ချစ်သူသို့

ချစ်သူ …..
အနေဝေးတာလေးတစ်ခုနဲ့
မင်းနှလုံးသားမှာစီးဆင်းနေတဲ့
ကိုယ့်အတွက် နှလုံးသွေးတွေ
အေးသွားခဲ့ပြီလား ….. ။
တစ်ချိန်ကကိုယ့်အတွက်ဖြစ်ခဲ့တဲ့
မင်းပါးပြင်လေးတွေက
သနပ်ခါးလိမ်းရုံသက်သက်ဖြစ်သွားခဲ့ပြီလား ….. ။
ကိုယ့်ကိုအရမ်းချစ်တယ်လို့ပြောခဲ့ဖူးတဲ့
မင်းနုတ်ခမ်းလေးတွေက
သရော်ပြုံးတွေပြုံးတတ်နေပြီလား …. ။
ကိုယ့်ရဲ့ဘယ်ဘက်ရင်ခွင်မှာ
မင်းပြန်လည်နားခိုမယ့်နေ့ကို
မျှော်လင့်ရင်း
အသည်းကွဲမှန်းမသိ ကွဲခဲ့ရပြီ …… ။ ။

18 comments

  • mgmglusoe

    September 30, 2011 at 7:10 pm

    ဟေ .. တေရော.. ချစ်သူဆိုတာ အမောင် yetazar ရဲ့ ပူတူးတူးလေးလား..
    မသိလို့ပါ… ပြန်ပေးပါ့မယ်နော် :mrgreen:

    Reply

  • yetazar

    September 30, 2011 at 7:19 pm

    အဲ … ။ တွေ့ပြီ အနော့ချစ်ချစ်ကိုသူလုသွားတာ ။ ပြေးနဲ့တော့ ချစ်သူ့ကိုပြန်ပေး ။ 🙂

    Reply

    • မောင်တုတ် ကြီး

      October 1, 2011 at 6:23 pm

      ပြေးတမ်းလိုက်တမ်း ကစားတာများ ကဗျာတစ်ပုဒ်ရေးကစားနေဖို ့မလိုပါဘူး။နှစ်ကိုယ်ခွဲထားတဲ့ ဆောင်းအိမ်မက်လို
      လိမ်ဆင်ကြီးပါလား။ကဗျာလေးက မော်ဒန်ပေမယ့် ရိုးရှင်းစွာပုံဖော်ထားလေတော့

      Reply

  • mgmglusoe

    September 30, 2011 at 7:29 pm

    ဟိုက်.. မလွယ်ဘူး .. ပြေးမှ….
    ဒွတ်ခ… ဇွတ်တေဇာ ပါလား… :mrgreen:

    Reply

  • yetazar

    September 30, 2011 at 7:46 pm

    ဟဲဟဲ …. ။ပြေးလို့လွတ်မယ်ထင်သလား ။မပြေးနဲ့ မိပြီ ။ အသည်းကိုပြန်ချုပ်ပေး ။

    Reply

    • အာရက္ခ မြေသား

      October 1, 2011 at 6:26 pm

      ပြန်ချုပ်ပေးပါလိမ့်မယ် ကိုယ့်ညီကိုရာ။စိတ်ခိုင်ခိုင်ထားပေါ့။တကယ်ချစ်ရင် တူညီတဲ့တုံ ့ပြန်မှုလေးတော့ ရတန်ကောင်းပါတယ်။

      Reply

  • windtalker

    September 30, 2011 at 7:56 pm

    ကိုရဲတေဇ က ရှာတတ်လှချီလား
    သနပ်ခါး ပဲ လိမ်းတတ်သူလေး ကို
    ရထားတယ်ပေါ့
    ကောင်းလေစွ
    ရွှေဘိုသနပ်ခါး တုံးနဲ ့
    မရမက ( မရရင် မကဘူး )
    ပြန်ချော့ဗျာ

    Reply

  • မောင်သန်းထွဋ် ဦး

    September 30, 2011 at 10:02 pm

    ပြောပြပေးလိုက်ပါ မောင်ပေ ရယ်။ကျေးဇူးရဲတေဇာ။ အရမ်းကောင်းပါတယ် ကဗျာလေးက။

    Reply

  • မောင်တုတ် ကြီး

    October 1, 2011 at 7:04 pm

    အနီကဒ်အားကိုးပြီး အကောင်းရေးလဲပေး၊မရေးလဲပေး။တော်တော် သေးသိမ်ကြတယ်ဗျာ။စိတ်မကောင်းပါဘူး။
    အစ်ကို ့ချစ်သူ နဲ ့အဆင်ပြေပေါ့မလား။အဲလောက် သဝန်တိုနေရင်။

    Reply

  • aduhtun

    October 1, 2011 at 7:08 pm

    ဒါကဒီလိုရှိမယ် ဟိုဟာက ဟိုလိုဖြစ်လိမ့်မယ် ကဗျာလေးကလဲ ဟိုဥစ္စာ ထင်တယ်။
    ရိုးရိုးရှင်းရှင်းလေးနဲ့ ဖတ်ကောင်းပါ၏။

    Reply

  • yetazar

    October 1, 2011 at 7:14 pm

    မောင်တုတ်ကြီး ခင်ဗျားကိုအနီပေးတာ ကျွန်တော်လဲမဟုတ်ဘူး ။ ဘယ်သူပေးသလဲဆိုတာကိုလဲ ကျွန်တော်မသိဘူး ။ ဒါပေမယ့် ခင်ဗျားကျွန့်တော့ ကဗျာကိုစော်ကားတာကိုတော့ကျွန်တော်လုံးဝမကျေနပ်ဘူး ။
    “ပြေးတမ်းလိုက်တမ်း ကစားတာများ ကဗျာတစ်ပုဒ်ရေးကစားနေဖို ့မလိုပါဘူး။နှစ်ကိုယ်ခွဲထားတဲ့ ဆောင်းအိမ်မက်လို
    လိမ်ဆင်ကြီးပါလား။ ´´ ခင်ဗျားဒီစကားအတွက် ကျွန်တော့ကိုပြန်တောင်းပန်ပါ ။ ကျွန်တော်ချစ်တဲ့ကဗျာတွေကို စော်ကားတာ ကျွန်တော့ပါးကိုရိုက်တာထက်နာတယ် ။ ခင်ဗျားတစ်ခြားကိစ္စတွေကို ပြောတာကိုသီးခံနိုင်တယ် ။ ကျွန်တော်ချစ်တဲ့ကျွန်တော့ပညာကိုဘယ်တော့မှမစော်ကားပါနဲ့ ။ ခင်ဗျားမှာ စာပေကိုချစ်တဲ့ ၊ စာပေမြတ်နိုးစိတ် အသိပညာမရှိပေမယ့် ကျွန်တော့မှာ စာပေချစ်စိတ်ရှိတယ် ။ ခင်ဗျား ကျွန်တော့ကိုမလေးစားချင်နေပါ ။ ကျွန်တော့ကဗျာကို ပြန်တောင်းပန်ပေးပါ ။ သဂျီး လာကြည့်ပေးပါ ။ လူကိုတင်မဟုတ်တော့ဘူး အနုပညာကိုစော်ကားတဲ့ထိဖြစ်လာပြီ ။ ဒီလူတွေကိုအရေးမယူဘူးဆိုရင် ကျွန်တော်လဲမိုက်ရိုင်းတဲ့စာတွေ ၊ စကားတွေ ရေးခွင့်ရှိပါသလား ။ သဂျီးဖြေရှင်းပေးပါ ။

    Reply

  • အာရက္ခ မြေသား

    October 1, 2011 at 7:23 pm

    စိတ်လျှော့ပါ ကိုယ့်ညီကိုရာ။ဖြစ်တတ်ပါတယ် ကတောက်ကဆဆိုတာ။သူလဲ ပြောချင်လို ့ပြောတာတော့ ဟုတ်ဟန်
    မတူပါဘူး။စိတ်လျှော့ စိတ်လျှော့။

    Reply

  • yetazar

    October 1, 2011 at 7:35 pm

    စိတ်လျှော့ပါတယ် ။ဒါပေမယ့် ကျွန်တော်တို့အနုပညာသမားတွေဆိုတာ ငွေကြေးတစ်ပြားတစ်ချပ်မရပဲ အနုပညာကိုဖက်တွယ်နေကြတဲ့သူတွေပါ ။ ကျွန်တော့ဘက်ကလဲနားလည်ပေးပါ ။ မောင်တုတ်ကြီးရေးထားတာကိုကြည့်ပြီး ကျွန်တော်မျက်ရည်ဝဲတယ် ။ ခေါင်းကိုဆင်နင်းသလိုခံစားရတယ် ။

    Reply

  • aduhtun

    October 1, 2011 at 7:46 pm

    ကြားထဲနေကြည့်တာ အဲဒီနှစ်ယောက် အတူတူပဲဗျို့၊ အပေးအယူလုပ်နေကြတာ၊
    ဆရာကြီးလိုလို အထေ့အငေါ့တွေနဲ့ ၊ ဒီလိုလူတွေရှိတာ ဆိုးတာပဲ၊
    ကဗျာ အရသာလေးပျက်သွားခဲ့ရပီ၊

    Reply

  • မောင်တုတ် ကြီး

    October 1, 2011 at 7:47 pm

    နည်းနည်းလေးပြောမိတာပါ။ခေါင်းဆင်နင်းသွားတယ်ပြောလဲ မပြားဘူးအော်နေမှာဘဲ မဟုတ်လားဗျာ။အနုပညာကိုလေးစားပါ၏။
    အစ်ကို စာအောက်က ကွန် ့မန် ့တွေက ဇာတ်တိုက်ရေးနေသလိုဖြစ်နေတယ်။ဒါမဟုတ်ရင် သူငယ်ချင်းတွေ အုပ်စုများလား။မသိလို ့နော်။
    သိကုန်ပီ သိကုန်ပီဗျာ လို ့မတွေးတော့ဘူးလား။

    Reply

  • yokesoe

    October 1, 2011 at 7:57 pm

    ကဲ..ကဲ …
    လူကလေး ငတုတ်၊ လူကလေး ငရက္ခ ၊လူကလေး တေဇာ တော်ကြတော့ ၊
    ပြောမဝ သေးရင် ဒီဘိတ် ကို သွားပီး စကားစစ်ထိုးကြ၊
    ဟိုနှစ်ကောင်ကလဲ နောက်ကသွားဆွဆွ ပေးနေတယ်၊ ယောင်္ကျားတွေမဟုတ်ဘူးလား။

    Reply

  • mandalarthu

    October 1, 2011 at 10:03 pm

    ကဗျာလေးက အရမ်းကောင်းပါတယ်။
    ရိုးရိုးလေးနဲ. ပြောချင်တာလေးကို ပေါ်လွင်အောင်ရေူးပြထားလို ့
    နှစ်သက်မိပါတယ်။
    ဒါပေမယ် ့ စာပေမြတ်နိုးစိတ်၊ စာပေချစ်စိတ် အပြည် ့ရှိတယ်ဆိုတဲ ့ ကဗျာဆရာလေးရဲ ့
    ကြမ်းရှတဲ ့ဒေါသ စကားသံတွေ ကို ကြားရတဲ ့အခါ ကဗျာကပေး တဲ ့ရသလေးတွေတောင်
    ပျက်သွားရတော ့မလိုလို ခံစားရတယ်။
    မိမိကဗျာကို ဖတ်ပြီး ဝေဖန်သူများဟာ ကောင်းတာပြောပြော။ဆိုးတာပြောပြော ကိုယ် ့ကို
    အားပေးနေသူတွေဖြစ်ပါတယ်။
    ်ဒါ ့ကြောင် ့မိမိဘက်က အနုပညာသမားတယောက်ပီသစွာအပြံ ုးမပျက် တုံ.ပြန်နိူင်ခဲ ့ရင်
    ကဗျာချစ်သူတွေရဲ. ကမ္ဘာကြီး ထာဝရ အေးချမ်းပြီး ရှင်သန်လှပနေမှာပါ။
    ဆက်လက်အားပေးနေမယ် ့
    မန္တလာသူ

    Reply

  • အာရက္ခ မြေသား

    October 3, 2011 at 8:20 pm

    ကိုယ့်ညီကို ကရော ဘာကောင်လဲ။မဆိုင်ရာဝင် မရှုပ်နဲ ့။ကျွန်တော်တို ့ကမေတ္တာသမားတွေ အခြောက်တိုက်နှိပ်ကွပ်တာခံနေရတယ်။
    မသိရင် ဘေးဖယ်နေ။

    Reply

Leave a Reply

Your email address will not be published.