက နောက်ကျမနေဘူးလား။ အလုပ်ကို ရွေးချယ်တဲ့အခါမှာလည်း ဝါသနာနဲ့ ပညာနဲ့ ကိုက်ညီမှလို့ ကြိုးချည်ထားလို့ မရသေးဘူး။ ရနိုင်တဲ့ (သင့်တင့်တာလည်း ဖြစ်ရဦးမယ်) အလုပ်ကို ဝင်လုပ်ပြီး၊ ကိုယ့်နေရာ ကိုယ့်တာဝန်ကို တန်ဖိုးထား ကြိုးစားရင် အနည်းဆုံး တံမြက်လှည်းသမား အချင်းချင်းထဲမှာတောင် ခေါင်းဆောင်ဖြစ်နိုင်ပါသေးတယ်။

    Reply

  • ကြောင်ကြီး

    October 25, 2011 at 10:27 am

    ထီထိုးပေါ့ကွယ်။ အခုခေတ်မှာ နှစ်လုံးသုံးလုံး အလွယ်တကူ ထိုးလို့ရတယ် မဟုတ်လား။ ဘောလုံးပွဲ လောင်းချင်သပဆိုလဲ လောင်းလိုက်အုံး။ ရွာထဲမှာတောင် အပတ်စဉ် ခန့်မှန်းချက်ပေးနေတဲ့ ကျောက်စိမ်းသူဌေး ရှိသေးတယ်။ သူကအရင်က ကျောက်တူးသမားလေး ကျောက်မအောင်ဘဲ ဂဏန်းအောင်ပြီး ကျောက်သူဌေး ဖြစ်နေပြီ။ ရတဲ့ဝင်ငွေ တဝက်ကို ဖဲရိုက်၊ မာကျောက်ပစ်၊ လောင်းကစားအစုံလုပ်ပေါ့။ အနီးအနားမှာ ဘုရားပွဲရှိရင် ညလုံးပေါက်သွားပြီး လောင်းကစားဝိုင်းသွားထိုင်။ ကံယုံပြီး ဆူးပုံတက်ထိုင်တာ ပတ္တမြားခဲကြီး ဖြစ်နေလို့ ချမ်းသာသွားတဲ့ ဘီလျံနာသူဌေးကြီး အောင်ကြူး(သူဌေးကြီးဆိုပေမဲ့ လူငယ်လူပျိုလူလွတ်လူချော) ဆိုတာ ကမာ္ဘ့မှာ လျှမ်းလျှမ်းတောက်ပဲ…။ ကံကောင်းပါစေကွယ်။ သူများတော့လျှောက်မမေးနဲ့၊ ရိုးသား ကြိုးစားတို့ ပေါက်ကရတွေ ပြောလိမ့်မယ်။ အလကား မယုံနဲ့၊ ပြောသူတွေကိုယ်တိုင် ဘိန်းမှောင်ခို ကယ်ရီရိုက်လို့ရတဲ့ငွေနဲ့ အင်တာနက်သုံးနေတာ။

    Reply

    • nikita

      October 25, 2011 at 11:09 am

      ကိုကြောင်ကြီးရေ
      ၂ လုံး ၊ ၃ လုံးကစားလို့ ချမ်းသာသွားတာ သိန်းဂဏန်းမှာ တစ်ယောက်လောက်ပါ
      နောက်ဆုံးတော့
      လွယ်လွယ်ရတဲ့ငွေ လွယ်လွယ်နဲ့ ပြန်ကုန်တာပဲ
      အလွယ်နည်းလိုက်နေရင် ဘဝလည်း လွယ်လွယ်ကုန်ဆုံးသွားလိမ့်မယ်

      Reply

      • ကြောင်ကြီး

        October 25, 2011 at 11:49 am

        ၂ လုံး ၊ ၃ လုံးမကစားဘဲ ချမ်းသာသွားတာ သန်းဂဏန်းမှာ တယောက်တောင် မရှိပါဘူးကွယ်။ ပြောချင်တာ ပင်ပင်ပန်းပန်းခေါ်ရင် ငွေကပေပေကပ်နဲ့ မလာချင်ဘူး။ ခက်ခက်ခဲခဲ စဉ်းစားနေရင် ဘဝဆိုတာ ခက်ခဲနေမှာဆိုးလို့ အကြံကောင်းပေးမိတာပါကွယ်။ ဦးကြောင် စေတနာကို နားလည်းဖို့ ဒီလောက်တောင် ခက်ခဲနေရင်လည်း အကောက်ခွန်၊ ဆိပ်ကမ်းလို ဌာနမျိုး လာဘ်ထိုးပြီး ဝင်ကြည့်ကွဲ့။ ငွေပုံပေးလိုက် နေရာကောင်းရရင် တနှစ်ထဲနဲ့ ပြန်ကျေမယ်။ အလုပ်ထဲမှာတော့ ရိုးသားကြိုးစားပေါ့ကွယ်။ နေရောညပါ အသောက်အစားမဖက် ဂွင်ဖန်ငွေရှာ၊ ရိုးရိုးသားသား ဝေမျှစားသောက်၊ အထက်လူကြီးကိုသိတတ် ဒါဆိုရင်လည်း ဖြစ်ပါတယ်….။ ပိုက်ဆံစုမိလာတော့မှ လောင်းကစားဒိုင်ဖွင့်၊ ဒါဆိုရင် သုံးလေးငါးနှစ်အတွင်း တဌေးကြီးတယောက် ဖြစ်မှာမလွဲပါဘူးကွယ်….။

        Reply

        • windtalker

          October 25, 2011 at 1:28 pm

          ဒါပဲပေါ့
          ကိုကြောင်ကြီး ပြောသလို သာလုပ် ၊ မလွဲဧကန် ကြီးပွးာမှာ အမှန်ဘဲ
          ၁/၂/၃ ဒိုင်လုပ်လို ့၊ ပြန်တင်စရာ ဒိုင် မတွေ ့ခဲ့ရင် ဘာမှ မပူနဲ ့
          ကိုကြောင်ကြီး ကိုသာ သတိရလိုက် ၊ သူက စီအိုင်အေနဲ ့ကေဂျီဘီ ၂ ဘက်ခွစားပြီး
          ကမ္ဘာပတ် ခံနေတာကွဲ ့၊ ဒိုင်ခံတာ ပြောပါတယ်
          🙂

        • nikita

          October 25, 2011 at 1:43 pm

          good idea!

  • Shwe Ei

    October 27, 2011 at 4:35 pm

    အခြေခံလူတန်းစားနဲ့ပတ်သတ်လို့တော့ဘာမှမပြောချင်ဘူး၊ ကိုယ်ကိုယ်တိုင်လဲ ဟိုမရောက်ဒီမရောက်ဆိုတော့။ အခြေခံလစာလေးတွေ တိုးပေးဖို့အကြောင်းဆွေးနွေးမယ်ဆိုမှ ပါမယ်နော်။

    Reply

Leave a Reply to windtalker Cancel Reply

Your email address will not be published.