Thomas Edison Vs Nikola Tesla

မောင် ပေOctober 18, 20111min015

သောမတ်စ် အက်ဒီဆင် (၁၈၄၇-၁၉၃၁) နဲ ့နီကိုးလာ တက်စလာ (၁၈၅၆-၁၉၄၃) တို ့ရဲ  ့ဇါတ်လမ်းလေး အကြောင်းကို ရေးပြချင်ပါတယ် ။

ကျွန်တော် ရေးတဲ့ ဇါတ်လမ်းကို သိပြီးသား ဖြစ်နေမယ် ဆိုရင်တော့ ၊ အားနာမိပါတယ် ။

Thomas Edison
Thomas Edison

 

Nikola Tesla
Nikola Tesla

ပုံများကို google ထဲမှာ ရှာတင်ပေးထားပါသည် ။

၁၈၈၃ တွင် ဆားဘီးယား လူမျိုး သိပ္ပံပညာရှင် Nicola Tesla သည် Contimental Edison Company ၏ ဥရောပဌာနခွဲ တွင် အလုပ်လုပ်နေချိန်ဖြစ်သည် ။

သူသည် ပစ္စည်းများ တီထွင်ရာ၌ ဉာဏ်ထူးချွန်ထက်မြက်သူ တစ်ယောက် ဖြစ်သည် ။

Thomas Edison နှင့် ပုဂ္ဂိုလ်ရေးခင်မင်သူ Charles Batchelor က အမေရိကတိုက်သို ့သွားရောက်ပြီး Tesla ကို Edison နှင့် ဆက်သွယ်ပေးခဲ့သည် ။

ထိုအချိန်မှ စတင်၍ Tesla ၏ ဘဝတစ်လျှောက်လုံးမှာ သေဆုံးချိန်အထိ ဝမ်းနည်းကြေကွဲဖွယ်ရာများနှင့်သာ တွေ ့ကြုံရသည် ။

နယူးယော့ခ် မြို  ့တွင် Edison သည် Tesla အား တွေ ့တွေ ့ချင်းပင် သူ၏ အလုပ်၌ ခန် ့လိုက်သည် ။

Tesla သည် တစ်နေ ့လျှင် ၁၈ နာရီ နီးပါး အလုပ်လုပ်ပြီး Edison တီထွင်ထားသော ဒိုင်နမို dynamo ကို ပိုကောင်းမွန်အောင် စမ်းသပ်တီထွင်ရသည် ။

နောက်ဆုံး၌ Tesla သည် ဒိုင်နမို ပုံစံကို ပြန်လည်ပြုပြင်ရန် အတွက် Edison ကို တင်ပြခဲ့သည် ။

Edison သည် Tesla ၏ တင်ပြချက်ကို လက်ခံခဲ့ပြီး အောင်မြင်ပါက ဒေါ်လာ (၅၀,၀၀၀) ဆုချမည့်အကြောင်း ပြောခဲ့သည် ။

ထိုအချိန်မှ စ၍ Tesla သည် နေ ့ရောညပါ အလုပ်တွင် ဇောက်ချပြီး စီမံကိန်းကို အကောင်အထည်ဖော်ရာ တစ်နှစ်အတွင်း အလိုအလျှောက် ထိန်းချုပ်စက်များပါဝင်သော ဒိုင်နမို ပုံစံသစ် ကို စမ်းသပ်ထုတ်နိုင်ခဲ့သည် ။

သူ၏ ဆောင်ရွက်ချက်အား Edison ကို တင်ပြပြီး ကတိအတိုင်း ဒေါ်လာ ၅၀,၀၀ဝ ပေးရန် တောင်းဆိုတော့သည် ။

Edison သည် Tesla ၏ တီထွင်မှုကြောင့် သူနှင့် သူ ့ကုမ္ပဏီ နာမည်ကျော်ကြားလာမည် ကို သိရှိသော်လည်း ၅၀,၀၀ဝ ပေးချေရန် ကိစ္စကိုမူ ငြင်းပယ်ပြီး ငွေအနည်းငယ်သာ ပေးခဲ့သည် ။

Tesla သည် သွယ်ဝိုက်သော လျှပ်ကူးစနစ် ( Alternate Current ) ကို တီထွင်ရန် ဆန္ဒရှိသည် ။

Edison သည် တိုက်ရိုက် လျှပ်ကူးစနစ် ( Direct Current ) ကို ယုံကြည်သူ ဖြစ်သည် ။

Tesla ၏ သုတေသန ပြုလုပ်ချက်များကို ငြင်းပယ်ခဲ့သည့်အပြင် ဖျက်လို ့ဖျက်ဆီး လုပ်ဆောင်လာသည် ။

ထို ့ကြောင့် Tesla oည် Pittsburg မြို  ့မှ နာမည်ကျော် လုပ်ငန်းရှင် တစ်ဦးဖြစ်သော George Westinghouse ကို ထပ်မံတင်ပြခဲ့သည် ။

Westinghouse သည် သဘောကျသွားပြီး Tesla ကို ငွေကြေးထောက်ပံ့ပေးခဲ့သည့်အပြင် အောင်မြင်ပါကလည်း အကျိုးအမြတ်ကို ခွဲဝေယူကြရန် သဘောတူကြသည် ။

Thomas Edison သည် လျှပ်စစ်ပစ္စည်းများကို တိုက်ရိုက်လျှပ်စီးပတ်လမ်း ( direct current ) ကို အခြေခံ၍ ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည် ။

Nikola Tesla သည် alternate current ကို အခြေခံ၍ ပစ္စည်းများကို ထုတ်လုပ်ခဲ့သည် ။

Edison သည် Tesla ကို ဒေါသအလွန်ထွက်သွားပြီး Tesla ၏ နည်းမှာ လူများအတွက် စိတ်မချရဘဲ Tesla သည် တာဝန်မဲ့ လုပ်သည် ဟု လူထု ကို ဝါဒဖြန် ့ခဲ့သည် ။

Edison သည် အိမ်မွေး တိရစ္ဆာန်ငယ်များအား လျှပ်စစ်ဖြင့် သတ်ဖြတ်ခဲ့သည် ။

ထိုမျှနှင့် မကျေနပ်နိုင်သေးဘဲ ၁၈၉ဝ ခုနှစ်တွင် နယူးယော့ခ် မြို  ့အကျဉ်းထောင်၌ သေဒဏ်ကျခံရသော အကျဉ်းသားအား လျှပ်စစ်လွှတ်၍ သတ်ဖြတ်ခြင်းကို ပြုလုပ်ပေးပါရန် ထောင်အာဏာပိုင် တို ့အား စည်းရုံးနိုင်ခဲ့သည် ။

သို ့သော်လည်း Edison ၏ စမ်းသပ်ချက်မှာ တိရစ္ဆာန်ငယ်များအတွက် မှန်ကန်သော်လည်း လူသားတစ်ဦးအတွက် လျှပ်စစ်ဓာတ်မှာ မလုံလောက်ကြောင်း တွေ ့ရသည် ။

သေဒဏ်ခံရသော အကျဉ်းသားမှာလည်း မချိမဆန် ့ခံရပြီး မသေနိုင်ကြောင်း တွေ ့ ခဲ့ရသည် ။

( အိုဗျာ..နာမည်တွေ ကို အင်းဂလိ ဖောင့်ပြောင်းပြောင်းပြီး အင်းဂလိ လို ရေးနေရတာ စိတ်မရှည်တော့ဘူး ၊ တော်ဘီ ၊ ဗမာလို ပဲ ရေးတော့မယ် ဗျို  ့)

အက်ဒီဆင် ၏ နာမည်မှာ မသေသော်လည်း သူ ့ဂုဏ်သိက္ခာမှာ တက်စလာ ထက် အကြီးအကျယ် ကျဆုံးသွားရသဖြင့် သူသည် အဆိုပါ စမ်းသပ်မှုကို စွန် ့လွှတ်လိုက်ရတော့သည် ။

တက်စလာ တီထွင်ခဲ့သော အေစီ စနစ် မှာ ယနေ ့တိုင် စံထားသုံးစွဲနေရပြီ ဖြစ်သည် ။

အက်ဒီဆင် သည် ငွေရအောင် လူအများ၏ ရှေ  ့တွင် မဖြစ်မနေ ရပ်တည်ရမည် ကို ကောင်းကောင်းနားလည် သဘောပေါက်ထားသူ ဖြစ်သည် ။

သူတီထွင်ခဲ့သော အရာဝတ္ထုများထက် အရေးကြီးဆုံးအချက်မှာ လူအများ၏ အာရုံစူးစိုက်မှု ရရှိရေးပင် ဖြစ်ကြောင်း သိရှိထားသူ ဖြစ်သည် ။

အက်ဒီဆင် သည် သူတွေ ့ရှိခဲ့သော လျှပ်စစ်နှင့် ပတ်သက်သော ပစ္စည်းများကို လူအများ၏ စိတ်ထဲတွင် ပြိုးပြိုးပျက်ပျက် ဖြစ်အောင် လုပ်ခဲ့သည် ။

သူသည် အနာဂတ်၌ လူသားစက်ရုံများ ၊ လူ၏ စဉ်းစားဉာဏ်ကို ဓါတ်ပုံ ရိုက်ယူနိုင်သည့် စက်ကိရိယာများ တီထွင်ရန် ရှိသဖြင့် သူ၏ အင်အားကို မဖြုန်းတီးနိုင်ကြောင်း ပြောဆိုချက်များကို လူအများက စိတ်ဝင်တစား ငြင်းခုန်နေကြသည် ။

အက်ဒီဆင် သည် သူ၏ ရန်သူတော်အဖြစ် သတ်မှတ်ထားသော တက်စလာ ထက် လူအများ၏ အာရုံ စူးစိုက်မှု ကို ရရှိအောင် ပြုလုပ်နိုင်စွမ်းရှိသဖြင့် တက်စလာ သည် အက်ဒီဆင် ထက် တော်သူဖြစ်သော်လည်း အက်ဒီဆင်လောက် နာမည် မကြီးခဲ့ပါ ။

၁၉၁၅ တွင် နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို ရူပဗေဒဘာသာရပ်၌ အက်ဒီဆင်နှင့် တက်စလာ သည် ပူးတွဲရရှိလိမ့်မည် ဟု ခန် ့မှန်းမှုများ ထွက်ပေါ်ခဲ့သည် ။

သို ့သော်လည်း အမှန်တကယ် နိုဘယ်လ်ဆု ရွေးချယ်ရေးအဖွဲ  ့မှ အက်ဒီဆင် အား ချည်းကပ်ပြီး တက်စလာ နှင့်အတူ ပူးတွဲယူပါရန် မေတ္တာရပ်ခံခဲ့သည် ။

အက်ဒီဆင် က ငြင်းပယ်လိုက်၍ အခြားပုဂ္ဂိုလ်များ အား ပေးလိုက်ခြင်း ဖြစ်ကြောင်း သိရှိကြသည် ။

ထိုအချိန်က အက်ဒီဆင် ၏ ကျော်ကြားမှုမှာ တက်စလာ ထက် ပိုကျော်ကြားနေသဖြင့် ပူးတွဲဆု ကို ယူလိုက်ပါက တက်စလာ သည် အက်ဒီဆင် နှင့် တန်းတူ ဖြစ်သွားနိုင်၍ ငြင်းပယ်ခဲ့ခြင်း ဖြစ်ကြောင်း သိသာခဲ့သည် ။

တက်စလာ တီထွင်ခဲ့သော အေစီ အတွက် မူပိုင်ခွင့်ရရန် ဆောင်ရွက်ခဲ့သော်လည်း အခြား သိပ္ပံပညာရှင်များက ပါဝင်လာပြီး သူတို ့လည်း ရထိုက်ကြောင်း ကြေငြာခဲ့ကြသည် ။

ထိုအငြင်းပွားဖွယ် ကိစ္စများ ပေါ်လာသဖြင့် နောက်ဆုံး၌ တက်စလာသည် ရှုံးနိမ့်သွားပြီး westinghouse သည် မူပိုင်ခွင့်ကို ရရှိသွားသည် ။

guglielmo marconi
guglielmo marconi

Guglielmo Marconi သည် ရေဒီယို ကို တီထွင်ခဲ့သူ ဖြစ်သည် ။

သူသည် ၁၈၉၉ တွင် အင်္ဂလိပ်ရေလက်ကြား ကို ဖြတ်၍ အသံလွှင့်နိုင်ခဲ့ခြင်းမှာ တက်စလာ၏ ၁၈၉ရ တုန်းက မူပိုင်ခွင့် တောင်းခံခဲ့သော နည်းကို အခြေခံထား တီထွင်ခဲ့ခြင်းဖြစ်သည် ။

ဤအခါ၌လည်း တက်စလာသည် နာမည် မရခဲ့သည့် အပြင် ငွေကြေးလည်း တစ်စုံတစ်ရာမျှ မရခဲ့ရှာပါ ။

တက်စလာသည် သွယ်ဝိုက်သော လျှပ်ကူး ပစ္စည်းများအပြင် မော်တာကိုလည်း တီထွင်ခဲ့သူဖြစ်၍ သူသည်သာ ရေဒီယိုထုတ်လုပ်သူများ၏ ဖခင်အစစ်သာ ဖြစ်သည် ။

သို ့သော်လည်း သူ၏တွေ ့ရှိချက်များကို တစ်စုံတစ်ယောက်ကမျှ သတိမမူမိခြင်းကြောင့် အသက်ကြီးချိန်တွင် ဆင်းရဲစွာ နေထိုင်သွားရသည် ။

၁၉၁ရ တွင် တက်စလာ အား အမေရိကန် နိုင်ငံရှိ လျှပ်စစ်အင်ဂျင်နီယာများ အဖွဲ ့အစည်းမှ Edison တံဆိပ်ကို ချီးမြှင့်မည့်အကြောင်း ကမ်းလှမ်းလာသော်လည်း တက်စလာသည် ကမ်းလှမ်းချက် ကို ပယ်ချခဲ့သည် ။

တက်စလာသည် သိပ္ပံပညာရပ်ကို စူးစိုက်လေ့လာပြီး နိုင်ငံရေးအကြောင်းကို လုံးဝနားမလည်ဘဲ ချမ်းသာကြွယ်ဝထင်ပေါ်မှုများကိုလည်း လျစ်လျူရှုထားသူ ဖြစ်သည် ။

သူ အသက်အရွယ်ကြီးမြင့်ချိန်၌  သိပ္ပံပညာရပ်သည် သူ ့ဘဝအား ဖျက်စီးစေခြင်း ဖြစ်ကြောင်း သဘောပေါက်သွားသည် ။

သူ ပြုလုပ်ခဲ့သော လေ့လာတွေ ့ ရှိချက်များကို စီးပွားရေးလုပ်ငန်းရှင်များက အလေးထားခြင်းလည်း မရှိကြပါ ။

သူတီထွင်ခဲ့သော ပစ္စည်းများကို အခြားသူများသည် ခိုးယူ၍ မူပိုင်လုပ်ကိုင်နေကြသဖြင့် သူတို ့သာ ချမ်းသာသွားကြသည် ။

တက်စလာသည် စမ်းသပ်တီထွင်မှုများကို တစ်ဦးတည်း ဆောင်ရွက်ခြင်းကြောင့် အောင်မြင်သည့်အခါမျိုးတွင် ခြေကုန်လက်ပမ်းကျပြီး သူ ့ပစ္စည်းများမှာ စနစ်တကျ မဟုတ်ကြောင်း တွေ  ့ရှိရသည် ။

အက်ဒီဆင် နှင့် တက်စလာ တို ့၏ လုပ်ရပ်များသည် ဖြောင့်ဖြောင့်ကြီး ဆန် ့ကျင်ဘက် ဖြစ်သည် ။

အက်ဒီဆင် သည် အမှန်၌ သိပ္ပံပညာရှင် (သို ့မဟုတ်) တီထွင်ထုတ်လုပ်သူ မဟုတ်ခြင်းကို သူ၏ လက်သုံးစကားဖြစ်သော သိပ္ပံပညာရှင်များကို ငှားရမ်းအသုံးချနိုင်သည် ဆိုသည့် အချက်က သက်သေပြနေသည် ။

ဤသည်မှာ အက်ဒီဆင် သုံးခဲ့သော အဓိက နည်းလမ်းဖြစ်သည် ။

သူသည် စီးပွားရေး သမား တစ်ယောက် အနေဖြင့် တီထွင်ထုတ်လုပ်သော ပစ္စည်းများကို ကြေငြာသူသာ ဖြစ်သည် ။

သူသည် ယှဉ်ပြိုင်ဘက်များ ထုတ်လုပ်သော ပစ္စည်းများကို ခိုးယူသူလည်း ဖြစ်သည် ။

ထို ့ကြောင့် အက်ဒီဆင် သည် တက်စလာထက် နာမည်ကျော်ကြားခဲ့ခြင်း ဖြစ်သည် ။

အက်ဒီဆင် သည် “ ကျွန်ုပ် ကိုယ်တိုင် တီထွင်မှုများကို ခိုးယူခဲ့သော်လည်း မည်ကဲ့သို ့ခိုးရမည် ကို သိသူဖြစ်သည် ” ဟု သူကိုယ့်သူ မှတ်ချက် ပြုခဲ့သည် ။

မှီငြမ်း : “ Robert Greene ၏ 48 Laws of Power  ” ၊ “ နေဇင်လတ် ၏ ပါဝါ၏ ဥပဒေသ ၄၈ချက် ”

————————-အားလုံးကို ကျေးဇူးတင်ပါသည်————————-

15 comments

  • windtalker

    October 18, 2011 at 8:40 pm

    မနက်ခင်း ဂျာနယ် မှာ အပတ်စဉ်ပါသော ပါဝါ အကြောင်းလေးတွေဖတ် ရင်း စိတ်အရမ်းဝင်စား သွားလို ့ဘုတ်အုတ် ပြေးဝယ်တော့ “ နေဇင်လတ် ရေးတဲ့ ပါဝါ၏ ဥပဒေသ ၄၈ချက် ” စာအုပ် ။“
    ဂျာနယ် မှာ ရေးတာ က တစ်ယောက်ဗျ ၊ ကျုပ် က ဉာဏ်ကကောင်းတော့ နာမည် မမှတ်မိ ။
    နောက်နေ ့မှ ပြန်လာပြီး ကွန်မင့် နဲ ့ဖော်ပြတော့မယ် ။
    ဒါနဲ ့သဲကြီးမဲကြီးဖတ်ရင်း အယ်ဒီဆင် နဲ ့တက်စလာ အကြောင်းတွေ ကို ဟိုတစ်ပုဒ် ဒီတစ်ပုဒ် မှာ နဲနဲချင်းဆီ ဖတ်ရတယ် ။ ဒါနဲ ့ဂူးဂဲ မှာ ပြန်ရှာ ၊ ပုံလေးတွေ ကူးယူပြီး ၊ အားလုံး စုတုပြု ပြီးသကာလ
    မန်းတလေးဂေဇက် ကို ပြေးလို ့
    အများသူငှာ ဖတ်စရာအဖြစ်
    မောင်ပေ သေချာ စုတုပြုလိုက်ရပါကြောင်း ။ တိုက်ပင်း အမှားပါခဲ့ပါက ခွင့်လွှတ်ကြပါ ခင်ဗျား

    Reply

  • ပေါက်ဖော်

    October 18, 2011 at 9:01 pm

    စုံထောက် လန်ဘားရဲ့ ဖော်ထုတ်ချက်အရ..အက်ဒီဆင်ကြီးက တော်တော် အကျင့်မကောင်းတာပဲဗျ
    ဒါပေမဲ့..ဉာဏ်ကောင်းတယ်လို ့ပြောရမှာပေါ့..
    နာမည်ကြီးအောင် လုပ်ယူနိုင်တယ်..
    အတုခိုးဦးမှ..
    ဟွင်း.ဟွင်း.ဟွင်း..

    😡

    Reply

    • windtalker

      October 18, 2011 at 9:04 pm

      ဟေ့လူ..
      ကျုပ် က ဒါမျိုးတွေ ရှိခဲ့ပါလား လို ့
      ကျုပ် သိတာလေး ကို ပြန်ရေးပြရုံသပ်သပ်ပါနော်
      ရင်မောမိတယ်ဗျာ
      ရွာသာယာ

      Reply

      • ပေါက်ဖော်

        October 18, 2011 at 9:24 pm

        နောက်တာပါဂျာ..
        ရင်မောပါနဲ ့..Nikola Tesla အကြောင်းလေးသိရတာပေါ့..
        ကျနော်တော့ခုမှ.သိရတာ…
        😳

        Reply

  • blackchaw

    October 18, 2011 at 9:41 pm

    ဟားဟား ကိုပေ ရေ။
    ဗဟုသုတ ရတာပေါ့ဗျာ။
    နောက် ဒီလို ဟာလေးတစ်ခုရှိသေးတယ်ဗျ။
    တယ်လီဖုန်းကို တီထွင်သူဟာ ဂရေဟမ်ဘဲလ် လို့ လူတွေသိထားကြပေမယ့်
    တကယ်တီထွင်တဲ့လူက အန်တိုနီယို မြူစီ ဆိုတဲ့ လူလို့ ကျွန်တော်
    ဘယ်မှာမှန်းမသိဘူးဗျာ ဖတ်မိတာတော့ အသေအချာပဲ။
    ဂရေဟမ်ဘဲလ်က လူလည်ကျပြီး နာမည်ယူသွားတာလို့ သိထားမိတယ်ဗျာ။
    အမှန်သိသူများ ရှင်းပေးကြပါလို့ ကိုပေ့ကိုတိုင်တည်ပြီး တောင်းဆိုပါတယ်ဗျာ။

    Reply

  • Don Juan Ronald

    October 18, 2011 at 9:48 pm

    ဖတ်ရတာအထူးကျေးဇူးတင်ပါတယ်။

    Reply

  • kocho

    October 19, 2011 at 2:44 am

    ဖတ်ရတာကောင်းလှပါ၏ ဗဟုသုတများရရှိပါကြောင်း

    Reply

  • small cat

    October 19, 2011 at 5:07 am

    လုပ်တော့တစ်ယောက် နာမည်ကောင်းယူတာတစ်ယောက် ဆိုတာ
    ဟိုခေတ်ကတဲကရှိနေတာပါလားဗျို့။

    Reply

  • “ဘီလူးကြီး”ogre

    October 19, 2011 at 7:41 am

    အက်ဒီဆင်လဲမသိ့တောဘူးဗျာ
    အခုတော့ ကျုပ်တို့ရေဒီယိုလက်တဝါးလောက်လေး ဝယ်ပြီနားထောင်နိုင်ခြင်းအတွက်တော့
    တရုတ်ကို ကျေးဇူးတင်ရမယ် တရုတ်ကပဲ ဒီဟာလေးတွေလုပ်ပြီးရောင်းနေတာလေ
    လျှပ်စစ်မီးကတော့ လောပိတ ရေအားလျှပ်စစ်ကို ကျေးဇူးတင်ရမယ်ဗျ
    ကျန်တဲရေအားလျှပ်စစ်တွေကတော့
    ကိုယ်မှမသုံးရတာဗျာ..

    Reply

  • pan pan

    October 19, 2011 at 9:27 am

    အားပေးလိုက်ကြတာ
    ပိုစ့်တစ်ခုလုံး ရဲရဲကိုနီနေတာပဲ 🙁
    ဘာကြောင့်ပါလိမ့် 🙄
    (နီတာတွေပြန်likeလိုက်တယ်)
    ————————————–
    ဒီလိုပါပဲ
    စာမေးပွဲမှာလည်း အောင်တဲ့သူ၊ အမှတ်များသူက သာသွားတာပဲ
    ဘယ်လိုနည်းနဲ့ပဲ အောင်အောင် 🙄

    Reply

    • pan pan

      October 19, 2011 at 9:30 am

      အနီတွေပျောက်သွားဘီ
      ကျွန်မမလုပ်လိုက်ရဘူး၊ အဟဲ
      သဂျီးလုပ်ပေးလိုက်တာလားမသိဘူး 🙂

      Reply

  • inz@ghi

    October 19, 2011 at 10:59 am

    ဖတ်ရတာ အရသာ ရှိပါ့ …
    အဲ့ရာကြောင့် ဆြာပေ က ဆြာ ပါပဲ လို့ပြောတာပေါ့
    ခင်တဲ့
    Guy Inz@ghi

    Reply

  • etone

    October 19, 2011 at 11:05 am

    ဗဟုသုတရတယ် ကိုပေရေ …
    တကယ့် ပညာရှင်ကို မသိခဲ့ကြပဲ … အယ်ဒီစင်ကိုသာ သိခဲ့တဲ့လူများတယ် 🙁

    Reply

  • ရွှေဘိုသား

    October 20, 2011 at 1:42 pm

    ကိုပေ ကောင်းမှုကြောင့် အကြောင်းအရင်းကို စုံစုံလင်လင် သိရပါပြီဗျာ ကျေးဇူးပါ နောက်လည်း ရှာပါအုံး

    Reply

  • နွယ်ပင်

    October 20, 2011 at 1:48 pm

    ဖတ်ရတာ ဗဟုသုတ ရပါပေတယ် မေပေါင်ရေ
    အခုလို စုတုပြုလေး ရေးသားပေးတာ ကျေးဇူးပါ …………..

    Reply

Leave a Reply to pan pan Cancel Reply

Your email address will not be published.