ဧရာမ မြွေကြီးတစ်ကောင်ကို သတ်ဖြတ်အပြီး မြစ်ဆုံစီမံကိန်း ရပ်တန့်ခြင်း………….

meengelayOctober 6, 20111min020

ဧရာမမြွေကြီးတစ်ကောင် သတ်ဖြတ်ပြီးနောက် မြစ်ဆုံစီမံကိန်း ရပ်ဆိုင်း ကချင်ပြည်နယ် မလိ-အင်မိုင်ဇွပ်(မြစ်ဆုံ) စီမံကိန်းတွင် ဧရာမမြွေကြီးတစ်ကောင်အား တရုတ်အလုပ်သမားများ သတ်ဖြတ်ခဲ့ပြီးနောက် မြန်မာအစိုးရသမ္မတ ဦးသိန်းစိန်၏ မြစ်ဆုံရေကာတာစီမံကိန်း ရပ်ဆိုင်းရန် သတင်း ထွက်ပေါ်လာသည်။
၄၈ ပေခွဲ ရှည်ပြီး ၅ ပေ လုံးပတ်ရှိသည့် မြွေကြီးအား စီမံကိန်း ဧရိယာထဲ ဂျွမ်ဘွမ်တောင် (Jum Bum)တွင် လမ်းဖောက်လုပ်နေသော တရုတ်အလုပ်သမားများ မြေအောက်တွင်းတစ်ခုမှာတွေ့ရှိပြီး စက်တင်ဘာ ၂၂ ရက်နေ့က သတ်ဖြတ်ခဲ့သည်ဟု မျက်မြင်များပြောသည်။
တရုတ်အစိုးရပိုင် China Power Investment Corporation (CPI) ကုမ္ပဏီ အလုပ်သမားများက ၎င်းမြွေကြီး၏ ဦးခေါင်းကို မြေတူးစက်(backhoe) ကော်ဖြင့် ထိုးသတ်လိုက်ခြင်းဖြစ်သည်ဟု မျက်မြင်များပြောပါသည်။ CPI အလုပ်သမားများက ၎င်းမြွေကြီး အသေကောင်ကိုလည်း တရုတ်နိုင်ငံသို့ ယူဆောင်သွားကြောင်း ဒေသခံများပြောသည်။
ဧရာဝတီမြစ် မလိ-အင်မိုင်ဇွပ် (မြစ်ဆုံ) စီမံကိန်းမှာ ယခုကဲ့သို့ ဧရာမ မြွေကြီးသတ်ဖြတ်ခြင်း ဖြစ်ရပ်သည် “ရေကာတာစီမံကိန်း၏ မကောင်းသော နိမိတ်လက္ခဏာ တစ်ခုအဖြစ်” ဒေသခံကချင်များ ရှုမြင်ကြသည်ဟု သိရသည်။
မြွေကြီးသတ်ဖြတ်ခံရပြီး (၈) ရက်အကြာ စက်တင်ဘာ (၃၀)တွင် “ပြည်သူအများစု အပြင်းအထန် ကန့်ကွက်နေသည့် ဧရာဝတီ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းအား ၎င်းတို့အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားရန်” လွှတ်တော်သို့ သမ္မတ ဦးသိန်းစိန်ပြောဆိုလာသည်။

20 comments

  • meengelay

    October 6, 2011 at 9:05 am

    ဟုတ်မဟုတ်တော့ အတိအကျမသိပါဘူး တစ်ချို့ကလဲ ၎င်းမြွေကို မြင်ဖူးပြီးသား လုပ်ကြံသတင်းလို့လဲ ပြောပါတယ်…….. တကယ်ဟုတ်မဟုတ် သိချင်ပါတယ်………..

    Reply

  • နီလေး

    October 6, 2011 at 9:18 am

    ဒီသတင်းကိုဖတ်ဖူးတယ် မြစ်ဆုံမှာမဟုတ်ပါဘူးတခြားနိုင်ငံမှာပါ လံကြုတ်လို့ပဲထင်တာပါပဲ

    Reply

  • မိုက်ကယ်ဂျော်နီအောင်ပု

    October 6, 2011 at 9:22 am

    အဲ့သည်သတင်းကို အခြားဆိုက်တွေမှာတွေ့ကတည်းက ပြောမလို့ဘဲ
    တော်တော်ညံ့တဲ့သတင်းဘဲ
    ကြုံလို့ပြောရရင် အဲ့သည်သတင်းကိုတင်တဲ့ မူရင်းသတင်းဆိုဒ်ကို
    ရှုံ့ချပါတယ်
    နိုင်ငံရေးလှုပ်ရှားမှု့သိက္ခာကျတယ် တော်တော်အောက်တန်းကျတယ်တောင်ပြောလို့ရတယ်
    ဒီဆိုဒ်ထည်းကဘဲလားမသိပါဘူး မှတ်ထားတာလေးရှိခဲ့ဘူးပါတယ်
    ……………………………………………………………..
    တရုတ်ပြည် တောနက်ထဲမှာ တွေ့ရတဲ့ ၅၅ ပေရှည်တဲ့မြွေကြီးဟာ ယနေ့အချိန်မှာ ခေတ်အစားဆုံး သတင်း တပုဒ်ဖြစ်လို့လာခဲ့ပါပြီ ။ ဒီသတင်းကို
    မူရင်းစတင်ခဲ့တာကတော့ တရုတ်နိုင်ငံ Official Communist Party
    သတင်းစာဖြစ်တဲ့ People’s Daily ရဲ့ သတင်း website မှာ ဖော်ပြထားခဲ့ပါတယ် ။
    ဒီသတင်းကပြောဆိုထားတာကတော့ Jiangxi စီရင်စု မှ Guping မြို့တော်အပြင်ဖက်မှာရှိတဲ့ သစ်တောကို လမ်း
    အသစ်ဖောက်လုပ်ဖို့အတွက် အလုပ်သမားတွေ သစ်တောရှင်းလင်းစဉ်းမှာ ဒီ
    ဧရာမကြီးမားတဲ့ မြွေကြီး ကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ဆိုပါတယ် ။ ဒီမြွေကြီးဟာ အလွန်ကြီးမားတဲ့ မြွေကြီး ၂ ကောင်အနက်က တကောင်ဖြစ်ပြီး
    ဖြစ်စဉ်ကတော့ အလုပ်သမားတွေက မြေကြီးတွေကို ညှိဖို့ မြေတူးစက်နဲ့

    ဆောင်ရွက်နေစဉ်မှာ မြေကြီးထဲမှာ အိပ် ပျော်နေတဲ့ နှစ်ချို့ မြွေကြီးတွေဟာ
    ပြန်လည် နိုးထလာခဲ့ရခြင်းဖြစ်ပါတယ် ။
    ” တတိယ အကြိမ်တူးလိုက်တဲ့အခါ အော်ပရေတာက မြေကြီးတွေပေါ်မှာ သွေးတွေကို တွေ့လိုက်ရပါတယ် ပြီး တော့ ဆက်ပြီးတူးလိုက်တဲ့အခါ သေနေတဲ့
    မြွေကြီးကိုတွေ့ရတာပါပဲ ” လို့ အလုပ်သမားတွေက ပြောပါတယ် ။
    ” အဲဒီတချိန်တည်းမှာပဲ ရွှေရောင်အဆင်းရှိတဲ့ နောက်မြွေကြီးတကောင်က
    ပါးစပ်ကြီးဟပြီး ပေါ်လာခဲ့ပါတယ်.. ကားမောင်းသမားဟာ ကြောက်လန့်လွန်းတဲ့အတွက်
    အလွန်ကို တုန်လှုပ်ခဲ့ပါတယ် တခြား အလုပ်သမား တွေကတော့ အဲဒီအချိန်မှာ

    အသက်ရှင်ဖို့အတွက် ထွက်ပြေးသွားကြပါပြီ .. အချိန်အတော်ကြာလို့ အလုပ်သမား
    တွေ ပြန်ရောက်လာတဲ့အခါ ဒါဏ်ရာရနေတဲ့ မြွေကြီးကသေဆုံးနေပါပြီ ဒါပေမယ့်
    နောက်မြွေကြီး တ ကောင်ကတော့ တောထဲမှာ ပျောက်ကွယ်သွားခဲ့ပါတယ်
    မြေတူးစက်မောင်းတဲ့သူဟာ ကြောက် လန့်လွန်းတဲ့ အတွက် စိတ်မူမမှန်ဖြစ်ခဲ့ရပြီး
    အခုဆိုရင် မတ်တပ်တောင်မရပ်နိုင်တော့ပါဘူး ”
    နောက်ဆက်တွဲ သတင်းမှာ ဖော်ပြခဲ့တာကတော့
    ” မြေတူးစက်မောင်းသမားဟာ အလွန်ကို ထိတ်လန့်ခဲ့တာကြောင့် နှလုံး တိုက်ခိုက်ခံရမှု ( Heart Attack)
    ရရှိခဲ့ပြီး ဆေးရုံကိုပို့ခဲ့ရပါတယ် ။ ဒါပေမယ့် နောက်ပိုင်းမှာ တော့
    သေဆုံးသွားခဲ့ပါတယ် ” လို့ဆိုပါတယ် ။
    သေနေတဲ့မြွေကြီးဟာ ၅၅ ပေ (၁၆.ရ မီတာ) ရှည်လျှားပြီး ခန့်မှန်းခြေ နှစ်ပေါင်း ၁၄ဝ သက်တမ်း ရှိပါပြီ ။
    ဒါပေမယ့် ဘယ်လိုပဲ ဖြစ်ဖြစ် အစိုးရထုတ် သတင်းစာတွေကတော့ မြွေကြီးအကြောင်းကို အကျယ်တဝင့် ရေးသား
    ခဲ့ကြပြီး ဓါတ်ပုံသတင်းတွေအရ အလွန်ကြီးမားတဲ့မြွေကြီးဟာ တကယ်တော့ ဒီဒေသဟာ
    သူ့ရဲ့ (စားကျက် )ကျက်စားရာနေရာမဟုတ် ပါဘူးလို့ဆိုထားပါတယ် ။

    Reply

  • kai

    October 6, 2011 at 9:27 am

    http://zuzutop.com/2009/11/photo-of-huge-55ft-snake-shocks-world/
    Photo of Huge (55ft) snake shocks World
    Posted on 13 November 2009

    ပြောရရင်တော့… မြန်မာတွေဒါမျိုးသိပ်တော်တယ်..။
    အင်တာနက်မရှိခင်ခေတ်ကတော့.. တောနယ်ကလူတွေ.. စာနည်းနည်းဖတ်တတ်တဲ့သူတွေ… အင်္ဂလိပ်စာတတ်သူတွေ.. လှိမ့်တာဘယ်လောက်ခံရမလည်း.. တွေးမိတယ်..။
    ဒီလိုနဲ့.. (ကြုံလို့ထည့်လိုက်ရရင်).. ပေါက်တတ်ကရဘုရားသမိုင်းတွေထွက်..
    (Hope Diamond) စိန်ပြာကြီးလည်း.. မြန်မာပြည်ကဖြစ်..။
    ဆိုရှယ်လစ်စံနစ်လည်း.. မြန်မာ့ဆိုရှယ်လစ်ဖြစ်..

    ထပ်ပြောရရင်တော့.. ချဉ်ပေါင်ရွက်ဇတ်လမ်း ပြန်စဖြစ်တော့မယ်..

    ဒါပဲ..ဒါပဲ..။ 🙁

    Reply

  • meengelay

    October 6, 2011 at 9:30 am

    ဒါဆို ဒီသတင်းက လုပ်ကြံသတင်းပေါ့ ခုလို ပြည့်ပြည့်စုံစုံပြောပေးတဲံ့ ကိုမိုက်ကယ် ကို ကျေးဇူးတင်ပါတယ်………….. သတင်းအမှန်မဟုတ်ဘဲ ရေးတဲ့သူက တော်တော်ဆိုးပါတယ်……

    Reply

  • meengelay

    October 6, 2011 at 9:33 am

    သူကြီးပြောမှပဲ ရှင်းတော့တယ် မြန်မာတွေ လုပ်ကြံသတင်းရေးတဲ့နေရာမှာ တော်လွန်းပါတယ်…. ဟိဟိ

    Reply

  • ကြောင်ကြီး

    October 6, 2011 at 9:52 am

    အိပ်ပျော်နေတဲ့ နှစ်ချို့မြွေလို့ သုံးနှုန်းထားတာ တွေ့မိတော့ တခါအိပ်ရင် ဘုရားတဆူနဲ့တဆူအကြား ကြာတယ်ဆိုတဲ့ ကာလနဂါးကြီးကို သတိရမိတယ်။ အဲဒီမြွေကြီးတွေက နဂါးအနွယ်ဝင်တွေများ ဖြစ်မလား၊ မြွေပြိတ္တာကြီးတွေများ ဖြစ်မလားမသိဘူး
    သဂျီးရေ
    နဂါနဲ့ကျား
    သွားမကစားရ၊
    သနားကမားနဲ့
    အဘားအဘားဆိုပြီး
    နှစ်ပါးသွားနေရမယ် …..။

    Reply

  • meengelay

    October 6, 2011 at 9:56 am

    အဲလိုမြွေနဲ့သာ အပြင်မှာ ထိပ်တိုက်တွေ့လို့ကတော့ ရှော့ရပြီး အရင် နတ်ပြည်ရောက်မယ်ထင်တယ်…….ကိုကြောင်ကြီးကလဲ မြွေကို ကြောက်တတ်သားပဲ…………

    Reply

  • pan pan

    October 6, 2011 at 10:14 am

    ဧရာမ မြွေကြီးတစ်ကောင်ကို သတ်ဖြတ်အပြီး မြစ်ဆုံစီမံကိန်း ရပ်တန့်ခြင်း…………. ဆိုလို့
    အစက စကားဝှက်များလားလို့ 🙄
    “ဧရာမ မြွေကြီးတစ်ကောင်”ဆိုတော့
    သိပါဘူး…

    Reply

  • twister

    October 6, 2011 at 10:24 am

    စကားထာ လို့ထင်ထားခဲ့တာ . စပါးကြီးမြွေ၊ စပါးအုံးမြွေ အဲသလောက်မကြီးဘူးဗျ၊
    နှစ်ချို့ တာ ဆိုလို့ အရက် ပဲဖြစ်နိုင်ပါတယ် :mrgreen:

    Reply

  • small cat

    October 6, 2011 at 10:47 am

    Anaconda ဆိုတဲ့ကားထဲကမြွေကြီးတွေက ဒီကောင်ကြီးတွေနေမှာပါ၊
    Anaconda ဆိုတာ အမေရိကန်တောင်ပိုင်းက စပါးအုံးမြွေကြီးမျိုးလို့ဆိုပါတယ်။

    Reply

  • kyeemite

    October 6, 2011 at 2:25 pm

    ဒီသတင်းကိုဒီမနက်ကဘဲ…ဧဒင်ဥယျာဉ်သတင်းဘလော့မှာဖတ်လိုက်ရတယ်ဗျ..
    မြင်မြင်ချင်းဘဲမှတ်မိလိုက်တယ်..တွေ့ဘူးပီးသာကြီးပါလို့..ကြာပီFWmailတစောင်ကရတာ..
    ခုကိုအောင်ပုပြောမှသေချာသွားတယ်..ကိုယ့်ဟာကိုယ်ဇဝေဇဝါဖြစ်နေတာ..thanks..

    Reply

  • kyeemite

    October 6, 2011 at 2:46 pm

    တင်ထားတဲ့သတင်းက..ကချင်သတင်းဋ္ဌာနဆိုဘဲ..ဒီမှာ.

    ဧရာမမြွေကြီးတစ်ကောင် သတ်ဖြတ်ပြီးနောက် မြစ်ဆုံစီမံကိန်း ရပ်ဆိုင်း

    **************************************************

    အင်္ဂါနေ့၊ အောက်တိုဘာလ 04 ရက် 2011 – ကချင်သတင်းဌာန

    ကချင်ပြည်နယ် မလိ-အင်မိုင်ဇွပ် (မြစ်ဆုံ) စီမံကိန်း တွင် ဧရာမမြွေကြီးတစ်ကောင်အား တရုတ်အလုပ် သမားများ သတ်ဖြတ်ခဲ့ပြီးနောက် မြန်မာအစိုးရ သမ္မတ ဦးသိန်းစိန်၏ မြစ်ဆုံရေကာတာစီမံကိန်း ရပ်ဆိုင်းရန် သတင်း ထွက်ပေါ်လာသည်။၄၈ ပေခွဲ ရှည်ပြီး ၅ ပေ လုံးပတ်ရှိသည့် မြွေကြီးအား စီမံကိန်း ဧရိယာထဲ ဂျွမ်ဘွမ်တောင် (Jum Bum)တွင် လမ်းဖောက်လုပ်နေသော တရုတ်အလုပ်သမားများ မြေအောက်တွင်းတစ်ခုမှာတွေ့ရှိပြီး စက်တင်ဘာ ၂၂ ရက်နေ့က သတ်ဖြတ်ခဲ့သည်ဟု မျက်မြင်များပြောသည်။
    ဧရာဝတီ မြစ်ဆုံရေကာတာစီမံကိန်းထဲ အရုတ်အလုပ်သမားများ သတ်ဖြတ်ခဲ့တဲ့ ဧရာမမြွေကြီးအား မြေတူးစက်လက်ဖြင့် ချီမြှေက်ထားပုံ။

    တရုတ်အစိုးရပိုင် China Power Investment Corporation (CPI) ကုမ္ပဏီ အလုပ်သမားများက ၎င်းမြွေကြီး၏ ဦးခေါင်းကို မြေတူးစက်(backhoe) ကော်ဖြင့် ထိုးသတ်လိုက်ခြင်းဖြစ်သည်ဟုမျက်မြင် များပြောပါသည်။CPI အလုပ်သမားများက ၎င်းမြွေကြီး အသေကောင်ကိုလည်း တရုတ်နိုင်ငံသို့ ယူဆောင်သွားကြောင်း ဒေသခံများပြောသည်။
    ။ဒီနေရာမှာဓါတ်ပုံပါတယ်။

    ဧရာဝတီမြစ် မလိ-အင်မိုင်ဇွပ် (မြစ်ဆုံ) စီမံကိန်းမှာ ယခုကဲ့သို့ ဧရာမ မြွေကြီးသတ်ဖြတ်ခြင်း ဖြစ်ရပ်သည် “ရေကာတာစီမံကိန်း၏ မကောင်းသော နိမိတ်လက္ခဏာ တစ်ခုအဖြစ်” ဒေသခံကချင်များ ရှုမြင်ကြသည်ဟု သိရသည်။မြွေကြီးသတ်ဖြတ်ခံရပြီး (၈) ရက်အကြာ စက်တင်ဘာ (၃၀) တွင် “ပြည်သူအများစု အပြင်းအထန် ကန့်ကွက်နေသည့် ဧရာဝတီ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းအား ၎င်းတို့အစိုးရလက်ထက်တွင်ရပ်ဆိုင်း ထားရန်” လွှတ်တော်သို့ သမ္မတ ဦးသိန်းစိန်ပြောဆိုလာသည်။

    စာကတော့မီးကလေးစာအတိုင်းပါဘဲ..

    Reply

    • ပေါက်ဖော်

      October 6, 2011 at 7:07 pm

      အားပါးပါး..
      ဧရာမမြွေကြီးတစ်ကောင် သတ်ဖြတ်ပြီးနောက် မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းဆိုပြီး
      ဂူဂယ်မှာရှာကြည့်တာ….များကြီးပဲ..ဟေ့..
      လန်ကြုတ်လုပ်ထားကြတာ..အံဩပါရဲ့..

      လန်ကြုတ်တဲ့လူကလဲ လန်ကြုတ်..
      ပြန်ထုတ်တဲ့ကောင်ကလဲ ပြန်ထုတ်..

      လေဘာဒယ်..မမြရင်ရယ်..
      😮

      Reply

  • taungpawthar

    October 6, 2011 at 3:25 pm

    မြွေသတင်း က တကယ်မဟုတ်ပေမယ့် ရေကာတာကြီး လုပ်မိတာ ကတော့ တကယ့်မြွေဖမ်းတာပဲ
    ရော် ကြေးတွေ အများကြီး တောင်းမယ် ကြားတယ်

    Reply

  • aungnng87

    October 6, 2011 at 3:26 pm

    အဲဒီမြွေကြီးက ဦးသိန်းစိန်ကိုအိမ်မက်သွားပေးနေလားမှမသိတာ။ မြစ်ဆုံစီမံကိန်းကိုမရပ်ရင် နင်သေရမယ်ဆိုပြီးတော့လေ။ ဟိဟီ.။နောက်တာနော်… တကယ်မဟုတ်ဘူး။

    Reply

  • ac051126

    October 6, 2011 at 6:50 pm

    အဲဒါမူရင်း ဆိုဒ်ဘဲ
    http://www.thettantcho.com/2010/06/blog-post_11.html
    သက်တန့်ချိုဘလော့ခ်မှာတင်ထားပြီးသားပါ။ မြန်မာနိုင်ငံထဲမှာ တော့မဟုတ်ဘူး တရုပ်နိုင်ငံမှာဖြစ်တာပါ။

    Friday, June 11, 2010
    ကမ္ဘာကို တုန်လှုပ်စေတဲ့ ၅၅ ပေရှည်သော မြွေကြီး

    တရုတ်ပြည် တောနက်ထဲမှာ တွေ့ရတဲ့ ၅၅ ပေရှည်တဲ့မြွေကြီးဟာ ယနေ့အချိန်မှာ ခေတ်အစားဆုံး သတင်း တပုဒ်ဖြစ်လို့လာခဲ့ပါပြီ ။ ဒီသတင်းကို မူရင်းစတင်ခဲ့တာကတော့ တရုတ်နိုင်ငံ Official Communist Party သတင်းစာဖြစ်တဲ့ People’s Daily ရဲ့ သတင်း website မှာ ဖော်ပြထားခဲ့ပါတယ် ။

    ဒီသတင်းကပြောဆိုထားတာကတော့ Jiangxi စီရင်စု မှ Guping မြို့တော်အပြင်ဖက်မှာရှိတဲ့ သစ်တောကို လမ်း အသစ်ဖောက်လုပ်ဖို့အတွက် အလုပ်သမားတွေ သစ်တောရှင်းလင်းစဉ်းမှာ ဒီ ဧရာမကြီးမားတဲ့ မြွေကြီး ကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ဆိုပါတယ် ။ ဒီမြွေကြီးဟာ အလွန်ကြီးမားတဲ့ မြွေကြီး ၂ ကောင်အနက်က တကောင်ဖြစ်ပြီး ဖြစ်စဉ်ကတော့ အလုပ်သမားတွေက မြေကြီးတွေကို ညှိဖို့ မြေတူးစက်နဲ့ ဆောင်ရွက်နေစဉ်မှာ မြေကြီးထဲမှာ အိပ် ပျော်နေတဲ့ နှစ်ချို့ မြွေကြီးတွေဟာ ပြန်လည် နိုးထလာခဲ့ရခြင်းဖြစ်ပါတယ် ။

    ” တတိယ အကြိမ်တူးလိုက်တဲ့အခါ အော်ပရေတာက မြေကြီးတွေပေါ်မှာ သွေးတွေကို တွေ့လိုက်ရပါတယ် ပြီး တော့ ဆက်ပြီးတူးလိုက်တဲ့အခါ သေနေတဲ့ မြွေကြီးကိုတွေ့ရတာပါပဲ ” လို့ အလုပ်သမားတွေက ပြောပါတယ် ။

    ” အဲဒီတချိန်တည်းမှာပဲ ရွှေရောင်အဆင်းရှိတဲ့ နောက်မြွေကြီးတကောင်က ပါးစပ်ကြီးဟပြီး ပေါ်လာခဲ့ပါတယ်.. ကားမောင်းသမားဟာ ကြောက်လန့်လွန်းတဲ့အတွက် အလွန်ကို တုန်လှုပ်ခဲ့ပါတယ် တခြား အလုပ်သမား တွေကတော့ အဲဒီအချိန်မှာ အသက်ရှင်ဖို့အတွက် ထွက်ပြေးသွားကြပါပြီ .. အချိန်အတော်ကြာလို့ အလုပ်သမား တွေ ပြန်ရောက်လာတဲ့အခါ ဒါဏ်ရာရနေတဲ့ မြွေကြီးကသေဆုံးနေပါပြီ ဒါပေမယ့် နောက်မြွေကြီး တ ကောင်ကတော့ တောထဲမှာ ပျောက်ကွယ်သွားခဲ့ပါတယ် မြေတူးစက်မောင်းတဲ့သူဟာ ကြောက် လန့်လွန်းတဲ့ အတွက် စိတ်မူမမှန်ဖြစ်ခဲ့ရပြီး အခုဆိုရင် မတ်တပ်တောင်မရပ်နိုင်တော့ပါဘူး ”

    နောက်ဆက်တွဲ သတင်းမှာ ဖော်ပြခဲ့တာကတော့

    ” မြေတူးစက်မောင်းသမားဟာ အလွန်ကို ထိတ်လန့်ခဲ့တာကြောင့် နှလုံး တိုက်ခိုက်ခံရမှု ( Heart Attack) ရရှိခဲ့ပြီး ဆေးရုံကိုပို့ခဲ့ရပါတယ် ။ ဒါပေမယ့် နောက်ပိုင်းမှာ တော့ သေဆုံးသွားခဲ့ပါတယ် ” လို့ဆိုပါတယ် ။

    သေနေတဲ့မြွေကြီးဟာ ၅၅ ပေ (၁၆.ရ မီတာ) ရှည်လျှားပြီး ခန့်မှန်းခြေ နှစ်ပေါင်း ၁၄ဝ သက်တမ်း ရှိပါပြီ ။

    ဒါပေမယ့် ဘယ်လိုပဲ ဖြစ်ဖြစ် အစိုးရထုတ် သတင်းစာတွေကတော့ မြွေကြီးအကြောင်းကို အကျယ်တဝင့် ရေးသား ခဲ့ကြပြီး ဓါတ်ပုံသတင်းတွေအရ အလွန်ကြီးမားတဲ့မြွေကြီးဟာ တကယ်တော့ ဒီဒေသဟာ သူ့ရဲ့ (စားကျက် )ကျက်စားရာနေရာမဟုတ် ပါဘူးလို့ဆိုထားပါတယ် ။

    မူရင်းဆိုက် – http://english.peopledaily.com.cn/

    သက်တန့်ချို
    11 June 2010

    Reply

  • ko no

    October 6, 2011 at 8:11 pm

    ဟုတ်တယ်လန်ကြုတ်ပဲ မြန်မာတွေကျွန်သက်ရှည်အောင်လုပ်နေတာလေ။

    Reply

  • ဆူး

    October 6, 2011 at 9:16 pm

    ဧရာမ မြွေကြီး ဆိုတာ ဧရာ မ တဲ့ မြွေကြီး

    Reply

  • kothuko

    October 11, 2011 at 11:37 pm

    သတင်းခိုင်လုံမှုမရှိပါ

    Reply

Leave a Reply

Your email address will not be published.