“ကိုပေါက်လမ်းသလားနေသည် အပိုင်း(12-B)” (တောင်ကြီး မြို့ကရေတံခွန်)

“ကိုပေါက်လမ်းသလားနေသည် အပိုင်း(12-B)”
(တောင်ကြီး မြို့ကရေတံခွန်)

အဆင်းလမ်းမှာ ငေးမောရင်း မြင်ရတဲ့မြင်ကွင်း

စိတ်ထဲမှာ အေးသာယာ စပျစ်ခြံနားရောက်မှ အဆင်းလမ်းနဲ့အတက်လမ်းဆုံတော့မယ်လို့ထင်ပါတယ်။
အဲဒါနဲ့ဓါတ်ပုံရိုက်လိုက်သွားလိုက်လုပ်နေရင်းက တောင်ကျောပေါ်ကနေ ဆိုင်ကယ်တစ်စီးဆင်းလာတာတွေ့တော့ဝမ်းသာ
သွားပါတယ်။တောင်ပေါ်ကိုပြန်တက်တဲ့လမ်းတွေ့ရတော့မှာကြောင့်ပါ။
နည်းနည်းလေးသွားလိုက်တော့တောင်ပေါ်ကိုပြန်တက်တဲ့မြေလမ်းလေးကိုတွေ့ရပါတယ်။
လမ်းမှာ ပန်းအနီတွေလှိုင်နေအောင်ပွင့်တဲ့ အပင်လေးကို လှလို့ အားပေးခဲ့ပါသေးတယ်။

အမည်မသိတဲ့ ပန်းနီနီ တောင်တက်လမ်းကို ကူးတဲ့ဘက်မှာ

ဒါနဲ့တောင်အတက်လမ်းပေါ်ကိုတက်ပြီး တောင်ကြီးဘက်ကိုပြန်လျှောက်လာပါတော့တယ်။
တောင်ကြီးလမ်းမှာတူညီတဲ့ ပါဖော့်မင်းကတော့ နွယ်ပင်တွေက အပင်စောက်ကြီးတွေကို တွဲလွဲခိုစီးနေတာပါဘဲ။
ဆက်လျှောက်နေရင်းက နေအနောက်ဘက်ကိုကြည့်လိုက်တော့ ကျနော်ဓါတ်ပုံရိုက်ချင်လွန်းတဲ့ရေတံခွန်ကို
မြင်ရပါတော့တယ်။
ရေတံခွန်အစ

ဟို့တောင်ပေါ်အမြင့်ကြီး နီနီရဲရဲတောင်ကမ္ဘားယံကနေ အရှိန်ပြင်းပြင်းနဲ့ခုန်ဆင်းနေတဲ့ရေတံခွန်ကြီးပါဘဲ။
ဟိုးတောင်ပေါ်က အစပြုလာတဲ့ရေတံခွန်

အတော်ဝေးဝေးလေးမှာရှိနေပေမယ့် ရေကျသံတွေကတော့ တဝေါဝေါ တဟဲဟဲ။
အဝေးမြင်ရေတံခွန်

ရေလုံးကလဲအတော်လေးကို ကြီးပုံရပါတယ်။
နည်းနည်းလေးနီးတဲ့နေရာက မြင်ရတာ

ရေတံခွန်က ဝေးပေမယ့် မြင်ရတာ လှပ
တောင်ကမ္ဘားယံကြားကရေတံခွန်

တောင်ကြီးမြို့နဲ့သုံးမိုင်အကွာပါ။

တေ ာင်ကြီးရဲ့အောက်မှာတော့ တိမ်ခိုးတွေကြားက မြို့ကလေးရဲ့ အိမ်ကလေးတွေကိုတွေ့ရပါတယ်။

မူံရီမုူိင်းပြတဲ့မြင်ကွင်း

ဆက်လျှောက်နေရင်း မိုးတွေအုုံ့ဆိုင်းလို့ ညိုမိူင်းနေပြီးလူက လဲ မိုးငွေ့ တိမ်ခိုးကြားမှာရောက်နေသလိုခံစားရပါတယ်။
မိုးငွေ့တွေဝေနေတဲ့လမ်းကလေး

သိပ်မကြာခင်ရေကျသံတွေကြားရပြန်တော့တယ်။
ကျနော်ရင်ကို ထိရှသွားစေ မိန်းမောသွားစေတဲ့မြင်ကွင်းပါ

အဲဒီတော့ မှအတက်လမ်းမှာရေတံခွန် (2)ခုရိတယ်ဆိုတာကို သိပါတော့တယ်။
ရေတံခွန်လေး သေးပေးမယ့်အားပြင်းတယ်

ဟိုးအတော်မြင့်မြင့်ကနေစီးဆင်းလာပြီး မေမြိုသို့မဟုတ်ပြင်ဦးလွင်က ဘီးအီးဖောနဲ့ဆင်တူပါတယ်။

နေရာအမျိုးမျုးိ ဒေါင့်အမျုးိမျုုးိက နေဓါတ်ပုံတွေတဖျပ်ဖျပ်နဲ့ တစ်ယောက်ထဲ စိတ်တိုင်းကျ ဆွဲဖြစ်ပါတယ်။
ရေတံခွန်လေး ကအရှိန်ပြင်းပြင်းနဲ့ဆင်းနေပုံလေး

ဘေးနားမှာကတော့ ဧရာမကျောက်တုံးကြီးတွေရှိပေမယ့် ရေညိတွေရှိနေတာရယ် တစ်ယောက်ထဲဖြစ်နေတာ
ရယ်ကြောင့်အပေါ်တော့ သိပ်မတက်ရဲပါဘူး။

ရေတံခွန်ကိုပုံစံအမျုိုးမျုးိနဲ့ရိုက်တာတောင် မဝသလိုပါဘဲ။

ရေတံခွန်အဆုံးသတ်နေရာလေးပါ။
ဓါတ်ပုံတွေအားရအောင်ရိုက်ပြီးဆက်လမ်းလျောက်လာပါတယ်။

နောက်တော့ လမ်းသာဆက်ပြီးလျောက်လာတာ လူလဲ ပင်တော့ အတော်ပင်ပန်းနေပါပြီ။
မိုးကာဂျာကင်အောက်က တီရှပ်ကလဲ ချွေးတွေနဲ့ ရွှဲရွှဲစိုလို့နေပါတယ်။
ကံကောင်းတာကတော့မိုးငွေ့တွေ တောင်ခိုးတွေဝေနဲ့လမ်းပေါ်လျှောက်နေရတော့ ရာသီဥတုက ခပ်အေးအေးလေးရှိနေသလို လတ်ဆတ်တဲ့လေကိုရူရပြန်တော့ နည်းနည်းတော့ အမောပြေပါတယ်။
မန်းလေးမှာသာဆိုရင်တော့ ဒီလိုမလျှောက်နို်င်လောက်တာသေချာလောက်ပါတယ်။
မနက်ခြောက်နာရီကျော်ကျော်လောက်ဆိုတော့လဲ ကိုယ်ပိုင်ကားတွေ ဟိုင်းလတ်လိုင်းကားလေးတွေတက်လာတာ
ကိုခပ်စိတ်စိတ်လေးမြင်လာရပါတယ်။
ပိုတွေ့ရတာကတော့ ဆိုင်ကယ်လေးတွေတဝှီးဝှီးနဲ့တက်သွားတာမြင်လေ လောလောဆယ်ဆို်င်ကယ်သာ
ရှိရင်ဆိုတဲ့ အတွေးက ဖိစီးလေလေလေပါဘဲ။
ဒါပေမယ့် ကျနော်စီးရမယ့်လိုင်းကားကတော့ ပေါ်မလာပါဘူး။
လူကလဲ စုစုပေါင်းသုံးမိုင်ကျော်ကျော်လောက်လမ်းလျှောက်လာရတော့ အတော်လေးကိုမောနေပါပြီ။
ကိုယ်လိုချင်တာရပြီဆိုမှ လူကလဲ ညောင်းရမှန်းပင်ပန်းရမှန်းသိလာပါတယ်။
အဲဒါနဲ့လမ်းအကွေ့လေးရောက်တော့ လူတစ်ယောက်လမ်းဘေးမှာထိုင်နေတာတွေ့လို့မေးကြည့်မှ
ကားစောင့်နေတာဆိုတာနဲ့ သူနဲ့အတူတူ ကားစောင့်လိုက်ပါတော့တယ်။
သိပ်မကြာခင်မှာလူအပြည့်နဲ့ မြို့ပတ်ဘတ်စကားဝင်လာတာတွေ့တော့ မှလက်ပြလို့တား
ပြည့်သိပ်နေတဲ့ လူတွေကြားမှာ ထီးတစ်ဖက်နဲ့ တိုးဝှေ့စီး။
နောက်တော့လည်း အလာတုန်းက စီးခဲ့တဲ့ ဘတ်စ်ကားဂိတ်ကိုပြန်ရောက်။
တည်းတဲ့နေရာပြန်ရောက်တော့ 7း30။
လူတစ်ကိုယ်လုံးလဲ ချွေးတွေရွှဲ၊
မောလဲမောညောင်းလဲညောင်းပေါ့။
ဒါပေမယ့် ကိုယ့်စိတ်ထဲကပြင်းပြနေတဲ့ ဆန္ဒကို အပြည့်အဝအကောင်အထည်ဖော်လိုက်ရတဲ့အတွက်
ရလာတဲ့ ပီတိကတော့ ဘာနဲ့မှမလဲနိုင်။
လောလောဆယ်စိတ်ထဲရှိနေတာကတော့ အင်တာနက်ဆိုင်သွားရိုက်လာတဲ့ဓါတ်ပုံတွေကို
ဘယ်လောက်များလှသလဲဆိုတာ ပြန်ကြည့်ချင်တဲ့စိတ်ကလွဲလိုဘာမှမရှိသလိုထင်ရပေမယ့်
အခုမှ တဂွီဂွီမြည်လာတဲ့ အစာအိမ်ကို ငြိမ်အောင်လုပ်ဘို့ ရေအရင်ချိုးရပါဦးမယ်နော်……………………………

ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး
(10-10-2011)
ဆက်လက်ဖော်ပြပါမည်။

29 comments

  • Diamond Key

    October 14, 2011 at 9:07 am

    ကိုပေါက်ရေ၊
    ပုံလေးတွေ တွေ့ရတာ စိတ်ချမ်းသာတယ်ဗျို့။
    အေးချမ်းမှု အရသာလေးကိုလည်း ရနေတယ်။
    ဒီရက်ပိုင်း ပုံတွေနဲ့ တွဲတင်ရတဲ့ အခက်အခဲက ကိုယ်တွေ့မို့ ကိုပေါက်စေတနာကို တကယ် အသိအမှတ်ပြုရပါတယ်။
    တောင်ကြီး ရောက်ခဲ့ဖူးတာ ကြာပြီ ဆိုတော့ အလွမ်းပြေပါပဲ။
    ကျေးဇူးပါ။

    Reply

  • blackchaw

    October 14, 2011 at 9:15 am

    အောင်မလေး ပင်ပန်းလိုက်တာ ကိုပေါက်ရာ။
    အဲဒီရေတံခွန်ကို ပြည်သူလူထု အပန်းဖြေစရာ
    နေရာလေး လုပ်လို့ မရဘူးလားဗျ။
    အခုကတော့ မိုးတွင်းမို့ သွားရခက်တာထား၊
    ပွင့်လင်းရာသီရောက်ရင် သွားလို့ လွယ်လားဗျ။
    ပင်ပန်းရကျိုး နပ်ပါတယ် ကိုပေါက်ရေ။

    Reply

  • weiwei

    October 14, 2011 at 10:05 am

    ကိုပေါက် အပင်ပန်းခံပြီး ရိုက်လာခဲ့ရတဲ့ စေတနာကို လေးစားပါတယ် …
    ကိုပေါက်က မန်းလေးမှာနေတာဆိုတော့ ဓါတ်တော်ချိုင့် ရေတံခွန်ကို ရောက်ဖူးမယ်ထင်တယ် …
    မေမြို့အဝင်နားကနေ လမ်းခွဲသွားရတဲ့နေရာလေ … အတော်ကိုလှတဲ့ ရေတံခွန်တစ်ခုမို့လို့ အချိန်ရရင် သွားပြီး ဓါတ်ပုံရိုက်ပေးပါလို့ အကြံပေးချင်လို့ပါ …

    Reply

  • etone

    October 14, 2011 at 10:18 am

    လေးပေါက် ပုံတွေက အပျံစားပဲ … စိမ်းစိမ်းစိုစိုနဲ့ … ရေမြင်လျှင် ဘာမှန်း မသိပျော်နေမိတယ် … 😀

    Reply

  • annonymous

    October 14, 2011 at 10:35 am

    ကိုပေါက်ရေ အဲ့ဒီနေရာလေးကိုသွားချင်တယ်
    တောင်ကြီးဘက်ကိုမရောက်ဖူးသေးဘူး။
    ဓါတ်ပုံတွေကြည့်ရတာနဲ့ကို အရမ်းစိတ်ချမ်းသာဖို့ကောင်းတာပဲ
    အသက်ကြီးလာတဲ့အခါ အေးချမ်းတဲ့ မြို့လေးမှာ သွားနေချင်တယ်
    ဓါတ်ပုံလေးတွေ တင်ပေးတဲ့ ကိုပေါက်ကိုလဲကျေးဇူးတင်ပါတယ်

    Reply

  • ကြောင်ကြီး

    October 14, 2011 at 10:46 am

    တောင်ကြီးရေတံခွန်
    ပြောင်ထီးသေလွန်
    လျောင်ကီးလေချွန်
    ယောင်ပြီးငွေသွန်…။

    Reply

    • Yin Nyine Nway

      October 16, 2011 at 3:10 pm

      ယောင်ပြီးငွေသွန်
      ကြောင်ကြီး ထိုင်ငိုမှာပေါ့…

      Reply

  • inz@ghi

    October 14, 2011 at 11:04 am

    ဆြာ ပေါက်ကို တော့ တကယ် အားကျတယ်
    အတော် သွားနိုင် ရိုက်နိုင်တယ်ဗျာ …

    Reply

  • emissary

    October 14, 2011 at 11:29 am

    ကိုပေါက်ရေကျေးဇူးပဲနော် ပုံလေးတွေ တင်ပေးလို ့ဗဟုသုတရတယ်။ မရောက်ဖူးတဲ့နေရာက ပုံလေးတွေကို ကြည့်ရတော့ ကျေးဇူးလည်းတင်ပါတယ်။ အင်းလေးက ဘုရားတွေတောင် ဖူးရသေးတယ်နော် နောက်ထပ်လည်း ဒီလို ပုံလေးတွေ တင်ပေးအုံးနော်။

    Reply

  • နီလေး

    October 14, 2011 at 11:43 am

    တောင်ကြီးဖက်တခါမှမရောက်ဖူးသေးတော့ ခုလိုပုံလေးတွေမြင်တွေ့ခွင့်ရတာကိုကျေးဇူးတင်ပါတယ် ပုံလေးတွေကိုမြင်ရတာ စိတ်ထဲမှာအေးချမ်းသွားလိုက်တာ စိမ်းစိမ်းစိုစိုလေးနဲ့ အေးချမ်းလိုက်တာနော်

    Reply

  • Shwe Ei

    October 14, 2011 at 12:05 pm

    ှုဦးလေးပေါက် လုပ်တာနဲ့ တောင်ကြီးသွားချင်လာဘီနော။ တခါမှမရောက်ဖူးလို့။

    Reply

  • wathanmin

    October 14, 2011 at 12:49 pm

    2009 ခုနှစ် တောင်ကြီး တန်ဆောင်တိုင်ပွဲကို သွားခဲ့ဖူးပါတယ်။
    တောင်ကြီး မြို့ရဲ့ သာယာပုံက အခု လေးပေါက် တင်ထားတဲ့ အတိုင်းပါပဲ။
    နေချင်စရာ အရမ်းကောင်းတဲ့ မြို့လေးပါ။
    နေထိုင်တဲ့လူတွေကလဲ ရန်ကုန်နဲ့ မတူပဲ တအားစိတ်အေးချမ်းတဲ့ မြို့နဲ့ လိုက်လျော
    ညီထွေစွာ အေးချမ်းကြပါတယ်။
    ဈေးရောင်းတဲ့သူတွေကလဲ စကားပြောယဉ်ကျေးပုံက ကျွန်မရန်ကုန်သူ အံ့ဩရပါတယ်။
    ဈေးဆစ်လို့သူတို့မရောင်းနိုင်ရင် “ဟုတ်ကဲ့ရှင့် ၊ မရလို့ပါရှင့် “ နဲ့ ပြောပုံက ဝယ်သူကို
    စိတ်ကျေနပ်စေပါတယ်။
    ရန်ကုန်မှာ ဈေးဝယ်လို့ဆစ်လိုက်မိရင် ဈေးသည်က ရန်တွေ့တာ မြင်ဖူး၊ ကြုံရဖူးတော့
    ဒီက ဈေးသည်တွေရဲ့စိတ်ထားနဲ့ နှိုင်းယှဉ်မိပါတယ်။
    အစားအသောက်စားရတာလဲ သဘောကျမိပါတယ်။ ဘာလေးပဲစားစား အကြိုက်တွေ့ပါတယ်။
    တောင်ကြီးမှာ ထူးထူးဆန်းဆန်း “အချစ်ရွာ“ ဆိုတဲ့ဆိုင်လေးမှာလဲ စားခဲ့ဖူးပါတယ်။
    “အချစ်ရွာ“ ထမင်းဆိုင်မှာက ဟင်းပုံရောင်းတာပါ။ ဟင်းမျိုးစုံတွေကို ချက်ပြီး မှန်လုံပုံးလေးထဲကို ထည့်ထားပါတယ်။ ထမင်းတစ်ခါ စားရင် ဟင်း 3မျိုးရပါတယ်။
    ကိုယ်စားချင်တာ 3 မျိုးကို လက်ညှိုးထိုးပြီး ပြလိုက်တာနဲ့ ထမင်းပန်းကန်ထဲကို 3 မျိုး ခပ်ထည့်ပေးပါတယ်။ရောင်းတဲ့ ပုံစံက ရန်ကုန်နဲ့ မတူ အရမ်းထူးဆန်းပြီး စားရတာလဲ
    အဆင်ပြေတော့ 2 ရက်လောက်သွားစားဖြစ်ခဲ့ပါတယ်။
    တောင်ကြီးမှာ 4 ရက်နေပြီး ပြန်လာတော့ ဘာကြောင့်မှန်းမသိ ပြန်ကိုမပြန်ချင်ခဲ့တာပါ။
    အခွင့်ကြုံရင် ထပ်သွားချင်ပါသေးတယ်။

    Reply

  • ရာဇဝင်လူဆိုး

    October 14, 2011 at 1:19 pm

    ကျေးဇူးပဲ ကိုပေါက်ရေ….တော်တော်တော့ ပင်ပန်းခဲ့မှာပဲ။ တောင်ကြီးကို တစ်ခါမှမရောက်ဖူးပေမယ့် ဒီလိုအလှအပတွေကို တင်ပေးလို. ကျေးဇူးဗျာ..။

    Reply

  • လင်းဝေကျော်

    October 14, 2011 at 2:13 pm

    ကိုပေါက် မရှင်းတာလေးတွေမေးပါရစေ။

    ရေတံခွန်က တောင်ကြီး အတက်အဆင်း ကားလမ်းဘေးတင်ပဲလား။
    မိုးတွင်းမှပဲ ဖြစ်တဲ့ရေတံခွန်လား။

    ပုံတွေကတော့ တကယ်လှတယ်ဗျာ။ အပင်ပန်းခံပြီးသွားရတာလည်း ပျော်စရာကောင်းမှာပေါ့။
    လူပျိုကြီးလုပ်နေတာလားဗျ။

    Reply

    • etone

      October 14, 2011 at 3:12 pm

      ဦးလေးရေ … လေးပေါက်ကို အဲ့ဒီလို လူပျိုလုပ်မှာ စိုးလို့ … မဒမ်ပေါက်ပါ တခါတည်းလိုက်သွားတာ … သူ့ခမျာ မလူးသာ မလွန့်သာ ဖြစ်ခဲ့ရပါသတဲ့လေ 😮

      Reply

  • နွယ်ပင်

    October 14, 2011 at 3:20 pm

    လေးပေါက်ပုံလေးတွေက တကယ်လှတယ် စီမ်းစိမ်စိုစိုနဲ့
    အပင်ပန်းခံပြီးရိုက်ပေးတဲ့ အတွက်ရော အပင်ပန်းခံပြီး ဆိုဒ်ပေါ်မှာ
    တင်ပေးတဲ့အတွက်ရော ကျေးဇူးပါ…………

    Reply

  • မဝေရေ ဝေးတော့ ခရီးပေါက်
    နီးပြီးမရောက်တာကတော့မဝေပြောတဲ့ ဓါတ်တော်ချုိုင့်ရေတံခွန်ပါဘဲ။
    တစ်ခါမှ မရောက်ဘူးသေးပါဘူး။
    အခုတော့ လမ်းပေါက်ပြီပြောတယ်ဗျာ၊

    ကိုလင်းဝေကျော်ရေ
    ကျနော်တင်ပေးတဲ့ရေတံခွန်က တောင်ကြိးအတက်လမ်းမှာရှိတာပါ။
    အဝေးကမြင်ရတဲ့ရေတံခွန်က တောင်ကြီးနဲ့ သုံးမိုင်ဝေးပြီး နောက်မေမြို့ကဘီးအီးဖောနဲ့တူတဲ့ရေတံခွန်က တစ်မိုင်ကျော်ကျော်လောက်ဝေးပါတယ်။
    မိုးတွင်းမှသာရှိတဲ့ရေတံခွန်ုလို့ပြောပါတယ်။
    ကျနော်ကံကောင်းလို့ ကြုံခဲ့ရတာပါ။

    တုံမမ ဖော်ကောင်မလုပ်ကြေးလေ ဟယ်။

    Reply

  • mandalarthu

    October 14, 2011 at 6:49 pm

    ိဦးပေါက် ရေ
    ကျွန်တော်တော ့တောင်ကြီးရေတံခွန်ကို အခုမှ အနီးကပ်သေချာ မြင်ဘူးတာဗျ။
    ရေတံခွန်(၆)ပုံ ထဲမှာ ပထမပုံ အလှဆုံးဘဲ။သေချာကြည် ့လေ ပန်းချီကား တချပ်ဆွဲထားသလိုဘဲ။
    ကျန်တဲ ့ပုံတွေ ကတော ့ဓာတ်ပုံမှန်း သိသာစေတယ်။
    ရိုက်ချက်ကတော ့ကန်းကုန်ဘဲ။ အပင်ပန်းခံတကူးတက သွားရောက်ရိုက်ကူးခဲ ့တဲ ့စေတနာကို
    လေးစားပါတယ်ဗျာ။
    အရမ်းတော်တယ် ဦးပေါက် ရိုက်ချက်က။

    Reply

  • kocho

    October 14, 2011 at 7:02 pm

    ကြည့်ပြီးရင်းကြည့် ပုံများဖြစ်ပါသည် လေးစားလျှက်

    Reply

  • thit min

    October 14, 2011 at 7:09 pm

    တောတော်ရယ်သာ~~~ မာလာကငုံဖူး~~~ တပင်ကိုနှစ်ပင်ယှက်တယ်~~ ကွယ်
    “ရိုက်ချက်” ကမြူး….

    Reply

  • hmee

    October 14, 2011 at 7:14 pm

    လှလိုက်တာ။ ရှု့ခင်းတွေကလည်းလှ။ ရိုက်တဲ့သူလည်း စေတနာကောင်းလို့ ထင်ပါရဲ့ တကယ့်ပုံကောင်းလေးတွေ။ (၉၊၁၀) ပုံကို အကြိုက်ဆုံးပဲ။ (၉)က ရေစိုနေတဲ့ လမ်းလေးမို့။ (၁၀)က မြူတွေ ဝေ့နေတာ မြင်ရလို့၊ ရွာနားက ရှု့ခင်းနဲ့ တူလို့ ပိုကြိုက်သွားပါတယ်။

    Reply

  • windtalker

    October 14, 2011 at 8:24 pm

    ဘယ်ပန်းချီ ရေးလို ့မမှီ….

    Reply

  • padonmar

    October 14, 2011 at 11:36 pm

    “ကျနော်ရင်ကို ထိရှသွားစေ မိန်းမောသွားစေတဲ့မြင်ကွင်းပါ“အဲဒီပုံအလယ်က ဖြူဖြူအတန်းလိုက်လေးက တိမ်လား မြစ်လား၊ လှတယ်နော်၊
    မိုးစိုနေတဲ့ လမ်းကလေးပေါ်မှာ ဆိုင်ကယ်လေးက Rule of third အတိုင်းဘဲ။ပိုလှစေပါတယ်။

    Reply

  • pooch

    October 14, 2011 at 11:55 pm

    လေးပေါက် ပုံလေးတွေက လွမ်းစရာကောင်းလိုက်တာ..
    သဘာဝတရားရဲ့ လျှို့ဝှက်ချက်များကို မသိမသာနဲ့ အမိအရ ဖမ်းဆုပ်ခဲ့တာပါလားနော်….
    ပုံတွေကို ကြည့်ရတာ လှတယ်ဆိုတာထက် အများကြီးပိုပြီး… ….လွမ်းစရာကောင်းနေပါတော့တယ်…

    Reply

  • ဲဖြူဖြူအတန်းလေးတွေက မိုးငွေ့တွေအောက်က တိမ်တွေပါဗျာ။
    ကျနော်ကလဲ အဲလို အလွမ်းရသကို နှစ်သက်တယ်လေ။

    Reply

  • တညင်သား

    October 15, 2011 at 8:35 am

    ရေတံခွန်လေးကို အပန်းဖြေနားနေရာအဖြစ် ကျကျနနလေး လုပ်ရင် ပိုကောင်းမယ်လို့ထင်မိတယ်…တောင်ကြီးသွားရင် လည်စရာတခုတိုးတာပေါ့….

    Reply

  • yuiio

    October 15, 2011 at 7:47 pm

    အဲ့ဒီရေတံခွန်က တောင်ကြီးမြို့ရဲ့ ရေမြောင်းတွေကနေလာတာဗျ ……. ရေတွေက တအားညစ်ပတ်တာ …. အဲ့အနားမှာ အပန်းဖြေဖို့တော့ မလုပ်ပါနဲ့ဗျာ……… နွေရာသီဆိုရင် အမှိုက်ချည်း ……… ရှုပ်ပွနေတာ ….. ကျွန်တော်က အေးသာယာမှာ ကျောင်းတက်လို့သိတာနော …….. လှတာကတော့ တအားလှတယ် ……

    Reply

    • တညင်သား

      October 16, 2011 at 10:14 am

      ဟုတ်လားဗျ ကျွန်တော်က ပုံကြည့်ပြီး ပြောကြည့်တာပါ ..ပြောပြတဲ့အတွက် ကျေးဇူးတင်ပါတယ်….

      Reply

  • ဟုတ်တယ်ဗျ သိတဲ့သူကပြောတာက ဒီရေတွေအားလုံးတောင်ကြီးမြို့ကရေတွေအကုန်ဒီမှာစုတယ်လို့ပြောတာဘဲ။

    Reply

Leave a Reply to windtalker Cancel Reply

Your email address will not be published.