စက်ရေတွင်းများ ခန်းလာ၍ ရေရရန် နည်းလမ်းပြောင်းလဲတူးဖော်

klnMay 17, 20101min01

နေပြည်တော်ပျဉ်းမနားမြို့တွင် ယခုအခါ စက်ရေတွင်း အများစုမှာ ရေကြော များခန်းပြီး ရေရှားပါးမှုကြုံတွေ့နေကြရာ ရေပြန်လည်ရရှိရေါ်အတွက် ယင်းရေတွင်း များကိုပင် နည်းလမ်းပြောင်းလဲ၍ တူးဖော်နေကြရသည်။ “နှစ်ဆန်းပိုင်းကတည်းက ရေကအထွက်နည်းလာခဲ့တာ။ မတ်လပိုင်းလောက်ကျတော့ မော်တဖွင့်ပြီး ငါးမိနစ်လောက်ပဲ ရေကထွက်တော့ ဘယ်လိုမှ သုံးလို့မလောက်ဘူး။ ရေတွင်းတွေရေခန်းတာကလည်း တစ်မြို့လုံးပါပဲ။ ခုအိမ်မှာရှိတဲ့ နှစ်လက်မ စက်ရေတွင်း ကို တစ်လက်မပိုက်ပြောင်းပြီးတွင်းမှာ ဆို့နေတဲ့ သဲကြောကို ရှင်းလိုက်တာ ကိုယ်သုံးဖို့တော့အဆင်ပြေသွားပါပြီး” ဟု ရန်အောင်(၂) ရပ်ကွက်မှ စက်ရေတွင်းပိုင်ရှင်တစ်ဦး ကပြောသည်။ နေပြည်တော်ပျဉ်းမနားမြို့တွင် စက်ရေတွင်း၊ လက်ရေတွင်းများကို အဓိက အားပြုသုံးစွဲကြတာ တွင်းများ၌ ရေကြောပြတ်ခန်းခြောက်မှုမှာ ယခုနှစ်ဧပြီလတွင် ပိုမိုဆိုးရွားလာခဲ့သည်။ ထို့ကြောင့် ရေကြောပြန်လိုက်ရန်ပြင်ဆင်ရာတွင် ရေပြန်လေပြန်နည်းကို သုံးလာကြခြင်းဖြစ်ပြီး စက်ရေတွင်းများ ၏ အနက်မှာ အနိမ့်ဆုံးပေ ၈ဝ နှင့် အမြင့်ဆုံးပေ ၂၀ဝ ဝန်းကျင်အထိ ရှိကြောင်း သိရသည်။ “ အိမ်ကစက်ရေတွင်းက ရေမရလို့ ကြံဖန်စဉ်းစားပြီးလုပ်ရင်းနဲ့ ဒီရေပြန်လေပြန်နည်းကို ရသွားတာပါ။ ကျွန်တော့ ဘာသာ အိမ်ကစက် ရေတွင်းကို ဒီနည်း သုံးတာ လေးနှစ်လောက် ရှိပါပြီ။ မထွက်တာနဲ့စာရင် တော်သေးတာပေါ့။ ရေတွင်းက ရေကြောမရှိရင် တော့ မရပါဘူး။ တူးပြီးသားတွင်းမှာ ဆို့နေတဲ့ သဲကြောကို ဖယ်၊ တွင်းကို တစ်လက်မပိုက်ပြောင်းပြီးရေတက်နိုင်အောင် လုပ်လိုက်တာပါ။ လေဟာနယ် မရှိအောင် လုပ်လိုက်တာပါ။ ထွက်တဲ့ ရေကလည်း နည်း၊ ကိုယ့်စက်ရေတွင်းက သုံးတဲ့ပိုက်က ကြီးနေရင် ရေမတက်နိုင်လို့ ပိုက်သေးကိုပြောင်းသုံးလိုက်တာပါ။ အခု ဒီနည်းသုံးပြီး တွင်းပြန်ဖော်ပေးတာ ၁၅တွင်းလောက်ရှိပြီ” ဟု ရေပြန်လေပြန်နည်းကို အသုံးပြုပြီး စက်ရေတွင်းဖော်ခဲ့သူ ဦးခင်မောင်ညိုကပြောသည်။ နေပြည်တော် ပျဉ်းမနားမြို့တွင် ယခုအခါ ရေတစ်စည်လျှင် ကျပ် ၁, ၅၀ဝ ခန့်ဖြင့် မှာယူသုံးစွဲနိုင်ကြောင်း သိရသည်။

One comment

  • Rain girl

    May 17, 2010 at 8:14 am

    အေးဟယ် ရေတွေခန်းတယ်လို့ ကြားရတာစိတ်မကောင်းဘူးဟာ။

    Reply

Leave a Reply to Rain girl Cancel Reply

Your email address will not be published.