ဘဝဆိုတာ တိုက်ပွဲတဲ့လား…. (၁)

manawphyulaySeptember 28, 20111min012


အဲံဒီချိန်ကျမှ အိမ်ကလည်း Day ကနေ အဝေးသင်ပြောင်းထားမှန်း သိလိုက်ပါတယ်။ ဖေဖေကတော့ ပြောပါသေးတယ်။ သမီးရယ် ဖေဖေ တတ်နိုင်သလောက် ရှာပြီး ထားပါမယ် အလုပ်ထွက်လိုက်ပြီး Day ပဲ တက်ပါလားတဲ့။ ဒါပေမယ့် ကျွန်မက မိဘဆိုတာ အမြဲတမ်းကိုယ်နားမှာ မရှိနေနိုင်ဘူး။ နောက်ဆုံး လူတိုင်း ကိုယ်လမ်းကိုယ်လျှောက်ရမှာ ဒီတော့ ကိုယ်ရွေးထားတဲ့ လမ်းကို ဆက်လျှောက်ဖို့ ရွေးထားပြီးပြီဖြစ်တဲ့အတွက် အဝေးကို စပြီး တက်ခဲ့ပါတော့တယ်။ တစ်ခါတလေလည်း စဉ်းစားမိယ် ငယ်တုန်းကတော့ မစဉ်းစားမိဘူး။ အသက်ကလေးနည်းနည်းရလာမှ မောင်နှမတွေထဲမှာ ဘာလို့အကြီးဆုံးလာဖြစ်နေရတာလဲလို့ ကိုယ့်ဘာသာတွေးမိတယ်။ အဝေးသင်တက်က သိပ္ပံလိုင်းဆိုတော့ ပရယ်တီကယ်က ၂ ရက်လုပ်ရတော့ ပုံမှန်ပိတ်ရက်တစ်ရက်ကရှိတော့ အလုပ်ကနေ ခွင့်တစ်ရက်တောင်းရသေးတယ်။ ဒီတော့ အရင်က အလုပ်နှစ်ခုပဲရှိတာ ခိုု ကျောင်းတက်ဖို့အတွက် အချိန်ပါ လှည့်ပေးခဲ့ရပြန်ပါတယ်။ ငယ်တုန်းကတော့ မိဘဆီက ပိုက်ဆံမုန့်ဖိုးအလွယ်ရနေတော့ ပိုက်ဆံရဲ့တန်ဖိုးကို နားမလည်ခဲ့ဘူး။ ပိုက်ဆံ တစ်ဆယ်ပျောက်လည်း ထပ်တောင်းပေါ့။ နောက်အလုပ်လုပ်တော့ ကိုယ့်ရဲ့လစာချွေးနည်းစာထဲက ပိုပ်ဆံတစ်ကျပ်ပျောက်ရင် မတွေ့မချင်း ထမင်းလည်းမစားတော့ဘူး။ ပိုက်ဆံရဲ့တန်ဖိုးဘယ်ဟာဆိုလည်း နားလည်လာပြီလို့ဆိုရမှာပေါ့။ နောက်တစ်ချက်က အကျင့်တစ်ခုရှိတယ်။ ကိုယ်လုပ်မှ ကိုယ်ရမယ်ဆိုတဲ့အတွေး ကိုယ့်လုပ်အားမဟုတ်ပဲနဲ့ သူများဆီက ဘာမှမလိုချင်ဘူး။ အဲ ပြောရင်းနဲ့ ဘယ်ရောက်သွားပါလိမ့်။ ဪ သိပြီ ကျောင်းစတက်ရပြီ။ ကျောင်းစတက်တော့ အများအခေါ် RC 1 ယခု ဗိုလ်တစ်ထောင်ကောလိပ်ပေါ့။စတက်တဲ့နေ့က ဖေဖေနဲ့ မေမေ လိုက်ပို့တယ်။ ကျောင်းဆောင်က လေးထပ်ဆောင်ပေါ့။ ကောလိပ်ဆိုလို့ ဘယ်လိုမျိုးလည်းပေါ့ ရောက်လည်းရောက်ရော ကောလိပ်သာဆိုတယ် မြေကြီးခြေမချရပါဘူး။ ကျောင်းဆောင်က မြေကြီးအလွတ်တောင်မရှိအောင် ဆောက်ထားတာကို တွေ့ရတယ်။ နောက်ပိုင်းတော့ ထမင်းစားချိန်တိုင်း ဗိုလ်တစ်ထောင်ဘုရားပဲ ရောက်ရောက်သွားတယ်။

စတက်တော့ မျက်စိသူငယ် နားသူငယ်နဲ့လေ… ဟိုကြည့် ဒီကြည့်နဲ့ တက်ရမယ့် အခန်းရောက်တော့ ထုံးစံအတိုင်း ငယ်အကျင့်မပျောက်ပဲ ရှေ့ဆုံးခုံ သွားထိုင်ဖို့သွားတော့ ရှေ့ဆုံးခုံမှာ ကိုယ့်ထက်ဦးတဲ့သူက ရှိသေးတယ်။ ကောင်မလေးတစ်ယောက်ထိုင်နေတာ တွေ့ရတယ်။ ကိုယ်ထိုင်မယ်လည်း လုပ်ရော သူမက လှည့်ကြည့်တယ်။
“ဟယ်….. မနော”
“ဟင်…. စိုးကြီး”
ကျွန်မက…..
“နင် Day တက်နေတာ မဟုတ်ဘူးလား”
“အေးလေ….. ငါ ပြန်ပြောင်းလိုက်တာ”
သူနဲ့က ငါးတန်း၊ ခြောက်တန်းထဲက ၁ဝ တန်းထိ တူတူတက်ခဲ့တဲ့ သူငယ်ချင်းဆိုတော့ အမှတ်မထင် တွေ့လိုက်ရတော့ အရမ်းပျော်သွားမိတယ်။ ငယ်ငယ်ကတည်းက အပေါင်းအသင်းကလည်း မင်တယ်။ ဒါနဲ့ ဖေဖေနဲ့ မေမေကို ပြောမလို့ လှည့်ကြည့်တော့ နောက် သူငယ်ချင်းတစ်ယောက် ဝင်လာတာ တွေ့ရတယ်။ သူ့မိဘတွေနဲ့လည်း ကျွန်မမိဘတွေနဲ့ ရင်းနှီးနေတော့ အခန်းပေါက်ဝမှာ စကားလက်ဆုံကြနေတာကို လှမ်းမြင်ရတယ်။ ကျွန်မလည်း ဝမ်းသာအာရဖြစ်ပြီး မတ်တတ်ရ်ပ်ပြီး ဟဲ့ အရည်ကြီး၊ ဒီကိုလာလို့ အော်တော့ သူလည်း အံ့ဩဝမ်းသာနဲ့ ပြေးလာတယ်။ အားလုံးက Day ကျောင်းတက်တုန်းက တူတူလျှောက်ထားကြတဲ့သူတွေလေ ဖြစ်ချင်တော့ အဝေးသင်မှာ လာဆုံကြတာ အတော့်ကို ရေစက်ပါတယ်လို့ ဆိုနိုင်တာပေါ့။ အဲဒါနဲ့ မိဘတွေလည်း စိတ်ချရပြီ ဆိုပြီး ပြန်သွားကြလေရဲ့ သုံးယောက်သား ရှေ့ဆုံးခုံမှာ စကားတွေ ဖောင်ဖွဲ့လို့ မဆုံးဘူး။အဲမှာ ကျွန်မက ရေသွားသောက်မယ်ပြောပြီး ခဏထွက်သွားပြီး ပြန်လာတော့ သူငယ်ချင်းနှစ်ယောက်ကို ထပ်ပြီး သူငယ်ချင်းတစ်ယောက်နဲ့တွေ့တာ ပြောရပြန်ရော။
“ဟဲ့ နင်တို့ကို ပြောရဦးမယ်။ ငါ ခုနက ရေသွားသောက်တော့ ဟိုဘက်ခန်းမှာ ဟိုကောင် လွင်ကြီးရယ် သိလား”
အဲဒီအချိန်မှာ စိုးကြီးက
“ကောင်းတာပေါ့ ငါတို့ သူငယ်ချင်းတွေ များများရတာပေါ့။ ငါလည်း မုန့်စားဆင်းချိန်ကြရင် ငါ့သူငယ်ချင်း ဘာဘူနဲ့ နင်တို့ကို မိတ်ဆက်ပေးမယ် သိလား”
အရှည်ကြီးက
“ဘယ်က ဘာဘူလဲဟ”
စိုးကြီးက ပြန်ပြောတယ်။
“ငါတို့ အိမ်နားက အိမ်နီးချင်လေ။ သူနဲ့ငါ မနက်က ကျောင်းအတူတူလာတာ။ ထမင်းစားချိန်ကြရင် ငါတို့နဲ့ လာစားမယ်တဲ့”
ကျွန်မက
“အေး ဟုတ်လား။ ငါလည်း ဟိုကောင် လွင်ကြီးကို ခုနက လာခဲ့ဖို့ ပြောထားခဲ့တယ်”
ဒီလိုနဲ့ အချိန်စာရင်းတွေကူး၊ အတန်းနား ထမင်းစားချိန် ရောက်လာခဲ့တယ်။ ဟိုဘက်ခန်းက သူငယ်ချင်းဆိုတာတွေစောင့်ရင်း ကန်တင်းသွားမလား၊ ဒီမှာပဲ စားမလား တိုင်ပင်နေတုန်း အခန်းပေါက်ဝမှာ လူတစ်ယောက်ပေါ်လာတယ်။
အဲံဒီအချိန်မှာပဲ ကျွန်မဲ့ စိုးကြီးက ပြိုင်တူ အသံထွက်တယ်။
“ဟယ် လွင်ကြီး လာ….”
“ဟဲ့ ဘာဘူ ဒီကိုလာ…..”
နှစ်ယောက်သား တစ်ယောက်မျက်နှာတစ်ယောက် ပြိုင်တူလှည့်ကြည့်လိုက်ကြပြီး
“အမ်”
ဒါနဲ့ ကျွန်မလည်း မနေနိုင်တော့ဘဲ
“စိုးကြီး နင်ပြောတဲ့ ဘာဘူက ဘယ်သူလဲ။ ငါပြောတဲ့ လွင်ကြီးဆိုတာ သူလေ”

စိုးကြီးက
“အွန်”
အရှည်ကြီးက စိတ်မရှည်တဲ့လေသံနဲ့
“ဘာလဲဟ ပြောဦး”
စိုးကြီးက
“ငါ့ အိမ်နီးနားချင်း ဘာဘူက နင်ပြောတဲ့ လွင့်ကြီးဖြစ်နေပါလား”
အဲမှာတင်ပဲ
ဘာဘူခေါ်လွင်ကြီးက ရှင်းပြရပါလေတော့သည်။
“နင်တို့ နှစ်ယောက်စလုံးခေါ်တဲ့နာမည်တွေမှန်တယ်။ ငါ့ကျောင်းနာမည်က လွင်ကြီး၊ အိမ်နာမည်က ဘာဘူလို့ ခေါ်ကြတယ်။ စိုးကြီးနဲ့က အိမ်နီးချင်း ခင်တာ၊ မနောနဲ့က ကျောင်းမှာ ခင်တာ ကဲ ရှင်းပြီလား”
အဲမှာ ကြောင်တောင်တောင် ရပ်နေတဲ့ အရှည်ကြီးက
“ငါတို့က ဘယ်နာမည်ကို ခေါ်ရမှာလဲ”
“ရပါတယ်။ ဘယ်နာမည်ခေါ်ခေါ်၊ ငါ့နာမည်ပဲလေ”
ကျွန်မက ဝင်ပြောလိုက်တယ်။
“အေး ဒါဆို ငါကတော့ ဘာဘူလို့ပဲခေါ်မယ်။ ခေါ်လို့ကောင်းတယ်ဟ။ ဒါနဲ့ နေစမ်းပါဦး နင်က ကုလားလည်းမဟုတ်ဘဲနဲ့ ဘာလို့ ဘာဘူနာမည်ဖြစ်နေရတာလဲ နည်းနည်းလင်းစမ်းပါဦး”
ဒါနဲ့ပဲ ဘာဘူတစ်ယောက် သူ့နာမည်ဖြစ်ပေါ်လာပုံ ရှင်းပြနေတာနဲ့ မုန့်စားဆင်းချိန် တစ်ဝက်ကျိုးသွားလို့ အခန်းထဲမှာပဲ ထမင်းဗူးဖွင့်စားလိုက်ရပါတော့တယ်။

မနောဖြူလေး
၂၉၊ ၉၊ ၂၀၁၁

12 comments

  • GreeNSheeP

    September 28, 2011 at 7:12 pm

    စိုးကြီး ၊ လွင်ကြီး @ဘာဘူ နှင့် မနော
    သုံးပွင့်ဆိုင် ဇါတ်လမ်း
    နေ ့လည် က ပို ့စ်မှာတုန်း က
    အင်္ဂ ါသားပါ လို ့ဖော်ခဲ့ပြီး ပြီ
    မနဲဘော @
    မနောဘဲ ဟာ
    စိုးကြီး ဖြစ်ပါတယ် ခင်ဗျား

    Reply

  • zaymdy

    September 28, 2011 at 8:41 pm

    ဇတ်လမ်းက ပြီးသွားပြီးလား ဟင်.

    Reply

  • windtalker

    September 28, 2011 at 8:55 pm

    အပေါ်ဆုံးက တစ်ယောက် ကတော့
    ဖော်ကောင် ထလုပ်ပြီ
    ကြည့်ရတာ
    အဲဒီတစ်ယောက် က
    စုံထောက်ပဲ ဖြစ်ရမယ်
    ညှင်းညှင်း

    Reply

    • Foreign Resident

      September 28, 2011 at 9:49 pm

      manawphyulay says:
      အင်း သဘောကတော့ အင်္ဂါနံနဲ့ အကျိုးပေးလာခဲ့တာ ခုမှပဲ သိတော့တယ် မောင်လေးရေ…. အဲဒီအင်္ဂါနံကလည်း နောက်ပိုင်းပြောမယ် ဘဝပိုင်းတွေမှာလည်း အင်္ဂါနံအကျိုးဆက်လေးတွေပါပဲ။
      ခုလည်း အင်္ဂါနံပါတဲ့သူ… အဲလေ ပေါ်ကုန်တော့မယ် ပြောသေးဘူးနော်…

      Reply

  • Foreign Resident

    September 28, 2011 at 9:47 pm

    Manaw,
    Good writing.

    Reply

  • etone

    September 29, 2011 at 9:16 am

    ကျွန်မကတော့ …ဆယ်တန်းဖြေပြီးကတည်းက တွေးတယ် … အမှတ်မမှီလို့ကတော့ ဘာမေဂျာမှ ဒေးမတက်ပဲ .. အဝေးသင်တက်မယ်ဆိုတာမျိုးပေါ့ … ဒေးတက်ပြီး လိုက်လျားလိုက်လျားလုပ်နေတဲ့ အချိန်တွေမှာ တခြား ဘာသာရပ်တွေ သင်လို့ ရနိုင်မယ့် အခွင့်ရေးလေ … ။ (ကျောင်းမပျော်တဲ့ အကျင့် လည်း ပါတာပေါ့လေ .. ) ဆယ်တန်းအောင်တော့ … ခေတ်စားခါစ ကျွန်ပျူတာဆိုတဲ့ တက္ကသိုလ်ဝင်ခွင့် အမှတ်မမှီခဲ့တယ် … ။ 1 နဲ့ 1 တောင် ကယ်ကူလေတာနဲ ့ပေါင်းချင်ပြီး ဦးနှောက်အခြောက်မခံချင်တဲ့ ကျွန်မက 0 နဲ့ 1 ဂဏန်း နှစ်လုံးထဲ ပတ်ရှုပ်နေတဲ့ ကွန်ပျူတာ အကြောင်း သင်ရမယ် ဆိုတော့ …. စိတ်ညစ်မိသေးတယ် … ။ လူကြီးတွေ တိုက်တွန်းလို့ … ကျောင်းမပျော်တဲ့လူ .. တက္ကသိုလ်မှာ .. သုံးလေးနှစ် အချိန်တွေ ဖြုန်းခဲ့ရတယ် .. ။

    ဒီလိုပါပဲ ဘဝမှာ ဖြစ်ချင်တာ ထက် ဖြစ်သင့်တာကို ရွေးချယ်ရတာပါပဲ … ။
    ရုပ်ရှင်တွေထဲမှာပါတဲ့ တက္ကသိုလ်ဆိုတာ လွယ်အိတ်လွယ် ဖလန်းလန်းထတာနဲ့ .. အင်းယားကန် လမ်းတတ်လျှောက်တာပဲလေ … ။ တကယ့် လက်တွေ့ဘဝမှာ လွင်တီးခေါင်ပြင် နဲ့ ဖုန်အလိမ်းလိမ်းထပြီး လေပူတိုက်တဲ့ အဆောက်ဦးကြီးတစ်ခုထဲ .. ပြွတ်သိပ်အိုက်စပ်စွာ မကြားလည်း နားထောင် မမြင်လည်း ပြူးကြည့်ပြီး စာသင်ခဲ့ရတာပါပဲ .. ။ အဲ့ဒီ ကုန်သွားတဲ့ အချိန်နဲ့ … ကြီးသွားတဲ့ အသက်မှာ … လုပ်ချင်တာတွေ လုပ်ခွင့်မရတာ … လူ့အခွင့်ရေး ဆုံးရှုံးတာပဲ မဟုတ်လား ။
    🙄

    Reply

  • နွယ်ပင်

    September 29, 2011 at 10:46 am

    အစ်မရေ ဇာတ်လမ်းက ကျန်သေးတာလား အခုဖတ်ရတာ တို့လို့တန်းကြီး
    တို့အစ်မလဲ ကိုရီးယားကားကြည့်တာ များတယ်ထင်တယ် .ကျန်တဲ့ အပိုင်းလေးတွေ
    အားပေးနေပါမယ့် ……….

    Reply

    • manawphyulay

      September 29, 2011 at 10:55 am

      အားတဲ့အချိန်ပဲရေးရတာဆိုတော့ ညီမလေးရေ ခုမှ ပထမနှစ်ကျောင်းတက်တုန်းရှိသေးတယ်… မကြာမီ ဆက်လာမည် မျှော်ပေါ့ရှင်…. 😛

      Reply

      • ပေါက်ကျော်

        September 29, 2011 at 11:59 am

        နောက်ဆက်တွဲ..တိုက်ပွဲ..အကြောင်းလေး ဆက်ပါဦးနော့

        Reply

    • “ဘီလူးကြီး”ogre

      September 29, 2011 at 1:17 pm

      နွယ်ပင်ရော ..ကိုပေါက်ဖေါ်ရော logo အရုပ်လုပ်ထားတာ သဘောကျတယ်
      အဲဒီလို လှုပ်တုပ်လှုပ်တုပ် နဲ့ “ဘီလူးချောချော” အရုပ်လေးတစ်ခုလောက် လုပ်ပေးကြပါလားဗျာ
      အခုတော့ ကျုပ်အရုပ်က မျက်စိစောင်းပြီး ခြေကားယားလက်ကားယား သတိလစ် နေသလိုဖြစ်
      နေတာ ဒေါ်မနောလိုတော့ ဝိုင်းဝိုင်းကြီးမကြိုက်ဘူး…။။။။

      Reply

  • ကြောင်ကြီး

    September 29, 2011 at 11:25 am

    အရှည်ကြီးဆိုတဲ့ကောင် ငါးပေတလက်မ၊ စိုးကြီးက ငကြောက်၊ ဘာဘူက တရုတ်၊ မနောဖြူကကြတော့ ပဲများလွန်လို့ သူတို့ခေါ်တာ ဒေါ်ဆိတ်ဖြူတဲ့။ ပဲ..အဲ………အဲ 😛

    Reply

  • chitsu

    September 29, 2011 at 12:00 pm

    first year တုန်းကအကြောင်းဆိုတော့အများကြီးကျန်သေးတာပေါ့နော်

    Reply

Leave a Reply to windtalker Cancel Reply

Your email address will not be published.