တစ်မိနစ်စာ အပြင်းပြေဟာသများ (၆)

maung hninkharrSeptember 26, 20111min05

“ဘာအချိုးလဲ”

ကိုလှသည် စားသောက်ဆိုင်တစ်ဆိုင်၌ ထမင်းသွားစားသည်။ အတော်ကြာအောင် အော်ဟစ်မှ စားပွဲထိုးလေးတစ်ယောက် သူ့အနားရောက်လာ၏။ ထိုစားပွဲထိုးကလေးသည် ကိုလှ အားရိုင်းရိုင်းပျပျပင် အော်ဟစ်ဆက်ဆံ၏။ ကိုလှသည် သည်းမခံနိုင်တော့၊ ဒေါ်သထွက်လာ၏။ မန်နေဂျာကို တိုင်၏။

မန်နေဂျာက စားပွဲထိုးကလေးကိုခေါ်ပြီး ပြစ်တင်ကြီမ်းမောင်းလေ၏။

“ဟေ့၊ ဟောဒီလူကြီးမင်းက ခွေးလို အကျယ်ကြီးဟောင်ပြီး မင်းကိုခေါ်နေတာတောက် မင်းက ဂရုမစိုက်ဘူးဆိုကွ၊ အေး. . .မင်း ဒီပုံအတိုင်းဆက်သွား၊ ဘယ်ခွေးမှ ဒီဆိုင်မှာ လာစားမှာမဟုတ်ဘူး။” ဟူ၏။

==========================================================

“ရိုက်မှာစိုးလို့”

‘သားရေ ဟောဒါ အသစ်ပြောင်းလာတဲ့ ဘေးခန်းက အန်တီလေးကွယ့်။ မိတ်ဆက်တဲ့အနေနဲ့ အန်တီ့ကို မွှေးမွှေးပေးလိုက်ပါဦး’

‘ဟင့်အင်း ၊ သားကြောက်တယ်မေမေ’

‘ဘာဖြစ်လို့လဲ’

‘မနေ့က သူ့ကို ဖေဖေသွားနမ်းတာ ပါးရိုက်လွှတ်လိုက်တယ်ဗျ။’

==========================================================

“သဘာဝ”

‘မင်းက ငါ့ကို အရူးလုပ်နေတာလား’

‘ဟင့်အင်း၊ ခင်ဗျားရဲ့ ပင်ကိုယ်သဘာဝအပေါ်မှာ ကျွန်တော် ဘယ်တော့မှ အနှောက်အယှက်မပေးတတ်ပါဘူး’

==========================================================

“ခက်တဲ့ပုစာ္ဆ”

‘တစ်နဲ့တစ်ပေါင်းရင် နှစ်ရမယ်။ နှစ်နဲ့နှစ်ပေါင်းရင် လေးရတယ်။လေးနဲ့လေးပေါင်းရင် အဖြေဘယ်လောက်ရမလဲ ပြောစမ်း။’

‘ဒါတော့ ဆရာ မတရားဘူး။ လွယ်တာကျတော့ ဆရာက ဖြေတယ်။ ခက်တာကျတော့ ကျွန်တော့်ကို လာမေးတယ်။’

==========================================================

“သိပါရစေ”

တရားသူကြီးသည် တရားခံသို့ ကြိမ်လုံးဖြင့် ညွှန်ကာပြောလိုက်သည်။

‘ဟောဒီ ကြိမ်လုံးဟာ ဒုစရိုက်သမားကို ညွှန်ပြနေတယ်’

‘ကြိမ်လုံးရဲ့ ဟိုဖက်ထိပ်လား ဒီဖက်ထိပ်လား ခင်ဗျာ’

==========================================================

“အလုပ်ကြိုးစားသူ”

‘မင်းဟာ တစ်ပတ်အတွင်း ရှစ်ကြီမ်တောင် ဖောက်ထွင်မှု ကျူးလွန်ခဲ့တယ်လို့ ဆိုထားပါလား’

‘ဟုတ်ပါတယ် တရားသူကြီးမင်း။ နေ့မအား ညမနား အလုပ်လုပ်ခဲ့တာပါ။ လူတိုင်း ကျွန်တော့်လိုသာ အလုပ်လုပ်ကြရင် အားလုံးကြွယ်ဝကြမှာ မလွဲပါဘူး’

==========================================================

“မှန်တယ်နော်”

‘ဓာတ်ခွဲခန်းနဲ့ ဓာတ်မှန်စစ်ဆေးချက်တွေအရ အခြေအနေ တော်တော်ကောင်းတယ်။ ဒီပုံအတိုင်းဆို အသက်ရှစ်ဆယ်ထိ နေရလိမ့်မယ်။’

‘ကျွန်တော့်အသက်က အခုဆို ရှစ်ဆယ်ရှိပါပြီ ဒေါက်တာ’

‘ကဲ – ကျွန်တော်ပြောတာ မမှန်လား’

==========================================================

“လိုအပ်တဲ့ပစ္စည်း”

‘ရှင့်လစာ ဒါအကုန်ပဲလား’

‘အိမ်အတွက် လိုတာတွေ ဝယ်လာခဲ့လို့’

‘ဟုတ်လား။ ဘာပစ္စည်းတွေ ဝယ်လာတာတုန်း’

‘ဝီစကီ တစ်သေတ္တာ’

 

5 comments

  • Nan Shin

    September 26, 2011 at 9:12 pm

    ဟား ဟား ရယ်ရတယ်ဗျို့……….နောက်လည်းတင်ပေးပါဦးဗျာ…။
    ဘဝရဲ့အမောတွေ ပြေလျှော့နိုင်လို့ပါ။

    Reply

  • nature

    September 26, 2011 at 9:36 pm

    မှားပါတယ် ကိုသောင်းရယ်ဂျိုကိုင်ပြီးတောင်းပန်ပါမယ် ဆိုတာလိုဖြစ်နေပြီ။

    Reply

  • မောင်တုတ် ကြီး

    September 26, 2011 at 9:54 pm

    ခွေးဘဝရောက်မှနမးမသိရောက်သွားပါရောလား။

    Reply

  • ငရဲသား

    September 26, 2011 at 11:23 pm

    လန်ထွက်နေတာပဲ ခြံခတ်ပီး သံဘရပ်ချ် နဲ့ တိုက်ပေးမှ ဖြစ်တော့မယ် ။ 😀

    Reply

  • pan pan

    September 27, 2011 at 1:37 pm

    ‘ဟောဒီ ကြိမ်လုံးဟာ ဒုစရိုက်သမားကို ညွှန်ပြနေတယ်’
    ‘ကြိမ်လုံးရဲ့ ဟိုဖက်ထိပ်လား ဒီဖက်ထိပ်လား ခင်ဗျာ’

    ဟာဟ…တော်တော်လာတဲ့ တရာခံပဲ
    ကောင်းတယ်
    ရယ်ရတယ်
    ရှိသေးရင် ထပ်တင်ပေးပါဗျို့

    Reply

Leave a Reply to pan pan Cancel Reply

Your email address will not be published.