တရားဂုဏ်တော်ခြောက်ပါး

shwemyintinOctober 14, 20111min03

သံဒိဋ္ဌိကော၊ အကာလိကော၊ ဧဟိပသျိကော၊ ဩပါနေယျကော၊ ပစ္စတံဝေဒိတပ္ပေါ၊ ဝိညူဟိ။

လူ့အကျိုးပြ၊ ကာလမခြား၊ သိငြားကိုယ်တိုင်၊ ပြနိုင်လက်တွေ့၊ တွဲရျ်ဆောင်ရ၊ သိကြဝိညူ ထိုခြောက်ဆူ တရားဂုဏ်တော် အမှန်တည်း။

 

 

 

ပါဋ္ဌိမကျွမ်းပါ၊ သိစေလိုသော စေတနာဖြင့် တင်ပြပါသည်။ အမှားပါက မေတ္တာရှေ့ထားဖတ်ရှုပါရန်။

3 comments

  • realman

    October 14, 2011 at 6:59 pm

    တစ်ချက်ချင်း အသေးစိပ် ဖွင့်ဆို ဖော်ပြပေးနိုင်က ဖွင့်ဆို ဖော်ပြပေးစေလိုပါတယ်။

    Reply

  • kai

    October 15, 2011 at 4:43 am

    မှန်ပါတယ်..။
    တချက်ချင်း…နားလည်သဘောပေါက်နေသလို ရှင်းပြပေးစေလိုပါတယ်..။
    .. အောက်မှာ အကျဉ်းတခုကို ပြန်ကူးတင်ပေးထားတယ်..။

    တရားဂုဏ်တော် ခြောက်ပါး
    (၁)ကောင်းမွန်စွာ ဟောကြားအပ်သော သွက္ခာတ ဂုဏ်တော်။
    (၂)မျက်မှောက်ဘဝ၌ပင် အကျိုးပေးနိုင်သော သန္ဒိဋ္ဌိက ဂုဏ်တော်။
    (၃)အခါမလင့် ချက်ချင်းအကျိုးပေးသော အကာလိက ဂုဏ်တော်။
    (၄)လာကြည့်စမ်းပါဟု ပေါ်ပေါ်ထင်ထင် ခေါ်ပြနိုင်သော ဧဟိပဿိက ဂုဏ်တော်။
    (၅)ကပ်၍အမြဲဆောင်ထားထိုက်သေ ဩပနေယျိက ဂုဏ်တော်။
    (၆)အတွေးအခေါ်ပညာရှိသူတို့သာ သိစွမ်းနိုင်သော ပစ္စတ္တံဝေဒိတဗ္ဗ ဂုဏ်တော်။

    Reply

  • lionking

    October 15, 2011 at 4:13 pm

    ဂုဏ်တော်ခြောက်ပါး၊ တရားများ၊ ဘုရားဟောထားပုံ။
    ပညာရှိများ၊ သူ့တရား၊ ခွဲခြားသိနိုင်ပုံ။
    သိရုံနှင့်ပင်၊ တရားမြင်၊ ဆိုချင်ဤသို့ပုံ။
    တရား မတရား၊ ဤခြောက်ပါး၊ စံထားချိန်လိုက်ရုံ။
    မချိန်တတ်ကုန်၊ ဤလူ့ဘုံ၊ ကန်းရုံမိုက်ရုံပုံ။ (အကန်းအမိုက်တွေကို ဂိုဒေါင်လိုသိုလှောင်ရုံကြီးနဲ့ ပုံနေတာကိုဆိုလို)
    ဘုရား့တရား၊ နှစ်ပေါင်းများ၊ ခွဲခြားသိဖို့ခက်လိုက်ပုံ။
    ခက်သည့်အမြင်၊ လင်းစေချင်၊ ပို့စ်ရှင် ရှင်းလိုက်ရုံ။
    မရှင်းသေးမူ၊ ပို့စ်ဖတ်သူ၊ အူတူတူနဲ့ရှောင်လိုက်ရုံ။
    ရှင်းပြပေးမူ၊ ပို့စ်တင်သူ၊ ငါမူကျေးဇူးတင်ထိုက်ကုန်။

    Reply

Leave a Reply

Your email address will not be published.