ဆုတောင်း

MariposaOctober 9, 20111min07

အရှင်မာရ်နတ်

ထိုနေ့တွင် . . .

အရာအားလုံး မှောင်မိုင်နေပါစေ။

အလင်းရောင် မရှိပါစေနှင့်။

ငါ့အတွက်

အရှက်အကြောက် ကင်းမဲ့နေပါစေ။

ဖြစ်ပျက်သမျှအားလုံး

အဆင်မပြေမှုတွေနဲ့ ပြည့်နေပါစေ။

ငါ့အား ရက်စက်တတ်တဲ့ နှလုံးသားတစ်ခု

ပေးအပ်တော်မူပါ အရှင်မာရ်နတ်။

ထိုနေ့သည် . . .

သူမ နဲ့ ငါ

နောက်ဆုံးတွေဆုံခြင်း ဖြစ်ပါစေ။

ထိုသို့ ပြုလုပ်ပေးခြင်းအားဖြင့်

ငါသည် သင့်အား

အစဉ်ထာဝရ ကျေးဇူးတင်ပါမည်။

သင်၏ ချမ်းသာ ပျော်ရွှင်ခြင်းအလို့ငှာ

ဘုရားရှင်ထံတွင်

ငါကိုယ်တိုင်  . . .

ဆုတောင်းမေတ္တာ ပို့သပေးပါတော့မည်။

7 comments

  • alinsett

    October 9, 2011 at 7:04 pm

    ကောင်းပါတယ် ။ အတွေးဆန်းတယ်လိုေ့ပြာရမယ်နော် ။

  • akswe

    October 9, 2011 at 10:41 pm

    အချင်း စာတန် .. ငါ့နောက်သို့ ဆုတ်လော့…….

    ဤသူငယ်ဧ။် နူးညံ့ သိမ်မွေ့သော နှလူံးသားတွင် ……
    ရက်စက် ခက်ထန်စေရန် ဖြားယောင်း သော သင့်အား …….
    ငါမျက်နှာလွဲတော်မူပြီ။

    အချင်း မာရ်နတ်…
    သင်ဧ။် အရှက်ကင်းမဲ့သော အကြင်နာ ကင်းသော မေတ္တာ မဲ့သော….
    မိုက်မဲ အဆင်အခြင် ကင်းမှု အဆင်မပြေ မှုများ ပြွမ်းလျက်….
    မှောင်မိုက်သည့် နေ့များအား ဤလူသားအပေါ် ဖန်တီးမှုက်ို ငါခွင့်မပြု။

    အသင်လူသားငယ်….
    လာလော့ ထလော့ ဝမ်းမြောက်လော့ ကျူးရင့်လော့….
    ရွင်မြူးတေးသီ ကခုန်လော့ တူရိယာ တို့အား တီးခတ် နားဆင်လော့….
    ငါဧ။်မေတ္တာဖြင့် သင့်အား ထာဝရ ချစ်ခြင်း နှင့်ရှင်သန်ခြင်းကို ရစေအံ့။

    သင့်အား ရက်စက် ခက်ထန်စေရန် ဖြားယောင်း မှုကြောင့်
    မာရ်နတ် ကိုကား ခြီးမြှောက်ခြင်းပြုဖွယ်ရာ မရှိပြီ…
    သူ့ အတွက် သင်ဧ။် လက်ကို ဆေးလိုက်ပါ..
    ဝမ်းမြောက်ခြင်းသည် သင့်ထံကျရောက်ပါစေ။

    သင်ဧ။် နှလုံးသားအား ငါ့ထံသို့ မြင့်မားစွာ ပင့်တင်ဆက်သပါလေ…..
    မာရ်နတ် ဖျက်ဆီး သောကြောင့်
    အမုန်းတရား များဖြင့်…..နာကြင် နွမ်းလျ မောပန်းနေ သော သင်ဧ။် နှလုံးသားအား..
    မေတ္တာ စမ်းရေဖြင့် ဆေးကြော သန့်စင် ရွင်လန်း ငြိမ်းအေး ဝမ်းမြောက်ပါစေအံ့….
    ငါသည် အသင်ဧ။် သိုးထိမ်း ဖြစ်တော်မူ ပေဧ။်….
    ငြိမ်သက်ခြင်းသည် သင့်ထံဍ္ဍ်ကျရောက်ပါစေသတည်း။

    အချင်း စာတန်…… ငါဧ။်နောက်သို့ဆုတ်လော့…..

  • akswe

    October 9, 2011 at 10:45 pm

    မာရီပိုးစ ရေ … အဘ ဖီလင်ဝင်ပြီး ရေးမိသွားတာ မူရင်း ကဗျာ ကို စော်ကား သလို ဖြစ်နေရင် တောင်းပန်ပါတယ်နော်…

    • Mariposa

      October 11, 2011 at 6:42 pm

      ကြိုက်သွားပြီ အဘရေ . . . ။
      အဘရေးထားတာ မူရင်း ကဗျာကို စော်ကားသလို မဖြစ်ပါဘူး။
      ပိုပြီးတော့တောင် အသက်ဝင်လာသေးတယ်။
      ကျေးဇူးပဲ အဘရေ . . . ။ (+1 ပေးလိုက်တယ်နော်။)

  • ကြောင်ကြီး

    October 10, 2011 at 10:57 am

    အချင်းစေတန်
    မဝေဖန်နဲ့
    လေကန်သူသာ
    အပြစ်ရှိ။။

  • etone

    October 10, 2011 at 11:31 am

    ကဗျာက မိုက်တယ်ဗျို့ … ။
    အတော်လေး နာကျဉ်းပြီး … ခွဲခွာခြင်းနဲ့ ဇာတ်သိမ်းဖို့ … အားယူနေရင်းရေးလိုက်တာထင်ပါရဲ့ … ။
    ဘာပဲဖြစ်ဖြစ် ဖတ်ပြီး ဟက်ထိသွားတယ် 😉

  • ရွှေဘိုသား

    October 10, 2011 at 4:37 pm

    မာန်နတ်ကို တိုင်တည်တဲ.သူ တွေ.ဖူးပြီဗျ အဇာတသတ် ဆိုတာကြားဖူးတာ မမြင်ဖူးဘူး အခုတော. ရွာထဲရောက်နေပြီ သူကြီးကို ပြန်မသတ်နဲ.နော် ပွိုင်.လေးတွေ ရစရာရှိသေးလို.

Leave a Reply