ဗုဒ္ဓဂါယာခရီးမှ (မဟာဗောဓိနှင့် ထင်ရှားသောနေရာများ)

Ma MaOctober 9, 20116min019

blackchaw ပြောပြပေးတဲ့- သတ္တ သတ္တာဟနေရာတွေနဲ့၊ ရောက်ခဲ့ရတဲ့ ထင်ရှားတဲ့ နေရာတွေကိုလည်း အမိအရ ရိုက်ခဲ့တာပေ့ါ။

ဒါကတော့ မဟာဗောဓိတခွင်မှာ မိဘဆွေမျိုးတွေကို ပူဇော်ဖို့ ရောက်လာသူတွေ။

ပုံစံအစုံနဲ့ ဘုရားကြီးကို လာရောက်ကြသူတွေပေါ့။

မဟာဗောဓိကို ရိုက်တော့ တိုက်တိုက်ဆိုင်ဆိုင် ငှက်ကလေးတစ်ကောင် ရိုက်ကွင်းထဲဝင်လာလို့ ပုံလေးက ပိုလှသွားသလိုပဲ။


ဗုဒ္ဒ္စဘာသာတွေက မဟာဗောဓိကို ပူဇော်ကြပေမယ့် သူတို့တတွေကတော့ အဲဒီရဲ့ ဘေးနားမှာရှိတဲ့ ညောင်ပင်ကို ကိုးကွယ်ကြတယ်။ ဆွေမျိုးမိဘတွေ ပူဇော်တဲ့အနေနဲ့ အဲဒီညောင်ပင်အောက်မှာပဲ မုန့်တွေလုပ်ပြီး တစ်နေကုန် နေထိုင်ကြတယ်။

မဟာဗောဓိဝင်းထဲရဲ့ မြင်ကွင်းတွေပေ့ါ။ အရမ်းသာယာတယ်။ ဆရာတော်ရဲ့ ဟောပြောပြမှုတွေကြောင့် ဘုရားဖူးတဲ့အချိန်မှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၆၀ဝ လောက်က သက်တော်ထင်ရှား မြတ်စွာဘုရားကို မြင်ယောင်လာပြီး အရမ်းကို စိတ်ချမ်းသာကြည်နူးခဲ့ရတယ်။ ခရီးသွားခါနီးတုန်းက ဘာမှာကြဦးမလဲ ရေးတော့ ဘုရားဂုဏ်တော်တွေကို ပွားများဖို့ မှာကြားလိုက်သူတွေကိုလည်း သတိရမိပါရဲ့။

ဒါကတော့ အနိမိတ္တစေတီ ရှေ့ကနေ ပြန်ရိုက်ထားတာပါ။


၁။ မဟာဗောဓိစေတီနှင့် ရုပ်ပွားတော်၊ ဗောဓိပင်နှင့် ရွှေပလ္လင်၊

ဒုတိယ သတ္တ သတ္တာဟ ဖြစ်တဲ့ အနိမိတ္တစေတီ


တတိယ သတ္တ သတ္တာဟ စင်္ကြန်လျှောက်ရာ

ဒါကတော့ ပဋ္ဌာန်းတရားဆင်ခြင်ရာ နေရာ။

မုဉ္စလိန္ဒာကန် ကိုတော့ ညဖက်မှရောက်တယ်။ သတ္တ သတ္တာဟ ရ – နေရ ာ အားလုံးဟာ မဟာဗောဓိဝင်း တစ်နေရာတည်းမှာပဲ ရှိပါတယ်။

၂။ နေရဉ္စရာမြစ် (ရေအနည်းငယ်ပဲရှိပြီး ရေလယ်မှာ သဲသောင်တွေ ထွန်းနေတာကို တွေ့ရပါတယ်။)၊

၃။ သုဇာတာကုန်း၊ သုဇာတာ ဃနာ နို့ဆွမ်းကပ်ရာနေရာ၊ (အဲဒီနေရာက အမှတ်တရ ရုပ်ထုတွေဟာ မြန်မာပြည်က လှူထားကြတာပါ။)

၄။ သောတ္ထိယမြက်ရှစ်ထုံးဆက်ကပ်ရာနေရာ၊

၅။ ရွှေခွက်မျှောရာနေရာ၊


၆။ ဥရုဝေဠတောင်နှင့် ဒုက္ကရစရိယာကျင့်ရာလှိုဏ်ဂူ၊ လှိုဏ်ဂူတွင်းရှိ ဆင်းတုတော်။

ဥရုဝေဠတောင်နှင့် ဒုက္ကရစရိယာကျင့်ရာလှိုဏ်ဂူမှာ အရင်က စောင့်ရှောက်မယ့်လူ မရှိတော့ ဟိန္ဒူတွေက နေရာဝင်ယူလို့ အခုတော့ တိဗက်ဘုန်းကြီး ဒလိုင်လားမားရဲ့ တပည့်ရဟန်းတစ်ဦးက အဲဒီမှာ အမြဲနေပြီး စောင့်ရှောက်လျှက် ရှိပါတယ်။ (ဘုန်းတော်ကြီး သီတင်းသုံးရာနေရာ။) အထမ်းနဲ့ တက်နိုင်ပေမယ့် လမ်းလျှောက်တက်ခဲ့တော့ တောင်ပေါ်လည်းရောက်ရော မောမောနဲ့ ဘုန်းတော်ကြီးတည်ခင်းတဲ့ လက်ဖက်ရည်၊ ထန်းလျက်နဲ့ အတော်ကို အဆင်ပြေသွားပါတယ်။

19 comments

  • pooch

    October 9, 2011 at 12:27 am

    မမရေ သူတို့ လုံးနေတာ ဘာမုန့်တွေလည်း မသိဘူးနော်..
    ဘုရားဝင်းက သာယာလိုက်တာနော်..
    ၄ ပုံမြောက်က. ဘုရားဝတ်ပြုတာထင်တယ်
    အောက်နားမှာ ထိုင်နေတဲ့ အမျိုးသမီးတွေက ရော ဒေသခံတွေပဲထင်တယ်..

    Reply

    • MaMa

      October 9, 2011 at 1:31 pm

      အဲဒါ မဟာဗောဓိဘေးနားမှာရှိတဲ့ ညောင်ပင်။ အဲဒီညောင်ပင်အောက်မှာ မုန့်လေးတွေလုံး၊ ဗန်းထဲထည့်ပြီး ထိုင်နေကြတာတွေ့တာပဲ။ သေသွားတဲ့ ဆွေမျိုးမိဘတွေကို သတိရတဲ့အနေနဲ့ ဘုရားကိုမုန့်လုပ်လှူပြီး နေနေကြတာ။ ညဖက်သွားတော့ အဲဒီမုန့်လုပ်လို့ ကျနေတာတွေ၊ ဆန်စေ့တွေကို ဘုရားကြီးဝင်းတစ်ခုလုံး သန့်ရှင်းရေးသမားတွေ ရေလောင်းပြီး လှည်းကျင်းဆေးကြောနေကြရတယ်။ အောက်နားမှာ ထိုင်နေကြတာတွေလည်း ဒေသခံ အမျိုးသမီးတွေပဲ။ ညောင်ပင်အောက်မှာ ပြည့်နေလို့ အောက်ဖက်ဘေးနားမှာ နေရတာ။

      Reply

  • padonmar

    October 9, 2011 at 12:55 am

    မဟာဗောဓိ စေတီ နဲ့ ငှက်ပျံနေပုံလေးလှတယ်၊ လက်သွက်သွက်ရိုက်လာတာ ကိုပေါက် တပည့်ပီသလာပြီ။:D
    မြန်မာ့မီးရထားကို သတ်ပုံပြင်မယ်နော်၊

    ဒုတိယ သတ္တာသတ္တဟ ဖြစ်တဲ့ အနိမ္မိတစေတီ=သတ္တ သတ္တာဟ / အနိမိတ္တစေတီ
    ပဌာန်း=ပဋ္ဌာန်း
    မုစ ္ဆလိန္ဒာကန် (ဒီလိုပေါင်းလည်းမှန်မယ်တော့ထင်တယ်၊မူကွဲလေးပါ)မုဉ္စလိန္ဒာကန်
    ထန်းလျှက်=ထန်းလျက် 😀 😀 😀

    Reply

    • MaMa

      October 9, 2011 at 1:51 pm

      ပြင်လိုက်ပါပြီ ပဒုမ္မာရေ။ မြန်မာ့မီးရထားက မြန်မာလိုပဲရတယ်။ ပါဠိကျတော့ ရမ်းသမ်းရေးလိုက်တာ။ စာလုံးပေါင်းမေးဖို့ သတိရပေမယ့် ပုံတွေတင်လိုက် စာရေးလိုက်နဲ့ ည ၁၂ နာရီမှ ပြီးတော့ နောက်နေ့မစောင့်ပဲ ချက်ခြင်းတင်လိုက်တာ။

      Reply

    • nature

      October 9, 2011 at 9:56 pm

      padonmar ကို ပါဠိမီးရထားလို့ ခေါ်ရမယ်။

      Reply

  • koyinmaung

    October 9, 2011 at 12:55 am

    ကျေးဇူးဘဲ…
    ခုလိုဓါတ်ပုံလေးတွေနဲ့ရှင်းပြသွားတာ
    ဗုဒ္ဓဘုရားသက်တော်ထင်ရှားရှိစဉ်က
    နေထိုင်ခဲ့တဲ့နေရာ တရားအားထုတ်ခဲ့တဲ့နေရာ
    သွားချင်ပေမဲ့မသွားနိုင်သူတွေအတွက်ကတော့
    မမတို့လိုရောက်ဘူးသူတွေရဲ့ဓါတ်ပုံလေးတွေကိုဘဲ
    အားကိုးနေကြရတာပါ…..

    Reply

  • ညီလေး

    October 9, 2011 at 5:31 am

    မှတ်တမ်းဓါတ်ပုံနဲ ့တင်ပြထားတာကိုယ်တိုင်သွားဖူးရသလိုခံစားရပါတယ်၊ ဆရာတော်နဲ ့အတူသွားဖူးတာလားဟင်? သီရိလကာင်္ရောဆရာတော်နဲ ့ပါသွားသေးလာ? ဖြစ်နိုင်ရင်သီရိလကာင်္က၊မဟာဗေဓိအကြောင်းလဲမှတ်တမ်းဓါတ်ပုံနှင့်တကွ တင်ပြစေချင်ပါတယ်၊သီရိလကာင်္ကလူသိနည်းတောရွာသားတွေဗဟုသုတရတာပေါ ့!!!!!!!!!

    Reply

  • blackchaw

    October 9, 2011 at 11:09 am

    မမရေ။ ဂယာက မြစ်ကြီးက နေရဉ္စရာမြစ်ကြီးလို့ ထင်တယ်။
    ကျွန်တော်တို့သွားတုန်းက ရေတစ်စက်မှ မရှိဘူး။
    အခုရေရှိနေတယ်ဆိုလို့ မိုးများရွာလို့လား။ ဒါမှ မဟုတ်ကျွန်တော်ပဲ အမှတ်မှားတာလား။
    ပြောပြပေးပါဦး။

    Reply

    • MaMa

      October 9, 2011 at 1:55 pm

      သီရိလင်္ကာကိုတော့ မရောက်ခဲ့ပါဘူး ညီလေး ရေ။
      ကျမတို့သွားတဲ့အချိန်က စောသေးလို့ (မိုးလည်းရွာနေတုန်းမို့) နေရဉ္စရာမြစ်ကြီးက ရေနည်းနည်း ရှိသေးတယ်။ နောက်ရက်ပိုင်းဆို ရေလုံးဝမရှိတော့ဘူးလို့ ပြောကြတယ်။

      Reply

  • windtalker

    October 9, 2011 at 11:52 am

    ကြည်ညိုစွာဖြင့် ဖူးမျှော်ရပါသည် မမ ရေ
    ပုရှ်မေးတဲ့ အလုံးလေးတွေ ဆိုတာ
    ချပါတီ လုပ်ဖို ့ဂျုံတွေကို လုံးနေတာ ဖြစ်မယ် ထင်တယ်နော်

    Reply

  • mandalarthu

    October 9, 2011 at 12:47 pm

    ကျေးဇူးပါ မမရေ။ အရမ်းသာယာတဲ ့မဟာဗောဓိဝင်းထဲရဲ့ မြင်ကွင်းတွေ မြင်ရတဲ ့အခါ ကိုယ်တိုင်
    သွားရောက် ဖူးချင်စိတ်တွေ တဖွားဖွားပေါ်လာခဲ ့မိတယ်။
    နောက်ပြီးတော ့ မဟာဗောဓိဝင်း တစ်နေရာတည်းမှာပဲ ရှိတဲ. ့သတ္တ-သတ္တာဟ ရ – နေရ ာ လုံးကို ဓာတ်ပုံတွေနဲ ့ စုံစုံ့လင်လင် ဖော်ပြထားတဲ ့အတွက်
    တစုတည်း ဖူးတွေ ့ခွင် ့ရလို ့ကျေးဇူးအထူးတင်မိပါရဲ ့။ အကုန်ကူးထားလိုက်ပြီနော်။
    နောက် အခြား ထူးခြားတဲ ့ဗုဒ္ဓဂါယာရဲ မမ ရောက်ခဲ ့တဲ ့
    ့နေရာလေးတွေ ရှိရင်လဲကျွန်မတို့လို မရောက်နိူင်တဲ ့သူတွေ အတွက်
    ဓာတ်ပုံလေးတွေနဲ ့မျှဝေပေးပါ ဦးနော်။
    စိတ်ဝင်စား လို ့ပါ။

    Reply

  • ကြောင်ကြီး

    October 9, 2011 at 1:49 pm

    ဗောဓိသတ္တ
    မြတ်ဗုဒ္ဓ
    မမဝေမျှ
    ကုသလ
    ဖူးမျှော်သူရ
    ကံထူးစွ..။

    Reply

  • kai

    October 9, 2011 at 3:14 pm

    လွန်ခဲ့တဲ့.. နှစ်၂၆၀ဝလောက်ကပေါ့..။
    သစ်ပင်တပင်.. လူငါးယောက်..ရေကန်တကန်နဲ့.. ၆နှစ်တောင်.. ဒုက္ကရစရိယာကျင့်တာမှာ.. နန်းတွင်းထဲကြီးတဲ့..မင်သားတပါးခမျာ…..ဘယ်လောက်များဆင်းရဲပင်ပန်းမလဲ..တွေးနေမိတယ်..။

    အခုလို လူလုပ်အတောက်အဦ..လမ်းတွေ..ဘာမှမရှိ..တောခေါင်ခေါင်နေမှာပဲ..။

    Reply

  • manawphyulay

    October 9, 2011 at 5:32 pm

    ပုံတွေနဲ့ စာတွေ အကုန်ကြည့်ရတာ ချက်ချင်း ဘုရားကို တကယ်သွားရောက်ဖူးမြော်ရသကဲ့သို့ ခံစားရပါတယ် မမရေ…. ကျေးဇူးအထူးတင်ပါတယ်ရှင်။

    Reply

    • MaMa

      October 9, 2011 at 6:11 pm

      အဲလို ခံစားရတယ်လို့ သိရတော့ အပင်ပန်းခံ တင်ရကျိုးနပ်သွားတယ်။ ဝမ်းသာပါတယ် မနောရေ။

      Reply

  • padonmar

    October 9, 2011 at 8:10 pm

    သဂျီးမန့်တာဖတ်ရတော့ ပထမဆုံး ခံလာတဲ့ဆွမ်းကို ဘုဉ်းပေးခါနီးမှာ ဖြူနီ၊ဝါမာမာပျော့ပျော့ အမျိုးမျိုးရောနေတဲ့ ဆွမ်းကိုကြည့်ပြီး သိဒ္ဓတ္ထမှာ အူအသည်းများပြောင်းပြန်လန်မတတ် ပျို့အန်ချင်စိတ်ကို ဖိနှိပ်ပြီးဆွမ်းစားရတယ်ဆိုတဲ့စာ၊
    ပတ္ထပိုဏ်ဓုတင်(တစ်ခွက်တည်းစားတဲ့ ဓုတင်) ကို အခုလူတွေက စားစရာတွေအားလုံးရောပြီးနယ်ဖတ် ရွံစရာစားရတယ်ထင်တာမှားနေတဲ့ အကြောင်းရှင်းလင်းချက်(ဝိသုဒ္ဓိမဂ်အရသာမှာ) ညောင်လေးပင်ဆရာတော်ကြီးက ဘုန်းကြီးတို့ဘုရားက သန့်သန့်ရှင်းရှင်းကြိုက်တဲ့ မြို့ကြီးသားပါလို့ ရေးခဲ့တဲ့စာလေးတွေ သတိရပြီး မြတ်စွာဘုရားကို ပို ကြည်ညိုမိပါတယ်၊

    Reply

    • MaMa

      October 9, 2011 at 8:19 pm

      ဘုရင့်သားတော်ဘဝကနေ တောထွက်ပြီး ပထမဆုံး ဆွမ်းခံတာကို စားရတဲ့အခါ မစားနိုင်လို့ ပျို့အန်ထွက်တဲ့နေရာဆိုတာကိုလည်း တွေ့ခဲ့ရပါသေးတယ်။ ဓာတ်ပုံရိုက်မလာခဲ့ရလို့ မရေးတော့တာ။

      Reply

  • ဆူး

    October 9, 2011 at 9:00 pm

    ဥရုဝေဠတောင်နှင့် ဒုက္ကရစရိယာကျင့်ရာလှိုဏ်ဂူ၊ လှိုဏ်ဂူတွင်းရှိ ဆင်းတုတော်ကို မြင်တဲ့ အခါ စိတ်ထဲ တော်တော် မကောင်းဖြစ်မိတယ်။ ကြိုးစားခဲ့တဲ့ လုံ့လ သိပ်အံ့ဩဖို့ ကောင်းတယ်။

    Reply

    • MaMa

      October 9, 2011 at 9:08 pm

      အဲဒါတွေ တွေ့ခဲ့တော့ မြတ်စွာဘုရားအပေါ် ကြည်ညိုစိတ်တွေကို ပိုဖြစ်စေခဲ့တယ်။ လူတကာ မပြုနိုင်တဲ့၊ ပြုနိုင်ခဲသောအမှုကို သတ္တဝါတွေ အကျိုးအတွက် ကျင့်ကြံအားထုတ်ခဲ့တာ ကိုယ့်အတွက်လည်း ပါတယ်။

      Reply

Leave a Reply

Your email address will not be published.