အင်းလေး ကန် ငါးဖယ်ချောင်းကျောင်း က ကြောင်လိမ္မာ ဆပ်ကပ်အဖွဲ့

အင်းလေးကန်ကို ရောက်တဲ့အခါ လှေသမားက ကျောင်းဟောင်းကို သွားမယ်ဆိုလိုက်ပို့ပါတယ်။
ကျောင်းကြီးထဲမှာတော့ ရှေးလက်ရာ တွေကို တွေ့ရသလို သစ်တစ်ပင်ထဲက ထွင်းထားတဲ့ လက်ရန်းကိုလဲ တွေ့ခဲ့ရပါတယ်။
လှည့်ပါတ်ကြည့်နေတုန်း ကျောင်းတောင်ဘက်ဖျာတွေခင်းထားတဲ့နေရာရောက်တော့ ရေနွေးကြမ်းအိုးတွေ မုန့်ပဲသွားရေစာတွေချထား၊
လူတော်တော်များများလဲဝိုင်းထိုင်နေတာကိုတွေ့ပေမယ့် ကျနော်ကတော့ဓါတ်ပုံလှည့်ရိုက်နေမိပါတယ်။
နောက်မှလှည့်ကြည့်လိုက်တော့ ကြောင်လိမ္မာလေးတွေက ကြိမ်ကွင်းခုန်ပြထားတာကိုတွေ့လိုက်ရ့ပါတယ်။
ကျနော်သွားတော့အတော်လေးကို ပြပြီးနေပါပြီ။
ဒါပေမယ့် မှီသလောက် လေးကို ဗွီဒီယိုရိုက်ထားတဲ့အထဲကပုံလေးတွေကူးတင်ပေးလိုက်ပါတယ်။


ကြောင်ခုန်တာလေးက ချစ်စရာ
နည်းနည်းလေးတော့ တစ်ပုံနဲ့တစ်ပုံတူမယ်

ကြောင်လေးတွေကတော့ အများကြီး
သင်ကြားပေးတယ်ဆိုရင် လိမ္မာယဉ်ကျေး နိုင်တယ်ဆိုတာကို ကျနော်တို့ထက် အသိဉာဏ်နည်းပါးတယ်ဆိုတဲ့ တိရိစ္ဆာန်လေးတွေက
သက်သေပြသွားတယ်လို့ ထင်မိပါတယ်။
အဲသင်တာတောင် မယဉ်ကျေးဘူးဆိုရင်တော့………………

ကြောင်တွေကို သင်ပေးထားသူက တစ်ကောင်ခြင်းခေါ်ပြီးခန်ုခိုင်းတာပါ။

အမှတ်စဉ်တစ် ခုန်မယ်

အမှတ်စဉ်2
အမှတ်စဉ်3
တစ်ကောင်ပြီးရင်နောက်တစ်ကောင်လာခဲ့ပါ။
ဒါကတော့နောက်တစ်ကောင်အသစ်

ဒုတိယအဆင့်
တတိယအဆင့်

တစ်ဆင့်ပြီးတစ်ဆင့်ခုန်တာလေးမြင်ရတဲ့ပုံလေးတွေပါ၊
လေးအဆင့်

ငါးအဆင့်
အဆင့်ငါး

အဆင့်6
အဆင်ံ6

နောက်ဆုံးအဆင့်
နောက်ဆုံးအဆင့်

နောက်ထပ်တစ်ကောင်အလှည့်ရောက်ပြီလေ
ပထမအဆင့်

နောက်တစ်ပုံလှလှခုန်
လှအောင်ခုန်ပါ
လေထဲမှာ

နောက်တကောင်အမြန်လာ
အားယူနေပါတယ်

အားယူပြီးခုန်မယ်တဲ့
လေထဲအရောက်

လေထဲမှာ ခိုစီး
ကြောင်ကျ ကျတယ်ဆိုတာ လေ

ပြန်အကျ လှလှပပ
ဒီကောင်ကတော့ ဇိမ်ခံနေတယ်

ဲအဲဒီကောင်က ချောင်ခိုနေတာ
ခုန်တော့မယ်လေ

နောက်တစ်ပုံ
နော်ကတစ်ဆင့်
လေထဲကို သွားမယ်

နောက်တစ်ပုံပေါ့ ဝအောင်ကြည့်ရအောင်နော်
ဆပ်ကပ်ပြတဲ့ ကြောင်အဖွဲ့ပါ
ကြောင်လိမ္မာအဖွဲ့

20 comments

  • တင်တော့လဲသေချာပုံတွေရွေးထားတာဘဲဗျာ။
    ကော်နက်ရှင်မကောင်းတော့ ပေါ်လိုက်ပျောက်လိုက်နဲ့။
    ပုံတွေထပ်သွားရင်တော့ ခွင့်လွှတ်ပါနော်။

    Reply

  • ကြောင်ကြီး

    October 8, 2011 at 7:07 pm

    ကြောင်တွေကို အသိညဏ်နည်းတယ်ပြောရအောင် လူတွေကတော့ရော ဘယ်လောက်တောင် လိမ္မာနေကြလို့လဲ.. 😡
    ဦးပေါက်နော်
    ဆူးမြှောက်တိုင်း
    ဘီလူးသဘောက်လို့
    ပြူးမခြောက်နဲ့..
    ခြူးခမောက်ဆိုတာ
    နဖူးမောက်တိုင်း
    ဒူးထောက်ရအောင်
    မရူးနှောက်ဘူး…။

    Reply

    • MaMa

      October 8, 2011 at 10:16 pm

      ကိုယ့်ဦးလေးကို ဒီလို မပြောရဘူးလေ။ ကြောင်တပ်မတော်ကြီးကို မေ့သွားလို့ ဦးပေါက်ရေးတာ အမှားပါသွားတာကို တူမောင်ကြောင်ကြီး တူဝရီးချင်းချင်း သည်းခံမှပေ့ါ နော်။ တော်ကြာ ဆွေမျိုးမတော်လိုက်ရပဲ နေဦးမယ်။ 😛

      Reply

  • မှော်ဆရာ

    October 8, 2011 at 7:13 pm

    ဟာ ကြောင်ကြီး ကြောင်လေး နဲ့ ကြောင်ဝတုတ်တို့ တတွေ ပါလား

    Reply

  • windtalker

    October 8, 2011 at 7:22 pm

    နံပါတ် ၈/၉/၁ဝ ထဲက
    ရင်ဘတ်မှာ အဖြူကွက်နဲ ့ကြောင်နက်ကလေး က ချစ်စရာလေး နော်
    ဒီပုံတွေ ကို ကြည့်ရတော့
    ကိုပေါက်ကို အရမ်းကျေးဇူးတင်မိတယ်ဗျို ့
    တို ့ကိုပေါက် နောင်နှစ်ပေါင်းများစွာ
    ယခုကဲ့သို ့အိုင်ဒီယာအလန်းစား များ ဖြင့်
    အကောင်းစား ပုံများကို
    အဆက်မပြတ် တင်ဆက်နိုင်ပါစေကြောင်း
    မေတ္တာပို ့သလိုက်ပါသည်

    Reply

  • ဆူး

    October 8, 2011 at 7:59 pm

    ကြောင်တွေ ခုန်နေပါလား..
    ကြောင်ကြီး ကြောင်ငယ် ကြောင်သေး ကြောင်ဝတုတ် ကြောင်လတ် ကြောင်ပုစိ
    ၆ကောင်တောင်မှ.. ရွာထဲမှာ ဆပ်ကပြတုန်း အမိအရ ဝင်တွယ်ခဲ့တာပဲ။

    Reply

  • တညင်သား

    October 8, 2011 at 9:30 pm

    ကိုရီးယား တီဗီ အစီအစဉ် တခုမှာ ပါလာပါတယ် .. အဲဒီတုန်းက ဦးဇင်းတပါး က သင်ပေးတာပါ… အင်းလေးထဲကဆိုတော့ အဲဒီကျောင်း ဖြစ်ဖို့များတယ်…..

    Reply

  • padonmar

    October 8, 2011 at 10:39 pm

    ကိုပေါက်ရေ ၊ဇိမ်ခံနေတာ ကြောင်ကြီးဘဲဖြစ်ရမယ်၊

    Reply

  • တူတော်မောင်ကြောင်ကြီး
    မင်းနဲ့ငါ ကတရားဝင်မတော်ရသေးဘူးနော်…………………..
    ဆူးကလဲမြောက်မပေးဘူး။
    နဖူးကလဲမမောက်သေးဘူး
    လောက်ပေး စိတ်ပြောင်းသွားလို့ကတော့
    မင်းနော်………………………………………

    Reply

  • pooch

    October 9, 2011 at 12:35 am

    ကြောင်တွေ တပြုံကြီး ရွာမှာ ပျင်းလို့ ခဏအလည်ထွက်တုန်း လေးပေါက်ရဲ့ ရိုက်ချက်မှာ
    မိကုန်တာနေမှာ ……. 🙂

    Reply

  • koyinmaung

    October 9, 2011 at 1:18 am

    ချစ်စရာကြောင်လေးတွေပါဘဲ…

    Reply

  • moethidasoe

    October 9, 2011 at 10:13 am

    ဟိုတုန်းက ဦးဇင်းတစ်ပါး သင်ပေးပါတယ် အဲဒီကြောင်တွေ ၂၀၀၉ နှစ်ကုန်ပိုင်းလောက်မှာ အားလုံး သေသွားပါတယ်
    ဒီကြောင်တွေက နောက်ပိုင်းကြောင်တွေပါ .. ဘုန်းကြီးကျောင်းရဲ့ ဒကာမတွေကပဲ သင်ပေးတော့တယ်
    နောက်ပြီး အဲဒီကြောင်တွေက cat food ပဲ စားကြတယ် .. တစ်ခါ ခုန်ပြီးရင် တစ်ခါ ကျွေးတယ်
    ဒါကြောင့်လဲ ခိုင်းသမျှ လုပ်တာ ပါတယ်လို့ ယူဆတယ် (အဲဒီအတွက် ကြောင်စာဖိုးက အရေးကြီးလာပြီပေါ့)

    ဒို့ .. အင်းလေး၊ တောင်ကြီးကို ဧပြီလတိုင်း ရောက်ဖြစ်တာ ၃ နှစ် ရှိပြီ
    ၂၀၁ဝ ဧပြီလလောက်မှာ ရောက်ခဲ့တုန်းက အင်မတန် “၀”တဲ့ ကြောင်ကြီး တစ်ကောင် ရှိခဲ့တယ်
    အားနေရင် စားလိုက် လှဲအိပ်နေလိုက်နဲ့ ဝ နေတာ
    ၂၀၁၁ ရောက်သွားတော့ မရှိတော့ဘူး ကြောင် အသစ်တွေပဲ တွေ့တော့တယ်

    Reply

  • mihninlay

    October 9, 2011 at 4:24 pm

    လေးပေါက်ပြောမှပဲအင်းလေးမှာအဲဒီကြောင်လိမ္မာဆပ်ကပ်ရှိတာသိတော့တယ်…သွားတုန်းကမသိလို ့မရောက်ခဲ့ရဘူးလိုက်ပို ့တဲ့စက်လှေသမားကလဲမပြောပြဘူး….အခုမှပဲသိတော့တယ်…

    Reply

  • pan pan

    October 10, 2011 at 10:06 am

    ချစ်ဖို့ကောင်းလိုက်တဲ့ကြောင်လေးတွေပါလား
    လုပ်တတ်လိုက်ကြတာနော်
    အဲလိုမျိုးကို ကြောင်တွေမလုပ်ချင်၊ မလုပ်တတ်လောက်ဘူးထင်တာ
    တွေ့ဖူးသမျှတော့ လိမ္မာတဲ့ကြောင် ရှားတယ်ဆိုတော့

    Reply

  • etone

    October 10, 2011 at 10:30 am

    လေးပေါက်ရေ ..ပုံလေးတွေနဲ့ တင်ပေးတာ ကျေးဇူးပါ … ။ အင်းလေးရောက်တုံး အဲ့ဒီ ငါးဖယ်ချောင်းကျောင်းကို မဖြစ်မနေ သွားကြပါတယ် … ဘုန်းကြီးကျောင်းရဲ့ ရှေးရိုးရာ အနုပညာ နဲ့ …ကြောင်လေးတွေ ကွင်းခုန်ပြတာတွေကလည်း … စွဲဆောင်မှု တစ်ခုပါပဲ … ။ အဲ့ဒီကိုရောက်သွားလျှင် .. ကြောင်တွေ အများကြီး မြင်ရလို့လား မသိဘူး … စိတ်ထဲ လန်းဆန်းသွားတယ် 🙂 ကြောင်တွေသာ များတာ .. အနံ့သက်လည်း မဆိုးသလို .. ပတ်ဝန်းကျင်လည်း သန့်ရှင်းတယ် … ဘယ်လိုများ လေ့ကျင့်ပေးထားပါလိမ့်နော် … ။ ဒီနှစ်တော့ … သွားဖြစ်ဦးမလားပဲ 🙂

    Reply

  • moethidasoe

    October 10, 2011 at 11:08 am

    နောက်တစ်ချက်က အဲဒီငါးဖယ်ကျောင်းရဲ့ ထူးခြားချက်က
    ရှေးဟောင်းရုပ်ပွားတော်တွေပါ .. နှီးဘုရားတောင် ပါသေးတယ် .. လေ့လာကြည့်ကြဖို့ ကောင်းပါတယ်
    နိုင်ငံခြားသားတွေက ကြောင်တွေထက် ဘုရားကို ပို အာရုံစိုက်ကြတယ် ..
    နောက်ပြီး တိုင်လုံးတွေ ဘယ်နှ လုံးလောက်ရှိသလဲ ကြည့်ခဲ့နော်

    Reply

  • နောက်အင်းလေးကန်ကိုအလည်သွားတဲ့ပိုစ်မှာ ငါးဖယ်ချောင်းကျောင်းက ရှေးလက်ရာတွေကို ပုံနဲ့တကွ တင်ပေးမှာပါနော်။
    ဒီတစ်ခါတော့ ဓါတ်ပုံတွေနဲ့တကွ ခရိးသွားဆောင်းပါးလေးဖြစ်အောင်ဖန်တီးထားပါတယ်.

    Reply

  • Yin Nyine Nway

    October 16, 2011 at 3:06 pm

    ဦးပေါက် တိုင်အကြီးကြီးတေါကိုရော…ဒဲပုံရိုက်ခဲ့ဘူးလား…

    Reply

  • မြင်မြင်သမျှတော့ခလုပ်နှိပ်ခဲ့တာဘဲ။
    တိုင်အကြီးကြီးအကြောင်းက အပြန်ကားပေါ်ရောက်မှသိတာဗျာ။
    ကားဆရာကြီးက နောက်မှပြောပြတာ အဲဒီကျောင်းမှာသစ်တစ်လုံးထဲကနေထွင်းထားတဲ့တိုင်ကြီးရှိတာကိုသိရပါတယ်။
    ပုံထဲတော့ ပါမယ်ထင်ပါရဲ့၊

    Reply

  • manawphyulay

    October 16, 2011 at 5:55 pm

    အင်းနော်…. ကြောင်မိသားစုတွေတောင် အသိတရားရကုန်ကြပြီဆိုတော့ မနောတို့လည်း နည်းနည်းဒီထက်တိုးတက်အောင် ကြိုးစားရတော့မှာပေါ့…. 😛

    Reply

Leave a Reply to moethidasoe Cancel Reply

Your email address will not be published.