ရောက်ခဲ့ဖူးတဲ့ မြို့ကျောက်ဖြူ

Diamond KeyOctober 8, 20114min011

လေးကိုင်းသဏ္ဍာန်ရှိနေတဲ့၊ ရှေးအချိန်တုန်းက လေးဝတီ (ဓညဝတီ၊ မေခဝတီ၊ ဒွါရာဝတီ၊ ရမ္မာဝတီ) နဲ့ ဖွဲ့ခဲ့တဲ့ ပြည်ရခိုင်ရဲ့ အလယ်မှာရှိတဲ့ ကျွန်းကြီး နှစ်ကျွန်းအနက်က တစ်ကျွန်းဖြစ်တဲ့ ရမ်းဗြဲကျွန်းပေါ်က မြို့ကျောက်ဖြူ ကို ကိစ္စတစ်ခုနဲ့ ရောက်ခဲ့ရပါတယ်။
မန္တလေးကနေ့ ဒီနှစ်လတစ်လရဲ့ သောကြာနေ ့ညနေ ရ နာရီ မှာ မြတ်မန္တလာထွန်းကားနဲ ့ထွက်ခဲ့တာ နောက်တစ်နေ နံက်စောစော မှာ ရန်ကုန်ကိုရောက်တယ်။ အဲဒီနေ ့မှာပဲ နောက်တစ်နေ့ခရီး အတွက် လိုအပ်တာတွေ ပြင်ဆင်ရတယ်။
နောက်တစ်နေ့ တနင်္ဂနွေ နံက်စောစော မှာ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို သွားရပြီး ဝရး၃ဝ နာရီမှာ လေယာဉ် စထွက်တယ်။ သွားနေပြီ မြို့ကျောက်ဖြူဆီပေ့ါ။

လေယာဉ်ပေါ်မှာ
လေယာဉ်ပေါ်မှာ

ရန်ကုန်ကနေ ကျောက်ဖြူကို ပျံသန်းကြာချိန်က တစ်နာရီ နဲ ့ မိနစ် ၂၀၊ အမြင့်ပေ ၁၆၀၀ဝ ကနေပျံတယ်။ အောက်ကိုကြည့်လိုက်တော့ သိပ်လှပတဲ့ မြန်မာ့မြေ။
လေယာဉ်ပေါ်က မြင်ရတဲ့ မြင်ကွင်းတွေ
လှပတဲ့ မြန်မာ့မြေ

ကျောက်ဖြူ လေဆိပ်ကို နံက် ၈း၅ဝ မှာရောက်တယ်။ ဪ —ရခိုင်မြေကိုနင်းနေရပြီပေါ့။
မကြာခင်မှာ ဒေသတွင်း နိုင်ငံတွေက လေယာဉ်တွေ ဆင်းနိုင်အောင် ပြင်ဆင်နေတဲ့ ကျောက်ဖြူလေဆိပ်
မကြာခင်မှာ ဒေသတွင်း နိုင်ငံတွေက လေယာဉ်တွေ ဆင်းနိုင်အောင် ပြင်ဆင်နေတဲ့ ကျောက်ဖြူလေဆိပ်

ကျောက်ဖြူရောက်တော့ အလုပ်တစ်ဖက်နဲ့ဆိုတော့ မြို့တွင်းမှာတော့ ဓါတ်ပုံလေးတွေ သိပ်မရိုက်ဖြစ်ခဲ့ပါဘူး။
ညနေပိုင်းလေးတွေမှာတော့ လှပတဲ့ ကျောက်ဖြူကမ်းခြေမှာ အပန်းဖြေဖြစ်ခဲ့ပါတယ်။


ကမ်းခြေမှာ လမ်းလျှောက်ရင်းတွေခဲ့ရတာက တစ်ချိန်က ရခိုင်ပြည်နယ်မှာ အင်္ဂလိပ်အရေးပိုင် (ခရိုင်ဝန်) ပဋိညာဉ်ခံ အရာရှိကြီး မောရစ်ကောလစ် (မြန်မာနိုင်ငံ အကြောင်းတွေ အများကြီး ရေးခဲ့တဲ့ နာမည်ကျော် စာရေးဆရာကြီး) နေခဲ့တဲ့ သမိုင်းဝင် အိမ်ကြီးပါ။


ကျောက်ဖြူမှာတော့ မနက်ခင်း၊ ညနေခင်းတွေမှာ လမ်းလျှောက်စရာ သောင်ပြင်ကျယ်နဲ ့ ချစ်စရာ လှိုင်းလေးတွေ ——။ ပင်လယ်ကြီးက သိပ်လှနေတယ်။



တနင်္လာ၊ အင်္ဂါ တွေမှာတော့ ကျောက်ဖြူမှာ လေ့လာစရာတွေ လေ့လာခွင့်ရခဲ့တယ်။ ပြောရအုံးမယ်။ ကျောက်ဖြူ ဆိုတာက
– အနာဂတ် မြန်မာနိုင်ငံမှာ နိုင်ငံအတွက် ဝင်ငွေတွေ ရှာပေးမယ့် မြို့။
– ဝန်ထမ်းပေါင်းမှားစွာကို အလုပ်အကိုင်တွေ ပေးမယ့်မြို့။
– တစ်ကမ္ဘာလုံးနဲ ့ဆက်သွယ် ကုန်သွယ်မဲ့ မြန်မာနိုင်ငံရဲ့ ရေနက်ဆိပ်ကမ်းကြီး မကြာခင်မှာ ဖြစ်လာမယ့် မြို့။
– စက်မှုဇုန်ကြီးတွေ၊ ဟော်တယ်ဇုန်ကြီးတွေ ပေါ်လာတော့မယ့် မြို့။
– တရုတ် – မြန်မာ ကားလမ်း၊ ရထားလမ်း တိုက်ရိုက်ဖေါက်နေတဲ့ မြို့။
– တရုတ် – မြန်မာ တိုက်ရိုက် Gas ပိုက်လိုင်းနဲ ့Gasတွေ ရောင်းမဲ့ မြို့။
– ဒေသတွင် နိုင်ငံတွေက လေယာဉ်တွေ ဆင်းသက်မဲ့ လေယာဉ်ကွင်းကြီး ရှိလာမယ့်မြို့။
– ကမ္ဘာစီးပွားရေး သမားတွေ၊ ကမ္ဘာ – မြန်မာ ပညာရှင်တွေ ပန်းပြားခတ်မျှ အလုပ်တွေ များနေတဲ့၊ များများလာတော့မယ်မြို့။
– ခုကတည်းက နိုင်ငံခြားသားတွေ အများကြီး အလုပ်တွေ လုပ်နေကြတဲ့မြို့
– – – – – – – – – – တဲ့မြို့။
– – – – – – – – – – တဲ့မြို့။
ဒီလို ဒီလို အကြောင်းအရာတွေနဲ့ ပြည့်စုံတဲ့မြို့ပေါ့။
ကောင်းတာတွေ၊ ဆိုးတာတွေ ကိုအမျိုးမျိုး ပြောနေကြပေမဲ့ ကျောက်ဖြူသူ၊ ကျောက်ဖြူသားတွေကတော့ ဖွံ့ဖြိုးမှုတွေ တွေ့လာရမယ့် သူတို့မြို့ အတွက်တော့ ကောင်းတာတွေယူ၊ မကောင်းတာပယ်နိုင်အောင် လုပ်ပေါ့လေ။
ကျောက်ဖြူမှာ ရှိနေတဲ့နေ့တွေမှာတော့ ပတ်ဝန်းကျင်က ဘုရားတွေလည်းရောက်ခဲ့ပါတယ်။
ကျောက်တစ်လုံးဘုရား
ကျောက်တစ်လုံးဘုရား

ဗုဒ္ဓဟူးနေ ့မနက်ရောက်တော့ လေဆိပ်ကို ဆင်းရတယ်။ ပြန်လိုက်အုံးမယ် ကျောက်ဖြူရေ။
လေယာဉ်ပေါ်ကနေ ကျောက်ဖြူကိုတွေ ့ရတော့ ခွဲရတော့မှာ လွမ်းသလိုလို။

အောက်က ရှုခင်းတွေ တိမ်ဖြူဖြူ တွေငေးရင်းနဲ ့ပဲ ရန်ကုန်ပေါ်ကိုပြန်ရောက်လာခဲ့တယ်။


အခွင့်ကြူံရင် ပြန်လာခဲ့အုံးမယ် ကျောက်ဖြူ။

11 comments

  • comegyi

    October 8, 2011 at 1:48 pm

    ကျောက်ဖြူအကြောင်းဖတ်ရလို့ကျေးဇူးပါဗျာ ဒါနဲ့ မေဃဝတီ ထင်ပါတယ် မိတ်ဆွေက မေခဝတီလို့ ရေးထားတာတွေ့မိလို့ပါခင်ဗျာ………

    Reply

    • Diamond Key

      October 8, 2011 at 1:50 pm

      Comegyi ရေ၊ ဟုတ်ပါတယ် မေဃဝတီပါ။ အမှားလေးပြင်ပေးတာ ကျေးဇူး။

      Reply

  • မောင်တုတ် ကြီး

    October 8, 2011 at 5:23 pm

    မေဃဝတီ သာအမှန်ဖြစ်ပါတယ်ဗျ။ကျေးဇူးတင်ပါတယ် ကိုစိန်သော့ခများ။

    Reply

  • thit min

    October 8, 2011 at 6:05 pm

    ကျောက်ဖြူမှာကျောင်းတုန်းကခင်ခဲ့ရတဲ့သူငယ်ချင်းတွေရှိတယ်။
    အသားအရည်ဖြူကြတယ်ကျနော့သူငယ်ချင်းကျောက်ဖြူသားတွေက
    ချောလဲချောကြပါပေရဲ့။
    စကားမစပ် မင်းသားနေတိုးက ကျောက်ဖြူဇာတိလို့ကြားမိသလိုလိုပဲ၊
    သိပ်တော့မသေခြာလို့မေးကြည့်တာ။

    Reply

  • pyinlepyaw

    October 8, 2011 at 7:37 pm

    မင်းသားနေတိုးက မာန်အောင်ကပါ ကိုသစ်မင်း ၊
    ကိုနေတိုးရဲ့ ပါပါး က ကိုနေတိုးထက် ချောသဗျ ၊

    Reply

  • mgmglusoe

    October 9, 2011 at 2:41 am

    မှန်လိုက်ထှာ..။
    သူ့ထက်မှန်တဲ့သူတောင် သူ့လောက်မှန်နိုင်မယ်မထင်…။
    မာန်အောင်မြို့ က မိန်းမလှကျွန်းလို့ ခေါ်ကြသဗျ…။
    ဒါပေသည့် မိန်းကလေး အချောအလှတွေ မတွေ့တော့ ခက်သဗျာ..။

    Reply

  • blackchaw

    October 9, 2011 at 10:55 am

    Ko Aye Tun Aung ရေ။
    ခင်ဗျား အသေးစိတ် အချက်အလက်လေးတွေ ပြောပြမှပဲ
    ကျောက်ဖြူ ရဲ့ အရည်အချင်းတွေက မသေးလှဘူးနော်။
    ကျောက်ဖြူ ကမ်းခြေက အနားယူအပန်းဖြေစခန်း ဖွင့်လို့
    ရလောက်လားဗျ။ ကမ်းခြေ ကို စိတ်ဝင်စားမိတယ်။

    Reply

  • comegyi

    October 9, 2011 at 5:08 pm

    ကျောက်ဖြူကမ်းခြေက သိပ်လှတာပေါ့ဗျာ ကျွန်တော်အရင်တုန်းက ကျောက်ဖြူကမ်းခြေကို “ပုန်းကွယ်နေတဲ့ အလှတရား” ဆိုပြီးတော့ ကဗျာလေးတစ်ပုဒ်ရေးဖူးတယ်ဗျ သန္တာမြေ မက်ဂဇင်းမှာပါ။ အခုတော့ ပုန်းကွယ်နေတဲ့ အလှတရားက လူရှေ့သူရှေ့ကို ဆိုက်ရောက်လာပြီလို့ ဆိုရမှာပေါ့….ဗျာ……

    Reply

  • kyeemite

    October 10, 2011 at 3:28 pm

    တိုက်တိုက်ဆိုင်ဆိုင်ဗျာ..ခုတလောကျောက်ဖြူကိုသွားဘို့သူငယ်ချင်း ကအတင်းခေါ်နေတယ်..
    မအားသေးလို့မသွားဖြစ်သေးဘူး..ဓါတ်ပုံလေးတွေတင်ပေးတာကျေးဇူးပါ..

    Reply

  • လင်းဝေကျော်

    October 10, 2011 at 4:30 pm

    ကျောက်ဖြူ က သိပ်လှတဲ့မြို့။ ကျောက်တစ်လုံဘုရားကို central park လို အလယ်မှာထားပြီး လှပတဲ့ မြို့ကြီးအဖြစ် လုပ်သင့်တဲ့မြို့။
    ဒါပေမယ့် မကြာခင်မှာ တရုပ်တွေက အဲသလိုအကောင်အထည်ဖော်ပြီး သူတို့ ဝင်လာပြီးနေမယ့်မြို့။
    မြန်မာ့မြေပေါ်က တရုပ်ပြည်ရဲ့ မြို့။ ရခိုင်လူမျိုးတွေမပြောနဲ့ မြန်မာတစ်မျိုးသားလုံး ဘေးထိုင်ကြည့်နေရမယ့်မြို့ ဖြစ်သွားပါတော့မယ်။
    ပိုက်လိုင်းကြီးနဲ့ ရထားလမ်းကြီးက တရုပ်တွေကို ခေါ်လာပါလိမ့်မယ်။
    နှမြောစရာ နဲ့ ရင်လေးစရာ မြန်မာ့အနာဂတ်ကြီးပါ။

    Reply

  • windtalker

    October 10, 2011 at 6:30 pm

    ကိုစိန်သော့ ကောင်းမှု နဲ ့ကျောက်ဖြူ မြို ့ကို ဓါတ်ပုံခရီးရောက်ရတယ်
    ကိုလင်းဝေကျော် ကောင်းမှု နဲ ့ ရင်တွေလေးရတယ်ဗျို ့ ဟူး

    Reply

Leave a Reply to pyinlepyaw Cancel Reply

Your email address will not be published.