အိမ်အိုတော့ကျားကန် …. လူအိုတော့ ပန်းပန်(၂)

naywoon niOctober 20, 20111min06

အိမ်အိုတော့ကျားကန် …. လူအိုတော့ ပန်းပန်(၂)
(အဲဒိမှာ …ဇာတ်လိုက်ဘယ်သူထားရမလဲ စဉ်းစားနေတာ …။ တစ်ပတ်လောက်ရှိမှ သွားတွေ့တယ်…။ ငမူးအကြောင်း အရင်စပြောရင် ဖတ်ကောင်းမလားလို့…..:P)
ငမူးအကြောင်း အရင်စပြောရမယ်ဆိုရင် သူကနှစ်ဘက်သော ဘိုးဘွားတွေရဲ့ အချစ်တော်…။ အပြင်မှာ မောင်နှမတွေကြားထဲမှာ မိဘတွေက ဂလန်ဂဆန်လုပ်ပေမဲ့..။ ဘိုးဘွားတွေနဲ့တည့်အောင်ပေါင်းတယ်….။ သူ့ဟာသူမူးနေပေမဲ့ ဘိုးဘွားတွေကို ထမင်းကျွေးပြီး နင်းနှိပ်ပေးပြီးမှ သူဖာသာသူ သွားစရာရှိတာသွား သောက်စရာ ရှိတာသောက် လုပ်တယ်……။ ဘယ်မှ မသွားချင်လည်း အောက်ထပ်က သူ့အခန်းထဲမှာပဲ… တစ်ညလုံးသောက်တယ်….။ သူ့အခန်းတစ်ခုပဲ တစ်ညလုံးလျှပ်စစ်မီးထွန်းခွင့်ရတယ်…။ ကျန်တဲ့ အခန်းတွေမှာ ညရှစ်နာရီလောက်အထိပဲ ထွန်းခွင့်ရတယ်…။ တစ်ခါတစ်လေလည်း သူ့အခန်းထဲမှာပဲ သူ့အပေါင်းအသင်းတွေ နဲ့ အရက်သောက်တတ်တယ်…..။ အဲဒိလိုညမျိုးမှာ အိမ်မှာရှိတဲ့သူတွေ အိပ်ရေးပျက်မဲ့သာကြံထား……။ တစ်ခါတစ်ခါကျတော့လည်း သူက သူ့အပေါင်းအသင်းတွေနောက်လိုက်သွားပြန်ရော……..။ ဘယ်မှမသွားချင် သွားရလာရ တာရိုးသွားလို့လားမသိဘူး …။ တစ်ခါတစ်လေ… ဆယ်ရက်လောက်အိမ်မြဲနေပြန်ရော………။ အရက်သောက်ပုံကလည်းကြည့်ဦး…..။ သူ့အိပ်ယာဘေးက စားပွဲပေါ်မှာ အရက်ပုလင်းနဲ့ ဖန်ခွက်နဲ့ ချထားတယ်…။ အောက်က တမံ တလင်းခင်းထားပေမဲ့……. ပေါက်တဲ့နေရာကပေါက်လို့ …..။ ကြွက်တွင်းတွေကလည်း မွစာကျဲနေတာ….။ စားပွဲပေါ်မှာ အမြဲတန်း အုပ်ဆောင်းကြီးအုပ်ထားရတယ်…။ သူ့အခန်းပေါက်ဝဘေးမှာ ပက်လက် ကုလားထိုင်ကြီးတစ်လုံးချထားတယ်…။ ဘယ်သူမှ မထိုင်ရဘူး…။ သူ့က အဲဒိမှာထိုင်ပြီး ဆေးလိပ်ခဲရင်း သူ့ဘဝကို စာစီလေ့ရှိတယ်…။ ချမရေးဖြစ်ပါဘူး…။ သူ့ဖာသာသူ စိတ်ထဲမှာ စာစီပြီး စိတ်ထဲမှာတင်ပျောက်လေ့ရှိတာပါ…။ ဆေးလိပ်သောက်ရတာများပြီး အာခေါင်ခြောက်လာရင်….. အခန်းထဲပြန်ဝင် အုပ်ဆောင်းကြီးကိုလှပ်…။ အရက်ပုလင်းထဲက အရက်ငှဲ့ ..။ တစ်ရှိန်ထိုးမော့ချလိုက်တာပဲ…။ ဘယ်တော့မှ ရေနဲ့ ရောသောက်လေ့ မရှိဘူး…။ အက်ပေါ့သွားမှာစိုးလို့တဲ့…….။ သူ့ညီမက ညနေငါးနာရီဆိုရင် ထမင်းနဲ့ ဟင်းကို ခူးပြီး စားပွဲ ပေါ်က အုပ်ဆောင်ထဲလာထည့်ပေးတတ်တယ်…။ စားပြီးသား ပန်းကန်တွေ လာသိမ်းတာနဲ့ ထမင်းလာပို့တာက လွဲရင် သူ့အခန်းထဲဝင်ဖို့မပြောနဲ့ အနားတောင်သီတာမကြိုက်ဘူး…။ အမြည်းကတော့ သူစားဖို့ထားတဲ့ ဟင်းခွက်က အရက်မြည်းတာပဲ..။ တစ်ခါတစ်လေ ဟင်းရည်သောက်ပါလို့ကတော့ အရက်နဲ့မြည်းတာနဲ့ကုန်ရော…။ ပြီးတော့ အုပ်ဆောင်းကိုအသေအချာပြန်အုပိထားခဲ့ …။ အခန်းပြင်က ပက်လက်ကုလားထိုင်မှာပြန်ထိုင်…။ ညည ထထ ဟောင်တဲ့ ခွေးတွေ ပစ်ဖို့ လောက်လေးဂါနဲ့လောက်စာ တွေက အနားမှာ…။ ညဘက် အသံမပေးပဲ သွားမိလို့ကတော့ လောက်လေးဂါစာမိမယ်သာကြံထား…။ မူးမူးနဲ့ လှမ်းပစ်တော့တာပဲ…။ ဘယ်မှန်မှန် သူကဂရုစိုက်လိမ့်မယ်မထင်လေနဲ့…။ လိုအပ်ရင် ခြံစည်းရိုးကာထားတဲ့ ျနှစ်တစ်လက်မ ဖြုတ်ပြီးလိုက်ရိုက်ရမလားအဆင်သင့်ပဲ…။ အဘိုးအဘွားတွေ က ပြောတာနားထောင်ကြည့်ဦး…။ အိမ်ရှင်လင်မယားကိုပြောတာလေ…..။ ငမူးရဲ့ မိဘတွေကိုပေါ့……။
“ ဟဲ့… ငါတို့မြေးက အရက်သာသောက်တာ….။ ညည ဆို အိမ်ကို သူပဲစောင့်ရှောက်နေတာ…..။ သူရှိနေလို့ သူခိုး သူဝှက် ပူတဲ့ခေတ်ကြီးမှာ…. နင်တို့အိမ် ဘယ်ခါ သူခိုးအကပ်ခံရဖူးလို့လဲ…..။ နင်တို့တွေ အပြင်မှာ ပြဿနာဖြစ်လာလည်း သူပဲရှေ့က နေ ရှင်းပေးနေတာ…။”
တဲ့……။ ဟုတ်တော့လည်းဟုတ်တယ်…။ အိမ်က ဘယ်သူ ဘယ်နားမှာ ဘယ်သူနဲ့ စကားများနေတယ်ကြားလိုက်လို့ကတော့ တုတ်ကိုင်ပြိး ထွက်လိုက်တာ….။ သူ့အပေါင်းအသင်းတွေ ရှိနေတဲ့အချိန်ဆို ဘယ်သူ့ဆွဲထားရမှန်းကို မသိအောင်ဆိုးတာ……..။ အသက်က ခုမှ 28 လောက်ပဲရှိသေးတာ…။ နှယ်နှယ်ရရတော့မဟုတ်ဘူး …။ ငမူးပြောပါတယ်…။ ဆယ်တန်းအောင်ပြီးသား ..။အဝေးသင် ဒုတိယနစ်အထိနေဖူးတယ်…။ ရုံးတစ်ရုံးမှာ ညစောင့်လုပ်ဖူးတယ်…။ အရက်မူးပြိး အရာရှိနဲ့ ရန်ဖြစ်ပြီး ပြုတ်လာတာ….။ အဲဒိတော့ သူညစောင့်လုပ်ဖူးတဲ့ အလုပ်အတိုင်းအိမ်မှာပြန်နေတာ…….။
နောက် ဒုတိယဇာတ်ကောင်……….။ အိမ်မှာ ထမင်းဟင်းချက်တဲ့ သမီးအလတ်…။ ကောင်မလေးက ခြောက်တန်းလောက်အထိပဲကျောင်းနေဖူးတယ်…….။ ကျောင်းမှာ ဆရာတစ်ယောက်နဲ့ ဘာဘာညာညာ အသံကြားရတာနဲ့…။ကျောင်းအုပ်ကြီးက ခေါ်ပြီးသတိပေး…….။ ဘာမဆိုင်ညာမဆိုင် သူ့အကို ငမူးက ကျောင်းဝန်းထဲအထိ ကျောင်းဆရာကို ဝင်ရိုက်လို့ ကျောင်းထွက်လိုက်ရတယ်….။ နေရင်လည်း ရှစ်တန်းအထိရောက်မှာမဟုတ်ပါဘူူး…..။ အဲဒိတော့ အိမ်မှာပဲ… ထမင်းဟင်ချက်ခိုင်း …။ သူ့အကို ငမူးကလည်း အိမ်မှာ အမြဲလိုရှိနေတာဆိုတော့ အနီးကပ်စောင့်ကြည့်မဲ့သူလည်းရှိပြီးသားဆိုပြီး ထားထားတာ……။ အရက်သမားအကြောင်းသိနေတော့ ဘယ်သူမှ အနားမသီရဲဘူး.။ ဟိုတစ်လောလေးကပဲ အိမ်နားမှာ ဂစ်တာလာတီးတဲ့ ကောင်တွေ အုတ်ခဲကျိုးနဲ့ ထုလွှတ်လိုက်လို့ ရပ်ကွက်ရုံး သွားရှင်းရပါရောလား….။ ကောင်မလေးက ထမင်းချက်ဆိုတော့ အပြင်ကို ထွက်စရာမလိုတာ…။ လိုအပ်တာ ညထဲက ကြိုပြောတား…။ မနက် အရက်သမားကလိုက်ယူပေး…။ အဘိုးအဘွားကို အချိန်မှာ ထမင်းကျွေး…။ ဒါပဲ သူ့အလုပ် အဝတ်လျော် စရာရှိလျော်……။ အိမ်ထဲက အိမ်ပြင်မထွက်ရ…။ ဒါတစ်ချက်လွှတ်အမိန့်……။

နေဝန်းနီ

6 comments

  • ပေါက်ဖော်

    October 20, 2011 at 3:48 pm

    ငမူး နှယ်..
    အလတ်မကို လင်မြန်မြန်ပေးစားလိုက်ပြီးရော
    ဖွက်ထားရင် ကြွက်စားသွားလိမ့်မယ်..
    😮

    Reply

  • chitlay

    October 20, 2011 at 4:13 pm

    ဒီနေ့အဖို့ ဒီလောက်ပဲပေါ့နော် … 🙁 နောက်နေ့မှ ကျန်တဲ့အပိုင်းတွေ ဆက်ဖတ်ရမယ်ထင်တယ် …။

    Reply

  • နီလေး

    October 20, 2011 at 4:31 pm

    နေဝန်းနီရေ ဇာတ်ရှိန်တော့တက်နေပြီ ကိုးရီးယားကားလို ကောင်းခန်းဆို ဆန့်တငင်ငင်နဲ့ အရက်သမားက အိမ်က အကို ကိုများစောင်းပြောနေသလားထင်ရတယ်

    Reply

  • nozomi

    October 20, 2011 at 4:48 pm

    ဖတ်ရင်းနဲ့ စဉ်းစားမိတာက ငမူးဆိုတာ ဘနီ များလာပေါ့
    ၂၈ ဆိုတော့မှ ဘနီ တော့ မဟုတ်ပြန်ဘူး ( ဘနီက ၈၂ လောက်ကို)
    ဇာတ်ရှိန်တော့ တော်တော် တက်နေပြီ

    Reply

  • windtalker

    October 20, 2011 at 9:44 pm

    ဖတ်ရင်း ၊ ဖတ်ရင်း နဲ ့
    ဘိုနီ ့အကြောင်းကို
    အသက်လွှဲရေးထားတယ် လို ့
    ခံစားလာရတယ် ဗျို ့

    Reply

  • pooch

    October 20, 2011 at 10:30 pm

    အဲ့ဒီ ငမူး အကြောင်းပြောတော့ ဆုံးသွားတဲ့ အဖေ့ညီ အငယ်ဆုံး တယောက်ကို သွားသတိရမိတယ်…
    ဒီစာကို ဖတ်ရတာ ဘဝသရုပ်ဖော်စာကို ဖတ်နေရသလိုပဲ … စိတ်ထဲ ခံစားရတယ်… စိတ်လည်း ဝင်စားတယ် … စောင့်ဖတ်မယ်..

    Reply

Leave a Reply to နီလေး Cancel Reply

Your email address will not be published.