ရှင်သန်မှုကိုဖျက်စီးခြင်း

ကြောင်လေးSeptember 26, 20111min05

ရှင်သန်မှုကိုဖျက်စီးခြင်း

 

ငါ့နှလုံးသားကညှစ်ထုတ်လိုက်တဲ့သွေးစီးကြောင်းပေါ်မှာ

မင်းတို့ ကူးလူးသွားလာကြ၊ စီးပွားဖလှယ်ကြ။

ငါ့ရဲ့သွေးတွေကို

မင်းတို့ ခပ်ယူသောက်သုံးကြ၊ သက်ဆက်ရှင်သန်ကြ။

ငါ့ရဲ့သွေးတွေနဲ့

မင်းတို့အညစ်အကြေတွေကို  ဆေးကြောသန့်စင်ကြ။

ငါ့ရဲ့သွေးကြောထဲ

စီးမျောနေတဲ့သတ္တဝါတွေကို

မင်းတို့ဖမ်းယူစားသုံးကြ၊ ရောင်းဝယ်ဖောက်ကားကြ။

ငါ့ရဲ့သွေးကြောထဲ

မျောပါလာတဲ့ရတနာတွေကို

မင်းတို့ထုတ်ယူသုံးစွဲကြ၊ ဝတ်ဆင်ဂုဏ်ယူကြ။

ငါ့ရဲ့ ခန္တာကိုယ်ပေါ်

မင်းတို့ရပ်တည်နေထိုင်ကြ၊  မျိုးဆက်ပြန့်ပွားကြ။

ငါ့ရဲ့သွေးတွေက

စုစောင်းပို့ချထားတဲ့ အဆီအနှစ်တွေပေါ်

မင်းတို့စိုက်ပျိုးစားသောက်ကြ။

ငါ့သွေးကြောမွှာတွေကသွေးတွေနဲ့

မင်းတို့စားသုံးတဲ့အပင်တွေကို  ရှင်သန်ကြီးထွားစေကြ။

မင်းတို့ရဲ့

ရပ်တည်နေထိုင်ရေး၊ရှင်သန်ကြီးထွားရေး

ဖွံ့ဖြိုးတိုးတက်ရေးတွေအားလုံး

ငါ့ရဲ့သွေးနဲ့မကင်းကြ၊ငါ့ရဲ့အသွေးပေါ်မှီခိုကြ။

အခုတော့

ငါ့နှလုံးသားအဝကိုပိတ်ဖို့လုပ်

ငါ့သွေးအား  ကိုအမြတ်ထုတ်

နှေးကွေးအောင် မင်းတို့လုပ်နေကြတယ်။

ငါ့ကျန်းမာရေးချုချာသွားရင်

မင်းတို့ရဲ့ ရပ်တည်မှုတွေ ခက်ခဲသွားမှာ….

ငါသေသွားဆုံးရင်

မင်းတို့ရဲ့ရှင်သန်မှုတွေသေဆုံးသွားမှာ…..

မင်းတို့

မသိလေရော့သလား၊မတွေးမိလေရော့သလား။

ကြီးမားလှတဲ့မင်းတို့ရဲ့အတ္တ

ငါဘယ်လိုမှ မမှန်းဆတတ်တော့ပါတကား။     ။

5 comments

  • taungpawthar

    September 26, 2011 at 3:39 pm

    ကိုယ်တိုင် ရေးထားတာ ဆို ရင်တော့ ဒီလို ရေးနိုင်တာ ချီးကျူးပါတယ်ဗျာ
    ကျွန်တော်တို ့တိုင်းပြည်က သဘာဝအရင်းအမြစ်တွေ အပေါ်မှီခို အားထားလွန်းတယ် နော်
    ဒီဘက်ခေတ် မှာတော့ တခြားနည်းလမ်း တွေ နဲ ့လည်းတို းတက်အောင် လုပ်ဖို ့သင့်ပြီထင်ပါတယ်

    Reply

  • small cat

    September 26, 2011 at 7:21 pm

    ကိုယ်တိုင်ရေးကြည်း့ထားတာပါ၊အတွေ့အကြုံနည်းသေးတဲ့ပညာသင်တစ်ယောက်ပါ။
    “စီးပွားရေးပိတ်ဆို့တာ ဒို့မမှုပေသယံဇာတတွေပေါတဲ့မြေ“ ဆိုတဲ့ ကြွေးကျော်သံ
    ဘယ်လောက်ထိခံမလဲဆိုတာ ကျွန်တော်တို့လည်းသံသယတော့ဖြစ်မိပါတယ်။
    သယံဇာတမရှိတော့တဲ့နောင်တချိန် ကျွန်တော်တို့သားသမီတွေ ကိုယ်တိုင်`ရုံးကန်နိုင်ပါစေလို့ပဲ
    ဆုတောင်းနေရပါတယ်။
    အားပေးတာကျေးဇူးပါ။

    Reply

  • akswe

    September 26, 2011 at 8:17 pm

    ကြောင်းလေး… ‘စ’ လုံး နဲ့ ‘ဆ’ လိမ် လွဲနေသလားလို့..

    Reply

  • small cat

    September 26, 2011 at 11:39 pm

    ပျက်စီး နဲ့ ဖျက်ဆီး ရောထွေးသွားတယ်၊ပြင်ပေးတာကျေးဇူးပါ။
    အခုအင်္ဂလန်က ရော့ရှိုင်းယားရဲ့မြက်ခင်းတွေပေါ်မှာပဲလား?
    မြန်မာပြည်ကစာတွေသတိယသေးတာ လေးစားပါတယ်။

    Reply

  • akswe

    September 27, 2011 at 6:21 am

    ဓီကန်ဂလေး ဂဓေါ့လေ ပျောနေယင်းဂို ဘဲ မားဘောင်းပျန်ဗီ ။
    ဟုတ်ပါတယ်ကွယ် မြက်တွေ ပေါ်မှာ ပါ..
    စာတွေသတိရတာက ငယ်ငယ်က ကျောင်းမှာ အဆော်ခံထားရတာ များလို့ပါ။

    Reply

Leave a Reply

Your email address will not be published.