ချစ်သူ ့တမ်းခြင်းရဲ ့ည

အဲဒီ ညပေါ့

တခြမ်းပဲ့ လမင်းရယ်

သောက်လက်စဆေးလိပ်တိုတွေ ရယ်

ကြိုးပြတ်နေတဲ့ ဂစ်တာ အို တစ်လက်ရယ်

ရီဝေစေတဲ့ ဝိုင်အရက်တစ်ခွက်ရယ်

ငါ့ကို အဖော်ပြုကြတယ်။

အဲ့ဒီညပေါ့

သန်ခေါင်ယံ လွန်ကောင်းကင်အောက်က

မင်းဆီကို အလည်ရောက်ခဲ့တဲ့လေပြေပေါ့

မင်းရဲ့နှင်းဆီရောင် ပါးပြင်လေးရယ်

မင်းရဲ့ ပိတုန်းရောင်ဆံနွယ်လှလှလေးရယ်… ခိုးပြီးနမ်းသွားခဲ့တယ်။

ပြီးတော့…

အပြန်မှာ ငါ့ကိုဝင်မေးသွားတယ်

မင်းအရမ်းလွမ်းနေလားတဲ့ ???

တကယ်တော့ မင်းဟာ

ပြန်မချစ်နိုင်သူကို ချစ်နေသူပါ …

မပီဝိုးတဝါး အိမ်မက်နတ်သမီးက

လှုပ်နိုးလိုက်တာ

မင်းကို ဖက်ပြီး အိပ်နေလိုက်တာ

မိုးတောင်လင်းရောပေါ့ …………..

Anonymous from Than Htut Oo

7 comments

  • thit min

    September 24, 2011 at 11:31 am

    ကိုသန်းထွဋ်ဦးရေ အဲဒီဖလိုးလေးနဲ့ရေးကြည့်လိုက်တယ်နော်။
    ~~ညရဲ့
    တခြမ်းပဲ့လမင်းက၊ဝိုင်နီချိုချို
    ဆေးလိပ်တိုနဲ့ဂစ်တာအိုကိုပေါင်းစု
    ငါ့ကိုအဖော်ပြုခဲ့တယ်။
    ~~အဲဒီညကောင်းကင်
    သန်းကောင်ယံ၊လွင်ပြင်ဖြတ်
    လှပ်လှပ်လေး၊တိုက်တဲ့လေညှင်း
    မင်းရဲ့ပါးပြင်၊ဆံနွယ်ယဉ်စ
    ခိုးနမ်းကြသတဲ့ချစ်သူရယ်။
    ~~လေညှင်းပြန်ခဲ့
    ငါနဲ့တွေ့ချိန်၊မေးစမ်းခဲ့သား
    (မင်း)လွမ်းနေသလား~တဲ့။
    တုန့်ပြန်ခြင်းကင်း
    သူ့ချစ်ခြင်းမှာ
    တွယ်တာတဖက်သတ်
    (မင်း)အချစ်ဇာတ်နော်..တဲ့။
    ………………………….
    ဟာ~
    လန့်နိုးအိမ်မက်
    မင်းကို”ဖက်”လို့
    ငါအိပ်ခဲ့သတဲ့
    (အို~)
    မိုးတောင်လင်းခဲ့ပါရောလား။

    Reply

  • မောင်သန်းထွဋ် ဦး

    September 24, 2011 at 12:57 pm

    ကိုသစ်မင်းရဲ ့လက်ရာကတော့ပြောင်မြောက်လိုက်တာ။ကျေးဇူးပါဗျာ။
    Congratulation ko thit min

    Reply

    • Handy note

      September 24, 2011 at 1:42 pm

      “ပိုး”ကရှိနေလို့၊ရေးလိုက်မိတာပါ၊
      တင်လိုက်ပြီးမှသူများရေးတာနှောင့်ယှက်မိသလိုဖြစ်မှာစိုးရိမ်သွားမိတယ်။
      ကျေးဇူးပါခင်ဗျာ။

      Reply

      • thit min

        September 24, 2011 at 1:44 pm

        ခင်ဗျားနေရာမှားသွားပြီထင်ပါရဲ့

        Reply

        • Handy note

          September 24, 2011 at 1:49 pm

          sorry!ဟုတ်ပ ဘောက်စ်မှားသွားပါတယ် ဟိုဘက်ဖော်ရမ်ကကော်မန်းကိုဖြေရှင်းချက်ရေးလိုက်တာ
          ဒီရောက်သွားလို့

  • yetazar

    September 24, 2011 at 7:24 pm

    ညတွေကိုဖမ်စားတဲ့ အလှနတ်ဘုရားမလေး ကိုသားကြီးရဲ့ရင်ခွင်မှာပြန်လည်ခိုဝင်နိုင်ပါစေဗျာ ။

    Reply

  • musicalpunk

    September 24, 2011 at 7:56 pm

    တမ်းတခြင်း ည တွေထက် ကျွန်တော်ကတော့ တစ်နေကုန်ပါပဲ…………(.Angle တိုင်းက ဒီလိုပဲလားလိုတွေးမိတယ်) အကိုရဲ့ အိပ်မက်တွေ နိုးထလာနိူင်ပါစေ၊

    Reply

Leave a Reply to yetazar Cancel Reply

Your email address will not be published.