တရုပ်ပြည်တွင် ၂နှစ်သားကလေးကားတိုက်သွားသည်ကို လစ်လျူရှု

ac051126October 20, 20111min05

တရုပ်သတင်းကိုကြည့်ချင်ရင်

ကားတိုက်ခံရတဲ့ တရုပ်ကလေးကို ဥပေက္ခာ ပြု

03000201004E99A432E36501D21FA464E2A027-15B6-6F60-1F8D-188348BB71C9

china_child

ကလေးငယ်ကို ကားနှစ်စီးက ဝင်တိုက်ခဲ့
တရုပ်နိင်ငံမှာကားတိုက်ခံထားရတဲ့ကလေးမလေးကို အကူအညီ မပေးပဲလစ်လျုရှု့ခဲ့ကြတဲ့ ဖြစ်ရပ်ကြောင့် လူထုအကြား ဝေဖန် ပြောဆိုသံတွေ ထွက်ပေါ်နေပါတယ်။
  ပြီးခဲ့တဲ့ ကြာသပတေးနေ့တုန်းက ကွမ်တုံပြည်နယ် ဖိုရှန်မြို့က လူစည်ကားတဲ့ ဈေးတခုမှာ CCTV ကင်မရာကနေ ရိုက်ကူးထားတဲ့ အဲဒီဖြစ်ရပ် မြင်ကွင်းကို မြင်သူတိုင်း အတော့ကို အော့နှလုံးနာခဲ့ရပါတယ်။
အမေ့မျက်စေ့အောက် က ခဏလေး ပျောက်ပြီး ဈေးတန်း လမ်းမပေါ် မျက်စိလည် လမ်းမှား ရောက်သွားခဲ့တဲ့ အသက် နှစ်နှစ် အရွယ် ကလေး  မလေး တယောက်ကို ဗင်ကား တစင်းက ဝင်တိုက်မိခဲ့ပါတယ်။ ကားအောက်ထဲ ကလေးမလေး ရောက်သွားတုန်းမှာ ဗင်ကားက ခဏတော့ ရပ်လိုက်ပါသေးတယ်။ ပြီးတော့ ကလေးရဲ့ ခြေထောက်တွေကို တက်ကြိတ်ပြီး မောင်းထွက်သွားပါတယ်။
အဲဒီနောက်မှာလမ်းမပေါ်လဲကျနေတဲ့ ကလေးမလေး ဘေးကနေ လမ်းသွားလမ်းလာတွေ ဖြတ်လျှောက် သွားတာကို တွေ ့ရပါတယ်။ အဲဒီထဲမှာ စက်ဘီးသမား၊ မော်တော်ဆိုင်ကယ်သမားတွေ၊ ကလေးနဲ့ လမ်းလျှောက်လာတဲ့ မိန်းမတွေလည်းအပါအဝင်ပါ။ ဒါပေမယ့် လမ်းပေါ်မှာလဲနေတဲ့ ကလေးမလေးကို တွေ့ပေမယ့် ဂရုမစိုက်ဘဲ ကျော်သွားကြပါတယ်။
နောက်ကားတွေကလည်း မရပ်ဘဲ ကွေ ့ရှောင်သွားကြပါတယ်။ ပိုဆိုးတာက လမ်းပေါ် လဲနေတဲ့ အဲဒီကလေးမလေးကို နောက်ကားတစင်းက တခါထပ်ကြိတ် လိုက်ပါသေးတယ်။
အဲဒီနောက်မှာမှ အမှိုက်သိမ်းတဲ့ အမျိုးသမီးကြီး တယောက်ကတွေ့ပြီး ကလေးမလေးကို လမ်းဘေး ဆွဲပွေ့သွားပြီး အကူ အညီ တောင်းတော့တာပါပဲ။
အခုတော့ ကလေးမလေးကို ဝင်တိုက်သွားတဲ့ ကား၂ စင်းစလုံးက ကားမောင်းသူ တွေကို ဖမ်းထားလိုက်ပြီ လို ့သိရပါတယ်။
ဒါပေမယ့် ဒီအဖြစ်အပျက်ကြောင့် တရုပ်ပြည်သူတွေ ကြားမှာတော့ အတော့ကို အုတ်အုတ်သောင်းနင်းဖြစ်သွားရပါတယ်။
တရုပ်အင်တာနက် blog တခုမှာဆိုရင် ကိုယ်ချင်းစာစိတ်ကင်းမဲ့တဲ့ အဲဒီ လမ်းသွားလမ်းလာတွေကို ဒေါသတကြီး ဝေဖန် ပြောဆိုထားတဲ့ မှတ်ချက်တွေ ပလူပျံနေပါတယ်။
ခွေးတွေ၊ ဝက်တွေတောင် အဲဒီ လူတွေထက် ပိုစာနာစိတ် ရှိသေးတယ်လို ့ တယောက်က ရေးထားသလို တရုပ်နိုင်ငံမှာ လူ ့ကျင့်ဝတ်ဆိုတာ လုံးဝ မရှိတော့ဘူး လို ့ တယောက်က ဝေဖန်ထားပါတယ်။
နောက်တယောက်ကတော့ အခုအခါ လူတွေဟာ ငွေကလွဲပြီး ဘာကို မှ ဂရုမစိုက်တော့ ဘူးလို ့လည်းရေးထားပါတယ်။
တချို့ကတော့ တရုပ်နိုင်ငံမှာ အခုလို မတော်တဆ ဖြစ်ရပ်မျိုးတွေမှာ ဘေးက ဝင်ကူညီသူတွေကို ဆေးကုစားရိတ်ခံခိုင်းတာတို ့ တရားခံရှာတာတို့ တွေရှိနေတာကြောင့် ကိုယ်နဲ့ မပတ်သက်ရင် ဝင်ပါဘို ့ကြောက်တဲ့ လမ်းသွား လမ်းလာတွေဘက်က နားလည် နိုင်တယ်လို ့ဆိုပါတယ်။
မဆီမဆိုင် ကြားထဲက အချောင် လျော်နေရမယ် ဆိုပြီး လမ်းပေါ်လဲ ကျနေတဲ့ သက်ကြီး ရွယ်အိုတွေကို လမ်းသွားလမ်းလာတွေက လစ်လျုရှုခဲ့ကြပုံ တွေကို China Daily သတင်းစာကြီးမှာ ဖေါ်ပြခဲ့ပါသေးတယ်။
လမ်းမှာ လဲကျနေတဲ့ သက်ကြီးရွယ်အို အဖွားအို တဦးကို ဆေးရုံ ပို ့ခဲ့တဲ့ Peng Yu ဆိုတဲ့ လူကို အဲဒီ အဖွားကြီးအတွက် ဆေးကုစားရိတ်ခံဘို ့ တရားစွဲ ခဲ့တာမျိုါ်၊တခါလမ်းမှာ လဲကျနေတဲ့ အဖွားအို တဦးကို ကားရပ်ပြီး သွားကူခဲ့ရာမှာ ကားနဲ့ ဝင်တိုက်ပါတယ် ဆိုပြီး အစွပ်စွဲ ခံရတာမျိုးဖြစ်ရပ်တွေ အရင်က ရှိခဲ့ဘူး တာကြောင့်လည်း ဖြစ်ပါတယ်။
စေတနာနဲ့ ကူတဲ့ သူတွေ မတရား စွပ်စွဲခံခဲ့ ရတဲ့ အဲဒီလို သာဓက ဖြစ်ရပ်မျိုးတွေ ရှိခဲ့တာကြောင့်လည်း အခုလို လူတွေက ကိုယ်နဲ့ မဆိုင်ရင်
ဝင်မပါဘဲ နေမယ်ဆိုပြီး ဖြစ်လာကြတာလို ့ဝေဖန် ပြောဆိုသူတွေလည်းရှိနေပါတယ်။
တချို ့ကျတော့လည်း ကိုယ်ဘာမှ မလုပ်နိုင်ရင်တောင် အနည်းဆုံးတော့ အရေးပေါ် သူနာပြုကား ဖုန်းဆက်ခေါ်ဖို ့လောက်တော့ လုပ်သင့်တယ်ဆိုပြီး ပြောသူတွေလည်းရှိနေပါတယ်။

 

5 comments

  • blackchaw

    October 20, 2011 at 5:23 pm

    ဒီသတင်းက တော်တော် ခေတ်စားနေပါလားဗျာ။
    တင်ကြတာ၊ ဒါနဲ့ ပါဆို သုံးယောက်ရှိနေပြီ။

    Reply

  • ပေါက်ဖော်

    October 20, 2011 at 6:55 pm

    တင်စရာမရှိတော့ဘူးလား မသိဘူးနော့
    ဒီသတင်.တစ်ယောက်ပြီး..တစ်ယောက် လာတင်နေပေးနေကြလို ့..
    နောက်နေ ့ ဘသူ လာတင်ပေးဦးမလဲမသိ
    စောင့်ကြည့်ပါဦးမယ်..

    Reply

  • oakermg

    October 20, 2011 at 7:08 pm

    ဒီသတင်းလေးက အရင်က တင်တဲ့သတင်းထက် နဲနဲပိုပြီး ပြည့်စုံမယ်ထင်တယ် ။
    သတင်းထပ် နေရခြင်းက mandalaygazette သတင်းကို ဝင်ရောက် ဖတ်ရှုမှု အားနည်း
    ကြလို့ လားမသိနော်…၊
    အမြဲ ဝင်ဖတ် နေပါမှ ခုရေးတင်မဲ့ post ဟာ တင်ပြီး / မပြီး သိနိုင်မှာ….။

    Reply

  • thit min

    October 20, 2011 at 7:10 pm

    သတင်းခေါင်းစဉ်။ ။ထူးဆန်းသောကားတိုက်မှု
    ယမန်နေ့က အဝေးပြေးကားလမ်းတနေရာတွင် နွား တကောင်အား ယာဉ်တိုက်မှုဖြစ်ပြီး၊
    ယင်း အတိုက်ခံရသော နွားလေးအား ခွဲစိတ်ကြည့်ရာ အမဲသားများ တွေ့ရှိရခြင်း။

    Reply

  • lwinmg

    October 20, 2011 at 7:28 pm

    တွေ့ရှိ အမဲသားများကို ခွဲခြမ်းစိတ်ဖြာ သယ်ယူလာသော သူတို့အား အမဲသား သားသတ်
    လုပ်ငန်းလုပ်လိုင်စင် ယူထားသူမှ ဖမ်းဆီးပြီး သကာလ ဒဏ်ငွေ ငါးသောင်း
    သတ်မှတ်၍ အရေးယူ လိုက်သည်ကိုလည်း တွေ့ရှိရ ခြင်း ။

    Reply

Leave a Reply to ပေါက်ဖော် Cancel Reply

Your email address will not be published.