ခွဲခွာခြင်းတွေ အတွက်

moonpoemSeptember 28, 20111min07

သမီးရေ ဖေကြီးသွားတော့မယ် ဖေကြီးကို အာဘွားပေး။ အင်း ဟိုဘက်ခန်းကနေ ဒီလိုနှုတ်ဆက်သံကို ကြားရပြီဆိုလျှင်
ဘာမှပြောစရာမလို မနက်ရနာရီ ထိုးပြီဆိုတာအတတ်သိသည်။ ဟိုဘက်ခန်းက ကျွန်မအလွန်ချစ်သော ၃တန်းတက်နေသည့်
ကလေးလေး၏ အဖေက တက္ကစီမောင်းထွက်တော့မှာမို ့ကလေးကို နှုတ်ဆက်ရင်း ညနေပြန်လာရင် ဘာဝယ်ရမလဲလို ့ သူ ့ဇနီးကို မေးနေတာကိုလည်း
အတိုင်းသား ကြားနေရသည်။ထိုဦးလေးကြီးသည် အပြင်တွင်တော့ မပြောတတ်ပါ ယခု ကျွန်မအမြင်တွင်တော့ မိသားစုအပေါ်
တာဝန်ကျေသော မိဘ ကိုလည်း ရိုသေ သားမယားကိုလည်း တွယ်တာသော သူတစ်ယောက်ဖြစ်သည်။
ကျွန်မလည်း ရုံးသွားဖို ့ပြင်ရတော့မည့်ဖြစ်သည့် အတွက် ရေချိုးလိုက်သည်။ ထို ့နောက် မနက်စာ စားဖို ့ပြင်တုန်း လူတစ်ယောက်
ပြေးလားသည့် အသံကြားရသည်။ ခုနက တက္ကစီမောင်းသည့် ဦးလေးကြီး လမ်းထိပ်တွင် ကားချင်းတိုက်မိသဖြင့် လာကြည့်ရန်
ခေါ်ခြင်းဖြစ်သည်။ ကျွန်မကတော့ အနိဌာရုံမြင်ကွင်းတွေကို မမြင်လို ပြီးတော့ သိပ်ပြီး ဆိုးဆိုးရွားရွားဖြစ်မည် ဟုလည်း မထင်သည့်အတွက် သွားမကြည့်လိုက်ပါ။
ညနေအိမ်ပြန်တော့ ဦးလေးကြီး အိမ်မှာ ပိတ်ဖြူဖျင်တဲ ချထားတာတွေ ့လိုက်ရသည်ဆိုတော့ ဦးလေးကြီး ဆုံးသွားပြီပေါ့။
သူ ့ဇနီးအတွက်ရော သမီးလေးအတွက်ပါ ဦးလေးကြီးကို ဘာကို မှ ဝယ်မလာနိုင်ခဲ့တော့ပါ။ ဒါက ဘေးအိမ်ကအသိ
တစ်ယောက်မို ့လို ့သာလေ။ ဘယ်အချိန်မှာ ရော ကျွန်မတို ့တွေ နှုတ်ဆက်သွားကြမလဲ။ ကိုယ်က အရင် နှုတ်ဆက်သွား
မှာလား ကိုယ့်ကို ထားရစ်ခဲ့ကြမှာလား။ ကျွန်မ မိသားစုဝင်တွေ ကို အရင် တွေးကြည့်မိလိုက်သည်။ ရုတ်တရတ် ဝမ်းနည်းသွားသည်။ ဘယ်သူ မှ တော့ ဘာမှ မဖြစ်ကြသေးပါ။ သို ့သော်လည်း ကျွန်မ ခွဲခွာခြင်းတွေအတွက်
အသင့် မဖြစ်သေးဘူးဆိုတာ ကိုယ့်ကိုကိုယ် သတိထားမိသည် ပြင်ဆင်ရပေဦးမည်။

7 comments

  • windtalker

    September 28, 2011 at 1:41 pm

    ကျွန်တော့် အမြင်လေးပေါ့နော်
    နေ ့စဉ် ၊ ကုသိုလ်လေး နဲနဲပဲ လုပ်ဖြစ်မယ် ဆိုရင်ပေါ့နော်
    ကိုယ်လုပ်တဲ့ ကောင်းမှု ကောင်းသော လုပ်ရပ်အတွက်
    ရုတ်တရက် နှုတ်ဆက်ရရင်တောင်
    မကောင်းရာ ကို မရောက်နိုင်လောက်ဘူး လို ့
    ထင်မိပါတယ်

    Reply

  • blackchaw

    September 28, 2011 at 2:59 pm

    ကျွန်တော် အခုလက်ရှိဖတ်နေတဲ့ စာအုပ်ရဲ့ အဓိက ဆိုလိုရင်းက ဒီအကြောင်းပဲဗျ။
    တူဒေးစာအုပ်တိုက်က ထုတ်တဲ့ ဆရာမောင်ဆုရှင် ဘာသာပြန်သော အသေးအမွှားအရေးမထားဘို့ နည်းလမ်းတစ်ရာ ဆိုတဲ့စာအုပ်ပါ။ ကျွန်တော်တို့ဟာ အချိန်မရွေးသေသွားနိုင်ပါတယ်။ အိမ်ထဲမှာ ထိုင်နေရင်း
    ကားတစ်စီးက ဝင်တိုက်ပြီးပဲဖြစ်ဖြစ်၊ ရုံးဆင်းအိမ်ပြန်ချိန်မှာ စီးလာတဲ့ကားက အက်စီးဒင့် ဖြစ်တာပဲဖြစ်ဖြစ်
    တစ်ခုခုပေါ့ဗျာ။ သေခြင်းဆိုတာ အချိန်မရွေး၊ နေရာမရွေး၊ ရောက်လာနိုင်တယ်ပေါ့။ အဲဒါကြောင့် ဒီနေ့ကို ကိုယ့်ဘဝရဲ့ နောက်ဆုံးနေ့လို့ သဘောထားပြီး ကိုယ်လုပ်စရာရှိတာတွေကို လုပ်ဖို့ တိုက်တွန်းထားတာပါ။ ကိုယ့်မိသားစုကို ဘယ်လောက်ချစ်တယ်ဆိုတဲ့ အကြောင်း သူတို့သိအောင်ပြောပြတာတွေ၊ ကိုယ့်အဖေနဲ့အမေကိုဒေါသနဲ့ ပြန်ပြောမိခဲ့တာကို ပြန်တောင်းပန်ရမှာတွေ၊ ကိုယ့်ကိုကျေးဇူးပြုခဲ့ဘူးသူတွေကို ကျေးဇူးတင်ကြောင်းပြောရမှာတွေ လုပ်သင့်တယ် လို့ တိုက်တွန်းထားတာပါ။ တကယ်လို့ အဲဒါတွေ မလုပ်လိုက်ရပဲ သေသွားခဲ့ရင်…..။
    စာအုပ်က လက်ထဲမှာ မရှိနေတဲ့အတွက် စကားလုံးတွေတော့ တူချင်မှတူမှာ ဖြစ်ပေမယ့် ဆိုလိုရင်းကတော့ အတူတူပဲဖြစ်မှာပါ။
    ခွဲခွာခြင်းတွေအတွက် အသင့် မဖြစ်သေးဘူးဆိုတဲ့ moonpoem ရေ
    ဒီနေ့ကို နောက်ဆုံးနေ့လို့ သဘောထားပြီး လုပ်စရာရှိတာကို လုပ်ထားဘို့ အကြံပေးချင်ပါတယ်။
    ဥပမာပြောတာနော်၊ နမိတ်မရှိနမာမရှိပြောတယ်ဆိုပြီး စိတ်မဆိုးနဲ့နော်။

    Reply

    • moonpoem

      September 28, 2011 at 4:46 pm

      စိတ်မဆိုးပါဘူး blackchaw ရယ်။ တကယ်လည်း လူတွေ ဟာ ဘယ်နေ ့ဘယ်အချိန် ဘယ်မှာ ဘာကြောင့်သေမယ်ဆိုတာ မသိသလို သေပြီးရင် ဘယ်ဘဝကို ရောက်မယ်ဆိုတာလည်း မသိဘူး မဟုတ်လား။
      ရှင်သန်နေရတဲ့အချိန်တိုတိုလေးမှာ မေတ္တာတွေပဲ ထားပြီး ဆက်ဆံကြရင် တကယ့်ကို ကောင်းမှာပါ။

      Reply

  • Shwe Ei

    September 28, 2011 at 3:02 pm

    မျှော်လင့်မထားဘဲ ဖြစ်သွားတတ်တဲ့ ခွဲခွါခြင်းတွေအတွက် ကြိုတင်ပြင်ဆင်ထားမယ်ဆိုတဲ့ moonpoem ရဲ့အတွေးကို ထောက်ခံပါတယ်။

    Reply

  • lone

    September 28, 2011 at 3:20 pm

    “ဒီတစ်ခါမိသားစုအတွက်…ဒီတစ်ခါငါ့ချစ်သူအတွက်…ဒီတစ်ခါင့ါကိုယ်တိုင်အတွက်တဲ့… ဆရာတော်ဘုရားက
    ဟောပြန်တယ်…ငါဟာချည်တိုင်ကနွားတစ်ကောင်…အကုသိုလ်တရားကုသိုလ်တရား…ငါ့နားထဲအခါခါကြား…. ငါသေရင်နိဗ္ဗာန်၊ငရဲပြည်၊တိရ စ္ဆာန်၊ပြိတ္တာ၊နတ်ပြည်၊နောက်ထပ်လူ့ပြည် ဘယ်ဘုံကို ငါလားမလဲ……….”

    Reply

  • mandalarthu

    September 28, 2011 at 5:03 pm

    ဟုတ်ပါတယ်။ moonpoem ရေ။
    ကျွန်မလည်း ဆရာတွေ၊ မိတ်ဆွေတွေရဲ ့ နာရေးတွေ အကြိမ်ကြိမ် လိုက်ပို ့ဖူးပါရဲ.။
    သေခြင်း တရားကို လည်း ဆင်ခြင်ဖူးပါရဲ ့။
    ကိုယ် ့ကိုယ်ကို ”သေဖို ့ အဆင်သင် ့ဖြစ်ပြီလား ”လို ့ မေးခွန်း ထုတ် ကြည် ့တော ့
    ့”Not yet”တဲ.။
    ကိုယ်တိုင် ကြိုးစားတရားအားထုတ်မှသာ သေရင် ကျရောက်မဲ. အပယ်ဘေးက လွတ်မြောက်နိူင်တာမို ့
    ”ခွင် ့သာခိုက် မှ မရုန်း ချင်လျှင် အရှ ုံး နင် ့ပြင် ရှိ ဦးမလား”
    ‘ခွင် ့သာခိုက် မှ မလိုက် ချင်လျှင် အမိုက် နင် ့ပြင် ရှိ ဦးမလား” လို ့ ဆုံးမတော်မူခဲ ့တဲ ့
    လယ်တီဆရာတော်ဘုရားကြီးရဲ ့ တေးထပ်ကလေးကို နှလုံးသွင်းရင်း နဲ ့သာ
    သေခြင်းအတွက်
    ကြိ ု ုးစားပြင်ဆင်ရဦးမှာပါ။

    Reply

  • GreeNSheeP

    September 28, 2011 at 9:06 pm

    ဖြစ်မယ် ပျက်မယ် သေခြင်းတရား
    တစ်နေ ့ကြ
    အိုမုချ လို ့ကြုံမှာ သိတယ်…
    သိလည်းပဲ

    Reply

Leave a Reply

Your email address will not be published.