တစ်မိနစ်စာ အပြင်းပြေဟာသများ (၇)

maung hninkharrSeptember 28, 20111min07

“ယာဉ်နံပါတ်နဲ့ ရင် နံပါတ်”

‘ဟဲလို ဟဲလို၊ ကျွန်မကို ကူညီပါရှင်၊ ပလာဇာမှာ ဈေးဝယ်ပြီး တက္ကစီနဲ့ အိမ်ကိုပြန်လာတာ၊ ကားပေါ်မှာ အဝတ်အစားတွေ ပါသွားလို့ အကျႋတွေက တစ်ထည်ကို သုံးသောင်းလာက်တန်တယ်ရှင့်’

‘ဟုတ်ကဲ့ ကူညီပြီး ရှာပေးပါမယ်၊ ဒါထက် ယာဉ်နံပါတ် မသိဘူးလား ခင်ဗျာ’

‘သိပါတယ်ရှင်၊ ရင် ၃၆၊ ခါး ၂၂၊ တင် ၃၈ ရှိပါတယ်ရှင်’

===========================================================

“မေမေ့စကား”

‘လက်ရေးညံ့လိုက်တာကွာ၊ မင်းကို နေ့တိုင်းရိုက်ရတာလည်း လက်ညောင်းလှပြီ၊ မင်းအိမ်က ဘာမှ ဂရုမစိုက်ဘူးလား’

‘ကျွန်တော့် မေမေက ပြောတယ်ဆရာမ၊ ငါ့သား လက်ရေးကမလှလည်း ကိစ္စမရှိဘူးတဲ့၊ ဘယ်သူမှ မဖတ်တတ်ရင် နေပါစေတဲ့၊ ကြီးလာရင် ဆရာဝန်လုပ်ခိုင်းမှာတဲ့’

===========================================================

“ဗေဒင်ဆရာ”

ဗေဒင်ဆရာ      ။         ။ ခင်ဗျားမှာ ကလေးသုံးယောက် ရှိရမယ်။

မေးသူ            ။         ။ ဟင့်အင်း၊ ဒါဆို ဆရာ မှားသွားပြီ။ ကျွန်တော့်မှာ စုစုပေါင်း ကလေးငါးယောက်တောင် ရှိပါတယ်။

ဗေဒင်ဆရာ      ။         ။ ဘာလဲ၊ ခင်ဗျားက သူတို့အားလုံးရဲ့ ဖခင်လို့ ကိုယ့်ကိုယ်ကို ထင်နေတယ်ပေါ့လေ။

===========================================================

“ယုံပါတယ်”

‘တစ်ဆိတ်လောက် ခင်ဗျား၊ ကျွန်တော့် ဆိုက်ကယ်ကို ခဏလောက် ကြည့်ပေးထားစမ်းပါဗျာ’

‘ဟေ့ကောင် ငါက သူကြီးကွ’

‘ရပါတယ်၊ ကိစ္စမရှိပါဘူး၊ ကျွန်တော် ခင်ဗျားကို ယုံပါတယ်။’

===========================================================

“ချစ်ခြင်းရယ်ပြိုင်”

‘ဒီမှာ ကိုမျိုး၊ ရှင်က ကျွန်မထက် အရက်ကိုပိုချစ်နေတယ်ပေါ့လေ ဟုတ်လား’

‘မိန်းမရယ်၊ မင်းကို တစ်နေ့မှာ နှစ်ဆယ့်လေးနာရီလုံးလုံး ချစ်တာပါကွာ၊ အရက်ကိုတော့ တစ်နေ့မှာ တစ်ပုလင်းတည်း ချစ်တာပါ၊ သိလား’

===========================================================

“နို့စို့အရွယ်လား”

‘မင်းရဲ့ ပန်းချီကားကို ပြပွဲမှာ ချိတ်ဆွဲဖို့ ရွေးလိုက်တယ် မဟုတ်လား’

‘ဒီတစ်ခါလည်း အရွေးမခံရပါဘူး’

‘ဘာဖြစ်လို့လဲ’

‘ငါ ရှုမျှော်ခင်းပုံကို ဆွဲတယ်၊ ပြပွဲကြီးကြပ်သူတွေရဲ့ စည်းကမ်းချက်အတိုင်း တောင်ကုန်း၊ ဖြတ်စီးနေတဲ့မြစ်၊ တဲအိမ်တစ်လုံး၊ မြစ်ကမ်းဘေးမှာ အမျိုးသမီးတစ်ဦး ကလေးကို နို့ချိုတိုက်ကျွေးနေပုံတွေ အားလုံးပါအောင် ငါဆွဲလိုက်တာပဲ၊ ဒါပေမယ့် သူတို့က လက်မခံနိုင်ဘူးလို့ ပြောတယ်၊ ဘာကြောင့်လဲလို့ ငါကမေးတော့ နို့စို့တဲ့ကလေးဟာ အသက် ၂၅ နှစ်ရှိတဲ့ပုံ ပေါက်နေလို့တဲ့ကွာ။’

===========================================================

“နိုင်ငံခြားဘာသာ”

မိတ်ဆွေများဖြစ်ကြသော ခွေးနှစ်ကောင် လမ်းမှာ ဆုံကြရာမှ အပြန်အလှန် နှုတ်ဆက်ကြသည်။

‘ဝုတ်၊ ဝုတ်၊ ဝုတ်’

‘အောက်အီးအီးအွတ်’

‘မင်းနှုတ်ဆက်တာ တစ်မျိုးကြီးပါလား’

‘မင်း တော်တော်အတဲ့ ကောင်ပဲ၊ ငါနိုင်ငံခြားဘာသာ သင်နေတာလေ’

===========================================================

 

 

7 comments

  • blackchaw

    September 28, 2011 at 4:12 pm

    အအီပြေလေးပဲဗျ။ ရှုပ်ရှက်ခတ်နေတဲ့ အငြင်းပွားစရာတွေကြားမှာ
    စိတ်ကိုပေါ့ပါးစေတဲ့ maung hninkharr ကို ကျေးဇူးတင်ပါတယ်။

    Reply

  • pan pan

    September 28, 2011 at 5:00 pm

    ရယ်ရတယ်ဗျို့
    “ယုံပါတယ်” တော့ တော်တော်သဘောကျမိတယ်
    တောင်ငူစာပေဟောပြောပွဲမှာ ဆရာကျော်ရင်မြင့်ပြောတဲ့ထဲက သူကြီးတွေတောင် သွားသတိရမိတယ်
    မှတ်ချက်။ ။ ဂေဇက်ရွာ သဂျီးက အဲဒီသူကြီးအုပ်စုထဲမပါ၊ သူက “သဂျီး” :mrgreen:

    Reply

  • arland

    September 28, 2011 at 9:16 pm

    funny………………….. reading these jokes make me amused ……………..Thanks u for sharing it………………. 🙂

    Reply

  • Nan Shin

    September 28, 2011 at 11:20 pm

    it’s really funny.

    Reply

  • winkyawaung

    September 29, 2011 at 9:11 am

    ခဏတာ ဘဝအမောပြေလို့ အထူးကျေးဇူးတင်ပါတယ်နော်..။

    Reply

  • Hinata

    September 30, 2011 at 5:25 am

    ကျေးဇူးပါ။

    Reply

  • taungpawthar

    October 3, 2011 at 4:14 pm

    ရည်မောခြင်းသည် အကောင်းဆုံးဆေး တစ်ပါး တဲ့ ရည်ရပါတယ် ဗျာ

    Reply

Leave a Reply to arland Cancel Reply

Your email address will not be published.