ဘယ်တော့ လက်ထပ်ဖြစ်မှာလဲ???

စဆရ ႀကီးOctober 17, 20111min031

လူရယ်ဟု ဖြစ်လာပြီဆိုကတည်းက လူသားပီသစွာ ချစ်ခြင်းမေတ္တာကို စတင်ခံစားလာတတ်ခဲ့ကြသည်မှာ ဆယ်ကျော်သက်အရွယ်ကပင်ဖြစ်သည်။ အချိုးအကွေ့များလွန်းသော လူ့ဘဝကြီးတွင် သံသရာ အကွေ့ပေါင်းများစွာဝယ် ကြုံဆုံခဲ့ရသော ချစ်သူများလည်း မနည်းတော့ပေ။ ငယ်နုစဉ်ကာလသည်ကား မိမိချစ်ခင်နှစ်သက်သူများအား ချစ်သူဘဝဖြင့် ချစ်နေရခြင်းသည်သာ အကြီးမားဆုံးမျှော်လင့်ချက်ဖြစ်ပြီး အကောင်းဆုံးသော အနာဂါတ်များကို စိတ်ကူးယဉ်ပုံဖော်ကြည့်ကြခြင်းသာဖြစ်သည်။ စိတ်အလိုလိုက်ကြသူသက်သက်သာ ချစ်ခြင်း၏ဆုံးခန်း၊ ထိမ်းမြားလက်ထပ်ခြင်းသို့ မလျှော်မကန်နည်းလမ်းများဖြင့် ရောက်ကြခြင်းဖြစ်တော့သည်။ ချိန်းတွေ့ရာမှ မပြန်ရဲကြတော့ခြင်းကြောင့်လည်းကောင်း၊ မိဘများ၏ ကိုင်တွယ်ပုံ ညံ့ဖျင်းခြင်းကြောင့်လည်းကောင်း၊ ဘေးပါတ်ဝန်းကျင် ပယောဂကြောင့်လည်းကောင်း၊ အစရှိသည့် အကြောင်းအရာများစွာကြောင့်သာ နည်းလည်းတစ်ကျမဟုတ်ဘဲ အိမ်ထောင်ကျခြင်း ဖြစ်ကြတော့သည်။ အဆင်ပြေကြသည်များလည်းရှိပါ၏၊ အဆင်မပြေကြသည်မှာလည်း အတော်များသည်။ ယေဘူယျအားဖြင့် မိဘများ အိမ်ထောင်ပြုသည့်အသက်အရွယ် အပိုင်းအခြားတွင် သားသမီးများသည်လည်း အိမ်ထောင်ပြုကြခြင်းဖြစ်သည်ကို အတော်လေး သတိထားမိသည်။ ကျွန်ုပ်တို့ ရှေ့လူကြီးများမှာ ယောကျာ်းလေး အသက် ၁၈ နှစ်၊ မိန်းကလေး အသက် ၁၄ နှစ်ခန့်တွင် အိမ်ထောင်ပြု၊ ကလေးများ တစ်ပြွတ်ပြွတ်မွေး၊ မိသားစု ၁ဝ ယောက်စာခန့်ကို အိမ်ထောင်ဦးစီးဖြစ်သူတစ်ယောက်၏ ဝင်ငွေဖြင့် ခါးလှအောင် မဆင်နိုင်သော်လည်း ဝမ်းဝအောင်တော့ ကျွေးနိုင်ခဲ့ကြသည်သာဖြစ်သည်။

ယနေ့လူငယ်အများစု (အိမ်ထောင်ကျသွားသူ အများစု)မှာ သူတို့ ငယ်ရွယ်စွာ အိမ်ထောင်ကျရခြင်းအကြောင်းကို မိဘများကိုသာ လက်ညှိုးထိုး အပြစ်ဖို့ကြခြင်းပြုကြသည်။ ငယ်ငယ်ရွယ်ရွယ်နှင့် အိမ်ထောင်ကျပြီဆိုသည်နှင့် ဘယ်မိဘအိမ်တက်နေရမလဲ၊ ဘယ်သူ့အထောက်အပံ့နဲ့ ရပ်တည်ရမလဲဟုသာ စဉ်းစားကြခြင်းဖြစ်သည်။ ထောက်ပံ့ပေးနိုင်သော မိဘများရှိလျင်တော့တော်သေး၏။ မရှိလျင်တော့မူကား လက်တွေ့ လူ့ဘဝကြီးထဲကို အသိပညာ၊ အတတ်ပညာ မပြည့်စုံကြသည့် လူမမယ်အရွယ်နှစ်ယောက် မိုက်မိုက်ကန်းကန်း တိုးဝင်ကြခြင်းသာဖြစ်ကြမည်။ အရာရာ ပြည့်စုံနေချိန်တွင်မတော့ အချစ်သည်သာ ကိုးကွယ်ရာ၊ အချစ်နှင့်သာ အရာရာ ပြည့်စုံရာဟု ထင်ကြသော်လည်း လူတစ်ယောက်၏ အခြေခံအကျဆုံးလိုအပ်ချက်များဖြစ်သည့် စား၊ ဝတ်၊ နေရေး တစ်ခုမှ မပြည့်စုံကြသည့်အခါ အသက်တမျှ ချစ်ခဲ့ကြပါသည်ဟူသော၊ တူနှစ်ကိုယ် တဲအိုပျက်မှာ နေရနေရ၊ ထမင်းရည်ပူ အတူလျက်ရ လျက်ရဆိုပြီး ချစ်ခင်နှစ်သက်ခဲ့ကြသည့် အရင်းနှီးဆုံး သူစိမ်းလူသားနှစ်ယောက်၏ ဘဝရှေ့ရေးသည်ကား လှပလာနိုင်ပါဦးမည်လော..။

လူလတ်တန်းအရွယ်သို့တိုင် ရောက်လာသည့် ကျွန်တော့်အဖို့မူကား အချစ်နှင့် အသိတရား လွန်ဆွဲနေခြင်းအားဖြင့် ကိုယ်ပိုင်မိသားစုလေးတစ်ခုကို ဖန်တီးဖို့ရာ မဝန့်မရဲ ဖြစ်နေရတော့သည်။ နောက်ပြန်လှည့်ကြည့်လို့မှ ကိုယ့်ကျော ကိုယ်သာ ပြန်မြင်နိုင်သည့်လူတစ်ယောက်အတွက် အိမ်ထောင်ပြုခြင်းဆိုသည်မှာကား လွန်စွာမှပင် သတိပြုရမည့် အခြေအနေဖြစ်သည်။ ဖိုးသူတော်လဲလျင် တောင်ဝှေးဖြင့် ပြန်ထူနိုင်သော်လည်း တောင်ဝှေးလဲလျင်တော့မူ ဖိုးသူတော် ထူခြင်းငှာ တတ်နိုင်တော့မည်မဟုတ်ပေ။ လက်ထပ်သည်မှာ လွယ်ပါ၏။ လက်ထပ်ပြီးနောက်ပိုင်းသည်သာ ခက်တော့သည်။ လက်ထပ်ပြီးသည်နှင့် တစ်နယ်စီခွဲနေရန်ကား လွန်စွာမဖြစ်နိုင်ပေ။ ကိုယ့်ရှေ့တွင် နမူနာယူစရာများ များစွာ တွေ့ခဲ့ဖူးသဖြင့် မြန်မာနိုင်ငံတွင် လူတန်းစေ့နေနိုင်ရေးအတွက် မည်သည့်အလုပ်ကို လုပ်ကိုင်ရမည်ဆိုသည်မှာကား တွေးမတတ်အောင်ဖြစ်သည့်အတွက် ယခုနှစ်တွင် အများသူငှာ ဖိတ်စာများဝေငှနေချိန်တွင် ကိုယ့်ကိုယ်ကိုသာ ပြန်မေးခွန်းထုတ်နေမိတော့သည်။

ဘယ်တော့ လက်ထပ်ဖြစ်မှာလဲ….. ဟု။

31 comments

  • ကြောင်ကြီး

    October 17, 2011 at 7:37 am

    လက်ထပ်တယ်ဆိုတာ
    ပကာသန၊
    စေ့စပ်တယ်ဆိုတာ
    အပိုအလုပ်၊
    အတူနေမိတဲ့အခါ
    အကဲ့ရဲ့ခံရ၊
    မတို့မထိထားပြန်တော့
    ဘယ်ခွေးဝင်စားသွားမှန်းမသိ၊
    ဆိုတော့.. ဆိုတော့…
    ခိုးစားအေးရော..။ 🙂

    Reply

  • small cat

    October 17, 2011 at 7:53 am

    ကြောင်လတ်ကူးချထားတဲ့စာထဲမှာ “ဆင်းရဲခြင်းက တံခါးမကြီးက ဝင်လာတဲ့အခါ၊
    ချစ်ခြင်းတ္တောဟာ ပြူတင်းပေါက်ကထွက်ပြေးတယ် “တဲ့
    ချစ်ခြင်းမေတ္တာကထွက်ပြေးတဲ့အခါ နှစ်ယောက်ကြားမှာချီနှောင်ထားတဲ့ တဏှာကြိုးပြတ်ပြီး
    ခွာပြဲသွားတဲ့ ကျွန်တော်အသိအကျွမ်းထဲက ကလေးစုံတွဲတွေ အများကြီးမှ အများကြီးပါ။

    Reply

  • Yin Nyine Nway

    October 17, 2011 at 8:40 am

    တောင်တွေးမြောက်တွေး….လျှောက်တွေးနေရင်တော့
    ဒီတသက် လူပျိုကြီးဖြစ်ရော့မယ်
    မတွေးပဲဇွတ်လုပ်ပြန်တော့
    တောင်ဖြစ်..မြောက်ဖြစ်နဲ့
    အကွဲကွဲ…အလဲလဲ တွေဖြစ်တော့မယ်
    ဒီတော့ စဉ်းစား
    အကွဲကွဲ အဖြစ်ခံမလား…
    ငှက်ပြောတုံး ဖတ်အိပ်မလား…
    :):0

    Reply

  • koyinmaung

    October 17, 2011 at 9:02 am

    အကောင်းဆုံးကတော့သာသနဘောင်ဝင်လိုက်ပါ…
    ဘယ်တံခါးပေါက်ကလဲမထွက်ဘူး ဘယ်ကြိုးမှလဲမပြတ်တော့ဘူး
    အမယ်…..ရွာသားတွေကလဲသာဓုခေါ်ကြအုံးမှာနော်..
    ရှုံးနိမ့်ဘို့လဲနောက်မရှိ..အမြတ်ထွက်ဘို့သာရှိ..ဟီဟိ

    Reply

    • Moe Z

      October 17, 2011 at 9:28 am

      koyinmaung အပါအဝင် ရွာသားတွေထဲက သာသနာ့ဘောင်ဝင်မယ်ဆိုရင် မိုးစက်ကုသိုလ်ယူပါရစေ 🙂

      Reply

  • chityimhtoo

    October 17, 2011 at 9:15 am

    အမှန်တစ်ကယ်တော့ ကျွန်တော်အပါအဝင်လူတွေအားလုံးကတွေးပြီးကြောက်နေကျတာပါဗျာ။လူတစ်ယောက်
    မလုပ်နိုင်တာဘာမှမရှိပါဘူး။လူတစ်ယောက်ဒိုက်ထိုးတာ ၁၀ဝ မရဘူး၊မယုံရင်စစ်ထဲထည့်
    ကြည့်လိုက် အခါ၁၀ဝ ဆိုလည်းရအောင်ထိုးမှာဘဲ။လောကကြီးကလူတွေကိုခံနိုင်ရည်
    ရှိအောင်လေ့ကျင့်ပေးပြီးသားပါ။တစ်ခါတစ်လေကျတော့ အနာဂါတ်ကိုအရမ်းကြီးမျှော်လင့်ထားရင်
    လက်ရှိဘဝရဲ့ပျော်စရာတွေကိုဆုံးရှုံးရတတ်ပါတယ်။

    Reply

  • kai

    October 17, 2011 at 10:07 am

    ဘာမှမစဉ်းစားနဲ့ဟေ့..
    အသက်က ခဏဆိုပြီး မစောင့်နေဘူး..
    ယူ..ယူ..မြန်မြန်ယူ…။
    အပြည့်အဝခံစား…။

    သားသမီးလည်း ယူ..။
    ဘဝကို အတူတူရင်ဆိုင်…။
    ငွေအတွက် မစိုးရိမ်နဲ့..။ တယောက်လုပ်တာထက်စာရင်.. ၂ယောက်အလုပ်လုပ်တာက.. ဝင်ငွေပိုများတယ်..။

    Reply

    • manawphyulay

      October 17, 2011 at 10:14 am

      သူဂျီးက ငွေအတွက် မစိုးရိမ်နဲ့ဆိုတော့ ပေးတော့မယ်ထင်တယ်။ ဒိလိုဆိုတော့လည်း ရွာသဂျီးပီသပါပေတယ်။ သီတင်းကျွတ်ယူမည့်သူများ သဂျီးဆီမှာ စာရင်းလာတင်ထားပါ။ အရင်ဆုံးတင်တဲ့သူ အရင်ဆုံးရမယ်တဲ့….. 😛

      Reply

    • youngcat

      October 18, 2011 at 5:42 pm

      When a man marries, his trouble begins.
      ယောကျားသည် အိမ်ထောင်ပြုသောအခါဒုက္ခစရောက်တော့၏။

      Advice to those about to marry is “Don’t”.
      အိမ်ထောင်ပြုတော့မယ့်သူအတွက် အကြံပေးချက်ကတော့ “မပြုနဲ့”။

      သူကြီးမင်းခင်ဗျာ၊ ဘာကိုအပြည့်အဝခံစားခိုင်းတာလဲ၊သေချာလေးရှင်းပြပေးပါ။

      Reply

  • manawphyulay

    October 17, 2011 at 10:13 am

    တစ်နေ့ နေ့တော့ ဖြစ်လာလိမ့်မည်….
    အရာရာအားလုံးပြီးပြည့်စုံတယ်ဆိုတာ ဘယ်ရှိလိမ့်မလဲ။ တောင်တွေးမြောက်တွေးလူတွေရဲ့စိတ်ကူးကတော့ တစ်နေ့နေ့တော့ ဖြစ်၍လာလိမ့်မည်ဟုသာ ပြောချင်ပါတော့သည်။ ဘဝဆိုတာ လွယ်လွယ်လေးတွေးလို့ရတဲ့အရာမဟုတ်တော့လည်း ဖြစ်ချင်တိုင်းလည်း မဖြစ်၊ မဖြစ်ချင်တိုင်းလည်း မဖြစ်ဘဝတွေလို့သတ်မှတ်ထားပါသည်။

    Reply

  • parlayar46

    October 17, 2011 at 11:59 am

    သိပ်မစဉ်းစားနဲ့ မောင်ရှုံးရေ………….
    အိမ်ထောင်ရေးဆိုတာ စဉ်းစားလို့ရတဲ့ အဖြေမျိုး ဘယ်တော့မှမထွက်ဘူး။
    သူ့ဟာသူ ကြိုက်သလို အဖြေထွက်လာတာ။ (factor တွေများတယ်)

    မောင်ရှုံးလို နိုင်ငံခြားပြန်မပြောနဲ့
    လောလောဆယ်စားစရာနေစရာရှိရင်ကို မြန်မြန်သာ အိမ်ထောင်ပြုလိုက်ကြသင့်တယ်။
    အိမ်ထောင်ကျပြီးရင် ပို်ရဲရင့် ပိုကြံ့ခိုင် ပိုအလုပ်ဖြစ်လာတာ သဘာဝပဲ။
    တာဝန်က လူကိုသွေးပေးတာ
    တာဝန်ကိုမကြောက်ကြပါနဲ့………………..လို့။

    Reply

    • တာဝန်ကိုကြောက်နေခြင်းဆိုတာထက် တာဝန်မယူနိုင်မှာကို ပိုတယ်လို့ပြောရင် မှန်မလားပဲ.. ကို်ယ့်ဘဝကြမ်းတမ်းခဲ့သလောက် ကိုယ်နဲ့နွယ်စပ်လာမယ့် ကိုယ့်ဇနီး၊ သား/သမီးတွေ ဘဝကို အေးအေးလူလူ ဖြတ်သန်းပြီး လူသားတစ်ယောက်ပီသစွာ ဖြတ်သန်းခွင့် ရစေချင်လို့ပါ..

      Reply

  • hmee

    October 17, 2011 at 2:03 pm

    မယူပါနဲ့လို့ ပြောရင် သူကတော့ ယူပြီးတော့လို့ အပြောခံရမယ်။ ယူပါပြောရင်လည်း မြှောက်ပေးရာ ဖြစ်မယ်။ 🙂 ယူချင်တဲ့ ဆန္ဒရှိရင် ယူပြစ်လိုက်ပါ။ သူ့ဟာသူ ဖြစ်လာမှာပါ။ လူမတတ်ပေမဲ့ လက်ဖက်ထုတ်ကတော့ တတ်ပါတယ်။ မြှောက်ပေးတာ။ 🙂

    Reply

  • etone

    October 17, 2011 at 2:53 pm

    ကိုရှုံးပြောတာလည်း ဟုတ်ပါတယ် … အသက်ရွယ် ငယ်ငယ် ပညာရှာ ရမယ့်အရွယ် ဒီအိမ်ထောင်ဆိုတာကြီးကျလျှင် ကိုယ့်ခြေထောက်ပေါ်တောင် ကိုယ်မရပ်နိုင်ပဲ … မိဘကို ဝန်ပိုပိစေပြန်တာပေါ့ … ။ လူဖြစ်မြန်နေတဲ့ ဒီခေတ်ထဲ ဘယ်လိုပြောရမလဲ သားသမီးမြီးကောင်ပေါက်ကို ထိန်းရခက်လွန်းလို့ ကြိုးနဲ့ တုပ်အိမ်တိုင်မှာ ချည်ထားလို့လည်း မရတော့ …သတိနဲ့ ယှဉ်ပြီး အိမ်ထောင်ပြုခြင်းရဲ့ အကျိုး အပြစ်တွေ နှိုင်းယှဉ်ပြသင့်တာ … ။ ဒါကတော့ ငယ်ငယ်ရွယ်ရွယ် အိမ်ထောင်ပြုချင်တဲ့ လူတွေအတွက်ပါ .. ငယ်ငယ်ရွယ်ရွယ်အိမ်ထောင်ကျတဲ့ လူတွေ မမြဲတာများတယ် .. စိတ်ဆတ်တဲ့ အရွယ်ဆိုတော့ … တော်ကြာချစ်လိုက် ၊ တော်ကြာ ပစ်လိုက် ဖြစ်တတ်တာတွေ မြင်ခဲ့ဖူးလို့ပါ … ။

    အိမ်ထောင်ပြုရမယ့်အရွယ်ရောက်လာတဲ့ အခါမျှော်လင့်ထားသလို ဖြစ်မလာမှာ စိုးရိမ်တာ … ၊ မိမိရှာသမျှ အိမ်ထောင်တစ်ခု ထိန်းသိမ်းဖို့ မလုံလောက်သသေးဘူးထင်တာ … စသဖြင့် အကျိုးအပြစ်တွေကို ဆန်းစစ်ရင်း … အ ချိန်တွေ ကုန်လာခဲ့တာ …. လူပျိုကြီး ၊ အပျိုကြီး စာရင်းထဲ ရောက်မှန်းမသိရောက်ကုန်တော့တာပါပဲ … ။ 😛

    Reply

  • pooch

    October 17, 2011 at 4:25 pm

    တုံမမတို့ ပြောတာ မှန်လိုက်တာတော်… 🙂
    ရှုးံလူရေ အတွေးများရင် ဝေးသွားလိမ့်မယ် …(ကိုယ်တွေ့ ကိုယ်တွေ့ ) 🙂 တကယ်ချစ်ရင် ခုန်သာချလိုက်တော့… အကျမတော်ရင်တာ့ ကိုယ်ဖြစ်ကိုယ်ခံနော် … ကိုယ်တွေနဲ့ မဆိုင်ဘူး ..ဒီက မြှောက်ပေးယုံသက်သက်… 🙂

    Reply

  • aungnng87

    October 17, 2011 at 4:39 pm

    ကိုယ့်အသက်ကမငယ်တော့ဘူးဆိုရင်သိပ်မစဉ်းစားနဲ့တော့။ ယူပလိုက်။ယူဖြစ်ဖို့သာအဓိက။ ယူပြီးသွားရင်သူ့ဟာသူဖြစ်သွားလိမ့်မယ်။ သိပ်မကြီးသေးဘူးဆိုရင်တော့စဉ်းစားလို့ရသေးတယ်။အလုပ်ရှာလုပ်ပြီးငွေစုအုံး…

    Reply

  • ရာဇဝင်လူဆိုး

    October 17, 2011 at 5:43 pm

    ဖြစ်နိုင်ရင်၊ အဲ..နေနိုင်ရင်တော့ စီးပွားရေး ၊ လူမှုရေး၊ ဘဝအတွေ့အကြုံကအစ stable ဖြစ်မှ ယူသင့်ပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ အိမ်ထောင်ပြု၊ သားမွေး။ ကဲပြီးရင် အရာရာအဆင်မပြေတဲ့အချိန်မှာ ကိုယ်သားသမီး၊ ကိုယ့်မျိုးဆက်ကို ပညာရေး၊ အနာဂါတ်ဘဝ ကောင်းအောင် မြေတောင်မြှောက်မပေးနိုင်ဘူးဆိုရင် ဗမာပြည်မှာလဲ ခပ်ညံ့ညံ့မျိုးဆက်တွေပဲ ပေါ်ထွန်းလာမှာပါ။ ဒါကြောင့် အိမ်ထောင်ပြု သားမွေးခြင်းနှင့် ဗမာပြည်အရေး တိုက်ရိုက် ပတ်သက်နေပါသောကြောင့် စဉ်းစားဆင်ခြင် သင့်ပါကြောင်း …မ…ဆို ယောင်းမတောင် ယောင်လို့မကိုင်ဘူးတဲ့ ကျုပ် အကြံပေးလိုက်ပါသည်။
    မှတ်ချက်။ ။ လူချမ်းသာ သားသမီးများ ဤကွန်မန့် နှင်. လားလားမျှမဆိုင်ပါ။

    Reply

  • phoe san.ktn

    October 17, 2011 at 5:58 pm

    လက်ထပ်တာကလွယ်ပေမဲ့ နှစ်ကိုယ်တူဘဝ ခရီးမှာတော့ အခက်အခဲလေးတွေတော့ ရှိပါတယ် ဒါတွေကို နှစ်ရောက်ရင်ဆိုင် ဖြေရှင်းနိုင်ဘို့ပဲ အရေးကြီတယ်

    Reply

  • naywoonni

    October 17, 2011 at 8:52 pm

    ရှုံးကသာ လက်ထပ်ဖို့ခက်ခဲနေ…။ အရပ်ထဲမှာတော့ သီတင်းမှမကျွတ်ချင်သေးဘူး…။ နေတိုင်း မနက်သုံးနာရီလောက် မင်္ဂလာဆောင်က စက်ထထ ဖွင့်နေလို့ စိတ်ညစ်လှပြီ…။ ရှုံးရေ… ပရဟိတ ကျောင်းမှာ ဆွမ်းကျွေး ရုံးတက်လက်မှတ်ထိုး ဒါအကောင်းဆုံးပဲ…။ သူတစ်ပါး ဒုက္ခ ပေးရာမကျတော့ဘူးပေါ့………..။

    Reply

    • ဘဝကို အဲလိုရိုးရိုးလေးပဲ စတင်ချင်ပေမယ့်လည်း မိန်းကလေးဆိုတာကလည်း တစ်သက်မှာ တစ်ခါ၊ တစ်မင်္ဂလာဆိုတော့လည်း…..

      Reply

  • Foreign Resident

    October 18, 2011 at 5:14 am

    ၃ဝ မကျော်သေးရင်တော့ ငွေစုဖို့ အချိန်ယူနိုင် ပါသေးတယ် ။
    UAE လား Quater လား ???
    ခေါ်ပြီး အတူတူ အလုပ်လုပ်လို့ မရဘူး လား ???

    နိုင်ငံခြား မှာ အကြာကြီး အလုပ်လုပ်ခဲ့တဲ့ လူတယောက် အနေနှင့်
    မြန်မာပြည် ပြန်ပြီး အလုပ်လုပ်ရင် ဘဝပျက်ဖို့ ၇၅% ရှိပါတယ် ။

    ဘဝ တစ်ခုလုံးပျက်ပြီး ယောင်တောင်တောင် နှင့် ပွဲပြီးသွားရတဲ့
    နိုင်ငံခြားပြန် တွေ အများကြီး အများကြီး တွေ့ဘူးပါတယ် ။

    ပိုက်ဆံပိုက်ပြီးပြန်လာတဲ့ နိုင်ငံခြားပြန် တွေကို သပ်သပ်
    အမဲဖျက်ဖို့ စောင့်နေတဲ့ သူတွေ မြန်မာပြည် မှာအများကြီးပါ ။

    Reply

    • MaMa

      October 18, 2011 at 7:52 am

      (ပိုက်ဆံပိုက်ပြီးပြန်လာတဲ့ နိုင်ငံခြားပြန် တွေကို သပ်သပ်
      အမဲဖျက်ဖို့ စောင့်နေတဲ့ သူတွေ မြန်မာပြည် မှာအများကြီးပါ ။)
      FR ကြီး ဒီနေရာမှာတော့ လွဲနေပြီထင်တယ်။ ဘယ်နိုင်ငံမှာမဆို အခြေအနေတခု ကျကျနနဖြစ်ဖို့ ခက်ပါတယ်။ နိုင်ငံခြားမှာချည်းပဲ မဟုတ်ဘူး။ မြန်မာပြည်မှာလည်း အလုပ်အကိုင်တခု ထူထောင်ဖို့ အခြေကျဖို့ ခက်ပါတယ်။ ပိုက်ဆံပိုက်ပြီး ပြန်လာတဲ့ နိုင်ငံခြားပြန်တွေဆိုမှတော့ အနည်းနဲ့ အများ အသက်ကြီးပြီလို့ ပြောနိုင်ပါတယ်။ သစ်မင်း ရေးတဲ့ midlife crisis တွေလည်း ဖြစ်ဖို့ များပါတယ်။ ဒါပေမယ့် နိုင်ငံခြားက သိလာ ရလာတဲ့ ပြည်တွင်းက လူတွေထက်ပိုတဲ့ ဆန်းသစ်တဲ့ အတွေ့အကြုံ နည်းပညာတွေကို အသုံးချပြီး အောင်မြင်နိုင်ပါတယ်။ (ဂျပန်ကလို့ ထင်တာပဲ) ပြန်လာတဲ့လူက အခု ဒီမှာ ကိတ်မုန့်ဖုတ်ရောင်းတာ စီးပွားဖြစ်လောက်အောင် အရမ်းအောင်မြင်နေပါတယ်။ သူ့မုန့်က သူများထက် ဈေးကြီးပေမယ့် သူများဆိုင်တွေက သူ့လိုအရသာမပေးနိုင်တော့ (သူ့နည်းပညာနဲ့သူ) အောင်မြင်မှုကို ထူးထူးခြားခြား ရသွားတာပေ့ါ။
      (ကျမကိုယ်တိုင်လည်း ဈေးကြီးတယ်လို့ ငြီးငြူပြီး အမြဲစားဖြစ်လို့)
      😀

      Reply

      • ကြောင်ကြီး

        October 18, 2011 at 9:17 am

        မထင်နဲ့ မြန်မာ့မီးရထားရေ.. အဲဒီလိုမျိုးတွေ တွေ့ခဲ့ဖူးတယ်။ နိုင်ငံဂျားကနေ ငွေထုပ်ပိုက် [သိန်းရာဂဏန်းကိုပြောတာပါ 🙁 ] ပြန်လာပြီး လုပ်ငန်းတွေမှာ အရင်းအနှီးလိုက်ထည့်ဖို့ ကြိုးစားသူတွေရှိတယ်။ ကိုယ်ပိုင်လုပ်ရလောက်အောင် အတတ်ပညာလည်းမရှိ၊ အတွေ့အကြုံလဲ နည်း၊ ဟိုမှာလုပ်ခဲ့တဲ့အလုပ်က မြန်မာပြည်မှာ ပြန်လုပ်စားလို့မရ ဆိုတော့ သိကျွမ်းတဲ့ သူဌေးတွေဆီချဉ်းကပ်ပြီး ရှယ်ယာထည့်ဖို့ ချဉ်းကပ်ကြတယ်။ အဲဒီမှာ လိမ်စားသူ၊ ဂွင်ဖန်သူ၊ အင်ထည့်သူတွေ အမျိုးမျိုးနဲ့ တွေ့ပါတယ်။ တကယ်ရိုးသားသူရှိသလို ရှုံးနေတဲ့လုပ်ငန်းကို လက်လွှဲပြောင်းသူ၊ နစ်နေတဲ့သင်္ဘောပေါ်ဆွဲတင်သူကနေ အပျောက်ရိုက်သူ ငလိမ်ကြီးများ အထိရှိပါတယ်။

        Reply

  • weiwei

    October 18, 2011 at 9:55 am

    စဉ်းစားနေလို့ကတော့ စဉ်းစားလို့ကို ဆုံးမှာမဟုတ်တော့ဘူး …. (ကိုယ်တွေ့) …
    မစဉ်းစားလို့ကလဲ မဖြစ်ဘူး …
    အခုမောင်ရှုံးလူ ကိစ္စမှာ အကြံမပေးတတ်တော့ဘူး … 🙂

    Reply

  • စုံ စုံ

    October 18, 2011 at 12:06 pm

    မနေ့ကတောင်သူငယ်ချင်းနဲ့လက်ထပ်တဲ့အကြောင်းပြောဖြစ်သေးတယ် သူကအပျိုကြီးစာရင်းဝင်နေပြီလေ
    လက်ထပ်တယ်ဆိုတာ ကံတရားတခုလို့ထင်တယ်
    ဘာလို့ဆိုတော့ ဘယ်လောက်ဘဲအိမ်ထောင်ပြုဖို့ရည်ရွယ်ထားပေမယ့်
    သူနဲ့ကိုယ်နဲ့ဖူးစာပါဦးမှ ဖူးစာပါသော်လဲအိမ်ထောင်ရေးကံကောင်းလို့သာယာဦးမှ
    တချို့လဲမမျှော်လင့်ထားတဲ့သူနဲ့ဖူးစာဖက်လို့ကံကောင်းသွားတာတွေလဲတွေ့နေရတာဘဲလေ
    သူငယ်ချင်းတယောက်ဆိုငယ်ရည်းစား11နှစ်ကျော်တွဲခဲ့တဲ့သူနဲ့ပြတ်ပြီး
    တူဝမ်းကွဲတော်တဲ့သူနဲ့ဘယ်လိုမှမမျှော်လင့်ထားဘဲအကြောင်းဖက်သွားတာ အခုဆိုအိုကေမှာစိုပြေနေတာဘဲ
    မြှောက်ပေးတယ်လို့မထင်ပါနဲ့ကိုရှုံးလူရေ အသက်အရွယ်ရောက်လို့ယူစရာရှိတာယူသာယူလိုက် 😛
    ကျမအမြင်မှာတော့ လက်ထပ်ပြီးမှသာနွေးထွေးတဲ့မိသားစုဘဝကိုထူထောင်နိုင်တာ
    လက်မထပ်ဘဲနဲ့တော့ ဘယ်လောက်ဘဲနှစ်ကြာအောင်တွဲပါစေ ကြားလေဆိုတာရှိသေးတယ်

    Reply

  • နွယ်ပင်

    October 18, 2011 at 12:17 pm

    ဒီလိုပဲစဉ်းစာမယ်ဆိုရင်တော့ တွေးစရာတွေကတော်တော်များသား
    ကိုယ်တကယ်ချစ်တဲ့သူလေးနဲ့ဆိုရင်တော့ စဉ်းစားတာတွေ တွေးတာတွေကို
    ခဏရပ်ပြီး လက်ထပ်ကြမယ်ဆိုတဲ့ အတွေးကိုပဲတွေးကြည့်ပါလား
    အဆင်ပြေသွားမှာပါ ပြသာနာတွေရှိလာတော့လည်း နှစ်ယောက်အတူ ရင်ဆိုင်ကြပေါ့
    ဟုတ်ဘူးလား ….. 🙂 မြှောက်ပေးကြည့်တာပါ … 😀

    Reply

  • moethidasoe

    October 18, 2011 at 1:35 pm

    လက်ထပ်မယ်ဆိုရင်
    (၁) အသက် ပြည့်ပြီလား
    (၂) ပညာ အသင့်အတင့် ရှိပြီလား
    (၃) စီးပွားရေး ဖူလုံပြီလား
    (၄) အိမ်ထောင်ရေးဗဟုသုတ အသင့်အတင့် ရှိပြီလား
    (၅) ရင့်ကျက်ပြီလား
    လို့ စဉ်းစားကြည့်ပါ တဲ့
    အသက်မပြည့်ရင် ထောင်ဒဏ်
    စီးပွားရေး မဖူလုံသေးရင် (နား)ပူဒဏ်
    အိမ်ထောင်ရေး ဗဟုသုတ နည်းနေရင် မွေးဒဏ်
    ရင့်ကျက်မှု မရှိရင် ခဏခဏ ကွဲဒဏ်

    Reply

  • xman

    October 18, 2011 at 8:45 pm

    အပေါ်ကတယောက်ပြောသလို-
    လောလောဆယ်စားစရာ(စားလောက်တဲ့ဝင်ငွေ)
    နေစရာ(အိမ်ပိုင် သို့မဟုတ် အိမ်ငှားနိုင်တဲ့ဝင်ငွေ) ရှိရင်
    အိမ်ထောင်ပြု လို့ ရပြီထင်တာပါပဲ………….

    ကျန်တာက နောက်မှကြည့်ရှင်းပေါ့
    ကိုယ်ဖြစ်ကိုယ်ခံပေါ့နော……… 🙂

    Reply

  • inz@ghi

    October 19, 2011 at 11:52 am

    ဆြာ ရှုံး…လူရေ …
    ကျနော်ကတော့ ဝမ်းစာပြည့်ရင် တချိန်ချိန် ရန်ကုန်ပြန်ပီး ဒါ့ပုံရိုက်စားမယ် စိတ်ကူးတာပဲ …
    ခုတော့ ပြောင်းတွေ ပိုက်ပိုက်တွေ ပညာတွေ စုတုန်း…
    ကြားရက်တွေ ပင်မ အလုပ် ဆက်လုပ်မယ် ဗျာ …sat,sun တွေ မော်လဒယ်လေးတွေနဲ့ outdoor တွေထွက် ခစ်ခစ်..
    (အရသာရှိထှာ…)

    မိန်းမကတော့ ဝတ်မှုန်ရွှေရည် မျက်နှာ သင်ဇာဝင့်ကျော် ကိုယ်လုံးနဲ့ အေးချမ်းမေ အသံ ရှိတဲ့ အမျိုးသမီးမျိုးတွေ့ရင်
    ယူမယ်ဗျာ ၂ယောက်လောက်…..

    ခင်တဲ့
    Guy Inz@ghi

    Reply

Leave a Reply to manawphyulay Cancel Reply

Your email address will not be published.