ကဒါဖီ၏ နောက်ဆုံးဇာတ်သိမ်း

နွယ်ပင်October 22, 20111min020

နိုင်ငံ အာဏာ အား ၄၂ ကြာ အာဏာရှင် တစ်ဦး အဖြစ် အကြွင်းမဲ့ အုပ် ချုပ် ခဲ့ ပြီး နောက် ပြည်သူ
ထောင်ပေါင်း များ စွာ ကို ညှင်းဆဲ သတ်ဖြတ် ခဲ့ သည့် လစ်ဗျား အာဏာ ရှင် သည် မသေခင် ဒဏ်
ရာများ စွာ ဖြင့် အော်ဟစ် ညည်း တွား ဆဲရေး တိုင်း ထွာ လိုက် တောင်းပန်း တိုးလျှိုး လိုက် ဖြင့်
သွေး ရူး သွေးတန်း ဖြစ် နေခဲ့ပါတယ် ။
ကဒါဖီ ဟာ သူ ငယ် စဉ် က ဆော့ ကစား ခဲ့ တဲ့ ဆာတ် မြို ့ ပြင် တံငါရွာ တစ်ခု က အခိုင် အမာ
ဆောက် ထား တဲ့ အိမ် တစ်ခု မှာ ပုန်းအောင်း နေတာ ဖြစ်ပါတယ်။
သူဟာ ဒီနေ ရာမှာ ခြေကုပ် ဆွဲ နေတာ က အခွင့် သာ ရင် မြေထဲ ပင်လယ် ကို ဖြတ် ပြီး ထွက်
ပြေး ဖို ့ ရည် ရွယ် ထား နိုင် တယ် လို ့ NTC က ပြောပါတယ်။

ကဒါဖီ ဟာ နိုင်ငံ အာဏာ ကို ၄၂ ကြာ သိမ်းပိုက် ထား ပြီး ပြီး ခဲ့ တဲ့ ဩဂုတ်လ တော်လှန်ရေး
တပ် သား တွေ က ထရီပိုလီ ကို သိမ်းပြီး နောက် မှာ သူ ့ ကို ရာထူး က ဖယ်ရှား လိုက် နိုင် တာ
ဖြစ်ပါတယ်။

ဒီနှစ် ဖောဖော်ဝါရီလ ၁၃ ရက်နေ ့မှာ လစ်ဗျား ပြည်သူ တွေ ရဲ ့ အုံကြွ မှု စတင်ခဲ့ ရာမှာ သူက
ရက်ရက်စက်စက် နှိမ်နှင်း တဲ့ အတွက် လူ ၃၀၀ဝ ကျော် သေဆုံး ခဲ့ ပါတယ်။

ကဒါဖီ ဟာ သူ ့ သား မူတာဆင် ကဒါဖီ ၊ ထောက်လှမ်း ရေး အကြီး အကဲ Abdullah al-Senussi
တို ့ နဲ ့ အတူ သူ ့ ရဲ ့ ဇာတိ မြို ့ ဖြစ်တဲ့ ဆာတ် မှာ ပုန်းအောင် နေ စဉ် မှာ ပဲ ကြာသပတေး နေ ့
မနက် မှာ အဖမ်းခံ လိုက် ရတာ ဖြစ်ပါတယ်။

အဖမ်း ခံရ စဉ် မှာ ယခင် က အတိုက် အခံ တွေ ကို ယခင် က မတရား ဖမ်းဆီး နှိပ်စက် ခဲ့ တဲ့
ထောက် လှမ်းရေး အကြီးအကဲ က သူ ့ ကို မသတ် ဖို ့ နဲ ့ သူ အခု နောင်တ ရ နေ ပြီး ကောင်း
ရောင်း ကောင်းဝယ် လုပ် စား တော့ မယ် လို ့ တော်လှန်ရေး တပ် သား တွေ ကို တောင်း ပန်
ပါတယ်။

နောက် တော့ သူ တို ့ သုံး ဦး ဟာ ထွက် ပြေး ဖို ့ လုပ် တဲ့ အတွက် ပစ်သတ် ခဲ့ တာ ဖြစ်ပါတယ်။

သူဟာ ဒဏ်ရာ တွေ နဲ ့ နှစ်နာရီ လောက် အသက် ရှင် နေပြီး မှ တော်လှန်ရေး တပ်သား တွေ ကို
မအေ နှမ ဆဲရေး တိုင်း ထွာပြီး သေဆုံး ခဲ့ တယ် လို ့ ဆိုပါတယ်။

ကဒါဖီ သေဆုံးကြောင်း လစ်ဗျား ကြားဖြတ် အစိုးရ အဖွဲ ့ ဝန်ကြီးချုပ် မာမွတ် ဂျီလ်ဘရေး က
အတည်ပြု ပြောကြား ပြီး သူတို ့ ဟာ ဒီအခိုက် အတန် ့ကို ကြုံရ ဖို ့ ကာလ ကြာရှည် စွာ စောင့်
ခဲ့ ရတယ် ” လို ့ ဆို ပါတယ်။

Freedom News Groupမှ ဖော်ပြပါသည် ။

20 comments

  • thit min

    October 22, 2011 at 10:11 am

    Credit to http://komoethee.blogspot.com/
    ငချစ်သင် ( ပုဂံ)
    လစ်ဗျား အာဏာရှင်ကာဒါဖီး လူထုလက်ချက်နဲ ့ခွေးသေဝက်သေသေခဲ့ရပါပြီ။ မနေ ့က နိင်ငံတကာမီဒီယာမှာ ကာဒါဖီးကို လစ်ဗျားလူထုက အားပါးတရာ ရိုက်နက်သတ်ဖြတ်နေတဲ့သတင်းကို တနေကုန် ထပ်ကာထပ်ကာပြသနေပါတယ်။
    လစ်ဗျားသူပုန်တွေ က က ထရီပိုလီမြို ့ကိုပြီးခဲ့တဲ့ လ ကသိမ်းပိုက်ခဲ့တယ်။ ကာဒါဖီးထရီပိုလီုက သစ္စာခံ တပ်တွေ သစ္စာခံ လစ်ဗျားကြံဖွတ်တွေနဲ ့တူ ဆာရိုက်မြို ့ကိုထွက်ပြေးပြီး ခုခံနေတယ်။ မနေ ့ကတော့ သူပုန်တပ် (အမျိးသားအသွင်ကူးပြောင်းရေးတပ် ) တွေတွေက ကာဒါဖီးရှိရာ ဆာရိုက်မြို ့ ကိုတိုက်ခိုက်ခဲ့တယ်။ ဆရာရိုက်မြို ့ကလဲ မြိုလုံးကျွတ်သူကို ဆန်ကျင်နေကြပါပြီ။
    အခြေအနေကိုက လက်နက်ကိုင်တပ်ဖွဲ ့တွေက လည်း တလမ်းဝင်တလမ်းထွက်ပိုက်စိတ်တိုက် သူကိုရှာဖွေနေကြတယ်။ လူထုတွေကလဲ နေရာအနှံအပြားမှာထွက်ဆန္ဒပြဆိုတော့ သူတို အတွက်ပြေးစရာမြေမရှိသလိုဖြစ်နေတယ်။ စစ်ကားတန်းတွေနဲ ့ထွက်လာရင်လဲ နေတိုးက လေကြောင်းကနေသမပေးနေတယ်။ ကာဒါဖီးကိုကာကွယ်ပေးနေတဲ့ သစ္စာစောင့်သိနေကြတဲ့
    နေလည် ၃နာရီခန် ့မှာ နေတိုးက လေကြောင်းကနေ ကာဒါဖီးလုံခြုံရေးတပ်ကားတန်းကိုတိုက်ခိုက်ပေးလိုက်တယ်။ ကားတန်းက လက်နက်အပြည့်စုံတပ်ဆင်ထားတဲ့ ထရပ်ကား ၁၅ စီး။ ကာဒါဖီးမှာ လက်နက်ကိုင်အစောင့်ဆိုလို မရှိသလောက်ဖြစ်သွားရပါတော့တယ်။
    နောက်ဆံးမှာသူပုံးအောင်းနေတဲ့ နေရာကိုခြေရာခံမိလကြတယ်။ ဒီတော့ကာဒါဖီးနဲ ့ဘောဒီဂတ်အနည်းငယ်ဟာတိုယိုတာထရပ်ကားလေးတစီးနဲ ့မထင်မရှားထွက်ပြေးလာတယ်။ သူမှာဘော်ဒီဂတ်တယောက်ပဲရှိတယ်။ ဒါကို လူထုက တွေ ့သွားပြီး ဝိုင်းလိုက်ကြတယ်။ အသက်လုပြေးလာတဲ့ကာဒါဖီးဟာ လမ်းကူး တံတားလုပ်ထားတဲ့ကွန်ကရစ်ပိုက်လုံးထဲကို ဝင်ပုန်းနေတယ်။ ဒါပေမဲ့လူတွေတွေ ့သွားပြီ။ သူပုန်းနေတဲ့ပိုက်လုံးကိုဦးပြီးသူပုန်တပ်က လေယျဉ်ပြစ်စက်သေနပ်နဲ ့ပြစ်ခတ်လိုက်တယ်။ ဒါပေမဲ့မထိရောက်လို ့ လက်နက်ကြီးပြစ်တာကိုရပ်ပြီး ကာဒါဖီးပုန်းတဲ့နေရာကို သူပုန်တွေနဲ ့လူအုပ်က ချဉ်းကပ်လာကြတယ်။
    ကာဒါဖီးဘေ်ဒီဂတ်က ပိုက်ကနေထွက်လာပြီးလက်နက်ချတယ်။ သူက ကျွန်တော်တို ့ရဲ ့ နိင်ငံတော်အကြီးအကဲ ဒီမှာပါ။ သူ
    ဒဏ်ရာရနေပါတယ်။ ( My Master is here , he is wounded ) လို ့အော်ဟစ်နေပါတယ်။
    သူပုန်တပ်သားတယောက်ကဖမ်းဆီးဖို ့အသွားမှာ လက်နက်ချဟန်ဆောင်ထားတဲ့ ကာဒါဖီးဘော်ဒီဂတ်က စတင်ပြစ်ခတ်တယ်။ ဒါနဲ ့သူပုန်တပ်သားကပြန်လည်ပြစ်ခတ်လို်က်လို ့ ကာ
    ဒါဖီးဘောဒီဂတ်သေတယ်။ သူပုန်တပ်သားအပြောအရကာဒါဖီးဟာသူလူကိုမပြစ်ဖို ့အမိန် ့ပေးနေပုံရတယ်လို ့ဆိုတယ်။ ကာဒါဖီးကိုအရှင်မိလာကြတယ်။ သူအကျင်္ီင်္တွေဖယိုဖရဲဖြစ်နေတယ်။
    သူပေါင်းနေကြမောင့်ကြက်သရေခေါင်းပေါင်းက ဘယ်မှာကျကျန်ခဲ့သလဲမသိပါ။ သူထိပ်ပြောင်နေတဲ့ကာဒါဖီးကိုလူတွေက တွေရတယ်။ (ကြက်သရေခေါင်းပေါင်းကိုသူအမြဲပေါင်းလေ့ရှိတဲ့အတွက် သူထိပ်ပြောင်မှန်းလူထုက မသိကြဘူး။ )
    သူဟာအရင်က တန်ဖိုးကြီးတဲ့ယူနီဖေါင်းတွေ ၊ နေကာမျက်မှန်ပေါင်းစုံနဲ ့ကြွားကြွားဝါဝါနေလေ့ရှိတဲ့ကာဒါဖီးဟာခုတော့ခွေးလေးဂျပိုးတကောင်လို့ လူတယောက်က သူဂုတ်ကိုဆွဲလာတာကို ဗီဒီယိုမှာမြင်တွေ ့ရပါတယ်။ သူကိုင်နေကြ သူရဲ ့ ရွေသေနပ် (ပစ္စတို) ကို သူပုန်တယောက်ကရရှိခဲ့ပြီး လူအုပ်ကိုဝှေ ့ယမ်းပြနေပါတယ်။
    သူခန္ဒကိုယ်မှာဒဏ်ရာတချို ့ရထားတာကိုတွေ ့ရတယ်။ နောက်တော့ ဒေါထွက်နေတဲ့လူအုပ်က အရှင်မိလာတဲ့ကာဒါဖီးကို ဝိုင်းရိုက်ကြတယ်။ ထုနက်ကြတဲ့အတွက် ကာဒါဖီးမချီ မဆန် ့အသက်ထွက်သွားတယ်။ သေနပ်ဒဏ်ရာတခုက ခေါင်းမှာ၊ ကိုယ်နဲ ့ခြေထောက်မှာတွေ ့တယ်လို ့မူခင်းဆရာဝန်ကဆိုပါတယ်။ သူဟာ ဘယ်လက်နက်နဲ ့အရင်သေတယ်ဆိုတာကိုခွဲခြားမသိဘူးလို ့ဆိုတယ်။ ဒါအပြင် သူတပ်ကပဲ ပြစ်လိုက်တာလား၊ သူပုန်တွေက ပြစ်တာလားဆိုတာလဲမပြောနိင်ဘူးလို ့ဆိုတယ်။ နိင်ငံတော်အကြီးအကဲ အဝတ်ဗလာဖြစ်နေတဲ့အလောင်းကိုတော့ လစ်ဗျားနိင်ငံသားတွေက အားပါးတရ ဝိုင်းကန် ကြောက်နေတာကိုတော့ ကမ္ဘာသတင်းဌာနတွေရဲ ့ အကြိမ်ကြိမ်ထုတ်လွင့်နေတာကို ကျနော်တို ့ တီဗီဖန်သားမှာတွေ ့ရှိနေရပါတယ်။

    Reply

  • thit min

    October 22, 2011 at 11:21 am

    “…နွယ်ပင် says:
    ကိုယ်ရေးထားတဲ့ ပိုစ့်အောက်က Edit this page ကနေပြင်လိုရသလို
    All Post အောက်ကနေလည်း Edit | Quick Edit ဆိုပြီး ရှိပါတယ်
    အဲဒီကနေလည်း ပြန်လို့ရပါတယ် ကို thit min နဲ့ ကိုamatminရေ ကြိုးစားကြည့်ပါဦးနော် ..”

    ရသွားပါပြီဗျာ။
    ဘာကြောင့်ဆိုတာလဲသိသွားပါသည်ခင်ဗျာ။
    မနွယ်ပင်ကို အရမ်းကျေးဇူးတင်ပါသည်။ပြီးတော့
    ကျေးဇူးတင်ထိုက်သူများကိုလည်းအထူးကျေးဇူးတင်ပါသည်။
    တော်တော်စိတ်ချမ်းသာသွားရပါသည်။
    ထပ်တူအကျိုးကိုရပါစေလို့ ယနေ့ထိ သစ်မင်းပြုခဲ့ ပြုဆဲ ပြုလတ္တံ့ကုသိုလ်များကို အကြောင်းပြု၍တောင်းဆုပေးပါသည်။
    ဝမ်းမြောက်ဝမ်းသာနုမောဒနာပြု လိုရာဆုပြည့်ကြစေသော်။
    (^^)

    Reply

  • blackchaw

    October 22, 2011 at 11:48 am

    ဆက်ဒမ်ဟူစိန် ထက်တောင် အသေဆိုးတယ်ဗျာ။
    ဘောလုံးစကားနဲ့ ပြောရရင် finishing ညံ့တယ်လို့
    ပြောရမလားမသိဘူး။

    Reply

  • “ဘီလူးကြီး”ogre

    October 22, 2011 at 11:49 am

    ဟင်းဟင်း
    တွေ့တယ်နော် အာဏာရှင်တွေကျဆုံးခန်းကို
    ကြပ်ကြပ်သတိထားကြ.။။

    Reply

  • siamonone

    October 22, 2011 at 11:57 am

    သနားပါတယ် .. သေသွားတော့လည်း ဒီလို ပါဘဲ ..
    အနော်သေရင်လည်း ဒီလိုဘဲနေမှာ နော်. .
    မသေဆေးလေး ဘာလေးများတွေ့မလားမသိဘူး ..
    ရှာကြည့် သင့်နေပီ ..

    Reply

  • fatty

    October 22, 2011 at 11:58 am

    ကံ ကံ၏ အကြောင်းတရား အကျိုးတရားများ … ဆင်ခြင်တတ်မယ်ဆိုရင် အင်မတန် အကျိုးရှိမှာပါ ။
    ကျနော်ကတော့ ရန်ကုန်မှာ အရင်က ဘယ်သွားသွား ကိုယ်ရံတော်တွေအပြည့်နဲ့သွားခဲ့လာခဲ့ကလေးနှစ်ယောက်ရဲ့ ဘဝပျက်သွားခဲ့ရတဲ့ အဖြစ်ကို အနီးကပ်ပြီးတွေ့ခဲ့ကြုံခဲ့ရလို့ အနတ္တသဘော အနိစ္စသဘော တွေ နှလုံးသွင်မိတယ်။

    Reply

  • we R one

    October 22, 2011 at 12:21 pm

    အာဏာရှင်တို့ သွားရာ လမ်းပေါ့..

    Reply

  • မိုက်ကယ်ဂျော်နီအောင်ပု

    October 22, 2011 at 12:26 pm

    သူသေသွားတော့သူ့ရဲ့လုပ်ရပ်တွေကို ဘယ်လိုဖော်ထုတ်လို့ရတော့မလဲကွယ်
    အမှန်ဆို မသတ်ပြစ်သင့်ဘူးလို့ထင်တာဘဲ
    ၄၂ နှစ်ကြာအောင်သူဘယ်လိုထိမ်းချုပ်ထားလဲဆိုတာတွေက
    သင်္ခန်းစာယူသင့်တယ်
    အာဏာရှင်ပါဆိုပြီးအမုန်းတရားတွေနဲ့ချဉ်းဘဲမဖြေရှင်းသင့်ဘူး
    အထင်ပါ

    Reply

  • kai

    October 22, 2011 at 12:29 pm

    စစ်ပွဲအတွင်းမှာ ဖမ်းမိတဲ့.. လူသားတယောက်ကို.. အဲဒီလို အုပ်စုနဲ့ဝိုင်းကန်ကျောက်ပြီး..ကိုယ်တုံးလုံးနဲ့..သတ်ပစ်တာဟာ.. တရားမျှတတယ်လို့တေ့ာ မထင်ပါဘူး..။ လူသားမဆန်ပါဘူး..။
    ဒီအတွက်.. justice လိုပါတယ်..။
    .. စုံစမ်းစစ်ဆေးရမယ်လို့ ထင်မိတာပါပဲ..။

    အင်း..
    လစ်ဗျားက.. အီရတ်ထက်အများးးးကြီးပိုရှည်တဲ့.. နိုင်ငံသစ်တည်ထောင်ရေးခရီးလမ်း.. လျှောက်ရလိမ့်မယ်..။
    ကြားထဲ. ဗရမ်းဗတာနိုင်တဲ့.. လက်နက်ကိုင်တွေ ဘယ်လိုထိမ်းကြမလည်းမသိ..။
    တိုင်းပြည်တော့ ..တော်တော်နာသွားမှာပဲ..။ 🙁

    Reply

    • windtalker

      October 22, 2011 at 12:59 pm

      လစ်ဗျား ဟာ ဒုတိယ အီရတ် ဖြစ်လာမှာပေါ့နော်

      Reply

  • ဆူး

    October 22, 2011 at 1:01 pm

    သေတော့လည်း သေသွားလို့.. မသေခင်ကတော့ တော်တော် အကြောတင်းတယ်။
    ကိုသစ်မင်းရဲ့ ကွန်မန်းထဲက စာတွေဖတ်ရတာ တော်တော် သံဝေဂ ရစရာ ကောင်းလှတယ်။
    သေခါနီး မရှုမလှ ဝေဒနာ ခံစားနေရမှာ.. ဝေဒနာ ခံစားနေရတာ အများသူငှာ ပျော်ပါးပြီး ကန်ကြောက်နေကြမယ် ထင်တယ်နော်။ ခံစားချက်ချင်း ဆန့်ကျင်ဘက် သဘောဆောင်နေကြတယ်။

    Reply

  • မှော်ဆရာ

    October 22, 2011 at 1:38 pm

    ဒီလို ဝိုင်းရိုက်သတ်တာကိုုတော့ သဘောမကျဘူးဗျာ …
    သူ လုပ်ခဲ့တာ သူ့ မကောင်းမှုပဲ ..
    အခုလိုလုပ်တာကြတော့ ကိုယ်ပါ မကောင်းရာ ကြသွားတယ် ..

    Reply

  • kocho

    October 22, 2011 at 2:22 pm

    သတင်းအတွက်ကျေးဇူးပါဗျိုး

    Reply

  • Foreign Resident

    October 22, 2011 at 2:25 pm

    အရင် ရှေးရှေးက အာဏာရှင်တွေလိုပဲ ၊
    အာဏာရှင် တွေဟာ သတ္တိ မရှိကြတာကိုတွေ့ရတယ် ။

    ကဒါဖီဟာ ပထမ Sirte မြို့ကနေ convoy နှင့် ထွက်ပြေးဖို့ ကြိုးစားတယ် ။
    ပြင်သစ် လေယာဉ် ကတွေ့လို့ Rocket နှင့် ပစ်တော့ ပြန်ပြေးတယ် ။

    ကွန်ကရစ်ပိုက် မြောင်းထဲ ဝင်ပုန်းတယ် ။
    NTC Fighter ကောင်လေးနှင့် တွေ့တော့ ၊
    “Don’t Shoot, Don’t Shoot” ဆိုပြီး ၊
    ရဲရင့်စွာ မတိုက်ပဲ အဖမ်းခံတယ် ။

    ဟိုကောင်တွေက သူ့ကို ကားဘောနက်ပေါ်တင် ၊
    ကြိုးတုတ်ပြီး မြို့ထဲလှည့် ဖို့လုပ်တယ် ။
    ပေါင်ကြားကို ခြေထောက်နှင့်နင်းတယ် ။

    ပထမ VDO မှာတော့ ဒါဏ်ရာတော့ရထားတယ်
    သိပ်မဆိုးသေးဘူး ရုန်းနိုင် အော်နိုင်သေးတယ် ။

    ဒုတိယ VDO မှာတော့ ဖိနပ်နှင့် ရိုက်နေတာတွေ့တယ်
    သွေးတွေ ရွှဲနေပြီ ။

    တတိယ VDO မှာတော့ အလောင်းကို Half Naked နှင့်
    လမ်းပေါ်မှာ ခြေကကိုင်ပြီး ဆွဲနေတာ တွေ့တယ် ။

    Sirte မှာမိတယ် ။
    ဒါပေမယ့် Sirte က ကဒါဖီဇာတိမြို့ ဆိုတော့
    NTC က စိတ်မချတော့
    NTC က သူပိုင်နိုင်တဲ့ Mistara မြို့ ကို ခေါ်လာခိုင်းတယ် ။

    ပြဿနာက Sirte နှင့် Mistara ကြားမှာ
    NTC သူပုန်ဂိတ်တွေ အများကြီးကိုဖြတ်ရတယ် ။

    လူချစ်လူခင် အရမ်းများတဲ့ ခေါင်းဆောင်ကြီး ဆိုတော့
    တဂိတ်ဖြတ် တခါအားပေး နှင့် ဝိုင်းအားပေးလိုက်တာ
    Mistara ကို အလောင်းပဲ ပြန်ရောက်တော့တယ် ။

    သူလုပ်ခဲ့တဲ့ အပြစ်တွေနှင့် စာရင်
    သူခံသွားရတာ သိပ်မများလှပါဘူးလို့ ထင်ပါတယ် ။

    Reply

  • ပေါက်ဖော်

    October 22, 2011 at 4:21 pm

    ပြောင်ကြီး..
    အခုတော့ သွားရှာဘီပေါ့နော်..
    👿

    Reply

  • htoosan

    October 22, 2011 at 6:22 pm

    မနက်က CNN ကတော့ ဂဒါဖီ ဖမ်းမိတဲ့ vdo က version ၅ ခုလောက်ရှိနေတယ်။ ဘယ်ဟာ အမှန်ဆိုတာ အတည်မပြုနိုင်ကြောင်း ကြေညာသွားတာ တွေ့လိုက်ပါတယ်။
    နောက်ပြီးဘာ သံဝေဂ ရလည်းဆိုတော့ သူဝဋ်ပြန်လည်ပြီး တိရစာ္ဆန် လို သေသွားရပါတယ်။
    ဒီလိုဘာလို့ပြောတာလဲဆိုတော့ အားကြီးတဲ့ သူက အားနည်းတဲ့သူကို အနိုင်ယူတဲ့ တိရစာ္ဆန်တွေလိုဘဲ ဝိုင်းဝန်းနှိပ်စက်သတ်ဖြတ်လိုက်လို့ပါ။
    ကိုယ်ခံရတုန်းက ဘာလို့ဒီလို လုပ်ရလည်း မေးခွန်းထုတ်သူများဟာ ကိုယ်နိုင်တဲ့ အလှည့်လည်းရောက်ရော မေ့သွားပြီး အဲ့ ဒီ စက်ဆုပ်စရာကောင်းပါတယ်ဆို တဲ့ အလုပ်ကို ကိုယ်ကိုတိုင်ပြန်လုပ်ကြပြန်ရော။

    “စစ်ပွဲအတွင်းမှာ ဖမ်းမိတဲ့.. လူသားတယောက်ကို.. အဲဒီလို အုပ်စုနဲ့ဝိုင်းကန်ကျောက်ပြီး..ကိုယ်တုံးလုံးနဲ့..သတ်ပစ်တာဟာ.. တရားမျှတတယ်လို့တေ့ာ မထင်ပါဘူး..။ လူသားမဆန်ပါဘူး..။” သူကြီးမှတ်ချက်ပါ။

    Reply

  • koyinmaung

    October 22, 2011 at 7:20 pm

    အာဏာရှင်တွေရဲ့သွားရာလမ်းကအင်မတန်
    ကြောင့်စရာကောင်းပါလားနော်….ကျန်ရှိနေသေးတဲ့
    အာဏာရှင်တွေလဲသင်ခန်းစာယူစရာပါ…

    Reply

  • naywoonni

    October 22, 2011 at 11:06 pm

    ခုတော့ ကရာဖီဘာရှာတွေ့သွားပါလိမ့်

    Reply

  • htet way

    October 25, 2011 at 5:09 pm

    မတရားလုပ်ရငမတရားဖြစ်ရမယ်။ကဒါဖီကိုကြည့်….တိုင်းပြည်ကိုနှစ်အကြာကြီးအုပ်လာတဲ့အခါ
    သူလုပ်ချင်တာအကုန်ဖြစ်
    နေတယ်လို့ထင်လာတတ်တယ်။အမှန်ကတော့အကြ ာကြီးအုပ်နေတာဟာမတရားလုပ်နေတာပဲလို့
    လူအများကထင်ကြပြန်တယ်။ဒါကြောင့်အကြာကြီးမအုပ်ချုုပ်ဘဲ
    အုပ်ချုပ်ရမယ့်နှစ်ကိုကန့်သတ့်ပေးထားတဲ့ဒီမိုကရေစီ
    စနစ်ဟာမတရားတာလုပ်လို့မရအောင်လုပ်တဲ့စနစ်ပဲ။ညီနောင်တို့၏ခေါင်းဆောင်ဟု၎င်း၊တော်လှန်ရေး
    ကိုလမ်းညွှန်သူဟု၎င်း၊ဘုရင်တို့၏ဘုရင်အဖြစ်၎င်းမှည့်ခေါ်ခဲ့သူ..“ကဒါဖီ”၏နောက်ဆုံးအဖြစ်ကိုသတိပြုရ၊်
    ကြည့်ရှုသံဝေယူကြစေတော့။

    Reply

  • Toungoo Thar

    November 1, 2011 at 9:25 pm

    တယောက်ပြီးရင် … နောက်တယောက်…
    တနေ့တော့ သေရမှာပဲလေ….
    မသေခင် နာမည်ကောင်းလေး မကျန်ရင်တောင်မှ နာမည်မဆိုးအောင်တော့ လုပ်ထားရမယ်..
    အော်.. သင်ခန်းစာတွေပါလား…

    Reply

Leave a Reply

Your email address will not be published.