ချစ်သူသို့

hsulaychoOctober 6, 20111min04

ဝေးလွင့်ခဲ့ရတဲ့ (2) နှစ်

ချစ်ခဲ့ကြတဲ့ (1) နှစ်

(3) နှစ်လုံးမပြောင်းခဲ့တဲ့

င့ါအသည်းပိုင်ရှင်နင့်ကို

အခုထိမျှော်နေမိဆဲပါ………..။

 

မဖြစ်နိုင်ဘူးဆိုတာကိုသိပေမဲ့

ဖြစ်ချင်တဲ့စိတ်ကြောင့်

အခုထိချစ်နေမိဆဲပါ………။

 

မေ့ပျောက်ဖို့ ကြိုးစားတိုင်း

နှလုံးသွေးကမျက်ရည်အဖြစ် စီးကျခဲ့တာကို

နင်မှမသိခဲ့တာ…………..။

 

အချစ်တစ်ခုကို အဆိပ်ခွက်ထဲထည့်

မျက်ရည်တွေကို စားသုံးပြီး

ဦးနှောက်ရဲ့ လမ်ပြမှုနောက်ကို

ငါဘယ်လိုလျှောက်လှမ်းနေရလဲ ဆိုတာကို

နင့်ကိုသိစေချင်ပါတယ်

ချစ်သူရယ်………………။

4 comments

  • aung pu

    October 6, 2011 at 12:13 pm

    ရှုးနေတာလား

    Reply

  • annonymous

    October 6, 2011 at 4:44 pm

    စွဲလမ်းလွန်းရင် ဒုက္ခရောက်တက်တယ် ဆိုတဲ့သီချင်းလေးလိုပေါ့နော် ။
    အချိန်တွေက ကုစားပေးမှာပါ

    Fighting Friend

    Reply

  • Hinata

    October 6, 2011 at 7:38 pm

    အလွမ်းတွေနဲ.ပြည်.နေတဲ.ကဗျာထင်ပါတယ်။ ကောင်းပါတယ်ရှင်

    Reply

  • nature

    October 6, 2011 at 8:31 pm

    အချစ်ဆိုတာ ငယ်ရွယ်သူတွေအတွက်တော့ စိတ်ကူးယဉ်အိမ်မက်လေးတခုပေါ့။

    Reply

Leave a Reply

Your email address will not be published.