ဘီအမ်ဘတ်စ်များနေရာတွင် စီးတီးဘတ်စ်များအစားထိုးမည်

klnMay 20, 20101min00

မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေးကော်မတီ( မထသ) လက်အောက်တွင် ပြေးဆွဲနေသော ဘီအမ်မော်တော်ယာဉ်လိုင်းများအားလုံးကို ပြည်ပမှ မှာယူထားသော City Bus ကားများရောက်ရှိလာမှသာ ၎င်းနေရာတွင် အစားထိုးပြေးဆွဲသွားမည်ဟုသိရသည်။ ယခုလက်ရှိတွင် မထသ City Bus ကားအစီး ၃၀ဝကို ပြည်ပမှ မှာယူထားပြီးဖြစ်ရာ မကြာမီအသုတ်လိုက်ခွဲ၍ ရောက်ရှိလာမည်ဖြစ်ပြီး ၎င်းကားများရောက်ရှိလာပါက ယခုုပြေးဆွဲနေသော ဘီအမ်ကားများကို မြို့တွင်းပြေးဆွဲခွင့်မပြုတော့ကြောင်း သိရသည်။ “ကျွန်တော်တို့ကားအစီး ၃၀ဝမှာထားပါတယ်။ အဲဒီကားတွေအကုန်လုံးရန်ကုန်ကိုရောက်မှ အစားထိုးပြေးဆွဲမှာပါအခု ချက်ချင်းဘီအမ်ကားတွေ မြို့ထဲမဝင်ရတော့ဘူးလို့မပြောသေးပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ မကြာခင်ကမှ မြို့တွင်းသို့ မဝင်ရလို့ပိတ်လိုက်တဲ့ကားလိုင်းနှစ်လိုင်းရှိတယ်။ စစ်ကျန်ဘတ်စ်နဲ့ ဒိုင်နာကားတွေပါပဲ။ ဒါကြောင့် အခုမှာတဲ့ကားတွေမပြည့်စုံသေးဘဲ ဘီအမ်တွေကို ချက်ချင်းဖယ်ခိုင်းလိုက်မယ်ဆိုရင် ခရီးသည်တွေနဲ့ လိုင်းကားတွေမမျှမတဖြစ်သွားမယ်၊ ဒါကြောင့် မှာတဲ့ကားတွေအကုန်ရောက်လာမှ ဘီအမ်ကားတွေကို မြို့တွင်းပြေးဆွဲခွင့်ပိတ်မှာပါ” ဟုမထသမှ တာဝန်ရှိသူတစ်ဦးကရှင်းပြခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published.