ငါးထဲသို့ ငါးအသားထည့်သွင်း၍ အလေးချိန်တိုးအောင် ပြုလုပ်လာ

klnMay 17, 20101min01

ပြည်ပနိုင်ငံများသို့ ရေထွက်ပစ္စည်းပို့ကုန်များ တင်ပို့လျက်ရှိရာ ယခင်က ရေချိုပုစွန်ထုပ်အတွင်းသို့ ခဲ၊ သံများ၊ ဆေးထိုးအပ်ဖြင့် ရေထိုးသွင်းခြင်းများ လုပ်ဆောင်ရာမှ ယခုအခါတွင် ငါးမုန့်ဗိုက်အတွင်းသို့ ငါးအသားထည့်၍ အလေးချိန်တို်းအောင် ပြုလုပ်ထားကြောင်း ရေထွက်ပစ္စည်းထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်းမှ ဒေါ်တိုးနန္ဒာတင်က ပြောကြားသည်။ “ငါးမုန့်ကို ပြည်ပတင်ပို့တဲ့နေရာမှာ အရွယ်အစားအလိုက် ဆိုဒ်တွေက ၁၀၀၊ ၂၀၀၊ ၃၀၀၊ ၄၀၀၊ ၅၀ဝ ဆိုပြီး သတ်မှတ်ထားတယ်။ အခုမသာမှုကို အရင်တုန်းကပုံစံမျိုးမဟုတ်ဘဲ ငါးအသားတွေ ထိုးထည့်လာကြတယ်။ ၁၀ဝဂရမ်ဆိုဒ် ငါကို ၁ဝဂရမ်အလေးချိန်တဲ့ ငါးအသားထိုးသွင်းလိုက်တော့ ၁၁ဝဂရမ် ဖြစ်သွားတယ်။ ရောင်းတန်းက ၂၀ဝ ဂရမ်ဆိုဒ်ထဲဝင်သွားတယ်။ ဈေးနှုန်းအရကြည့်မယ်ဆိုရင် အရမ်းကို ကွာသွားတယ်။ ခုလိုမသာမာမှုလုပ်တာကို ကိုယ်တိုင်ပဲဖြစ်ဖြစ်၊ သူများလုပ်တာကို ဝယ်မိတာပဲဖြစ်ဖြစ် တရားဥပဒေအရ အရေးယူခံရမယ်” ဟု ၎င်းကဆက်လက်ပြောကြားသည်။ အဆိုပါ ငါးမုန့်များအတွင်းသို့ ငါးအသားထိုးသွင်း၍ ရောင်းချခြင်းအားဖြင့် ဈေးကွက်ထိခိုက်စေနိုင်သလို နိုင်ငံအတွက်လည်း နာမည်ပျက်စေနိုင်သောကြောင့် ဒီလို မသမာမှုမျိုးကို ဝိုင်းဝန်းဖော်ထုတ်သင့်ကြောင်းနှင့် ငါးမုန့်မှာ ဈေးကွက်အတွင်း ရောင်းပန်းလှပြီး တရုတ်နိုင်ငံမှ ကြိုက်နှစ်သက်၍ အများဆုံးဝယ်ယူကြောင်း သိရသည်။

One comment

  • etone

    June 22, 2010 at 6:54 am

    ရိုးရိုးကျင့်မြင့်မြင့်ကြံတဲ့။

    Reply

Leave a Reply

Your email address will not be published.