လုပ်ငန်းသုံးမီတာများ လိုက်လံ ဖြုတ်သိမ်း

BayoteMay 18, 20101min02

လျှပ်စစ်မီးပြတ်တောက်မှု ဆိုးရွားနေသော ရန်ကုန်မြို့တွင် အိမ်တွင်းစက်မှု လုပ်ငန်းများတွင် အသုံးပြုသည့် ပါဝါလျှပ်စစ်မီတာများကို  အာဏာပိုင်များက လိုက်ဖြုတ်နေကြောင်း အရေးပေါ်လျှပ်စစ်ဌာနက ပြောသည်။

စီးပွားရေး လုပ်ငန်းသုံး ပါဝါမီတာများကို ဖြုတ်သိမ်းခြင်းဖြင့် လူနေရပ်ကွက်များအတွက် လျှပ်စစ်မီး တိုးမြှင့်ပေးနိုင်ရေး အစီအစဉ်ကို မေလ ၁၄ ရက်နေ့မှ စတင်လိုက်ခြင်း ဖြစ်သည်။

အသေးစား စက်မှုလုပ်ငန်းများ၊ ပုဂ္ဂလိက စက်ရုံများ၊ စီးပွားရေး လုပ်ငန်းများ၊ ရှော့ပင်းမောလ်၊  စူပါမားကတ်နှင့် ပုဂ္ဂလိကဆေးရုံ ဆေးခန်းများ လျှပ်စစ်ဖြတ် တောက်ခံရမှာဖြစ်သည်။

“လောလောဆယ် ဓါတ်အား အလုံအလောက် မရသေးလို့ လုပ်ငန်းသုံးတွေကို ခဏရပ်ထားဖို့ မီတာ လိုက်ဖြတ်တာပါ။ ရန်ကုန်တတိုင်းလုံးလို့ ပြောလို့ရတယ်။ ကိုယ်ပိုင် Generator (မီးစက်) နဲ့ပဲ လုပ်ငန်း အသုံးပြုလို့ ရပါတယ်” ဟု ကျောက်တံတားမြို့နယ် အရေးပေါ် လျှပ်စစ်ဌာနမှ တာဝန်ရှိသူ တဦးက မဇ္ဈိမသို့ ပြောသည်။

မြို့နယ်များအလိုက် တာဝန်ရှိသူ အာဏာပိုင်များက လိုက်လံဖြုတ်နေခြင်းဖြစ်ကြောင်း သူက ဆိုသည်။

မြန်မာတနိုင်ငံလုံး လျှပ်စစ်ဓာတ်အားလိုအပ်ချက်က ၁၅၅၅ မဂ္ဂါဝပ်ဖြစ်ပြီး လူဦးရေ ၆ သန်းကျော်ရှိသော ရန်ကုန်က သုံးပုံတပုံကျော် အသုံးပြုကာ ၆၆၆.၇၈ မဂ္ဂါဝပ်၊ မန္တလေးက ၁၄၁.၆၄ မဂ္ဂါဝပ်၊ အခြားသော ပြည်နယ်နှင့် တိုင်းများအားလုံးက ၇၄၆.၈၃ မဂ္ဂါဝပ်သာ ဖြစ်သည်။

သို့သော်လည်း ပင်မဓာတ်အားဖြန့်ဖြူးရေးစနစ်မှ တနိုင်ငံလုံး ပြည်သူလူထုအတွက် ပျှမ်းမျှအားဖြင့် ၈၅၆ မဂ္ဂါဝပ်ကိုသာ  အလှည့်ကျ ဖြန့်ဖြူးပေးနေခြင်းဖြစ်ပြီး ရန်ကုန်အတွက် မဂ္ဂါဝပ် ၃ဝဝ ခန့်ဖြန့်ဖြူးသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန (၂)က ချုပ်ကိုင်ထားသော ဓာတ်အားဖြန့်ဖြူးမှုက လုံလောက်စွာ ပေးနိုင်ခြင်းမရှိသဖြင့် လုပ်ငန်းအများအပြားမှာ မီးစက်ကို အဓိက အသုံးပြုနေရသည်မှာ ကြာပြီဖြစ်သည်။ အကျိုးဆက်အဖြစ် ကုန်ကျစားရိတ်မြင့်တက်လာခြင်းဖြစ်သည်။

ရန်ကုန်မြို့တွင် အလှည့်ကျစနစ်ဖြင့် ဓာတ်အားဖြန့်ဖြူးလျှက်ရှိပြီး တနေ့လျှင် ၆ နာရီအောက်သာ လျှပ်စစ်မီးရကြသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန (၁) က ရေအားလျှပ်စစ်နှင့် ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံများ ဆောင်ရွက်လုပ်ကိုင်ရပြီး ဝန်ကြီးဌာန (၂) က  သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံများ၊ ဆောင်ရွက်လုပ်ကိုင်ခြင်းနှင့် ဓာတ်အားသွယ်တန်းခြင်း၊ ဖြန့်ဖြူးခြင်းတို့ လုပ်ကိုင်လျှက်ရှိသည်။

Source : Mizzima

2 comments

  • susunosuki

    May 18, 2010 at 7:58 am

    ကျွန်တော်တို့ အိမ်တွေတော့မီးမှန်မှန်လာနိုင်တော့မယ်
    ဒါပေမယ့် လုပ်ငန်းတွေကို မီးမပေးတော့ ထုတ်လုပ်စရိတ် တက်ပြီပေါ့
    တွက်ချေမကိုက်လို့ နားတယ်ဆိုရင် အလုပ်တွေပြုတ်ကြဦးမယ်
    မိုးမြန်မြန်ရွာမှ အေးမှာပါ

    Reply

  • darkoosky

    May 18, 2010 at 11:06 am

    do not worry, the hydro power projects will be finished soon. I am not sure that if they are finished, would you get or not.

    Reply

Leave a Reply

Your email address will not be published.