ပုဂ္ဂလိကပိုင်အဖြစ်ပြောင်းလဲထားသော မြန်မာ့ကြယ်ငါးပွင့်သဘောင်္လုပ်ငန်းပိုင် သဘောင်္များအနက် နိုင်ငံတကာသွားကုန်တင်သဘောင်္နှင့် ကမ်းရိုးတန်းသွားသဘောင်္ရှစ်စင်းကို ပြေးဆွဲခြင်းမပြုဘဲရပ်နားထား

klnMay 20, 20101min00

ပုဂ္ဂလိကပိုင်ကုမ္ပဏီအဖြစ်သို့ ပြောင်းလဲထားသော မြန်မာ့ကြယ်ငါးပွင့်သဘောင်္လုပ်ငန်းပိုင် သဘောင်္များမှ နိုင်ငံတကာသွားကုန်တင်သဘောင်္နှင့်ကမ်းရိုးတန်းသွားသဘောင်္ရှစ်စင်းအား ခရီးစဉ်များတွင်ပြေးဆွဲခြင်းမပြုဘဲရပ်နားထားကြောင်းသတင်းရရှိပါသည်။ ဆိပ်ကမ်းတွင်ရပ်နားထားမည့်သဘောင်္ ( Laid Up Vessels) အမည်စာရင်းအား ထုတ်ပြန်ထားရာ၌ ကမ်းရိုးတန်းသွားသဘောင်္များဖြစ်သော သံလွင်၊ ချင်းတွင်းနှင့် ဟားခါးသင်္ဘောများ၊ နိုင်ငံတကာသွားကုန်တင်သဘောင်္များဖြစ်သော ချင်းရွှေဟော်၊ မိုင်းလား၊ ဘားအံ၊ ပုဂံနှင့်ပဲခူးသဘောင်္များစသည်ဖြင့် စုစုပေါင်းသဘောင်္ရှစ်စင်းပါဝင်ကြောင်းသိရသည်။ အဆိုပါ သဘောင်္မျာမှာ ခရီးစဉ်များတွင် အသုံးပြုပြေးဆွဲနေသော သဘောင်္များဖြစ်ကြောင်းလည်းထပ်မံသိရသည်။ မြန်မာ့ကြယ်ငါးပွင့်သဘောင်္လုပ်ငန်းမှ နိုင်ငံတကာသွားသဘောင်္ ၁ရစင်း၊ ကမ်းရိုးတန်းခရီးစဉ်သွားသဘောင်္ ၁၉စင်းစုစုပေါင်း သဘောင်္၂၆စင်းပိုင်ဆိုင်ထားပြီး ပြေးှဆွဲမည့်သဘောင်္အုပ်စုအလိုက် လစာနှုန်းထားသစ်များထုတ်ပြန်မှုတွင် အုပ်စု၄ခု၌ သဘောင်္၁၅စင်း၊ ရပ်နားသည့် သဘောင်္( Laid Up Vessels) ၌ သဘောင်္ရှစ်စင်းတို့ပါဝင်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published.