ဖိနပ်ပုံပြင်လို ့ဘဲနာမည်ပေးရမှာပေါ့(၁)

ခရီးသွားတစုဟာနွံအိုင်တစ်အိုင်ဆီရောက်လာကြတယ်။

နွံအိုင်နားမှာကရွာတစ်ရွာ။

ရွာကလူတွေကပြောတယ်။ဒီနွံအိုင်ကိုဖြတ်ဖို ့ဆိုရင်သူတို ့ရွာကချ ုပ်တဲ့ဖိနပ်တွေနဲ ့ဖြတ်မှရမယ်တဲ့။

ဖိနပ်တွေကအောက်ခံသားရေသားပြန် ့ပြန် ့ကြီးကြီး၊အထဲမှာလေခိုအိတ်တွေနဲ ့—-ဒီလို နွံတောကိုဖြတ်ဖို ့အသင့်လုပ်ထားတဲ့ပုံ——။

ဟုတ်တယ်။သူတို ့ရဲ ့ရိုးရိုးဖိနပ်တွေနဲ ့ဖြတ်လို ့ကတော့နွံထဲနစ်သွားမှာဘဲ။

သူတို ့သွားမယ့်ခရီး ကလဲဒီနွံအိုင်ကိုကျော်ဖို ့အပြင်အခြားမရှိဘူး။
ဒီတော့. သူတို ့တွေအဲဒီရွာ ကနေဖိနပ်တယောက်တရံစီဝယ်ကြရရော ဆိုပါတော့–_။
ပြီးတော့ အဲဒီဖိနပ်တွေနဲ ့နွံအိုင်ကိုဖြတ်ကြတယ်။
ရွာကလူတွေညွှန်းသလိုပါဘဲ။သူတို ့ဖိနပ်တွေ ဟာနွံအိုင် ကိုဖြတ်ဖို ့တော့. အတော်လေးသင့်တော်ပါပေတယ်။

ကျွံသွားလို ့ကတော့ လူတစ်ကိုယ်လုံးနစ်ပြီး အသက်ပါဆုံးရှုံးနိုင်တဲ့တမျှော်တခေါ်နွံအိုင်ကျယ်ကြီးကိုသူတို ့ဟာ ဖိနပ်တွေအကူအညီနဲ ့ဘေးကင်းရန်ကင်းဖြတ်သန်းနိုင်ခဲ့ပါတယ်။
တဖက်ကမ်းကိုရောက်တဲ့အခါကျတော့မှ ခရီးသွားတွေဟာအသက်ရဲရဲရှူရဲကြတော့တယ်။

ခုန ကတင်းထားတဲ့ မျက်နှာထားတွေ ဟာခုမှဘဲ. ပြေပြေလျှော့လျှော့ဖြစ်လာတယ်။ရှေ ့မှာကုန်းမြေအမာပဲကျန်တော့တယ်။ဒီလိုသဲထိတ်ရင်ဖို ဖြစ်စရာမရှိတော့ဘူး။
ဒါကြောင့်ခရီးသွားသူ အသီးသီးဟာနွံဖြတ်ဖို ့ဝယ်လာတဲ့ဖိနပ်တွေကိုစွန် ့ပစ်လိုက်ကြပါတော့တယ်။ဖိနပ်တွေဟာလေးလံပြီး. ကြီးလဲကြီးတော့ သယ်ဆောင်ရခက်ခဲမှာကိုး။ပြီးတော့အဖိုးအခကလည်းနည်းတယ်လေ။

ဒါပေမယ့် တစ်ယောက်ကတော့ သူ ့ဖိနပ်ကြီး ကိုမစွန် ့ပစ်ဘဲ ကျောမှာပို းပြီးဆက်သယ်ဆောင်လာလေရဲ ့။

အတော်လှမ်းလှမ်း သွားမိပြီးမှပဲ. ဒါကိုကျန်တဲ့သူတွေသတိထားမိကြတယ်။လူတွေကမေးကြတယ်။

“ဒီဖိနပ်ကြီးဘာလုပ်ဖို ့ဆက်သယ်နေတာတုန်း”

“ဟာ ကျူပ်ကို ဒီနွံအိုင်ကို ကူးဖြတ်နိုင်အောင် ကျေးဇူးပြ ုခဲ့တဲ ့ဖိနပ်ကြီး ဆက်မသယ်လို ့ဖြစ်မလား”

“လိုရာ ခရီးရောက်ပြီဘဲ စွန် ့ခဲ့တော့ပေါ့”

ဆိုလဲ နားမဝင်ဘူး။ကျန်လူတွေ ဘယ်လိုပြောပြော မရဘူးပေါ့။

အဲဒီဖိနပ်အလေးကြီးကို ထမ်းလို ့ကျန်တဲ့ ခရီးတလျှောက်လုံး ပင်ပန်းကြီးစွာ ဆက်သွားနေလေရဲ ့—————–။
…………………………………………………….
ကျွန်တော်တို ့လဲဒုက္ခဖိနပ်တွေကို ဆက်ထမ်းသွားကြမှာလား။ဒါမှမဟုတ် ပေါ့ပါးစွာဆက်လျှောက်ကြမှာလား။
ရွာသားများကို ကျေးဇူးတင်ပါတယ်ဗျာ။အားလုံးကို မေတ္တာရှိပါတယ်ခင်မျာ။

8 comments

  • mgmglusoe

    September 25, 2011 at 6:47 pm

    I think not everybody. Perhaps so and perhaps not.

    Reply

  • ကြောင်ကြီး

    September 25, 2011 at 6:54 pm

    သဂျီးမှာလိုက်လို့ သယ်ရတယ်ပြောသာပဲ…။

    Reply

  • ပေါက်ဖော်

    September 25, 2011 at 7:24 pm

    လိုရခရီးရောက်ပြီဆို..ဘာလို ့ဆက်သယ်တော့ မတုံးဗျာ

    Reply

  • windtalker

    September 25, 2011 at 7:44 pm

    မီးလေး ပြောချင်တာ က
    “ စားပြီး နားမလည်
    ဝါးပြီး ထွေးထုတ် ”
    ဆိုတာများလား
    မသိ
    မသိ..

    Reply

  • nature

    September 25, 2011 at 8:07 pm

    ကျနော့်အမြင်တော့ ဖိနပ်ကကျေးဇူးရှိတယ်ဆိုတာထက် အသုံးဝင်တယ်လို့ပိုဆိုချင်တယ်။ ဖိနပ်က သက်မဲ့ဖြစ်လို့ ပါ။ သက်ရှိသာဆိုရင်တော့ ကျေးဇူးပြန်ဆပ်သင့်ပါတယ်။

    Reply

  • etone

    September 26, 2011 at 9:25 am

    1. ယုတိ္တမရှိတဲ့ ဖိနပ်ပုံစံမျိုးပါ (((…ဖိနပ်တွေကအောက်ခံသားရေသားပြန် ့ပြန် ့ကြီးကြီး၊အထဲမှာလေခိုအိတ်တွေနဲ ့—-ဒီလို နွံတောကိုဖြတ်ဖို ့အသင့်လုပ်ထားတဲ့ပုံ——။))) လို့ပြောထားလို့ပါပဲ … ။
    2.ဖိနပ်ကို အသုံးပြုပြီးလွင့်ပစ်လိုက်တာ (တန်ဖိုးနည်းလို့ ) သဘာဝကျပေမဲ့ …
    ဒါကလည်း ဝယ်လို့ ရနေတဲ့ နေရာမို့လို့ပါ …. ဝယ်ရလည်း ခက်တဲ့နေရာ ရွံ ့နွံလည်း ရှိနေမယ့်နေရာဆို ရွှေတွေပုံပေးတာတောင် ဝယ်လို့ မရနိုင်ပါဘူး … ။ မသွားဖူးတဲ့ လမ်းဆိုလျှင်တော့ ရှေ့မှာ ဘယ်လို နွံတွေရှိဦးမလဲ ဖိနပ်ထပ်ဝယ်လို့ ရမရ မသိနိုင်ပါဘူး … ။

    3. ကျွန်မသာဆိုလျှင် … ဖိနပ်ကြီးကို သယ်သွားမိမှာပါပဲ … ။ ကပ်စီးနည်းလို့ မဟုတ်ပေမဲ့ … ကိုယ့်တန်ရာတန်ဖိုး ပေးပြီး ဝယ်ထားရတဲ့ ပစ္စည်းကို အလေလွင့် မဖြစ်စေချင်တာကြောင့်ရယ် … ။ အရေးကြုံလျှင် ထပ်သုံးနိုင်တာကြောင့်ရယ် သယ်သွားပါမယ် … ။ နောက်တခါ နွံရှိတဲ့နေရာမှာ ဖိနပ်ရောင်းမယ့်လူလည်း မရှိလျှင် ခက်ရချည်ရဲ့လေ.. ဖိနပ်လေးလည်း … လူတစ်ကိုယ်စာလောက် လေးမယ်မထင်ပါဘူး … ကိုယ်စီးမယ့်ဖိနပ်သယ်ဖို့ အင်အားတော့ ရှိကောင်းပါရဲ့နော် … ။ 🙂

    Reply

  • Shwe Ei

    September 26, 2011 at 10:28 am

    စီးပီးသားဖိနပ်လေးတွေ လွှင့်မပစ်ဘဲ နွံတောတဖက်က ရွာကိုပြန်သွားမဲ့သူတွေဆီ ရောင်းပစ်ခဲ့ရင် နှစ်ဦးနှစ်ဖက် ပိုတောင်အကျိုးရှိသေး။

    Reply

  • မောင်သန်းထွဋ် ဦး

    September 26, 2011 at 10:58 am

    အမှန်တော့ ဗျာ လိုရာခရီးကိုရောက်ရင် ကြိုက်သလိုလုပ်ခွင့်ရှိပါတယ်။စွန် ့ပစ်နိုင်သလို၊ပြန်ရောင်းမယ်၊ပြန်ဝေမျှခဲ့မယ်ပေါ့။

    Reply

Leave a Reply to Shwe Ei Cancel Reply

Your email address will not be published.