ရန်ကုန် တက္ကသိုလ်ကို ကယ်တင်ကြပါ။

black chawOctober 17, 20111min060

[polldaddy poll=5589554]
လေးစားရပါသော kai ခင်ဗျား။

ဒီရက်ပိုင်း လှိုင်နယ်မြေသမိုင်းဝန်းထဲကို ရောက်တော့  အင်းလေးဆောင်ရှေ့မှာ ဆောက်လုပ်ဆဲ လုံးချင်းအိမ်ယာ စည်မံကိန်းတစ်ခု ကိုတွေ့မိတယ်ဗျာ။

Parami Resident ဆိုတာကြီး တစ်ခုကိုလည်း တွေ့ခဲ့ရပါတယ်။ ကျွန်တော်တို့ ရန်ကုန်မြို့မှာ အိမ်ယာတည်စရာ ဒီလောက်

ရှားနေပြီလားဗျာ။ စီးပွားရေးတက္ကသိုလ် လှိုင်နယ်မြေရှေ့ ကိုရောက်တော့ ဆိုင်းဘုတ်တော့ ချိတ်ထားသေးတယ်ဗျ။ ဂိတ်ပေါက်မှာ

မေးကြည့်တော့ ဒီမှာ ဒီပလိုမာ တန်းတွေပဲ ဖွင့်တော့တယ်တဲ့။  ဟိုဘက် လှိုင်နယ်မြေထဲမှာ ကျတော့ တီတီစီ က မူလတန်းကျောင်းသား

လေးတွေ တက်နေကြတယ်ဗျာ။ တက္ကသိုလ် ကျောင်းသားဘဝဆိုတာ ဘဝမှာ တကယ် အထွတ်အထိပ် ဂုဏ်ယူရတဲ့ ကာလတိုလေးတစ်ခုပါ။

လူငယ်လေးတွေဟာ တက္ကသိုလ် ကျောင်းသားဘဝကို စိတ်ကြည်နူးချမ်းမြေ့စွာ ပညာသင်ယူလို့ ရတဲ့ နေရာမျိုးလေးမှာ ဖြတ်သန်းချင်ရှာ ကြမှာပဲ။

ဖြတ်သန်းခွင့်လည်း ရသင့်ကြပါတယ်။

လွမ်းစရာ အတိတ်ရှိမှ လွမ်းလို့ရတာပါ ဆရာ kai ရေ။ ကျွန်တော်တို့ တသသပြောနေကြတဲ့ ကြည်နူးစရာ အတိတ်ဆိုတာမျိုးကို

ဒီခေတ်ကလေးတွေအတွက် ကျွန်တော်တို့က လက်ဆင့်ကမ်းပေးသင့်တယ် မဟုတ်လားဗျာ။

ငွေရဘို့ တစ်ခုတည်းကြည့်ပြီး ဒီနေရာတွေကို ရောင်းမစားသင့်ပါဘူးဗျာ။ ဧရာဝတီကိုတောင် ကျွန်တော်တို့ ပြည်သူတွေ ကယ်တင်ခဲ့ကြပြီးပါပြီ။

ရန်ကုန် တက္ကသိုလ် နဲ့ အရင်က RC 1, RC2, RC3 တွေကိုလည်း တတ်နိုင်သလောက်ပေါ့လေ။ ကယ်တင်ဘို့ ကြိုးစားသင့်တယ်လို့

ကျွန်တော် ထင်ပါတယ်။ အင်းစိန်မှာ ရှိတဲ့ နာမည်ကျော် စက်မှု တက္ကသိုလ်ကြီးကိုလည်း မေ့မထားသင့်ပါဘူး။

ကြည့်မြင်တိုင်နယ်မြေဆိုလည်း အခြေခံပညာ ဦးစီးဌာနက အခိုင်အမာ နေရာယူထားပြီးနေပါပြီ။

အားလုံးမေ့နေကြမယ်ထင်လို့ သတိပေးတာပါ။ တာဝန်ရှိတယ်ဆိုတဲ့ လူတွေက တန်ဘိုးထားရကောင်းမှန်း မသိရင်လည်း

တန်ဘိုးထားရကောင်းမှန်းသိအောင် ဆရာ kai တို့လို လူတွေက Knowledge ထည့်ပေးစေချင်ပါတယ်။

နောက် ဆရာမောင်သာရ မွေးနေ့ကို ဆရာ kai သွားတက်မယ်လို့ သိထားပါတယ်။

အဲဒီမှာလည်း ဒီအကြောင်းလေးကို ကျေးဇူးပြုပြီး highlight လုပ်ပေးပါလို့ ခင်မင်ရင်းနှီးစွာ တောင်းဆိုချင်ပါတယ်။

မေ့များမေ့နေကြသလားလို့ပါ။

အဲဒီအတွက် Poll တင်ပေးတာကိုလည်း ကျေးဇူးတင်ပါတယ် ဆရာ kai ရေ။

လေးစားစွာဖြင့်

BLACKCHAW

 

သမိုင်းဝန်းထဲက ပါရမီ Resident

 

မှတ်ချက်။  ။ အက်ဒ်မင်မှ Poll ကို ပူးတွဲထည့်ထားပါသည်။

60 comments

  • blackchaw

    October 25, 2011 at 4:53 pm

    ကွန်းမန့် တွေအတွက် ကျေးဇူးတင်ပါတယ် Ko Ko Aung ခင်ဗျား။
    အပြုသဘောဆောင်သော အမြင်များလို့ ကျွန်တော် ယုံကြည်ပါတယ်။

    Reply

Leave a Reply

Your email address will not be published.