လွတ်လပ်ရေး အဟောင်းဆိုင်

Nan ShinOctober 10, 20111min03

ခွေးကိုရိုက်သူခွေးနဲ ့တူ
ရိုက်သူလဲခွေး ခွေးလဲခွေး…..တဲ့
ပရမတ္ထမိုးကုတ်စက်ဝိုင်းကြီးအောက်က
အချို ့အချို ့သောသူတွေ သိမှသိပါလေစ………..

Rensselaer မှတ်တမ်းလို ့ပဲပြောပြော
ကာရံမဲ့မိုးများလို ့ပဲ ဆိုဆို
နှမ်းတလုံးနဲ ့ဆီမဖြစ်ပေမဲ့
တခေါက်သာတုန်း တခါသောက်မိလို ့
သမားဂုဏ်အမြှောက်ခံလိုက်ရတဲ့
လူတစ်ယောက်ရဲ ့ရာဇဝင်မှာ
သူ ့ခြံထဲကပန်း ကိုယ်မနမ်းမိလို ့လဲ
တရားခံဖြစ်ခဲ့ဘူးတယ်………….
ကိုယ့်ခြံထဲကပန်း ကိုယ်နမ်းမိလို ့လဲ
ရာဇဝတ်မှုမြောက်ခဲ့ဘူးတယ်………..
ကြိုးစားလို ့ ကျားဆိုးအထင်ခံရတာလဲ
ဒါ………ပထမဆုံးပဲ……..

ပက်လက်လှန်ပြီး ကဆုန်ပေါက်နေတဲ့
လိပ်တကောင်လို
Technics မဲ့ Knowledge မဲ့တဲ့
ပညာရှင်အချို ့ရဲ ့
လျှာဖျားပေါ်မှာ စီးမျောဘူးတယ်………..
မိုးထက်ညံ ပရမတ်ပြန်
ဆံတိုကြီးတယောက်ရဲ ့ အရိပ်အောက်မှာလည်း
နေလောင်ဒဏ်သင့်ခဲ့ဘူးတယ်……….
ဒီမိုကရေစီကို ခါးပိုက် ပိုက်ပြီး
ထောက်လှန်းရေးကြောက်တဲ့ ရောဂါသည်တစ်ယောက်ရဲ ့
ခြိမ်းခြောက်မှုကြောင့်လည်း
အသက်ရှူသုံးခါရပ်တန် ့ဘူးတယ်……….
လူဆုံတိုင်းငါ့သိက္ခာကိုအစိမ်းလိုက် ဝါးစားဖို ့ချောင်းနေတဲ့
ရွှေအိုရောင် ကြက်တူရွေးကြီး……………
အမေရိက က Force Labor
ဂျိုးဖြူမနဲ ့ရည်းစားထားတဲ့
ခပ်ရင့်ရင့်လိမ္မော်သီးကြီးတစ်လုံး
ပြီးတော့……..
ရွာလေးတရွာက
Service မဲ့ Media များ
ရှိစေတော့…..ရှိစေတော့ ဆိုပြီး
အားလုံးကိုဂုတ်သပ်ချော ့သိပ်ရင်း
သင်္ခါရအဖြစ် နမ်းရှိုက်ခဲ့တာ
မနေ ့ကအထိ ရက်ပေါင်းခုနှစ်ရာကျော်ခဲ့ပြီပဲ……….
ဒီလိုနဲ ့…….
နေ ့ပေါင်းများစွာကိုကျော်ခွ
ကိုယ့်ကိုယ်ကိုလည်းချော့သိပ်
အတွေးစိတ်တွေကို ဘေးချိတ်
ဆေးလိပ်နဲ ့မှေးအိပ်ရင်း
လေပြေလေးတချက် ဝှေ ့မယမ်းမချင်းတော့
သည်းခံခြင်းနဲ ့Phone တလုံးကို
Remix လုပ်ပြီး
အသက်ဆက်ဖို ့ဆုံးဖြတ်လိုက်တယ်။

နန်းရှင်

3 comments

  • thit min

    October 10, 2011 at 9:33 pm

    ပစ်မှတ်ဆိုတာချိန်ပစ်စရာမလိုဘူး
    ဝိုက်ပြီးပစ်ရင်လည်းမှန်တတ်တယ်
    မှတ်တယ်ဆိုတာကလည်းပစ်မှတ်ကတားဂက်ဆီရောက်သွားလို့လဲမဟုတ်ဘူး
    ပစ်မှတ်ကသာတားဂတ်ရှိရာလာပီးအထိအမှန်ခံတယ်ဆိုတာ Boomerang နဲ့ ကိုနန်းရှင်ပြောလို့သိရပါပြီ။

    တကယ်ဆိုရင်ပြောလိုက်ရင်ပေါ့သွားတတ်ပြီး၊မပြောတာကပိုလေးနက်နေတတ်ပါတယ်။ကျနော်ဘာစကားကိုမှနောက်ဆုံးမှာ
    မထားခဲ့တဲ့လေးနက်မှုကိုသိမှာပါလေ။

    Reply

  • ပေါက်ဖော်

    October 10, 2011 at 9:57 pm

    အစစ်..အသစ်တွေ တပ်မက်..
    ဘဝတစ်သက်စာ..နွမ်း..စုတ်ပြတ်နေလဲ
    အဟောင်းတန်းမှာ..ရောင်းတန်းဝင်ခဲ့ဖူးတယ်..

    နှုတ်ခမ်းဖျား…ပျားရည်ဆွတ်..
    ပေါ့.ရွှတ်ရွှတ်…လေသံတွေထဲ..
    အပုတ်နံ ့တွေ..ရောယှက်ခဲ့ဖူးတယ်..

    စည်းရိုးတွေထပ်…ဝန်းရံခတ်ပေးထားလဲ..
    ဂျေးလ်ထဲက အကျဉ်းသားကြီးတွေလို..
    နံရံပြင်မှာပဲ…ဆန္ဒရှိခဲ့ဖူးတယ်..

    စီးကရက်တစ်ဖက်..သူရာတစ်ခွက်နဲ ့..
    ကွမ်းတစ်ညက်စာ စိတ်ဓာတ်တွေ…….
    ရာဇဝင်သာ ပြန်ဖျက်ခွင့်ရှိရင်..
    ဒဏ္ဍာရီထဲက ကိုပေါဟာ..ငါဖြစ်လိမ့်မယ်..

    ဒီလိုနဲ ့….
    ဒီလိုနဲ ့..ဘာဆက်ရေးရမှာရဲဟင်..
    🙄

    Reply

  • chitmg

    October 12, 2011 at 9:20 am

    ကောင်းတယ်ဗျာ။လူတွေကိုရော၊အနေအထားတွေကိုပါသီးခံရမယ်ဆိုလိုတာတော့နားလည်တယ်။
    လွတ်လပ်ရေးအဟောင်းဆိုင်ဆိုတာကိုတော့ရှင်းပြပေးရင်ပိုကောင်းမယ်၊ကျနော်ကပိန်းတယ်ဗျ။

    Reply

Leave a Reply to chitmg Cancel Reply

Your email address will not be published.