လက်စွပ်

ohalaylayOctober 7, 20111min00

သတ္တုတစ်စနဲ.
အဝန်းအဝိုင်းခွေ
တစ်ခုခုကို
ကိုယ်စားပြုလေရဲ.
အဲဒါတွေက
ချစ်မေတ္တာတွေလည်း
ဟုတ်ရဲ.
ဂုဏ်ဒြပ်တွေလည်း
ဖြစ်နိုင်လေရဲ.
ဟန်ဆောင်မှုတစ်ခုကိုလည်း
ထမ်းပိုးပေးလားပေးရဲ.
တစ်ခါတစ်ခါ
ချောင်တစ်ချောင်မှာ
သိမ်းထားတဲ့
မောင်းကွင်းတွေလည်း
ရှိနေရဲ.
ကိုယ်စားပြုသင်္ကေတတွေ…
အစားထိုးလဲလှယ်ခံခဲ့ရတဲ့
မြတ်နိုးခြင်းတွေ…
လက်သူကြွယ်တွေအပေါ်မှာ
ပြောင်းလဲသွားခဲ့တဲ့
ငါတို.ရဲ့ဘဝတွေ…
ကိုယ်စားပြုခြင်းတွေ…
ဘယ်ဘက်လက်သူကြွယ်တွေရေ…
တစ်ဘဝမှာ
ငါတို.လိုလက်စွပ်ဘယ်နှစ်ကွင်း
မင်းတို.ကျောပေါ်
အနင်းခံမှာလဲ…?

Leave a Reply

Your email address will not be published.