အလွမ်းကို လုံးကြီးတင်ထားတဲ့မြို ့ပေါ့

ချစ်သူအကြောင်း မြို့ကြီးကိုပြောပြတော့ ဒဏ်ရာအနာတရနေရောင်ခြည်အောက်က အလွမ်းတွေထည့်ခပ်ထားတဲ့ရေတွေတောင် ပွက်ပွက်ဆူကုန်တယ် သတိရစိတ်က မီးလျှံငှက်တစ်ကောင်လေ သူထ, ထပျံလိုက်တိုင်း သောကဖုန်တွေနဲ့ အတော်ကြာအောင် အနည်မထိုင်ဖြစ်နေခဲ့ရတာ ငါပေါ့ ဖုန်းတွေကို အားကိုးမရတဲ့နေ့ အိပ်မက်တွေသာ ဝေးဝေးရောက်သွားတယ် ငါတို့ အသံတွေကတော့ ဆွံ့အခဲ့ရ အလွမ်းစွန် အဆွေးအဖျားမှာ ချစ်သူ့နာမည်ကို တိုးတိုးတမ်းတမိတော့ လိပ်ခွေနေတဲ့ ပက်ကြားအက်လမ်းမတွေက လှောင်ရယ်, ရယ်တယ် ဒေါသနဲ့ တံတွေးတစ်ချက်ထွေးလိုက်မိတော့လည်း ငါပဲ ပူလောင်ခြင်းတွေ ရွှဲရွှဲစိုရပါလေရော ချစ်သူရေ… ချစ်စိတ်တွေ အညောင်းမိနေပုံက နာရီလက်တံတွေလည်း နှေး နားထောင်နေကျ သီချင်းတွေလည်း တစ်မျိုးကြီးဖြစ်နဲ့ ကဗျာတွေပဲ ငေါက်ခနဲထထိုင်တယ် နောက်ဆုံးတော့ ငါလေ ဝေဒနာပြမြို့ရိုးမှာ အစိမ်းဖန့်ဖန့် လွှင့်လို့ အလွမ်းဆိုတဲ့ စာလုံးပေါင်းကို အချစ်နဲ့ ထုစစ်နေလိုက်တော့တယ်။

(ဒါက ကဗျာတပုဒ် ဆောင်းပါး လေးတစ်ခုမဖြစ်ခဲ့ရင် တောင်မှ ချစ်သူ ့အတွက်သက်သေစာတိုလေးတစ်ခုဖြစ်ပါစေ။လွမ်းလိုက်တာချစ်သူရေ။)

2 comments

  • rain pricess

    September 28, 2011 at 5:25 pm

    အရမ်းဖတ်လို.ကောင်းပါတယ်
    သိပ်ချစ်ကြတဲ.ချစ်သူနှစ်ဦးမှာတိုက်ဆိုင်မှုတွေတွေ.ကြုံတိုင်းခံစားချက်ပြင်းထန်တဲ.သူက
    လွမ်းရတတ်တာပဲမဟုတ်လား။

    Reply

  • မောင်သန်းထွဋ် ဦး

    September 28, 2011 at 9:57 pm

    ကျေးဇူးတင်ပါတယ်ဗျာ။ခုလိုဝင်အားဖော်ရှိတော့ အားတက်ရတာပေါ့နော့။ကျွန်တော့်ကောင်မလေးက ခုတော့ဟိုးအဝေးကြီးရောက်
    နေပီလေ။

    Reply

Leave a Reply

Your email address will not be published.