ကဗျာကပေးသော အတွေးစများ

naywoon niOctober 22, 20111min05

ဒီနေ့တော့ ကဗျာက ပေးတဲ့ အတွေးလေးတွေ အကြောင်းပြောချင်ပါတယ်…။ တစ်ချိန် မဂ္ဂဇင်း ခေတ်က ဖော်ပြ ခံခံရတဲ့ ကဗျာ နှစ်ပုဒ်နဲ့ စလိုက်ရအောင်….။ ဒီကဗျာ နှစ်ပုဒ် နဲ့ ပတ်သက်ပြီး ပြောချင်တာက ကဗျာ ရေးသူ တစ်ယောက်က ကဗျာချည့် တစ်စိုက်မတ်မတ် ရေးဖွဲ့သူမဟုတ်ပါဘူး……။ ဒီနေ့ အဲဒိအကြောင်းကို သိသူလည်း နဲပါလိမ့်မယ်….။ ကဗျာကောင်းတစ်ပုဒ် ဆိုတာ ဒီလိုနည်းနဲ့ တိမ်မြုပ်သွားမှာ အင်မတန် နှမြောစရာကောင်းပါတယ်…။ ကဗျာရေးတဲ့သူကိုတော့ ကြိုမပြောတော့ဘူး …။ ဖတ်ရင်းနဲ့တွေ့လာပါလိမ့်မယ်….။ ကဗျာ ခေါင်းစဉ်က “ ဖြေထားသင့်ရင် ဖြေထားနှင့်” တဲ့…။ 1984 ခုနှစ် နိုဝင်ဘာလထုတ် ရုပ်ရှင်အောင်လံ မဂ္ဂဇင်းမှာ ပါခဲ့တယ်လို့ မှတ်စုထဲမှာ မှတ်ထားမိတာပဲ…။ ကဗျာက —–

“ ဖြေထားသင့်ရင် ဖြေထားနှင့်”

ဖားသူငယ်ကတော့
သေရမှာကို ကြောက်ရှာမှာပဲ……။
နားထောင်ကြည့်လေ
အော်နေတဲ့အသံ
တိရိ စ္ဆာပေမယ့်
တုန်လှုပ်နေရဲ့…..။
ဒါပေမဲ့လို့
မြွေအဖို့ကလည်း သူ့ဝမ်းထဲမှာ
အစာမရှိဆာနေပြီ……။
သည်မယ်သူငယ်ချင်း
သည်မြင်ကွင်းကို
မင်းမြင်ပြီလား
မင်းမြင်ပြီထား….။
ဖားကိုကယ်မလား
မြွေကို သနား
မျက်နှာလွှဲမလား….။
မောင်သာရ
ဟုတ်ပါတယ်…။ ဒီကနေ့ အသက်80ပြည့်မွေးနေ့ရှင် ဆရာကြီးမောင်သာရပါပဲ….။ ဆရာကြီးကဗျာနဲ့ ဆရာကြီးကို ပြန်လည် ဂုဏ်ပြု မွေးနေ့လက်ဆောင်ပေးတာပါ…။
နောက်တစ်ပုဒ်ကတော့ သူငယ်ချင်းကဗျာတွေနဲ့ နာမယ်ကြီးခဲ့တဲ့ ဆရာကြီး တက္ကသိုလ်မင်းမော်ရဲ့ ကဗျာတစ်ပုဒ်ပါ…။ 1987 အောက်တိုဘာလ ရှုမဝ မဂ္ဂဇင်းမှာ ပါခဲ့တာပါ…။
လမ်းဒဿန

    သူငယ်ချင်း
    မင်း သူ့ကိုကြည့်။
    တောင်ထိပ်အထိ
    တက်လမ်းရှိလျက်။
    တောင်ဘက်ကနေ
    မြောက်ဘက်ခွေ၍
    မြွေလိမ်မြွေကောက် ၊ လမ်းတွေဖောက်လိုက်။
    မြောက်ဘက်ကနေ
    တောင်ဘက်ခွေ၍
    မြွေလိမ်မြွေကောက် ၊ လမ်းတွေဖောက်လိုက်။
    သူငယ်ချင်း
    လမ်းတွေ မှိုပေါက်
    သူဖောက်လည်း
    သူဖောက်သလောက် ၊ လူမလျှောက်တော့
    ဗွက်ပေါက်ရုံပဲပေါ့………သူငယ်ချင်း။ ။
    တက္ကသိုလ်မင်းမော်
    ဒီကဗျာနှစ်ပုဒ်ရဲ့ အတွေးစတွေနဲ့ နေဝန်းနီတော့ အိပ်ပျက်ညတွေ များခဲ့ပါရဲ့….။ ရှေ့ကနေ ကြိုပြီးတွေးပြစရာ ရှင်းပြစရာမလိုအောင် ဆရာကြီးများက ရိုးရိုး ရှင်းရှင်းလေးရေးပြသွားခဲ့တာပါ….။
    အဲဒိတော့ ကိုယ့်ဖာသာ ကိုယ်ဆက်တွေးကြပါတော့………….။ တိမ်မြုပ်သွားဖို့ မသင့်တဲ့ ကဗျာ နှစ်ပုဒ်လို့ယူဆပြီး မှတ်စုစာအုပ်ထဲကနေတင်ပေးလိုက်တာပါ…။

    နေဝန်းနီ

5 comments

  • thit min

    October 22, 2011 at 3:40 pm

    ဆရာ တက္ကသိုလ်မင်းမော် ရဲ့ သူငယ်ချင်း ကဗျာများကတော့ တော်တော်သဘောကျတယ်ဗျာ။
    ဆရာကြီး မောင်သာရရဲ့ ကဗျာလေး ကိုပါဖတ်ရလို့ ကျေးဇူးပါလို့…………………………

    Reply

  • manawphyulay

    October 22, 2011 at 4:46 pm

    မောင်သာရရဲ့ကဗျာကလည်း ရှေ့တိုးအခက် နောက်ဆုတ်အခက်ပုံစံပဲ။ သူ့ဘက်ကကြည့်တော့ လက်ဖဝါး၊ ကိုယ်ဘက်ကကြည့်တော လက်ဖမိုးဆိုသလို ပေါ့နော်။ ဝါသနာပါပေမယ့် မရေးတတ်တာခက်တယ်။ ကဗျာကောင်းလေးတွေ မှတ်သားထားပါမယ်။

    Reply

    • GreeNSheeP

      October 22, 2011 at 6:32 pm

      ထုံးစံအတိုင်း ချောကလက်မြို ့တော် က ချမ်းချမ်းကဗျာတွေ သွားကူး ပြီး လာတင်ပေါ့ဗျာ ။အခုတော့ ချစ်သူမြို ့တော် မှာ ထင်တယ် ။ မဟုတ်လဲ ကူးကူးပြီး လုပ်စားနေကြပဲဟာ ။

      Reply

  • naywoonni

    October 22, 2011 at 10:23 pm

    GreeNSheeP ရမ်းသမ်းမပြောပါနဲ့ ဘယ်နေရာကဆိုတာ လင့်ထည့်ပေးလိုက်လေ……. ငါလည်း ငါကူးတင်လိုက်တဲ့ မဂ္ဂဇင်းစာအုပ် စကင်ဖတ်ပြီးတင်ပေးမယ်……။ မင်းပြောတဲ့ ကလေးကလား ဝက်ဆိုဒ်ဝင်ကြည့်နေတဲ့ကောင်မဟုတ်ဘူး…။ ဒီလောက်တော့ သဘောပေါက်………..။

    Reply

    • GreeNSheeP

      October 23, 2011 at 2:20 pm

      naywoonni ရေ၊ အပေါ်က ကျွန်တော့် ကွန်မင့်က ခင်ဗျားကို ပြောတာ မဟုတ်ဘူးလေ ၊ အဲဒီဆိုက်တွေကို ကလေးကလားလို ့ဆိုရင်တော့ ၊ ဒီထဲက တစ်ချို ့သော လူတွေ က နာလိမ့်မယ်နော် ။ ဝါသနာပါပေမယ့် မရေးတတ်လို ့ခက်နေတယ် ၊ ကူးပဲကူးတတ်တယ် ဆိုတဲ့ အပေါ်က တစ်ယောက်ကို လမ်းညွှန်ပေးနေရတာပါ ။

      Reply

Leave a Reply to GreeNSheeP Cancel Reply

Your email address will not be published.