အကျဉ်းသား ၆၃၅၉ ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပြု

aungnng87October 11, 20111min026

အကျဉ်းသား ၆၃၅၉ ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပြု 11/Oct/2011 နိုင်ငံတော်အစိုးရသည် ပြစ်ဒဏ်စီရင်ခြင်းခံရသည့် အသက်အရွယ်ကြီးရင့်သူများ၊ ကျန်းမာရေး မကောင်းသူများ၊ ကိုယ်လက်အင်္ဂါချို့တဲ့သူများ အပါအဝင် အကျဉ်းသားများအားလုံးအနက်မှ ထိုက်သင့်သော ပြစ်ဒဏ်များကို ကျခံပြီး စည်းကမ်းနှင့် အကျင့်စာရိတ္တ ကောက်းမွန်သော အကျဉ်းသား (၆၃၅၉) ဦးအား ယင်းတို့၏ ကျန်ရှိသော ပြစ်ဒဏ်များအပေါ် (သီတင်းကျွတ်လပြည့်နေ့) ခရစ်သက္ကရာဇ် ၂၀၁၁ ခုနှစ် အောက်တိုဘာ ၁၂ ရက်နေ့မှစ၍ ကျခံနေရသော ပြစ်ဒဏ်အသီးသီးကို လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ကြောင်း ၂၀၁၁ ခုနှစ် အောက်တိုဘာ ၁၁ ရက်နေ့ MRTV-4 နေ့လည် ၁ နာရီသတင်းတွင် ထုတ်ပြန်ကြေညာကြောင်း သတင်းရရှိသည်။ ဒီသတင်းလေးကို အင်တာက်မှာမွှေနောက်ကြည့်နေရင်း ခေတ်လူငယ်မှာတွေ့တာနဲ့ကော်ပီလုပ်ပြီး တင်ပေးလိုက်တာပါ။ ဒါပေမဲ့ဒီလူတွေဟာ နိုင်ငံရေးနဲ့ပါတ်သတ်ပြီးအကျဉ်းကျနေတဲ့သူတွေလား။ ဒါမှမဟုတ် ရာဇဝတ်အကျဉ်းသားတွေလား။ ၂ခု ရောနေတာလားဆိုတာတော့ မသဲကွဲသေးပါဘူး။ ဒါပေမဲ့လည်း ဘာဘဲပြောပြော အကျဉ်းသားတွေရဲ့မိသားစုတွေအတွက်ကတော့ဝမ်းသာစရာပါဘဲ။ အဲ…ပို့စ်ကိုမတင်တတ် တင်တတ် နဲ့တင်တာ အဆင်မပြေခဲ့ရင် ရွာသားများနားလည်ပေးကြပါ။

26 comments

  • မိုက်ကယ်ဂျော်နီအောင်ပု

    October 11, 2011 at 2:03 pm

    နိုင်ငံရေး အကျဉ်းသား များကို ယနေ ့ စတင် လွွှှတ်ပေး မည်
    ယခင် မြန်မာ စစ်အစိုးရ လက်ထက် က ဖမ်းဆီး ထိမ်း ထား သည့် နိုင်ငံ ရေး အကျဉ်းသား
    ၂၀၀ဝ ကျော် အနက် မှ အချို ့ ကို ယနေ ့ အောက်တိုဘာလ ၁၁ ရက်နေ ့နေ ့လည် ၁၁ နာရီ
    အချိန် တွင် သက် ဆိုင်ရာ ထောင် အသီးသီး မှ ပြန်လည် လွှတ် ပေး မည် ဟု FNG မှ သတင်း
    ရှိ သည်။
    ယခင် သီတင်း ပတ် က မြန်မာ နိုင်ငံ ခြား ရေ့း ဝန်ကြီး ဦးဝဏ္ဏမောင်လွင် ဟာ ကုလ သမဂ္ဂ
    အထွေ ထွေ ညီလာခံ တွင် စကားပြောခွင့် ရခိုက် နိုင်ငံရေး အကျဉ်းသား တွေ ပြန်လွှတ် မယ်
    ဟု ကတိပေး ပြော ကြား ခဲ့ သည်။
    ပြီးခဲ့ သည့် သောကြာ နေ ့က လည်း ပြည်ထောင်စု လွှတ်တော် ဥက္ကဌ ဦးသူရ ရွှေမန်း က နော်
    ဝေ နိုင်ငံ ခြား ရေး ဝန်ကြီး နှင့် တွေ ့ဆုံ စဉ် နိုင်ငံရေး အကျဉ်းသား များ ရက် ပိုင်း အတွင်း ပြန်
    လည် လွှတ်ပေး မည် ဟု ပြောကြား ခဲ့ သည်။
    မြန်မာ နိုင်ငံ မှာ ယုံကြည်ချက် ကြောင့် ထောင်သွင်း အကျဉ်းချ ခြင်း ခံထား ရတဲ့ နိုင်ငံရေး လှုပ်
    ရှား သူ ၊ နိုင်ငံရေးသမား နဲ ့ တက်ကြွ သူ ပေါင်း ၂၀၀ဝ ကျော် ရှိ ပါတယ်။
    နိုင်ငံရေး အကျဉ်းသား တွေ ကို ပြန်လွှတ်ပေး မယ်ဆို တဲ့ သတင်း တွေ ကြောင့် ရန်ကုန် မြို ့ အင်းစိန်
    အကျဉ်း ထောင်၊ မန္တလေး မြို ့ မန္တလေးထာင် နှင့် ပဲ ခူး မြို ့သာယာဝတီ ထောင် ရှေ ့မှာ နိုင်ငံရေး အကျဉ်း
    သား မိသား စု တွေ စု ရုံး ရောက် ရှိ နေကြ ပါတယ်။
    မြန်မာ နိုင်ငံမှာ စစ်အစိုးရ အုပ်ချုပ် စဉ် က နိုင်ငံရေး သမား များ နဲ ့ တက်ကြွလှုပ်ရှား သူ တွေ ကို
    နှစ်ရှည် ထောင်ဒဏ် တွေ ချမှတ် ခဲ့ ရာ မှာ ရှမ်း ခေါင်းဆောင် ဦးခွန်ထွန်းဦး ၊ ဗိုလ်ချုပ် ဆေထင် ၊
    ၈၈ မျိုးဆက် ကျောင်းသား များ နဲ ့ ဗကသ က ကို ဘိုမင်းယု ကို တို ့ ထောင်ဒဏ် နှစ် ပေါင်း ၁၀၀
    ကျော် အထိ နှစ်ရှည် ထောင်ဒဏ် တွေ ချမှတ် ခံ ခဲ့ ရပါတယ်။
    ၁၉၈၉ ခုနှစ် သန်လျှင် ရေနံ ချက် စက်ရုံ ဗုံးဖောက်ခွဲ မှု မှာ အပြစ် မရှိ ဘဲ နဲ ့ ထောင်ဒဏ် ချမှတ်
    ခံခဲ့ ရတဲ့ ကိုညီညီဦး နဲ ့ ၂၀၁ဝ သင်္ကြန် ကာလ ဗုံးပေါက် ကွဲ မှု နဲ ့ တရား စွဲ ဆို ခံရတဲ့ ကို ဖြိုးဝေ
    အောင် တို ့ ကို ဆက်လက် ချုပ် နှောင် ထား ဆဲ ဖြစ်ပါတယ်။
    ဒါ့ အပြင် အဲဒီ သင်္ကြန် ဗုံး ပေါက်ကွဲ မှာ ဓာတ်ပုံမှတ်တမ်း ရိုက်ကူး မိတဲ့ ကို စည်သူဇေယျ ကို
    လည်း မနေ ့က ထောင်ဒဏ် ၁ဝ နှစ် ထပ် မံ တိုး မြှင့် ခဲ့ ပါတယ်။
    အခု ထွက် ပေါ်လာ တဲ့ လွတ်ငြိမ်း ချမ်းသာ ခွင့် ကို နိုင်ငံ ရေး မိသား စု တွေ က သာ မက လွတ်
    တော်တွင်း မှာ အခြေခံ ဥပဒေ အရ ပါဝင် နေ တဲ့ စစ်ဘက် ကိုယ်စား လှယ် လွှတ်တော် အမတ်
    အများ စု ကလည်း မျှော် လင့် ကြပါတယ်။
    http://freedomnewsgroup.com/2011/10/11/mm-to-relese-political-prisoners/

    Reply

  • ကျိန ္တလီသား

    October 11, 2011 at 2:18 pm

    လွှတ်ပေးတဲ့သတင်း မှန်တယ်လို့ ယူဆရမှာလား ခင်ဗျာ တစ်ချို့ကလဲ အမျိုးမျိုးပြောနေသံကြားနေရပါတယ် ။
    လွှတ်ပေးတာ မှန်ကန်ခဲ့ရင် အကျဉ်းသား တွေရယ် အကျဉ်းသားတွေရဲ့ မိသားစု ဝင်တွေ ကိုယ်စား အမှန်တစ်ကယ်
    ဝမ်းမြောက် ပီတိ ဖြစ်ရပါတယ်
    ကိုစည်သူဇေယျ အတွက် စိတ်မကောင်းပါခင်ဗျာ ။

    Reply

  • chitlay

    October 11, 2011 at 2:39 pm

    ရိုးရိုးအကျဉ်းသားတွေပဲလား … နိုင်ငံရေး အကျဉ်းသားတွေရော လွှတ်ပေးမှာလား … နိုင်ငံရေး အကျဉ်းသားတွေပါ လွှတ်ပေးမယ်ဆိုရင်တော့ ကိုဇာဂနာတို့လဲ ပါမှာပေါ့နော် …. ဒါဆိုရင်တော့ အတိုင်းထက်အလွန်ပါပဲ …

    Reply

  • pan pan

    October 11, 2011 at 3:17 pm

    ခိုးဆိုးပြီး ထောင်ကျတဲ့ ရာဇဝတ်သားတွေချည်းပဲလွှတ်ပေးမှ ဒုက္ခ
    အဲဒီအခါ ပြည်သူတွေလည်း ပိုဒုက္ခများမှာ
    အဲဒီလူတွေလည်း နောက်ပြစ်မှုနဲ့ အထဲ ပြန်ရောက်မှာပဲ (အဲလိုဖြစ်ဖို့များတယ်)

    Reply

    • MaMa

      October 11, 2011 at 4:43 pm

      ဟုတ်ပါ့ ပန်ပန်ရေ။ အရင်ကဆို အကျဉ်းသားတွေ လွှတ်ပေးတယ်ကြားပြီးရင် ခါးပိုက်နှိုက်ခံရတာတို့၊ လုခံရတာတို့၊ လိမ်ခံရတာတို့ ပိုများလာတတ်လို့ ပိုသတိထားပြီး သွားလာရတယ်။

      Reply

  • Alexkanary

    October 11, 2011 at 3:28 pm

    clean government ဖြစ်ချင်ရင် တော့လွှတ်ပေးလေ။ မလွှတ်ရင် တပ်မတော်အစိုးရပဲ ကြိုးကိုင်ထားတယ်ဆိုတာ ဘာမှသံသယ ဝင်စရာမလိုဘူး။

    Reply

    • avatar

      October 11, 2011 at 3:33 pm

      လာပါတော့
      အခါခါမော့
      ဇာဂနာပေါ့
      မျှော်တဲ့ ဒို့တွေရယ်
      မောပီ…မောပီ
      ( ကိုဇာဂနာ လွတ်မြောက်ပါစေ )

      Reply

  • lionking

    October 11, 2011 at 3:30 pm

    ဝမ်းသာစရာ သတင်းပါ။ ဘယ်လိုအကျဉ်းသားပဲ ဖြစ်ဖြစ်ပေါ့။ သူတို့လည်း ဒုက္ခတွေ တသီကြီးခံစားနေရမှာဆိုတော့ လွတ် မြောက်လာတာကို ဝမ်းသာပေးရမှာပါပဲ။ လွှတ်ပေးသူကိုလည်း ကျေးဇူးတင်ရမှာပါပဲ။ လွတ်မြောက်အကျဉ်းသားများ လန်းဖြာ ကြပါစေ။

    Reply

  • မိုက်ကယ်ဂျော်နီအောင်ပု

    October 11, 2011 at 3:34 pm

    အကျဉ်းသား ၆၃၅၉ ဦးကို မနက်ဖြန် အောက်တိုဘာ ၁၂ ရက်၊ သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာ အခါတော်နေ့) ကစပြီး ဆက်တိုက် လွှတ်ပေးမယ်လို့ ရုပ်သံက ဒီနေ့နေ့လယ် ၁ နာရီမှာ ကြေညာသွားပါတယ်။
    ကြေညာချက်မှာ နိုင်ငံရေးအကျဉ်းသားများ သို့မဟုတ် ယုံကြည်ချက်ကြောင့် အကျဉ်းကျသူများလို့ ခွဲခြား ဖော်ပြခြင်းမရှိပါဘူး။ အကျဉ်းသားများအားလုံးအနက် ထိုက်သင့်သော ပြစ်ဒဏ်ကို ကျခံပြီး စည်းကမ်းရှိတဲ့ အကျင့်စာရိတ္တ ကောင်းမွန်သူ၊ အသက်အရွယ် ကြီးရင့်သူ၊ ကျန်းမာရေး မကောင်းသူ၊ ကိုယ်လက်အင်္ဂါ ချွတ်ယွင်းနေသူ အကျဉ်းသားများအား လွှတ်ပေးမယ်လို့သာ ဆိုပါတယ်။
    ဘယ်သူတွေပါမလဲဆိုတာ မနက်ဖြန်ကနေ စပြီး စောင့်ကြည့်ရပါမယ် …။ ထုတ်ပြန်ချက်အပြည့်အစုံကို အောက်မှာ ဖတ်ပါ။
    နိုင်ငံတော်သမ္မတရုံးသည် အမိန့်အမှတ် ၄၉/၂၀၁၁ ကို ၁၃၇၂ခုနှစ် သီတင်းကျွတ်လဆန်း ၁၄ရက်၊ ၂၀၁၁ခုနှစ် အောက်တိုဘာလ ၁၁ရက် ယနေ့ရက်စွဲဖြင့် ထုတ်ပြန်ပါသည်။
    လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်း
    ၁။ နိုင်ငံတော်အစိုးရသည် အေးချမ်းသာယာပြီး ခေတ်မှီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရာတွင် ကောင်းမွန်သော အုပ်ချုပ်ရေး၊ သန့်ရှင်းသော အစိုးရဖြစ်ပေါ်ရေး၊ ဒီမိုကရေစီကျင့်စဉ် ထွန်းကားရေး၊ တရားဥပဒေ စိုးမိုးရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများကို ကြိုးပမ်း လုပ်ဆောင်လျက်ရှိပါသည်။
    ၂။ ဤသို့ နိုင်ငံတော်သစ်တည်ဆောက်ရာတွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် နိုင်ငံတော်သည် တည်ဆဲဥပဒေများကို
    ကျူးလွန်ဖောက်ဖျက်ခဲ့သူများအား တရားဥပဒေနှင့်အညီ ပြစ်ဒဏ်များ စီရင်ချမှတ်ခဲ့ရပါသည်။ ဤသို့ ပြစ်ဒဏ်စီရင်ခြင်းခံရသည့် အသက်အရွယ်ကြီးရင့်သူများ၊ ကျန်းမာရေးမကောင်းသူများ၊ ကိုယ်လက်အဂါင်္ချို့တဲ့သူများ အပါအဝင် အကျဉ်းသားများအားလုံးထဲမှ ထိုက်သင့်သောပြစ်ဒဏ်များကို ကျခံပြီး စည်းကမ်းနှင့် အကျင့်စာရိတ္တကောင်းမွန်လာသော အကျဉ်းသားများအား နိုင်ငံတော်အစိုးရသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၄ (ခ) ပါ ပြဌာန်းချက်နှင့်အညီ လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး နိုင်ငံတော်သစ်တည်ဆောက်ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ဖြစ်စေသည့် နိုင်ငံသားများအဖြစ်သို့ ပုပြင်ပြောင်းလဲပေးနိုင်ရန် အစီအမံများ စနစ်တကျ စီစဉ်ဆောင်ရွက်ပေးလိုပါသည်။
    ၃။ သို့ဖြစ်ရာ ထိုက်သင့်သော ပြစ်ဒဏ်များကို ကျခံပြီးဖြစ်သည့် စည်းကမ်းနှင့် အကျင့်စာရိတ္တကောင်းမွန်လာသော အကျဉ်းသားများအား လူသားချင်းစာနာထောက်ထားမှုနှင့် သနားချစ်ခင်မှုတို့ကို အလေးထားသည့် အနေဖြင့်လည်းကောင်း၊ ယင်းတို့၏ မိသားစုများအား ငဲ့ညာသော အနေဖြင့် လည်းကောင်း၊ယင်းတို့သည် နိုင်ငံတော်၏ မေတ္တာနှင့်စေတနာကို နားလည်ကြပြီး မိမိအကျိုး၊ ဒေသအကျိုး၊ နိုင်ငံအကျိုးအတွက် အများပြည်သူနှင်အတူ တာဝန် ထမ်းဆောင်သွားနိုင်စေရန်အတွက် လည်းကောင်း၊ အကျဉ်းထောင်အသီးသီးမှ ပူးတွဲအမည်စာရင်းပါ အကျဉ်းသား ၆၃၅၉ ဦးတို့အား ပည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၄ (ခ) အရ ယင်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များအပေါ် ၁၃၇၃ခုနှစ် သီတင်းကျွတ်လပြည့်နေ့ ခရစ်သက္ကရာဇ် ၂၀၁၁ခုနှစ် အောက်တိုဘာလ ၁၂ရက်မှ စ၍ ကျခံနေရသော ပြစ်ဒဏ်အသီးသီးကို လွတ်ငြိမချမ်းသာခွင့်ပြုလိုက်သည်။
    ပုံ သိန်းစိန်
    http://www.irrawaddyblog.com/2011/10/blog-post_9296.html
    ………………………………………………………
    ………………………………………………………..
    ဒါကတော့ ဧရာဝတီဘလော့က သတင်းပါ
    ( ၃။ သို့ဖြစ်ရာ ထိုက်သင့်သော ပြစ်ဒဏ်များကို ကျခံပြီးဖြစ်သည့် စည်းကမ်းနှင့် အကျင့်စာရိတ္တကောင်းမွန်လာသော အကျဉ်းသားများအား လူသားချင်းစာနာထောက်ထားမှုနှင့် သနားချစ်ခင်မှုတို့ကို အလေးထားသည့် အနေဖြင့်လည်းကောင်း)
    …………………………………….
    ဆိုတဲ့အကြောင်းကို ကြည့်ခြင်းအားဖြင့်
    ဒီပွဲကတော့ လိမ်ပွဲဖြစ်ပါသည်လို့ပြောရမလားဘာလား
    ဆိုတာ နောက်တစ်နေ့ စောင့်ကြည့်လိုက်ဦးမယ်

    Reply

  • minthakhin

    October 11, 2011 at 3:35 pm

    မနက်ဖြန်မှ လို ့ပြောပါတယ်။ Eleven ကတက်တဲ့သတင်းဆိုတော့ သူများတကာထက်တော့ ပိုစိတ်ချရမှာပါ။
    http://first-11.com/index.php?option=com_content&view=article&id=10484:2011-10-11-07-10-56&catid=42:2009-11-10-07-36-59&Itemid=112

    http://first-11.com/index.php?option=com_content&view=article&id=10485&Itemid=112

    pan pan ပြောသလိုတော့ မဖြစ်လိုက်ပါနဲ ့ဗျာ။ မဖြစ်နိုင်လောက်ဘူးလို ့တော့ ကျွန်တော် (တစ်ယောက်တည်း) ထင်ပါတယ်။ အားလုံးဝမ်းသာရမယ့် သူတွေကိုလွှတ်ပေးဖို ့ များပါတယ်။
    ဆုတောင်းတိုင်းသာ ပြည့်လို ့ကတော့။ ကျွန်တော်တို ့မျှော်လင့်နေတဲ့သူတွေ လွတ်ဖို ့တနေကုန်ဆုတောင်းပလိုက်မယ်။

    Reply

  • Alexkanary

    October 11, 2011 at 3:39 pm

    နားကန်းနေတာ။။ အစကတည်းကလွှတ်ပေးပြီးရော။ အော်မှရတာ ။

    Reply

  • etone

    October 11, 2011 at 3:51 pm

    အကျဉ်းသား (၆၃၅၉)ဦးကို အောက်တိုဘာလ ၁၂ရက်နေ့မှ စတင်ပြီး လွတ်ငြိမ်းချမ်းသာခွင့် ပြုမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်
    ==================
    မြန်မာနိုင်ငံရှိ် အကျဉ်းထောင်အသီးသီးတွင် အကျဉ်းကျခံနေရသော အကျဉ်းသားများအနက် အကျဉ်းသား (၆၃၅၉) ဦးကို အောက်တိုဘာလ ၁၂ရက်ိ (သတင်းကျွတ်လပြည့်နေ့) မှစတင်ပြီး လွတ်ငြိမ်းချမ်းသာခွင့် ပြုမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ အမိန့်ကြေညာချက်ဖြင့် နိုင်ငံတော်သမ္မတရုံးမှ သတင်းထုတ်ပြန်ခဲ့ပါသည်။ နိုင်ငံတော် သမ္မတရုံးမှ ထုတ်ပြန်ခဲ့သော အမိန့်ကြေငြာစာ အပြည့်အစုံမှ အောက်ပါအတိုင်းဖြစ်ပါသည်။

    နိုင်ငံတော် သမ္မတရုံးသည် အမိန့်အမှတ် ၄၉/၂၀၁၁ ကို ၁၃၇၂ခုနှစ် သီတင်းကျွတ်လဆန်း ၁၄ရက်၊ ၂၀၁၁ခုနှစ် အောက်တိုဘာလ ၁၁ရက် ယနေ့ရက်စွဲဖြင့် ထုတ်ပြန်ပါသည်။

    လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်း

    ၁။ နိုင်ငံတော်အစိုးရသည် အေးချမ်းသာယာပြီး ခေတ်မှီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရာတွင် ကောင်းမွန်သော အုပ်ချုပ်ရေး၊ သန့်ရှင်းသော အစိုးရဖြစ်ပေါ်ရေး၊ ဒီမိုကရေစီကျင့်စဉ် ထွန်းကားရေး၊ တရားဥပဒေ စိုးမိုးရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများကို ကြိုးပမ်း လုပ်ဆောင်လျက်ရှိပါသည်။

    ၂။ ဤသို့ နိုင်ငံတော်သစ်တည်ဆောက်ရာတွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် နိုင်ငံတော်သည် တည်ဆဲဥပဒေများကို ကျူးလွန်ဖောက်ဖျက် ခဲ့သူများအား တရားဥပဒေနှင့်အညီ ပြစ်ဒဏ်များ စီရင်ချမှတ်ခဲ့ရပါသည်။ ဤသို့ ပြစ်ဒဏ်စီရင်ခြင်းခံရသည့် အသက်အရွယ်ကြီးရင့်သူများ၊ ကျန်းမာရေး မကောင်းသူများ၊ ကိုယ်လက်အဂါင်္ချို့တဲ့သူများ အပါအဝင် အကျဉ်းသားများအားလုံးထဲမှ ထိုက်သင့်သောပြစ်ဒဏ်များကို ကျခံပြီး စည်းကမ်းနှင့် အကျင့်စာရိတ္တ ကောင်းမွန်လာသော အကျဉ်းသားများအား နိုင်ငံတော် အစိုးရသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၄ (ခ) ပါ ပြဌာန်းချက်နှင့်အညီ လွတ်ငြိမ်းချမ်းသာခွင့် ပေးပြီး နိုင်ငံတော်သစ် တည်ဆောက်ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ဖြစ်စေသည့် နိုင်ငံသားများအဖြစ်သို့ ပြုပြင်ပြောင်းလဲ ပေးနိုင်ရန် အစီအမံများ စနစ်တကျ စီစဉ်ဆောင်ရွက်ပေးလိုပါသည်။

    ၃။ သို့ဖြစ်ရာ ထိုက်သင့်သော ပြစ်ဒဏ်များကို ကျခံပြီးဖြစ်သည့် စည်းကမ်းနှင့် အကျင့်စာရိတ္တကောင်းမွန်လာသော အကျဉ်းသားများအား လူသားချင်း စာနာထောက်ထားမှုနှင့် သနားချစ်ခင်မှုတို့ကို အလေးထားသည့် အနေဖြင့်လည်းကောင်း၊ ယင်းတို့၏ မိသားစုများအား ငဲ့ညာသော အနေဖြင့် လည်းကောင်း၊ ယင်းတို့သည် နိုင်ငံတော်၏ မေတ္တာနှင့်စေတနာကို နားလည်ကြပြီး မိမိအကျိုး၊ ဒေသအကျိုး၊ နိုင်ငံအကျိုးအတွက် အများပြည်သူနှင်အတူ တာဝန်ထမ်းဆောင် သွားနိုင်စေရန်အတွက် လည်းကောင်း၊ အကျဉ်းထောင်အသီးသီးမှ ပူးတွဲအမည်စာရင်းပါ အကျဉ်းသား ၆၃၅၉ ဦးတို့အား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၄ (ခ) အရ ယင်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များအပေါ် ၁၃၇၃ခုနှစ် သီတင်းကျွတ်လပြည့်နေ့ ခရစ်သက္ကရာဇ် ၂၀၁၁ခုနှစ် အောက်တိုဘာလ ၁၂ရက်မှ စ၍ ကျခံနေရသော ပြစ်ဒဏ်အသီးသီးကို လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်သည်။

    ပုံ
    သိန်းစိန်
    နိုင်ငံတော်သမ္မတ
    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

    http://www.news-eleven.com/index.php?option=com_content&view=article&id=10484:2011-10-11-07-10-56&catid=42:2009-11-10-07-36-59&Itemid=112

    Reply

  • ba gyi

    October 11, 2011 at 3:52 pm

    ကိုယ်ချင်းစာခြင်းများစွာဖြင့်၊ အလွန်ဝမ်းမြောက်ပါသည်——————————–။
    ပြည်သူအများမျှော်လင့်သောနိုင်ငံရေးခေါင်းဆောင်များ၊ ကျောင်းသားခေါင်းဆောင်များ၊ ဘ လော့ ဂါ များ၊ အနုပညာ၊စာပေနှင့်စာနယ်ဇင်း လောကမှ သတ္တိခဲကြီးများ၊တိုင်းရင်းသား ခေါင်းဆောင်များ၊ ဘာ သာ ရေး လောကမှဆရာတော်၊သီလရှင်များအပါအဝင် အားလုံး လွတ်မြောက်နိုင်ကြပါစေ။
    ကျောင်းတော်အသီးသီးတက်ရောက်နေကြကုန်သော ရဲဘော်ရဲဘက်များလွတ်မြောက်ရေးအတွက်
    စစ်ဘက်လွှတ်တော်ကိုယ်စာလှယ်များကတောင်မျှော်လင့်နေပါသည်ဆိုသော- ကိုအောင်ပု ကြီးစာကို ဖတ် ရသဖြင့်— ပို ဝမ်းမြောက်မိပါ၏။ချစ်ကြည်ခြင်း/ညီညွတ်ခြင်း/တရားမျှတခြင်း တို့၏ အစပေလား- —–သို့
    မဟုတ် ————-ပေလား ?။

    Reply

  • faker

    October 11, 2011 at 3:58 pm

    pan pan ပြောသလို မဖြစ်ပါစေနဲ့ ၊ မျှမျှတတ ဖြစ်ပါစေ ၊ မြစ်ဆုံ ကိစ္စကြီး သကဲ့သို့
    အားလုံးအတွက် စိတ်ချမ်းသာရလိုပါ၏ ။ မျှတစွာ စီရင်နိုင်ပါစေသော် ။

    Reply

  • ရွှေအိမ်စည်

    October 11, 2011 at 4:02 pm

    မနက်ကတည်းကအင်းစိန်ထောင်ရှေ ့မှာ..နဲနဲနောနော်လူအုပ်မှမဟုတ်တာ….

    နေ ့လည်တနာရီလွတ်ပေးမယ်..သီးတင်းကျွတ်လပြည့်နေ ့အမှီဆိုတာ….ကတော့အမှန်ဘဲ..

    အကျည်းသားတကယ်လွှတ်မလွှတ်ဆိုတာထက်သူတို ့အတွက်တရက်ဆိုတာ..က..
    နတ်ပြည်နဲ ့လူပြည်..တရက်ကွာသလိုမျိုးတော့ဖြစ်နိုင်ချေပိုရှိတယ်လေ။

    လူသားစိတ်ကတော့..အားလုံးဝမ်းသာပျော်ရွှင်ကြမှာပါသတင်းကြာစနဲ ့တင်လူတိုင်းအပျော်တွေ ကူးလူးနေကြတာ..

    အခုလည်းပျော်ပါတယ်

    Reply

  • kai

    October 11, 2011 at 4:22 pm

    ယုံကြည်ချက်ကြောင့်အကျဉ်းကျခံထားသူတွေ… တော်တော်များများပါလာမယ်လို့…မှန်းပါတယ်..။
    မင်းကိုနိုင်တို့ ၈၈မျိုးဆက်တအုပ်စုလုံးနဲ့.. ဇာဂနာ ပါမှာပါ..။ ဘလော့ဂါကြီးလည်းပါမှာပါ..။
    ပြောနေကြတဲ့.. ၂၀၀ဝ စာရင်းထဲက.. အနည်းဆုံး ၅၀ဝ ပါမယ်ခင်ဗျ..

    လောင်းကြည့်မလားဟင်..။ 😆

    Reply

    • MaMa

      October 11, 2011 at 9:02 pm

      အလောင်း ဝါသနာ မပါဘူး။
      အစားပဲ ဝါသနာပါတယ်။
      ပန်း ကျ ရင် သဂျီးရှုံးတယ်။
      ခေါင်း ကျရင် ကျမ နိုင်တယ်။
      အဲလိုဆိုရင် လောင်းမယ်။ 😀

      Reply

  • AKKO

    October 11, 2011 at 4:38 pm

    ယုံကြည်ချက်ကြောင့် အကျဉ်းချခံရသူ အားလုံးပါလာလျှင် ပိုကောင်းပါလိမ့်မယ် အပြစ်တစ်စုံတစ်ရာ မကျူးလွန်ပါပဲ ကိုယ့်ယုံကြည်ချက်ဖော်ထုတ်မိတဲ့အတွက် ဒဏ်ခံခတ်ရတာ လွတ်မြောက်စေချင်ပါပြီ ။

    Reply

  • ရာဇဝင်လူဆိုး

    October 11, 2011 at 4:47 pm

    လုံးဝ အပြုသဘောဆောင်တဲ. လုပ်ရပ်ကောင်းတွေပဲ။ ကြိုဆိုတယ်ဗျာ..။ကိုမင်းကိုနိုင် တို.နဲ. ၈၈ အဖွဲ.တွေပါလာရင်တော. ပွဲက ကြည်.လို.ကောင်းသွားပြီ။ လွတ်ပါစေဗျာ….။
    ဒါပေမယ် အလောင်းအစားကလဲ ဝါသနာပါတော. သူဂျီးရေး ..ကျုပ်ရဲ.ရှိစုမဲ.စု ပွိုင်. ၁၆၈၁ ပွိုင့်ကြေး လောင်းမယ်ဗျာ။ သူတို.လွတ်မယ်ဆို ကျုပ် ကျေကျေနပ်နပ် ပျော်ပျော်ကြီး အရှုံးပေးပါတယ်..။ ဆုတောင်းပါတယ်ဗျာ..ကျုပ်ရှုံးသွားပါစေ..။

    Reply

  • villager

    October 11, 2011 at 4:48 pm

    မင်္ဂလာ သတင်းပါ
    သတ္တဝါ အားလုံး ဝဋ် ကြွေး ရှိက ကျေပါစေ

    Reply

  • villager

    October 11, 2011 at 4:50 pm

    တစ်ကယ်ပါ ကျနော်ဆိုရင် သူတို့လိုမပြောနဲ့ တစ်ခဏလေးတောင်မှ အချုပ်အနှောင်
    ဝေဒနာ မျိုးမခံ စားချင်ပါ (ကိုယ်ချင်းစာ ပါတယ်)

    Reply

  • naywoonni

    October 11, 2011 at 7:42 pm

    ကိုဇာ ပါလား ? ကိုဇာပါရင် နှိုးပြီးပြောပါ ကျေးဇူးပြု၍…………zzzzzzz

    Reply

  • nature

    October 11, 2011 at 8:11 pm

    ဘာပဲဖြစ်ဖြစ်ဝမ်းသာစရာသတင်းလေးပါ။ ကိုယ်အိမ်က လူယောက်လွတ်မြောက်တော့မယ်ဆိုရင်အိမ်သားတွေ အားလုံးဝမ်းသာကြမှာပါ။ မဆိုင်ပဲကြားရတဲ့သူတွေတောင် ဝမ်းသာကြပါတယ်။ အမျိုးသားရင်ကြားစေ့ရေးအတွက် ပထမခြေလှမ်း လို့ယူဆပါတယ်။

    Reply

  • padonmar

    October 11, 2011 at 8:35 pm

    😀 😀 😀 😀 😀 😀 😀 😀 😀

    Reply

  • tharaye

    October 11, 2011 at 9:04 pm

    လပြည့်နေ့ လွတ်မယ်ပေါ့နော် ရင်ခုန်လိုက်တာ တစ်ကယ်ဘဲ ။

    Reply

  • Ko Ko Aung

    October 11, 2011 at 10:46 pm

    22:45
    အခုထိလဲ စာရင်းမသိရသေးဘူး
    သူငယ်ချင်းတွေပြန်ပါလာမယ်မျှော်လင့်ရတာပဲ
    ခိုင်ထူးရဲ့သီချင်းလေးတပိုင်းတစ သတိရမိတယ်
    ……….အခုညတော့ အိပ်နိုင်မယ်မထင်ဘူး……

    Reply

Leave a Reply

Your email address will not be published.