ရန်ကုန်မှာ ရွာတဲ့မိုး

wunnaMay 17, 20101min02

ရန်ကုန်မှာ ရွာတဲ့မိုး

ရန်ကုန်မြို့သူတွေ အားလုံး မျက်နှာလေးတွေ ပြုံးပြုံးနဲ့၊ ဖုန်းပြောရင်လည်း ပျော်ရွှင်သံတွေနဲ့၊ ဂူဂယ်တော့ ကာစတန် မက်ဆချ် တွေကလည်း ဝမ်းသာသံတွေနဲ့၊

ဘာများဖြစ်လို့ပါလိမ့်။ အားလုံးများ ထီပေါက်ကြလို့လား။

မဟုတ်ပါ။

ပူအိုက်တဲ့ဒဏ် ကို ခံနေရတဲ့ ရန်ကုန်မြို့နေ ပြည်သူတွေအတွက်ကတော့ မိုးလေး တဗျိုက် ရွာချလိုက်လို့ပါ။ အပူချိန်က ၃၂ လောက်အထိ ထိုးဆင်းသွားလေတော့ လူတွေ ရင်ထဲ အေးသွားတာပေါ့။

ညည ပူကလည်း ပူ။ ပန်ကာ၊ အဲကွန်းဖွင့်ဖို့ကလည်း ကိုရွှေမီးမလာ။

ဒီတစ်ညတော့ ကောင်းကောင်းအိပ်ရပြီဆိုပြီး ပျော်နေလိုက်ကြတာ။

မိုးရယ် …. ဆက်လက် ကောင်းချီးပေးပါဦးဗျာ။

2 comments

  • intro

    May 17, 2010 at 10:24 am

    ဟုတ်ပ ဟုတ်ပ… ဒီနေ့က တော်တော်နေလို့ကောင်းတယ်… မီးလဲ လာတယ်.. မိုးလဲ ရွာတယ်… ဟဲဟဲ။

    Reply

  • susunosuki

    May 18, 2010 at 9:02 am

    စက်ရုံတွေမီးဖြတ်လို့လားမသိဘူး
    မီးတော်တော်လာနေတယ်
    ခဏ ပဲပျက်တယ်
    ထူးဆန်းတာက စော်ဘွားကြီးကုန်းမှာ မီးမပျက်ဘူး

    Reply

Leave a Reply to susunosuki Cancel Reply

Your email address will not be published.