တစ်မိနစ်စာ အပြင်းပြေဟာသများ (၈)

maung hninkharrOctober 16, 20111min04

“ဆက်စပ်မှု”

‘ဟေ့ မောင်လှ၊ မင်းရဲ့ drum kit ကိုရောင်းလိုက်တယ်လို့ ငါကြားတယ်။ ဘာဖြစ်လို့လဲ’

‘ဘေးခန်းအိမ်က သေနတ်ဝယ်တယ်လို့ မတော်တဆ ငါသိလိုက်ရလို့ဟေ့’

———————————————————————————————————————

“ပင်စင်စား”

‘ခင်ဗျားသား ၊ ကျောင်းပြီးရင် ဘာလုပ်မယ် စိတ်ကူးသလဲ’

‘ဒီပုံစံအတိုင်း ဒီကောင်စာသင်နေရင်တော့ ကျောင်းလဲပြီးရော၊ ပင်စင်စားလဲ ဖြစ်ရောပဲလို့ ထင်တာပဲ’

———————————————————————————————————————

“ဘဝတူချင်း မတင်စီးနဲ့”

ထောင်ထဲတွင်ဖြစ်သည်။ သူခိုးနှစ်ယောက် တစ်ခန်းထဲ အတူကျသည်။ တစ်ယောက်က နာရီသူခိုး၊ နောက်တစ်ယောက်က နွားသူခိုး ဖြစ်သည်။

နွားသူခိုးက နာရီသူခိုးကို ကျီစယ်ရန် စိတ်ကူးပေါ်လာသည်။

‘ဟေ့ကောင်၊ ဘယ်နှစ်နာရီရှိပြီလဲကွ’ ဟုမေးလိုက်ရာ

‘နာရီ အတိအကျတော့ မသိဘူး၊ ဒါပေမယ့် နွားနို့ညှစ်ချိန်ရောက်ပြီထင်တယ်’ ဟု နာရီသူခိုးက ပြန်ဖြေသည်။

———————————————————————————————————————

“နမှုနာ”

ဆယ်နှစ်သားအရွယ် သားငယ်ကို အမေလုပ်သူက ဆူပူနေသည်။

‘ဟင် ဘယ်လောက်ရှက်စရာကောင်းသလဲ၊ အတန်းထဲမှာ စကားနားမထောင်ဆုံး ကလေးဟာ မင်းပဲလို့ အမေ့ကို ဆရာက တိုင်တယ်၊ သားအနေနဲ့ ကိုယ့်အဖေဆီက နမှုနာယူဖို့ ကောင်းတယ်’

‘အဖေက ဆိုးလို့ ထောင်ကျနေတာ မဟုတ်ဘူးလား’

‘ဟဲ့ အခုထောင်ထဲမှာ လိမ်လိမ်မာမာနေလို့ လျော့ရက်နဲ့ မကြာခင် လွတ်တော့မှာ’

———————————————————————————————————————

“သင်ခိုင်းတယ်ထင်လို့”

‘တရားလိုဟာ သူ့ပိုက်ဆံအိတ်ကို အတွင်းခံ ဘောင်းဘီထဲထည့်ပြီး တါယ်ချိတ်နဲ့ချိတ်ထားတယ်လို့ ဆိုတယ်။ မင်းဘယ်လိုရအောင်ယူခဲ့တာလဲ’

‘ဟုတ်ကဲ့ တရားသူကြီးမင်း။ ကျွန်တော်ဟာ နည်းတစ်ခုကို ငွေငါးထောင်ရမှ သင်ပေးလေ့ရှိပါတယ်’

———————————————————————————————————————

“ကြွားစရာလည်း မဟုတ်ဘဲနဲ့”

‘ဟေ့ကောင် မင်းသိရဲ့လား၊ ငါ့ဖေဖေက ဂျာနယ်ပိုင်ရှင်ကွ’

‘ဂျာနယ်တစ်စောင်မှ ၄၅၀-၅၀ဝ ပေးရတာကို၊ လာကြွားနေပြန်ပြီ’

———————————————————————————————————————

“ဖေ့ဖေ့လက်ရာ”

ဆရာဝန်ကြီး၏ သားနှစ်ယောက်တို့ တူတူပုန်းတမ်း ကစားရင်း ဆေးခန်းဗီဒိုထဲမှ အရိုးစုကြီးကို တွေ့လိုက်ရသည်။

‘အဲ့ဒါ ဘယ်သူ့အရိုးစုကြီးလဲ ကိုကို’

‘ဖေဖေကြီးရဲ့ ပထမဆုံး လူနာပေါ့ ညီလေးရယ်’

———————————————————————————————————————

“သူ့ရည်ရွယ်ချက်”

‘ငါ့သား မင်း ကျောင်းနေတာကြာလှပြီ။ အခုထက်ထိ တစ်နှစ်သုံးလေးကို တစ်ဆယ်ထက် ပိုပြီး မရေတတ်သေးဘူး။ ကြီးလာရင် ဘာလုပ်စားမလဲ’

‘သားသားကြီးလာရင် လက်ဝှေ့ပွဲမှာ ဒိုင်လူကြီးလုပ်မယ် ဖေဖေ’

———————————————————————————————————————

 

 

4 comments

  • GreeNSheeP

    October 16, 2011 at 7:12 pm

    တစ်ပို ့စ်ကို ဟာသစာအုပ်ထဲက ဟာသ၆ ပုဒ် တင်ရင် ပို ့စ်ဖြစ်ပြီ
    အလွန်အင်မတန် လွယ်သော ဂေဇက်ပို ့စ်တင်ခြင်း ပါလား ။

    Reply

  • Shanma TUmdy

    October 16, 2011 at 10:27 pm

    စေတနာပေါ့ဟယ်.. မဖတ်ချင်ကျော်သွားပေါ့..

    Reply

  • kyeemite

    October 17, 2011 at 10:55 am

    ကောင်းပါတယ်..
    ဟာသစာအုပ်ဆိုတာလူတိုင်းမှာရှိတာမှမဟုတ်တာ..
    ဒီလိုတင်ဘို့ပိုက်ဆံကကုန်သေး..
    မဖတ်ချင်နေ..ဝေးဝေးဟေး…

    Reply

  • MoonLay

    October 28, 2011 at 4:50 pm

    မဖတ်ချင်နေပေါ့
    မဝေဖန်နဲ့လေ

    Reply

Leave a Reply

Your email address will not be published.