ပြည်သူ့အတွက်လျော့ပါးနိုင်သောဝန်ထုပ်

three colorsSeptember 26, 20111min04

ရန်ကုန်မြို့လူထု အများစုဟာ ဘတ်စ်ကားများကို အဓိကအားကိုးပြီး သွားလာကြရသည်။

ဘတ်စ်ကားခများ ၁ကျပ်၊၂ကျပ် မှ စတိုးလာသည်မှာ ယခုအခါ ၂၀၀၊၃၀ဝကျပ် ပင်ရှိနေပေပြီ။

ရွှေပြည်သာ၊အင်းစိန်အောင်ဆန်း၊လုှိင်သာယာစသည့် စသည့်နေရာများမှ မြို့ထဲသို့ နေ့စဉ်လာရသူများအတွက်

၂ဆင့်စီးရလျှင် အသွားအပြန် ကားခ သည် ၈၀၀၊၁၀၀ဝကျပ်ခန့်ရှိသည်၊

(အိမ်နားမှာ အလုပ်ရှာရန်ကလည်း အဆင်မပြေလို့)တလဆိုလျှင် ကားခချည်း မည်မျှကုန်မည်ကိုတွက်ကြည့်နိုင်သည်။

ဘတ်စ်ကားများ CNG ပြောင်းစက ကားခများကိုလျှော့ချပြေးဆွဲမည်ဟုကြားလိုက်မိသည်။

အဘယ်ကြောင့်ဆိုသော် ဓါတ်ဆီ ၃ ဂါလံနှင့်ညီသော CNG ပမာဏ၏ ထုတ်ဈေးမှာ (၇၀၀)ကျပ်သာရှိသည်ဟုသိရသည်။(မှားလျှင ပြင်ပေးကြပါကုန်)

 

ထို့ကြောင့်ဓါတ်ဆီ ၁ ဂါလံနှင့်ညီသောပမာဏသည် ကျပ်၂၀ဝသာသာ သာရှိသဖြင့်(၁၀)ဆကျော်သက်သာသည်။

ကားခကို ယခု ၂၀၀၊၃၀ဝကျပ် မှ ၂၀၊၃ဝကျပ် ထိပင်လျှော့ချပေးနိုင်သည်။

အထူးကားဟု အမည်ပေးပြီး ကားခ ပိုယူခဲ့သောကားများသည်လည်း(မထူး) ကားများဖြစ်နေပြီမို့ သာမန်ဘတ်စ် များနှင့်ကားခတူဖြစ်သင့်သည်၊

လူပိုတင်လျှှင် ၃ ယောက်တန်း ထိုင်ခုံတပ်ထားသော ထိုကားမျိုးက ပို ကျပ်သည်။

ယခုအခါ လျှော့ချနိုင်နေပြီဖြစ်သောကားခများကို မ-ထ-သ အနေဖြင့် ပြန်လည်ပြင်ဆင် သင့်ကြောင်း ထင်မြင်မိပါသည်။

4 comments

  • zaymdy

    September 26, 2011 at 7:21 pm

    ဟုတ်ပဗျာ အထူးကားလည်း ရိုးရိုးကားအတိုင်းပဲ ဈေးများတာပဲရှိတယ်… ကုန်ဈေးနူန်းကလည်း တစ်နှစ်ထက် တစ်နှစ် ကျတယ်ကိုမရှိဘူး တက်တာကြီးပဲ…အခုလည်း ကားခဈေးတက်လို.အားမရဘူး ရထားခက ဈေးတက်ဦးမယ် Bus ကားဈေးနူန်းတွေ.ကတော. ကျသင်.တယ် ထင်ပါတယ်နော်..

    Reply

  • moemakha

    September 26, 2011 at 8:32 pm

    နောက်နောင်ဆိုရင် Bus ကားကြီးတွေကောင်းကောင်း ချေင်ချေင် စီးရပါစေ့ မယ်ဗျား..
    စိတ်ရှည်ရှည်တော့ စောင့်အုံးပေါ့နော။

    Reply

  • Tony

    September 27, 2011 at 5:39 pm

    ဒီ post လေးဖတ်မှပဲ ဘတ်စ်ကားခ ဈေးနှုန်းလေးတွေ သိရတော့တယ် ။ ကျေးဇူးပါဗျာ။
    အော်……….ဓာတ်ဆီ အကြောင်းပါ သိရတယ်။ ကျေဇူးပါဗျာ။

    Reply

  • ဗိုလ်တု

    September 28, 2011 at 10:01 am

    နှာ စေး နေတယ် ဗျ !

    Reply

Leave a Reply to zaymdy Cancel Reply

Your email address will not be published.