၆ ကြိမ်မြောက် ကိုရီးးယားရုပ်ရှင်ပွဲတော်တက်ရောက်မည့် မင်းသားချွိုင်ဆိုဂျောင်းနှင့် မင်းသမီးဆိုရီယွန်တို့ရောက်ရှိ

ဦးကောက်October 22, 20111min04


korea1
အောက်တိုဘာလ(၂၁) ရက်နေ့ တွင် ကျင်းပမည့် (၆ )ကြိမ်မြောက် ကိုရီးယား ရုပ်ရှင်ပွဲတော်သို့ တက်ရောက်မည့် ကိုရီးယားမင်းသား ချွိုင်ဆိုဂျောင်းနှင့် မင်းသမီး ဆိုရီယွန်တို့သည် အောက်တိုဘာလ ၂ဝ ရက်နေ့ ညနေ ၆ နာရီ ၄၅ မိနစ်အချိန်က ထိုင်းနိုင်ငံမှတဆင့် ရန်ကုန်မြို့သို့ ရောက်ရှိလာပြီဖြစ်သည်။

၂၀၁၁ ခုနှစ်အတွက်မြန်မာနိုင်ငံတွင် ကျင်းပသည့် ၆ ကြိမ်မြောက် ကိုရီးယားရုပ်ရှင်ပွဲတော်ကို Junction Center  မော်တင်တွင် အောက်တိုဘာလ ၂၁ ရက်နေ့မှ ၂၄ ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး မြန်မာ့ရုပ်မြင်သံ ကြားမှထုတ်လွှင့်ပြသခဲ့သည့် “သစ္စာ နှလုံးသား” ကိုရီးယားဇာတ်လမ်းတွဲမှ မင်းသားချိုဆူဂျောင်း(ဒယ်ဂျိုယောင်း) နှင့် “အနားမညီ” ဇာတ်လမ်းတွင် ချယ်လင်းအဖြစ်နှင့် “ရတနာစံအိမ်” ဇာတ်လမ်းတွဲတွင် ပတ္တမြားအဖြစ် မြန်မာပရိသတ်သိခဲ့သည့် မင်းသမီး ဆိုရီယွန်တို့သည် အောက်တိုဘာလ ၂၁ ရက်နေ့တွင် ပြုလုပ်မည့်ရုပ်ရှင်ပွဲတော် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြမည်ဖြစ်သည်။

ထို့ပြင် အောက်တိုဘာလ ၂၂ ရက်နေ့မွန်းလွဲ နှစ်နာရီခွဲတွင် ဓမ္မစေတီလမ်းနှင့် ရွှေတောင်ကြား(၁)လမ်းထောင့်ရှိ City Mart တွင် ကျင်းပပြုလုပ်သွားမည့် Discover Korea Food Show ၏ဖွင့်ပွဲအခမ်းအနားကိုလည်း တက်ရောက်ဖွင့်လှစ်ပေးမည့်အပြင် မင်းသမီးဆိုရီယွန်(ချယ်လင်း)က ကိုရီးယားထမင်းသုပ်ကို လက်တွေ့ပြုလုပ်ပြသ ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
korea2

Eleven Media Group မှ ကူးယူဖော်ပြပါသည်။

4 comments

  • etone

    October 22, 2011 at 8:44 am

    မင်းသမီးက …ရုပ်ရှင်ထဲမှာတော့ ချစ်စရာလေး … အခုတော့..သိပ်မလှသလိုပဲနော် ။ 😛

    Reply

  • စုံ စုံ

    October 22, 2011 at 9:06 am

    ဒါကြောင့် မနေ့က ဂျန်းရှင်းမော်တင်ရှေ့မှာလူတွေတိုးတိုးကြိတ်ကြိတ်ဖြစ်နေတာကိုး
    ြ်မန်မာနိုင်ငံသာသူတို့၂ယောက်လာတာ
    တခါမှသူတို့ကားမကြည့်ဖူးဘူး ခုမှဘဲမြင်ဖူးတော့တယ် 😀

    Reply

  • sukoko

    October 22, 2011 at 3:09 pm

    မင်းသမီးကတော်တော်ချောတယ်အပြင်မှာ
    အသားလေးတွေကပန်းရောင်သမ်းနေတာပဲ
    တော်တော်တော့လူတိုးရတယ်ကျပ်ပိတ်နေတာပဲ
    junction ရှေ့မှာတော်တော်စည်သွားတယ်မနေ့က

    Reply

Leave a Reply

Your email address will not be published.