မနက်စောစော နာရေးပို့နိုင်ဖို့

banbanMay 18, 20101min02

မန်းတလေးမှာ အပူလွန်ကဲမှုကြောင့် လူကြီး… လူငယ်… ခလေးများ သေဆုံးနေကြရာ ကျန်ရစ်သူမိသားစုများအနေဖြင့် နာရေးကို စီစဉ်ရာတွင် သိပ်မပူသောအချိန် မနက်ပိုင်းကို ရွေးကြတာ များပါတယ်။ သုဿန်များတွင်လည်း နာရေးများ အလွန်များပြားနေသောကြောင့် အချိန်ပြည့် အလုပ်ရှုပ်နေကြပါတယ်။ မနက်ပိုင်း ၉နာရီမှ ၁ဝနာရီအတွင်း နာရေးကိစ္စ ပြီးချင်သော သူများသည် ကျပ် နှစ်သောင်းပေး၍  အချိန်ညှိရသည်ဟု နာရေးမိသားစုတစ်ခုမှ ပြောပြပါသည်။

17-5-2010 တနင်္လာနေ့ညပိုင်းတွင် မိုးရွာသောကြောင့် အပူချိန်အတော်လေးလျော့သွားပါပြီ။ သေဆုံးသူဦးရေ လျော့နည်းသွားမည်ဟု မျှော်မှန်းရပါသည်။

မန်းတလေးမြို  ့ရှိ ဆေးဆိုင်အတော်များများတွင်လည်း ဓါတ်ဆားထုပ်များ ပစ္စည်းပြတ်သလောက်ဖြစ်နေပါသည်။ လက်လီလက်ကားရောင်းချသော ဆေးဆိုင်များတွင် လက်ရှိရောင်းဈေးမှာ ဓါတ်ဆားတစ်ထုပ်ကို ၃၅ဝကျပ် ပေးရပါသည်။

2 comments

  • susunosuki

    May 18, 2010 at 7:44 am

    မိုးရွာပါပြီ
    လေတွေတောင်ထန်တယ်
    ရန်ကုန်မှာ ပြောတာ
    မန်းတော့ မသိဘူး
    ကျွန်တော်တို့တော့ နည်းနည်းအေးသွားပြီ
    ဖုန်တွေလဲသိပ်သွားပြီ

    Reply

  • kopauk mandalay

    May 18, 2010 at 4:48 pm

    အချိန်ရွေးဘို.မပြောနဲ.မြန်မြန်ချလို.ရရင်တောင်ကံကောင်းလို.အလောင်းစည်သူဖြစ်နေတဲ.နေ.တွေက ကြားရပါတယ်။
    အကြံပေးချင်တာကတော. သဘာဝကို သဘာဝအတို်င်း တုန်.ပြန်လို. ငုံ.ခံတာအကောင်းဆုံးပါ။
    ရေဝတ်အစိုနဲ.အိပ်တာတို. သံမန်သလင်းပေါ်မှာရေဖျန်းပြီးအိပ်တာကို
    ရေဆွတ်ပြီးပန်ကာအောက်ထိုင်တာတို.။
    သည်အချိန်မှာလူဟာ ဖန်ခွက်ပါးပါးလေးနဲ.တူပါတယ်.
    သိပ်ပူရင်လဲအက် သိပ်အေးပြန်တော.ကွဲ
    ခက်လဲခက်တဲ. လောကပါဗျာ။
    ကဲရောင်းစားချင်အုံးဟဲ.သစ်ပင်တွေသစ်တောတွေလို.သာကုန်းဟစ်လိုက်ချင်ပါတယ်။

    Reply

Leave a Reply to susunosuki Cancel Reply

Your email address will not be published.