မွေးနေ ့မှာပျော်ရွှင်ပါစေ…………..ချစ်သူ

kyeyounglinOctober 4, 20111min09

ချစ်သူရေ……………………………..

မွေးနေ ့မှာပျော်ရွှင်ပါစေလို ့အရင်ဆုံးပြောချင်ပါတယ်…

မင်းအတွက်မွေးနေ ့လက်ဆောင်က…

အချစ်တို ့ပြည့်နေတဲ ့ငါ့နှလုံးသား…………..

အချစ်တို ့နဲ ့ပြည့်နေတဲ ့…ငါ့ရင်အစုံ

မကျယ်ပြန်ပေမဲ ့…မင်းအတွက်နွေးထွေးမှုတော ့

ပေးနိုင်စွမ်းမယ်ထင်ပါရဲ ့……………….

အချစ်……………………..

တိုးတိုးလေးခေါ်ပါရစေ…………..

ဘယ်ဘက်ရင်အုံရဲ ့တိုက်ပွဲကြောင့်

ငါ………………………….

အသက်တောင်ဝဝမရှူနိုင်တော ့ဘူး………….

အချစ်……………………..

ငါ့ရင်ဘက်ထဲဘယ်လိုရောက်လာအောင်ဝင်လာခဲ ့လဲ???

နည်းလမ်းရှိရင်ပေးပါ………..

ငါလဲမင်းဆီလာချင်လို ့……………..

တို ့နှစ်ယောက်မက်တဲ ့အိပ်မက်

အသက်သွင်းဖို ့…………………..

မနက်ဖြန်တိုင်းဟာမျှော်လင့်ချက်

ရင်ခုန်သံတိုင်းက အင်အားတစ်ခု

နှလုံးသားနဲ ့ရင်းပြီး………ရေးဆွဲခဲ ့တဲ ့ပန်းချင်္ီကား

ဘယ်တော ့မှအရောင်မပြယ်အောင်

ဆေးမှင်ထိုးထားလိုက်ပြီ…………….

ဆေးမှင်အပ်ကြောင်း…….

ဘယ်လောက်နက်နက်…..ငါ့မျက်နှာအပြုံးမပျက်ဘူး

တကယ်ဝင်ကြည့်……………….

ငါ့နှလုံးသားပေါ်မှာ..ရေးထိုးတဲ ့ကျောက်စာ

အခြားမရှိ….မင်းမှမင်းပါ………………….

သေချာအောင်ထပ်ပြောပါရစေ………

အချစ်……………………

မင်းကငါ့ရဲ ့…………………….

လိုနေတဲ ့တစ်ခြမ်း…………………..

မင်းကငါ့ရဲ ့………………..

…………………………

……………………….

………………………….

………………………..

ချစ်သူ…………..

ရေးဆက်စရာစကားလုံးမရှိ………

ကာရန်တွေလိုက်မမှီတော ့………

မင်းအတွက်လက်ဆောင်………

လိုတာသာယူသွားတော ့ကွာ………….

မင်းအတွက်

ပါဆယ်ထုပ်ပြီးသားငါ့နှလုံးသားနဲ ့

အနမ်းတစ်ချို ့ထည့်ပေးလိုက်တယ်…………

ဖြေးဖြေးလေးဖွင့်ကြည့်……………..

အငွေ ့ပြန်မှာကြောက်လို ့…………

ငါ…………………….

မျက်လုံးမှတ်ပြီးတိုးတိုးလေးပြောမယ်

ဘယ်သူမှမကြားစေနဲ ့နော်………..

စကားကရိုးရိုးလေးမို ့

လှောင်ပြောင်နေကြဦးမယ်……….

အာရုံစိုက်ထား…………….

တော်ပြီ…………………

မပြောတော ့ပါဘူး………..

မပြောပဲသိတဲ ့ဘာသာစကား….မင်းသိတယ်ဟုတ်

မသိရင်သေချာမှတ်ထား…………

အချစ်တဲ ့………………………..။

9:30PM

4.10.2011(tue)

ကြယ်ရောင်လင်း

(5 .10.2011 တွင်ကျရောက်မည့်………….ချစ်သူအတွက်…)

 

9 comments

  • hsulaycho

    October 5, 2011 at 12:45 pm

    ကောင်းလိုက်တဲ့ ကဗျာလေး။ နောက်ထပ်လဲအများကြီးရေးနိုင်ပါစေနော်။ ဆုလေးက ကဗျာကိုအရမ်း ဝါသနာ ပါလို့ပါ။ အားပေးနေမယ်နော်။

    Reply

    • kyeyounglin

      October 7, 2011 at 2:22 pm

      ဟုတ်ကဲ ့ခင်ဗျ……………..ကြိုးစားနေပါ့မယ်
      နောက်လဲဆက်ရေးနေမှာဆိုတော ့…….
      အမြဲအားပေးပါဦးခင်ဗျာ………

      Reply

  • whitestar

    October 5, 2011 at 1:54 pm

    ဝိုး ….မိုက်တယ်ဗျို့ ကြိုက်တယ်ဗျို့ Like button လေးကို
    ကလစ်လိုက်ပြီ ..
    ဝင်ရောက်ခံစားသွားပါသည်..Heart ကိုထိသွားပါသည်…
    ကဗျာ တော်တော်လေး ရေးတာကောင်းပါသည်……

    Reply

  • alinsett

    October 5, 2011 at 2:14 pm

    ကောင်းပါတယ် ။ ကြယ်ရောင်တွေ….လင်း လာသလိုတောင် ခံစားလိုက်ရပါတယ် ။

    ဆက်ရေးပါနော် ။ အားပေးနေပါတယ် ။

    Reply

  • kyeyounglin

    October 7, 2011 at 2:18 pm

    ကျေးဇူးတင်ပါတယ်ခင်ဗျာ………………
    နောက်လဲအားပေးပါဦးခင်ဗျာ…………..

    Reply

  • nyochaw

    October 7, 2011 at 2:35 pm

    ကဗျာလေးက အရမ်းကောင်းပါတယ်..
    ညိုက ကဗျာမရေးတတ်ပေမယ့်
    ကဗျာကိုဖတ်ပြီး ခံစားရတာကိုကြိုက်တယ်လေ
    နောက်လဲ များများရေးပါနော်

    Reply

    • kyeyounglin

      October 9, 2011 at 8:19 pm

      ဟုတ်ကဲ ့ပါခင်ဗျာ……ကျေးဇူးတင်ပါတယ်
      တက်နိုင်သလောက်ကြိုးစားပါ့မယ်ခင်ဗျာ

      Reply

  • ma ma gyi

    October 7, 2011 at 3:44 pm

    ရေးတဲ့သူကို မိန်းခလေး မှတ်လို့။ ယောက်ကျားလေးဆိုတော့ ပိုပြီးလေးစားသွားပါတယ်။ကြယ်ရောင်လင်းရဲ့ ချစ်သူကိုယ်စား ဂုဏ်ယူမိတယ်နော်။အခု ယောက်ကျားလေးတွေက ချစ်သူမိန်းခလေးတွေကို တန်ဖိုးမထားတတ်ကြဘူးလေ။
    တန်ဖိုးထားတာတောင်ကဗျာလေးနဲ့ ဆိုတော့ ဘေးကလူတောင် စိတ်ချမ်းသာပိတိ ခံစားရတယ်။

    Reply

    • kyeyounglin

      October 9, 2011 at 8:24 pm

      တကယ်တော ့ကိုယ့်ချစ်သူကိုကိုယ်မှတန်ဖိုးမထားရင်
      ဘယ်သူကကောတန်ဖိုးထားပါတော ့မလဲ
      ကိုယ်ကမြတ်မြတ်နိုးနိုးနဲ ့တန်ဖိုးထားမှ
      ကိုယ့်ချစ်သူရဲ ့တန်ဖိုးလဲတက်လာမယ်မဟုတ်လား
      ဒါကိုအားလုံးသိထားရင်တော ့ မိန်းကလေးတိုင်ပျော်စရာပေါ့ဗျာ
      ကျွန်တော်လဲအားလုံးကိုယ့်ချစ်သူကိုတန်ဖိုးထားပြီးချစ်နိုင်ပါစေလို ့ဆုတောင်းပါတယ်
      ကျေးဇူးတင်ပါတယ်ခင်ဗျာ

      Reply

Leave a Reply to ma ma gyi Cancel Reply

Your email address will not be published.