မန္တလေး အမရပူရဘက်က ကြားရတဲ့ သတင်းတစ်ပုဒ်

naungOctober 20, 20111min08

ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေ (၁၅/၁၆.၁၀.၂၀၁၁) လောက်က အမရပူရ ရှမ်းလေးကျွန်းဘက်မှာ လူတစ်ယောက် ရေနစ်သေတယ်လို့ ကြားရပါတယ်။ သေတဲ့သူက မန္တလေး ပြည်သူ့ဆေးရုံက အလုပ်သမား တစ်ယောက်လို့သိရပါတယ်။

မန္တလေး ပြည်သူဆေးရုံက ဆေးရုံအုပ်ကြီး (ဒေါက်တာ ဦးမောင်ဝင်း) က အလုပ်သမားတွေကို အမိန့်ပေးတာလိုလို၊ မေတ္တာရပ်ခံတာလိုလို နဲ့ စနေ၊တနင်္ဂနွေတွေမှာ မြစ်ထဲက နှုံးတွေကို ဆေးရုံမှာ သစ်ပင်စိုက်ဖို့ သယ်ခိုင်းတာ ဟု သိရပါတယ်။ သေဆုံးသူဟာ အဲဒီထဲက အလုပ်သမား တစ်ယောက် ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီရက်က အလုပ်သမား ၁ဝ ယောက်လောက်ကို ဆေးရုံက ကားနဲ့ ရှမ်းလေးကျွန်းဘက်ကို နှုံးသယ်ခိုင်းတယ်လို့ သိရပါတယ်။ အဲဒီထဲက တစ်ယောက်က ရေနစ်သေတာကို ဆေးရုံအုပ်က သူဟာသူ ဖြစ်တာလိုလိုနဲ့ ထားပစ်ခဲ့ခိုင်းတယ်လို့ သိရပါတယ်။ (ဟုတ်မဟုတ် မသိပါ)

အဲဒါကို ရှမ်းလေးကျွန်းက လူတွေက တွေ့ပြီး အမရပူရမြို့နယ်ရဲစခန်းကို အကြောင်းကြားတဲ့အတွက် ရဲစခန်းက PR ဖွင့်ပြီး စစ်ဆေးနေတယ်လို့ သိရပါတယ်။ အလုပ်သမားခေါင်းဆောင်ကိုလည်း ခေါ်စစ်ဆေးတယ်လို့ ကြားရပါတယ်။

ဒီသတင်းသာ အမှန်ဖြစ်တယ်ဆိုရင် စိတ်မကောင်းစရာပါဘဲ။

ဆေးရုံအုပ်နဲ့ အလုပ်သမားဆိုတာ အထက်ဆုံးအဆင့်နဲ့ အောက်ဆုံးအဆင့်ပါ။ မေတ္တာရပ်ခံတာဖြစ်ဖြစ်၊ အမိန့်ပေးတာဖြစ်ဖြစ် ဆေးရုံအုပ်ကခိုင်းရင် မလုပ်ပေးဘူးလို့မှ ပြောလို့မရတာ။ လုပ်ပေးရတာပေ့ါ။ ဒါပေမယ့် တစ်ခုခုဖြစ်တယ်ဆိုရင် ဆေးရုံအုပ်က တာဝန်ယူပေးသင့်တာပေါ့။ အခုကြားတာက ဆေးရုံအုပ်က သူခိုင်းတာမဟုတ်သလိုနဲ့ ခေါင်းရှောင်နေတယ်လို့ သိရပါတယ်။

တကယ်သာ ဒီသတင်းမှန်တယ်ဆိုရင် အလုပ်သမားကို ညှင်းပန်းမှု့ (တစ်နည်းပြောရင် လူ့အခွင့်အရေး ချိုဖောက်မှု) လို့ ဆိုနိုင်လောက်ပါတယ်။ ပြီးတော့ ဒီလို တာဝန်မဲ့ ပြုလုပ်သူ၊  ကျူးလွန်သူဟာ ဆရာဝန်တစ်ယောက် (သို့) မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံးလို့ ပြောရလောက်တဲ့ ပြည်သူ့ဆေးရုံကို အုပ်ချုပ်ရတဲ့ ဆေးရုံအုပ် တစ်ယောက်ဆိုတော့ ဘယ်လိုနည်းဘဲဖြစ်ဖြစ် ဒီလို မျိး မဖြစ်သင့်ပါဘူး၊ ဖြစ်လည်း မဖြစ်ပါစေနဲ့ လို့ သတင်းအမှားသာ ဖြစ်ပါစေလို့ ဆုတောင်းနေပါတယ်။

ဒီသတင်းအမှန်ဟုတ်မဟုတ် နီးစပ်သူများက စုံးစမ်းပေးစေချင်ပါတယ်။ စုံစမ်းရုံတင်မကဘဲ ဒီကိစ္စကို အမှန်ဟုတ်တယ်ဆိုရင် တာဝန်ရှိသူများနဲ့ နီးစပ်သူများက မှန်မှန်ကန်ကန် အရေးယူပေးနိုင်အောင် ကြိုးပမ်းပေးစေချင်ပါတယ်။

နောက်ပြီး ဆေးရုံအသိုင်းအဝန်းက ကြားရတဲ့ သတင်းက ဒီကိစ္စ အပါအဝင် အခြားကိစ္စတွေကို နေပြည်တော် အထိ၊ ဒါမှ မဟုတ် RFA, VOA, BBC စတဲ့ သတင်းဌာနတွေကို သတင်းပေးနိုုင်ရင်ပေးကြ၊ တိုင်နိုင်ရင်တိုင်ကြလို့ ပြောကြောင်း ဆေးရုံအုပ်နဲ့နီစပ်သူများဆီက ကြားရတယ်လို့ ဆိုပါတယ်။

နောက်ပြီး တကယ်သာ ဒီသတင်းအမှန်ဖြစ်တယ်ဆိုရင်လည်း နိုင်ငံတော်အစိုးရ အနေနဲ့ ပြည်သူလူထုရဲ့ ယုံကြည်အားကိုးမှုကို ရရှိဖို့ ကြိုးပမ်းနေချိန်မှာ အခုလိုမျိုး ပြည်သူနဲ့ တိုက်ရိုက်ဆက်ဆံရတဲ့ နေရာတွေ (ဥပမာ- ရဲစခန်း၊ ယာဉ်ထိန်း၊ ရက်ကွက်အုပ်ချုပ်ရေးမှုး…စသည်ဖြင့်) က ပြသနာတွေကို ထိရောက်စွာ အရေးယူ ဖြေရှင်းပေးမယ်ဆိုရင် ပိုမို ကောင်းမွန်မယ်လို့လည်း ယူဆပါတယ်။

(မှတ်ချက်။ ။ ကျွန်တော်ကြားသိရသော အကြောင်းအရာသာဖြစ်ပါသည်။ သတင်းမှန်/မမှန်ကို လုံးဝမသိရသေးပါ)

8 comments

  • youngcat

    October 20, 2011 at 5:31 pm

    နောက်ထပ်သတင်းကိုထပ်မံစုံစမ်းပြီး
    ပို့စ်တင်သူကိုယ်တိုင် မှန်လျှင်လည်းမှန်ကြောင်းအတည်ပြုပြီး
    မှားလျှင်လည်း သတင်းအမှားသာဖြစ်ကြောင်းပြန်လည်တင်ပြသင့်ပါကြောင်း။

    Reply

  • thit min

    October 20, 2011 at 5:36 pm

    မသေခြာရင် မတင်တာကောင်းတယ်လို့ ထင်ပါတယ်…..
    နောက်ဆက်တွဲ ရှင်းစရာက မန်းဂေဇက်မှာတွေ့တဲ့ သတင်းလို့ ဖြစ်တတ်လို့ပါ။

    Reply

  • oakermg

    October 20, 2011 at 5:37 pm

    သတင်းရေးသူက သေချာပေါက်မှန်ကန်မှုရှိနိုင်တယ် ဆိုပါမှ အတည်ပေါက်နဲ့ ရေးတင်သင့်ပါတယ်…၊
    မသေချာသေးခဲ့ရင်လည်း ပြန်လည်စုံစမ်းပေးဖို့ တောင်းဆိုပါရစေ…၊
    မဟုတ်ဖူး ဖြစ်ခဲ့ရင် ဆေးရုံအုပ် ဆိုသူ အရမ်းနစ်နာသွားနိုင်ပါကြောင်း…။

    Reply

  • naung

    October 21, 2011 at 9:08 am

    ဟုတ်ကဲ့ပါ
    သတင်းကတော့ မှန်ပါတယ်
    အမရပူရ ရဲစခန်းမှာ PR 27/2011 နဲ့ အမှုဖွင့် ဆောင်ရွက်နေပါတယ်တဲ့
    ဒါနောက်ဆုံးကြားရတဲ့ သတင်းပါ။
    ကျွန်တော်ပြောသလို ဆေးရုံအုပ်က ခိုင်းတယ်၊ မခိုင်းဘူးဆိုတာသာ မသေချာတာပါ။

    Reply

  • etone

    October 21, 2011 at 10:04 am

    အင်း … ကြားရတာတော့ … စိတ်မကောင်းစရာပါပဲ … ။
    အလုပ်လုပ်ရင်းမတော်တဆဖြစ်သွားပုံရတယ် …. ။ ဒီကိစ္စမှာ ဆေးရုံအုပ်က ခိုင်းသည်ဖြစ်စေ ၊ မခိုင်းသည်ဖြစ်စေ မိမိဧ။်လက်အော်ငယ်သား ၊ အလုပ်သမားကို ငဲ့ညှာသနားသောအားဖြင့် … အထောက်ပံ့လေး ငွေကြေးနည်းနည်း ကူညီသင့်ပါတယ် … ။ ခက်တော့လည်းခက်သား …တချို့သောလူတွေကလည်း အဲ့လို သနားလို့ ကူညီလျှင် တာဝန်မရှိတာတောင် … ပုံကြီးချဲ့ချင်ကြလို့ပေးရမယ့်လူက လက်တွန့်သွားတာမျိုးရှိတယ် …။ … အဲ့ဒီအကြောင်းကို … AKKO ရေးပါလိမ့်ဦးမယ် …။

    တဖက်က တမျိုးတွေးကြည့်မယ်ဆိုလျှင် ဆေးရုံအုပ်ကြီးက ခိုင်းသည့်တိုင်အောင် ….ရေနစ်သေဆုံးအောင်ကိုယ်တိုင် ရေထဲဆင်းနှစ်သည့်အမှုလည်းမဟုတ် ၊ ခိုင်းလိုက်သည့် လူအားလုံး ရေနစ်သွားခြင်းမျိုးလည်းမဟုတ် ၊ မတော်တဆဖြစ်ခြင်းအမှုဟု ယူဆသည့်အတွက် တရားဥပဒေအရတော့ … အပြစ်ကြီးကြီးမားမား ပေးနိုင်မယ်လို့ မထင်ဘူး (ကျွန်မအတွေးသက်သက်ပါ) ။
    လူမှုရေးရှုဒေါင့်ကသာ ဖြည့်ဆည်းပေးတာမျိုးက နှစ်ဦးနှစ်ဖက် ပိုအဆင်ပြေမယ်လို့ ထင်ပါတယ် …။

    ကျျွန်မရေးဖူးတဲ့ သက်စွန် ့ဆန်ဖျား မြန်မာအလုပ်သမားဆိုတဲ့ ပို့စ်မှာ … ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အန္တရာယ်ရှိမှန်းသိတဲ့ အနေထားနဲ့ လုပ်နေကြတာပါပဲ … ။ တစ်စုံတစ်ခု ထိခိုက်မှုဖြစ်လျှင် အလုပ်ရှင်က လုပ်ခန်းခွင်ထဲမှာ ဖြစ်တဲ့အတွက် ကုသမှုအပိုင်း ၊စရိတ်စကနဲ့ နားနေချိန် မိသားစု စရိတ်ပါ တာဝန်ယူပေးတာ တွေ့ရတယ် …. ။ အခုကိစ္စက လုပ်ငန်းခွင်ပြင်ပနေရာမှာ သွားလုပ်ရတဲ့ အလုပ်ဆိုတော့ … ဘယ်သူတွေ ဘယ်လိုဆုံးဖြတ်မလဲ သိတော့သိချင်သား … ။

    သတင်းမှန်ရလျှင်လည်း တင်ပေးပါဦးနော် ။ 🙂

    Reply

  • ရွှေဘိုသား

    October 21, 2011 at 10:22 am

    အင်းသတင်းမှန်နေရင်တော့ စိတ်မကောင်းစရာပဲ
    စာရေးသူ ကိုနောင် ရေ တစ်ခုတော့အကြံပေးနိုင်တယ်ဗျာ
    အစ်ကို BBC ကိုသတင်းပေးချင်တယ်ဆိုရင် http://www.bbc.co.uk ဆိုတဲ့ဆိုဒ်ကိုဝင်ပြီး မေးပို့ပေးနိုင်ပါတယ်

    Reply

    • etone

      October 21, 2011 at 11:09 am

      သတင်းမှန်ဖြစ်အောင်စောင့်ပါဦးပြီးမှတင်လျှင် ပိုကောင်းပါလိမ့်မယ် … ။

      Reply

  • siamonone

    October 22, 2011 at 11:51 am

    ကြောက်ကြောက်စရာပါလားနော် ..
    သတင်းက မှား နေရင် .. နေသာသေး ..
    အမှန် ပါဆို ရင်တော့ .. ဆေးဘယ်လိုကု မလဲ .. ?
    စကားမစပ် .. ကျွန်တော်လည်း ဆေးတက္ကသိုလ်က ပါ .. ဟီး ..

    Reply

Leave a Reply

Your email address will not be published.