မသိမသာ စိတ်ရွှင်စရာ…

blazeOctober 3, 20111min05

အောက်ပါ အချက် ၂ဝ ဟာ ကျွန်တော်တို့ သတိမထားမိတဲ့အချိန်မှာ စိတ်ပျော်ရွှင်မှုကို ကိုယ်က မသိလိုက်ပဲ ခံစားမိစေပါတယ်။ စာဖတ်သူနဲ့  ခံစားမှု တိုက်ဆိုင်နေတဲ့ အချက်တွေလဲ ပါမယ်လို့ ယူဆပါတယ်။ အဲဒီ အချက် ၂ဝ ကတော့…

 

၁။အချိန်အကြာကြီး စောင့်စားပြီး မီးပွိုင့် မီးစိမ်းပြောင်းသွားတဲ့အခါ…

၂။McDonald မှာ တန်းစီစရာ မလိုတဲ့အခါ….

၃။ပိုက်ဆံကောက်ရတဲ့အခါ…

၄။အနံ့မွှေးမွှေးလေး ရတဲ့အခါ…

၅။Starbucks ဆိုင်ထဲဝင်တဲ့အချိန် ကော်ဖီနံ့သင်းသင်းလေးရတဲ့အခါ…

၆။စာအုပ်ကို ဇိမ်ရှိရှိ မွေ့ယာပေါ်မှာဖတ်ရသောအခါ…

၇။ရေဒီယိုက သင်ကြိုက်တဲ့ သီချင်း လာသောအခါ…

၈။အိပ်ရာထဲမှာ လှဲပြီး နေ့တနေ့ပြီးဆုံးမှုကို ခံစားသောအခါ…

၉။နှိုးစက်မြည်ပြီး သတိထားလိုက်မိတော့ အားလပ်ရက် ဖြစ်သောအခါ…

၁၀။နောက်နေ့ အလုပ်နားလို့ ဒီည မိုးချုပ်တဲ့အထိ မအိပ်သေးပဲ ချစ်သူနဲ့ chatting ပြောသောအခါ …

၁၁။ဘာမှလုပ်စရာမရှိပဲ တစ်နေကုန် ရုပ်ရှင်ကြည့်သောအခါ…

၁၂။မိမိ မွေးနေ့ရောက်ရန် ၁ဝ ရက်သာ လိုတယ်လို့ သတိရသောအခါ…

၁၃။မိမိ အမှိုက်ပစ်ရမည့် အလှည့်တွင် တခြားသူက ကိုယ့်အတွက် ကူလုပ်ပေးလိုက်သောအခါ…

၁၄။ချစ်သူဆီက လက်ဆောင်တစ်ခု မထင်မှတ်ပဲ ရသောအခါ…

၁၅။သီချင်းရဲ့ ကာရန်နဲ့ အတူ လိုက် က မိသောအခါ…

၁၆။ပစ္စည်းကောင်းကို လျော့ဈေးဖြင့် ရသောအခါ…

၁၇။ပျင်းစရာကောင်းတဲ ့နေ့လည်မှာ ဘာလုပ်ရမလဲ ဆိုတာ သိသွားသောအခါ…

၁၈။Facebook တွင် request/message/notification တခုခု ရရှိသောအခါ….

၁၉။နိုးလာတဲ့အချိန် အပြင်မှာ နေသာနေသောအခါ…

၂၀။အရင်က ရိုက်ထားတဲ့ ဓာတ်ပုံတွေ ပြန်ကြည့်ပြီး အတိတ်ရဲ့ ပျော်ရွှင်မှုတွေကို သတိရတဲ့အခါ…

အထက်ပါ အချက်တွေက ယေဘုယျ ခံစားချက်တွေပါ… စာဖတ်သူအနေနဲ့လဲ ကိုယ့်ပတ်ဝန်းကျင် ကိုယ့်အနေနဲ့ ခံစားမိတဲ့ ပျော်ရွှင်မှုလေးတွေလဲ ရှိပါလိမ့်မယ်။…..

မူရင်း ။ ။ Those Little Things

စဖတ်သူနေနဲ့ ထပ်ပြီးထည့်စရာလေားတွေ ပေါ်လာရင်လဲ comment လေးနဲ့ မစပါအုံး ခင်ဗျာ။

5 comments

  • taungpawthar

    October 3, 2011 at 3:42 pm

    ချစ်လမ်းပြမြေပုံက ဇာတ်သိမ်းတွေက မကောင်းတာ ချည်းပါလား ချစ်ရမှာ တောင် ကြောက် လာပြီ
    သူငယ်ချင်း မဟုတ်တဲ့ သူကို ပဲ ယူရမဲ့ ပုံပါလား

    Reply

  • Nan Shin

    October 4, 2011 at 8:03 am

    ဒါဆိုရင် ကျနော်တို့ကတော့ နေရင်းထိုင်ရင်း ဒီအခွင့်အရေးတွေနှစ်မျိုးလောက်ရှုံးသွားပြီဗျ။
    ကျနော်တို့ ရွာမှာ စတားဘက်နဲ့မက်ဒေါ်နယ် ဆိုင်မရှိဘူး။ဟီး။

    Reply

    • blaze

      October 4, 2011 at 10:35 am

      ဟုတ်တယ်ဗျို့။ အဲ့နှစ်ခုအတွက်တော့ တစ်ခြား ဟာလေးနဲ့ ဖြည့်တွေးမှ ရမယ်။ ဂျေဒိုးနပ်တို့ ဘာတို့။ ………

      Reply

  • MaMa

    October 4, 2011 at 8:23 am

    ကိုယ့်စိတ်တိုင်းကျ ထပ်ဖြည့်ပေးလိုက်မယ်နော်။
    ၂၁။ ချစ်ခင်ရင်းနှီးတဲ့ ဆွေမျိုး၊ မိတ်ဆွေ၊ သူငယ်ချင်းတွေနဲ့ စကာစမြည် ပြောဆိုနေရတဲ့အခါ။
    ၂၂။ ရွာထဲဝင်နေတဲ့အခါ။

    Reply

    • blaze

      October 4, 2011 at 10:29 am

      ဟုတ်ကဲ့။ ထပ်ဖြည့်ပေးတဲ့အတွက် ကျေးဇူးပါ။

      Reply

Leave a Reply to MaMa Cancel Reply

Your email address will not be published.