မြန်မာ့စံနှုန်းများအကြောင်း-၃

ကြောင်လေးSeptember 24, 20111min02

 

၁  ဧက ဟာ စကွဲယားပေနဲ့ဆိုရင်  ၄၃၅၆၀  စကွဲယားပေ ရှိပါတယ်

 

လူတစ်ယောက်နဲ့တစ်ယောက်   အတောင်  (အတိုင်းအတာ) မတူပေမဲ့   FPS   စနစ်နဲ့ ပြောင်းပြီးအများလက်ခံသုံးစွဲနေကြတာရှိပါတယ်။

၂   တောင်  တစ်ကိုက် ပါ ။    တစ်တောင်ဟာ   ၁ ပေခွဲ  ဆိုရင်

၁ လံ ဟာ  ၄   တောင်ဆိုတော့   ၆  ပေရှိပါတယ်။

၃   မိုက်   ၁  တောင်  ဆိုတော့   ၁   မိုက်  က  ၆  လက်မပါ။

၁   ထွာ ဟာ  ၉  လက်မပါ။

ကိုယ့်လက်ဟာစံနှုန်းကိုက် မကို်က် ပေတံပေါ်မှာ  တိုင်းကြည့်ကြပါ။

 

မြန်မာတစ်ခွက်(တစ်ကွက်ကိုတစ်ခွက်လို့ခေါ်ဝေါ်သုံးစွဲကြပါတယ်)ဟာ   ဘယ်နှဧကလဲဆိုတာတွက်ကြည့်ကြရအောင်။

အလျားအလံ ၄ဝ ဆိုတော့   ၂၄ဝ ပေ ပေါ့။ဒါဆိုရက်တစ်ခွက်မှာ    ၅၇၆၀၀   စတုရန်းပေရှိပါတယ်။

ဧက ဖွဲ့ကြည့်လိုက်ရင်    ၁.၃၂  ဧကရှိပါတယ်။

ဒီဆက်စပ်မှုပေါ်မူတည်ပြီး တစ်ဧကမှာ လက်လံဘယ်လောက်ပတ်လည်ရှိလဲတွက်ကြည့်မယ်ဆိုရင်..

၄၃၅၆ဝ ကို   square root  ရှာလိုက်ရင်  ၂၀၈.၇  ပေ ရပါတယ်။အဲဒါကို  ၆  နဲ့စားရင် ၃၄.၇၈  ပေရပါတယ်။

၁ဝလံပတ်လယ်အကွကက်လေးတစ်ကွက်မှာ  ၃၆၀ဝ စတုရန်းပေရှိပါတယ်။အ ခွက်ကြီးတစ်ခွက်မှာ   အကွက်သေး ၁၆ ကွက်ဆိုတော့

ဒီဆက်စပ်စံနှုန်းဟာ ကိုက်ပါတယ်။

၃၆ လံ ခွဲလောက်ဆိုတာ ဟာမှားယွင်းပြောတာပါ   ၃၄.၇၈   လံဟာအမှန်ဖြစ်ပါတယ်။

တစ်ကျင်းဟာ  ၁၀၀  ကုဗပေ ဖြစ်ပါတယ်။

မြန်မာတစ်ကျင်းကိုတွက်ကြည့်ရင်

၈  တောင်ပတ်လည်ဟာ   ၁၂ ပေ ပတ်လည်ပါ။

၁၂×၁၂×၁.၅=၂၁၆ ကုဗပေဖြစ်ပါတယ်၊အများကြီးကွာနေပါတယ်။

၆  တောင်ပတ်လည် စောက်   ၁    တောင်ဆိုရင်     ၁၂၁.၅   ကုဗပေ   ကတော့နီးစပ်ပါတယ်။

 

ကျွန်တော့ရဲ့စံနှုန်း  ၂    ထဲက  comment   မှာပါတဲ့အချက်အလက်တွေကို  ဒါလေးနဲ့ပြင်ပြီးမှတ်သားကြပါခင်ဗျာ။

 

 

 

2 comments

  • Zaw Wonna

    September 24, 2011 at 10:15 pm

    ကျေးဇူးပါခင်ဗျာ။ နောက် သိချင်တာ တစ်ခုက မြန်မာပြည်က လယ်ကွက်တွေက ဘယ်အခြေခံပေါ်မူတည်ပြီး ခွဲစိပ်ထားပါသလဲခင်ဗျား။ ကျနော်ဆိုလိုတာက အလျား၊ အနံ သတ်မှတ်ချက် အဲလိုမျိုး ရှိသလား။ လယ်ကန်သင်းတွေက ရေသိုလှောင်မှုကို ထိန်းချုပ်နိုင်ဖို့လို့ ထင်ခဲ့ပါတယ်။ ဒါဆို ဥပမာ မြေပြင်ညီညာ ပြန့်ပြူးတဲ့ ဒေသတွေမှာ လယ်ကွက်တွေက ပိုကျယ်သွားသလား။ ဒေသတွေ အားလုံးမှာ ရှိတဲ့ လယ်ကွက် အကျယ်အဝန်းက အတူတူပဲလား။ ဗဟုသုတ အနေနဲ့ သိချင်လို့ပါ ခင်ဗျာ။

    Reply

  • small cat

    September 24, 2011 at 10:54 pm

    မြန်မာပြည်မှာတွေ့နေရတဲ့အကန့်(လယ်ကွက်)တွေဟာ လယ်အခွက်တွေမဟုတ်ပါ၊
    ကန်သင်းဘောင်များသာဖြစ်ပါတယ်။အလျား၊အနံ၊အကျင်း၊အကျယ်၊ပုံသဏ္ဍာန် အမျိုးမျိုးရှိပါတယ်။
    တဖက်ရှူးတဖက်ကားတွေလဲရှိပါတယ်။မြေအနိမ့်အမြင့် မတူညီတဲ့နေရာတွေကို ရေထိမ်းဖို့အဆင်ပြေသလို
    ကန့်ထားကြတာတွေရှိပါတယ်။ကန်သင်းများရင်စိုက်ဧရိယာတွေဆုံးရှုံးပါတယ်။ဖွံ့ဖြိုးတဲ့ စိုက်ပျိုးရေးနိုင်ငံတွေ
    မှာမြေကိုအသေအချာညှိပြီး ဧက ကွက်တွေဖော်စိုက်ကြပါတယ်။ဒီလိုလုပ်ပြီးအပင်ကိုလည်းကြိုးဆွဲပြီးအစိပ်
    အကျဲညီ စနစ်တကျစိုက်ပါတယ်။အထွက်လည်းတိုးစေပါတယ်။
    ဒီစနစ်ကိုမြန်မာနိုင်ငံမှာစတင်အကောင်အထည်ဖော်နေပါပြီ။လွယတော့မလွယ်ပါဘူး။စက်အားကိုသုံးပြီး
    တစ်ဧကချင်းမြေညီအောင်ညှိရမှာဖြစ်တဲ့အတွက် သာမန်လယ်သမားတွေမလုပ်နိုင်ပါဘူး၊လယ်သမားအစု
    အဖွဲတွေဖွဲ့ပြီးတော့ဆောင်ရွက်နေကြတာပါ။ဒီအဖွဲ့တွေကို ကုမ္ပဏီတွေ ကငွေထုတ်ချေးနေပါတယ်။
    ဦးပိုင်လိုကုမ္ပဏီတွေပေါ့။ အင်းတဖြည်းဖြည်းနဲ့ နောက်ပိုင်ကြရင်တော့…………………

    Reply

Leave a Reply to Zaw Wonna Cancel Reply

Your email address will not be published.