တွေးမိသမျှ ..နစ်နာခ..။။။

“““တွီတွီတော်တော်..တွီတွီတော်တော်…ဟာဒေးအမားရေးဆလံမာလေးကွန်းးးးးးးးးးးးးး…….တွီတွီတော်တော်…..”””
ကျုပ်ဖုန်းက Ring tone သံဖြစ်သည် စာသားကတော့ အဲဒီအတိုင်းဟုတ်ချင်မှဟုတ်မည်  ကျုပ်ကြားတဲ့အတိုင်းပြန်ရေးပြခြင်း
ဖြစ်သည်။ဒီအသံကိုသေချာတော့ နားမထောင်ဖြစ်ပါ မန်မိုရီကဒ်ထဲမှာရှိသမျှ အသံတွေထဲက အဆူညံဆုံးနှင့် နားကလောစရာ
အကောင်းဆုံး အသံကိုရွေးချယ် ထားခြင်းဖြစ်သည်
ထိုဖုန်းသည်…
တစ်ခါတရံ မိတ်ဆွေသူငယ်ချင်းများနှင့် အဆင်ပြေစွာ စကားပြောနိုင်စေ၏
တစ်ခါတရံ “ရေး” က မာမွတ်လား ဟူ၍လည်းမေးတတ်၏မာမွတ်အားခေါ်ပေးရန် အတင်းတောင်းပန်တတ်၏
တစ်ခါတစ်ရံ ရခိုင်သံဝဲဝဲဖြင့် ““အောင်ကျော်နုကိုခေါ်ပေးပါ””ဟု၍လဲ ဆိုတတ်၏
တစ်ခါတစ်ရံ ဘယ်မှစုံစမ်းမရသောဖုန်းနံပါတ်“0951665”သည်လဲ အသံမည်သည်ဆိုရုံလေးဝင်ကာပြန်ဆက်လျှင်
မရဖြစ်တတ်၏ ဒီနံပါတ်ကတော့ ခဏခဏ ဖြစ်နေကျဖြစ်သည်( သိသူများရှိကအဘယ်သူနည်းစုံစမ်းပေးစေချင်၏)
တစ်ခါတရံ “ဟေ့ကောင်အရူး”ဟုမြန်းဂလိဖြင့် မက်ဆေ့ချ် ရောက်လာတတ်၏ ကျွန်ုပ်လဲ ထိုအခါမျိုးတွင် မဆိုင်းမတွ ပြန်လည်၍သင့်တော်ရာ ဆဲဆိုသောစကားတစ်ခုခုအား မက်ဆေ့ချ်ဖြင့် လက်ဆောင်ပြန်ပါးတတ်၏
တစ်ခါတစ်ရံ “အခုလာခေါ် မထနိုင်တော့ဘူး” ဟု ဂျီတွန်တတ်သော ဘီယာဆိုင်ကန်ထရိုက် ညီအငယ်လူမိုက်နှင့် ဆက်သွယ်ရတတ်၏
တစ်ခါတရံ“လူကြီးမင်း ခေါ်ဆိုသောဖုန်းမှားနေပါသည်” ပြောတတ်၏
တစ်ခါတစ်ရံ“စက်ပိတ်ထားပါတယ်ရှင့်””ဟုပြောတတ်၏
တစ်ခါတရံ “ဆက်သွယ်မှုဧရိယာပြင်ပသို့ရောက်နေပါသဖြင့် ခေါ်ဆို၍မရနိုင်ပါ””ဟုပြောတတ်၏ ထိုအခါတွင် ကျွန်နုပ်လဲပါးစပ်မှ ပွစိပွစီ ဆဲ၏ တစ်နေ့တစ်နေ့ ဖုန်းအပြင်သို့ခေါ်လေတိုင်းအဆဲ အခံရဆုံးသူမှာ ဖုန်းအတွင်းမှ
လူကြီးမင်းဘာညာသာရကာစသည်ဖြင့် ကြေငြာသော ကောင်မလေးဖြစ်လေသည် နောင်အတန်ငယ်အားနာသဖြင့်
ထိုကလေးမပြောသမျှဆုံးအောင် နားထောင်ပြီးမှ တိုးတိုးလေးဆဲ၏ ထိုကလေးမသည်ကား ကျွန်ုပ်
အတန်ငယ်မျက်မုန်းကျိုးနေသည်ကို မသိဟန်ပြုကာ ရံဖန်ရံခါ ဝင်ပြောတတ်စမြဲဖြစ်၏ ..။။။
ဒီနေရာတွင် အတန်ငယ်စဉ်းစားသင့်၏ ထိုကလေးမသည် ဆက်သွယ်ရေး၏ ဝန်ထမ်းဖြစ်ဟန်တူ၏ သူအသံအား
အော်တိုမစ်တစ် ဖြေကြားနိုင်ရန် စက်အတွင်းထည့်သွင်းထားခြင်းဖြစ်၏ ဒါပေသိ ဒီကလေးမ ဖြေလေတိုင်း ဖုန်းကိုင်ဆောင်
အသုံးပြုသူ လူတိုင်းက မဆဲဘူးသူမရှိဖြစ်မည်ထင်၏ ထိုသို ဖုန်းကိုင်သူများဆဲဆိုနေသည်ကို ထိုကလေးမ မသိခြင်းလော
သိခြင်လဲသိနိုင်မည် ထို့ကြောင့် ထိုကလေးမ၏အသံအသုံးပြုခွင့်အတွက် ငှားရမ်းအသုံးပြုခပေးသင့်သည့်အပြင်ဖုန်းပိုင်ရှင်
များ၏ ဆဲဆိုခံရမှုအတွက် နစ်နာကြေးပါ ထပ်ဆောင်ပေးသင့်သည်ဟုကျွန်ုပ်မြင်မိလေ၏ ။။
(ဒီကလေးမနေရာတွင်“သူကြီး”သာဖြစ်ပါက ယခုလောက်ဆိုဆက်သွယ်ရေးအား တရားစွဲပြီးလောက်ပြီထင်၏)
ထိုကဲ့သို့ ဘုမသိဘမသိအဆဲခံနေရသော နောက်တစ်ခုရှိသေး၏ ကျုပ်သုံးနေတဲ့ ကွန်ပြူတာပေါ့ ဂျီတော့ ကတော့ အများဆုံး
သုံးတာပါပဲ ကောင်မလေးတွေနဲ့လဲ တစ်ခါတစ်လေ ဘော်ဒါဖြစ်လိုဖြစ် ဘုတ်ဆုံမကြီးမြင်လဲ စွတ်ရွတ်ပြီး လှတယ်ပြောလို
ပြောပြီး  ကြူပစ်လိုက်တာပဲ တစ်ခါတလေများ ကြီးတောင်ကြီးမားကြီးနဲ့ (၁၆)နှစ်လို့ ပြောလိုပြောရ  တစ်ဖက်က (၃၀)လောက်ဆို ကိုယ်က (၃၂)နှစ်လောက်လုပ်ပစ်လိုက်တာ ဟုတ်တယ်လေ ကိုယ့်ကိုသူမြင်ရတာမှမဟုတ်တာ တစ်ချို့ကိုယ့်
ထက်ဆိုးတဲ့အဖိုးကြီးတွေဆို ဂျီတော့မှာ ငယ်ငယ်(၂၀)လောက်ကဓါတ်ပုံတွေဘာတွေ တင်ထားတာများတစ်ကယ့်အလန်းပဲ
မဟုတ်လားဗျ ဂျီတော့လေးနဲ့များ ကြူနေပြီဆိုမှဖြင့် ဒီကွန်နက်ရှင်ဆိုတဲ့ သတ္တဝါက ဖေါက်လာတာပါပဲ ချစ်ခြင်းကိုမခွဲကြပါ
နဲ့ တော့မဟုတ်ပေမယ့် ““ကြူခြင်းကို မဖြတ်လိုက်ပါနဲ့”” လို့ အော်လိုက်ခြင်တာပဲလေ အရေးဟေ့ ကောင်းခန်းဆို ကွန်နက်
ရှင်ကပြတ်ပြီ ဒီအခါမှာ ကျုပ်လဲ ပါးစပ်က ပွစီပွစီနဲ့ ဆဲတော့တာပဲ ဒီတစ်ခါဆဲရတာကတော့ မမြင်ရတဲ့ကောင်ကိုဆဲရတာဗျ
သူကလဲ အကြောတင်းဗျ ဘယ်လောက်ဆဲဆဲ မဖြုံပေါင် ဆဲလဲပြတ်တာပဲ  တစ်ခါတစ်လေ ကီးဘုတ်ဘေး သူဖာသာ အသာလေး
ဝပ်နေတဲ့  မောက်စ် ဆိုတဲ့ အကောင်းစုတ်ကလေကိုတောင် ကိုင်ပေါက်မိသေးတယ်လေ  ဒီကွန်နက်ရှင်ဆိုတဲ့အကောင်
မကောင်းလို့ ကြားကသူပါဝင်ခံရတာပဲဗျ ..ဒီလိုဆိုရင်ဖြင့်
ဒီကွန်နက်ရှင်ဆိုတဲ့ သတ္တဝါအား ဝိုင်းဝန် ဩဘာ ဆဲဆိုကြသော လူတစ်ကာတို့တွင် ကွန်ပြူတာရှေ့မှောက် ကွန်နက်ရှင်ဖြင့်
ဒုက္ခရောက်နေကြသူ လူများစုဖြစ်လေရာ ဒီသတ္တဝါ သူ့ကိုဝိုင်းဆဲနေသည်ကိုမသိရော့လေသလား သိခြင်လဲသိနိုင်ပါသည်
ဒါမှမဟုတ် သိရက်နဲ့မသိခြင်ယောင်ဆောင်နေတာလား  ဘာပဲဖြစ်ဖြစ် ဒီ ကွန်နက်ရှင်ဆိုတဲ့ အသက်မဲ သတ္တဝါအသစ်ကလေး
လဲ နစ်နာကြေးတောင်းခံနိုင်သည်ဟုမြင်မိလေသည် ကျွန်ုပ်သာ ဂူးဂဲ နှင့် ဖေ့စ်ဘုတ်ဖြစ်ပါက မြန်မာနိုင်ငံမှ သုံးသမျှ အင်တာ
နက်ခတွေထဲတွင် ဆဲဆို၍   နစ်နာကြေးတစ်ဆပါ ထပ်မံဖြည့်စွက် တောင်းဆိုမိမည်ဖြစ်ကြောင်းပါပဲ…..ဗျာတို့။။။။
တွေးမိသမျှရေးကြည့်ရခြင်းဖြစ်ပါကြောင်း။။။။။။။။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ဘီလူး။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

23 comments

  • Diamond Key

    October 19, 2011 at 4:41 pm

    ဘီလူးကြီးရေ။
    “တွေးမိသမျှ ..နစ်နာခ..။။။” ကို ဆုံးအောင်ဖတ်ချင်လို့ ကြာအောင် သုံးနေရတဲ့
    စောင်ဖတ်မိသမျှ ..နစ်နာခ..လေး အရင်မစပါ။

    Reply

  • pan pan

    October 19, 2011 at 4:50 pm

    ဖုန်းရုံးက အော်ပရေတာအသံက ကျွန်မအသံပဲ
    ကဲ! ဆဲကြမှန်းတော့သိပြီ
    သက်သေခိုင်ခိုင်မာမာရှိနေတဲ့ ကိုဘီလူးကိုပဲ ဗွေဆော်ဦး တရားစွဲလိုက်မယ်
    ပေး၊ ဆဲကြေး 😛

    Reply

    • “ဘီလူးကြီး”ogre

      October 19, 2011 at 5:07 pm

      ရွာက နေ
      ခဏရှောင်နေမှနဲ့တူတယ်
      ဒီပုံဆို သူကြီဆီအမှုတွဲရောက်လို ဒါဏ်ထပ်ရိုက်နေမှ အခက်ပဲ

      Reply

    • ပေါက်ဖော်

      October 19, 2011 at 5:08 pm

      ပွဲစားခပေးရင် ဆဲတဲ့လူတွေကိုပါ ဖော်ထုတ်ပေးဦးမှာ
      😆

      Reply

  • blackchaw

    October 19, 2011 at 4:56 pm

    pan pan တော့ စီးပွားရေး သောင်းကျန်းနေပြီ ဘီလူးကြီးရေ။
    သူ့ကျမှ ဆဲကြေးတဲ့။

    Reply

  • thit min

    October 19, 2011 at 7:07 pm

    နစ်နာရင် ဖောင်တိန်မသုံးနဲ့လို့ ဟိုးဖောင်တိန်သုံးခဲ့ရတဲ့ ခေတ်မှာ ဟာသ ပြောကြတယ်။
    ကိုဘီလူးလဲ မီးခွက်လေး တခုရှိသလိုဘဲနော် “ရှာ” တတ် “တွေ့ ” တတ်လို့။
    မြန်မာပြည်ရောက်မှ လိုတာရှာဖို့ အကူအညီတောင်းရမယ်။
    ကြိုတင်ကျေးဇူး။

    Reply

  • windtalker

    October 19, 2011 at 7:24 pm

    ကိုဘီလူး မက်ဆေ့ နဲ ့ ဆဲတာ သတိထားနော်
    တစ်ဘက်က အရင်ဆဲမှ ပြန်ဆဲ ဗျ
    ကိုဘီလူး စာကိုဖတ်ပြီး ဖြစ်ရပ်မှန်လေး တစ်ပုဒ် ရေးတင်ဦးမယ်ဗျာ

    Reply

    • “ဘီလူးကြီး”ogre

      October 19, 2011 at 7:27 pm

      လုပ်ဗျာ ရေးစမ်းပါ
      အတွေ့အကြုံလေးသိချင်စမ်းပါဘိ
      ကွန်နက်ရှင်တွေမကောင်းတော့ “အ”နေတဲ့သူကျနေတာပဲ
      စကားမပြောရဘူးဖြစ်နေတယ်ဗျ..။။

      Reply

  • youngcat

    October 19, 2011 at 9:34 pm

    ကြားရတဲ့သူတွေစိတ်ချမ်းသာအောင် ဆက်သွယ်ရေးက ကောင်မလေး
    ကိုဖြေခိုင်းထားတာနော်၊ခဏခဏအဆဲခံရလို့ကောင်မလေးစိတ်ပျက်သွားရင်
    နောင် ဘဲနာကြီးအသံကြားနေရမှ ပိုဆိုးလ်ိမ့်မယ်၊သိပ်မဆဲကြနဲ့ဗျ။

    Reply

  • ဘီလူးလေး

    October 21, 2011 at 9:18 am

    အစ်ကိုကြီး ကျွန်တော်တို့ကိုလည်းနစ်နာခပေးသင့်တယ်နော်
    ပို့တစ်ခုပြန်ဖျက်ပြစ်လိုက်တာလား

    Reply

  • ဘီလူးလေး

    October 21, 2011 at 9:25 am

    အစ်ကိုကြီး ပို့တစ်ခု ပြန်ဖျက်ထားတာလား

    Reply

  • MaMa

    October 21, 2011 at 10:00 am

    ဘီလူးကြီးရဲ့ နစ်နာခက သူရမယ့် နစ်နာခ မဟုတ်ပဲ သူပေးရမယ့် နစ်နာခတွေချည်းပဲ 😛

    Reply

  • etone

    October 21, 2011 at 11:28 am

    ဖုန်းခေါ်လျှင် မကြားချင်ဆုံးအသံက အဲ့ဒီအသံပါပဲ … ကြောင်အမြီးတက်နင်းလို့ အော်တဲ့ အသံ ညှောင်နာနာနဲ ့မနှဲလေးအသံပေါင်းထားသလိုပါပဲ … ။ 😆

    Reply

  • နွယ်ပင်

    October 21, 2011 at 12:26 pm

    တစ်ခါတစ်လေ ဖုန်းချင်းဘေးချင်းယှဉ်ပြီး ချထားပြီးခေါ်တာတောင် အဲဒီအသံက ထွက်လာသေးတယ်

    Reply

    • pan pan

      October 21, 2011 at 1:21 pm

      ဆာဗာကိုအရင်သွားတာကိုး
      အဲဒီအသံ ထွက်မှာပေ့ါ
      ကော်နက်ရှင်က ခပ်ကောင်းကောင်းဆိုတော့ 🙄

      Reply

  • ဘီလူးလေး

    October 22, 2011 at 1:29 pm

    မြန်မာပြည်က ကော်နက်ရှင်ကတော့ပြောကိုမပြောပါနဲ့တော့ တစ်နာရီကို ငါးဆယ့်ကိုးမိနစ်လောက်က လိုင်းကျနေတာ
    အင်တာနက်ဆိုင်သွားပြီး ဂိမ်းဆော့ပြီပြန်လာခဲ့ရတယ်

    Reply

  • ဆူး

    October 22, 2011 at 2:48 pm

    ဒီနေ့တော့ ဘီလူး ဆီမှာ ဖယောင်းတိုင် အတို မီးရှို့ပြီး နစ်နာကြေး တောင်းပြီးပြီ မောင်ပေ အိမ်မှာ သွားတောင်းဖို့ပဲ ကျန်တော့တယ်။ လက်ဆောင်သယ်သွားမဲ့ တစ်တောင်သာသာ ဝါးရင်းဒုတ် အလောတော် အစိမ်းလေးတွေ အဆင်သင့်တော့ ဖြစ်နေပြီ။ နောက်နေ့ သွားတောင်းအုန်းမှပဲ။

    Reply

  • “ဘီလူးကြီး”ogre

    October 22, 2011 at 5:33 pm

    မောင်ပေ ရေ ပြေးတော့ဟေ့
    ဒေါ်ဆူး….မလွယ်ဘူးနော်
    ဝါးရင်းတုတ်နဲ့လာနေပြီ

    Reply

    • windtalker

      October 22, 2011 at 7:50 pm

      အိမ်လိပ်စာ ဇွတ်မေးနေတယ်
      သူ နဲ ့အတုန် နဲ ့ရန်လာဖြစ်မို ့ဆိုကလားပဲ
      ဒါနဲ ့စကားမစပ်
      ဖုန်းထဲက ပြန်ဖြေတဲ့ အသံက တစ်ယောက် ပြောင်းသွားပြီ ဗျ
      သေချာ နားထောင်ကြည့်ပါဦး
      ဟိုနေ ့က ကျွန်တော့် ဖုန်းနဲ ့စီဒီအမ်အေ ကို ခေါ်တဲ့ အချိန်မှာ ဖြေတာ လူပြောင်းနေသလို ပဲ

      Reply

      • ဆူး

        October 23, 2011 at 11:25 am

        ပထမက မသေချာလို့ တုံးနဲ့ နှစ်ယောက် ရန်လာဖြစ်မယ် ပြောထားတာ..
        အခုတော့ သေချာပြီ ရန်ဖြစ်စရာ မလိုတော့ဘူး ပူးပေါင်း စစ်ဆင်ရေး ထွက်ပြီးလာခဲ့မယ်။
        ပြောင်နေတဲ့ နဖူး ဆီသုတ်ထားမလား.. ရိုက်လိုက်ရင် ချောသွားအောင် ကျဲနေတဲ့ သွားတွေ စိသွားအောင် ပတ်တီးရိုက်ပေးရမလား.. တခုခုပေါ့.. အဟမ်း.. သဘောပေါက်တယ်နော်.. ငယ်ငယ်ကတည်းက လက်သံပြောင်တာ အီးတုံးကော ဆူးကော နှစ်ယောက်လုံးပဲ။
        အခုတောင် အွန်လိုင်းက စောင့်ဖမ်းနေတာ တခါမှ အွန်လိုင်းမတွေ့ဘူး.. ဘယ်ရောက်နေလဲ မသိဘူး။

        Reply

  • ဝရမ်းပြေးမောင်ပေ
    အလိုရှိသည်။
    စစ်ဆင်ရေးအမည် လပ်ကီးဆဲဗင်း စစ်ဆင်ရေး.

    Reply

    • windtalker

      October 23, 2011 at 6:52 pm

      တော်သေးတာပေါ့
      ဟို အိနိ္ဒယ က အသားဖြူခရမ် လို မဟုတ်လို ့
      ဘာတဲ့
      “ ဖဲ အန် လဗ်ဗလီး ” Fair and lovely

      Reply

      • ပေါက်ဖော်

        October 23, 2011 at 7:06 pm

        နားတော့မလည်ဘူး ဘာပြောနေကြတုန်းဆိုတာ..
        ဒါပေသည့်.
        လက်ကီးဆဲဗင်းနဲ ့..ဖဲအန် လပ်ဘလီး စစ်ဆင်ရေးဆိုတော့..
        မောင်ပေရေ့
        မဆိုးဘူးလားလို ့..
        😆

        Reply

Leave a Reply to etone Cancel Reply

Your email address will not be published.