မဟာ့မဟာ ဆေးစွမ်းကောင်းကြီး

မောင် ပေSeptember 24, 20111min09

ကျေးဇူးပြုပြီး
အားလုံး ဖတ်ပေးကြပါ
““ တွီတွီ ကျလိကျလိ ´´´´´´ ( မိုက် မှ အသံကြောင်သံများ )
အားလုံးအတွက်
ထူးရှယ်
ထူးခြား အံ့ဩဖွယ်
ရုတ်တရက် ဆိုသလို
ဟာကနဲ ဟယ်ကနဲ
ပါးစပ်ပေါက်ဟောင်းလောင်း ပစ်စဖွယ်
မဟာ့ မဟာ စပါရှယ် သတင်းကောင်းကြီး
ကျွန်တော် မဟာ့မဟာ သမားတော်ကြီး
ကမ္ဘာ ့အလုပ်အများဆုံးဘွဲ ့ရ ( ကိုယ့်ဟာကိုယ်ပေးသည် )
ကမ္ဘာ ့ အတော်ဆုံး သမားတော် ဆရာဝန် ဘွဲ ့ရ ( ကိုယ့်ဟာကိုယ် သမုတ်သည် )
သမားတော်ကြီး ဇီဝက ၏ ခေတ်သစ်မျိုးဆက် ( ကိုယ့်ဟာကိုယ် သတ်မှတ်သည် )
အလွန် ့အလွန် အင်မတန် ရှယ် ၊ စတီးဇွန်းတင် မက
ငွေဇွန်း ၊ရွှေဇွန်း တပ်
သမားတော်လေး မောင်မောင်ပေ ၏
ဆေးစွမ်း ဆေးမဟာတော်ကြီး ကို
မန်းတလေး ဂေဇက် တွင်
မျှဝေ လက်ဆင့်ကမ်းလိုက်ပါပြီ
စာဖတ်သူ အနေ ဖြင့်
ယခု ကွန်မင့် ကို ဖတ်ရုံ မျှ ဖြင့် ၊ ( အထူးမှတ်ပါ ။ ။ သည်စာကို ဖတ်တာနဲ ့ပျောက်ကင်းပါပြီ )
စာဖတ်သူ တွင် ဖြစ်လာလတ္တံ ့ သော ရောဂါဝေဒနာများသည်လည်းကောင်း
လက်ရှိ ခံစားနေရနိုင်သော သေးသေးမွှားမွှား
ကြီးကြီးမားမား ရောဂါများသည် လည်းကောင်း
ပျောက်ကင်း သွားပါပြီ
ထို ့ကြောင့်
သို ့ဖြစ်ပါသဖြင့်
ကျွန်ုပ်
သမားဂုလု ဆရာသခင် ဒေါက်တာ မောင်မောင်ပေ ထံ
ဒေါ်လာများ ပေးပို ့ပေးကြပါ
ဟွန် ့
မပေးလို ့ကတော့
သူကြီးနဲ ့တိုင်ပြောပြီသာမှတ်
ဟင်းဟင်းဟင်းဟင်း
ညှင်းညှင်းညှင်းညှင်း

ကျွန်ုပ် အထူးဖော်စပ်ထားသော ၊ ယခု ဆေးတော်ကြီးတွင်

ပါဝင်သည်များ မှာ

အိမ်မြောင် မျက်ချေး = ၁ ကျပ်သား

ပက်ကျိ အသည်း = ၁ဝကျပ်သား

ဟိမဝန္တာ တောင်ထိပ်ရှိ ရေခဲတောင်ကြာပန်း ၏ ဝတ်ဆံ = ၄၉ ကျပ်သား

မန်းတလေးဂေဇက်ပိုင် ဦးခိုင် ၏ နေအိမ်တွင် အထူးလျှို  ့ဝှက် စိုက်ပျိုးထားသော ၊ ကျားတစ်ထောင်လို သန်မာ ဆေးမြစ် = ၄ဝ ကျပ်သား

တို ့ကို ၊ အနှစ် ၆ဝ တိုင်တိုင် ၊ ဆေးပေါင်းခ စေရန် ၊ ဆေးအာနိသင် အထူး ထက်မြက်စေရန်

နက္ခတ်ကောင်း ၊ အချိန်ကောင်း တို ့ဖြင့် စနစ်တကျ ဖော်စပ်ထားခြင်း ဖြစ်ပါကြောင်း

ကိုယ်တိုင် ဖော်စပ် ထုတ်လုပ်ထားခြင်း ဖြစ်ပါကြောင်း

အသိပေး ကြေငြာအပ်ပါသည် ။

စမ်းသပ်ပြီး လေ့လာတွေ ့ရှိချက်များ အရ

ရောဂါအမျိုးမျိုး

ခံစားနေရရှာသော

ဝေဒနာ ရှင် အယောက် တစ်ရာ အား

ကျွန်ုပ် ၏ ဆေးကို

ပြပင် မပြရသေး

နာမည်ပဲ ပြောရရုံ ရှိသေးသည်

အူတက် ကာ ရယ်မော ပျော်ရွှင် ရောဂါ ပျောက်ကင်းကြကုန်သည် ကို

မှတ်တမ်း တင်ရှိထားပါသည် ။ ( ISSSO 123456789)

ထို ့ကြောင့်

သမားတော် ဒေါက်တာ ပရော်ဖက်ဆာ မောင်မောင်ပေ@boobyel.com သို ့

ယခု စာဖတ်ပြီးပြီးချင်း ငွေလွှဲပေးကြပါရန် ။

မမေ ့ကြပါနဲ ့နော်

မေ့လို ့ကတော့

ဟွန်း..

သူကြီး နဲ ့ကို တိုင်ပြောဦးမှာ…

9 comments

  • ပေါက်ဖော်

    September 24, 2011 at 9:15 am

    ပေပေ တို ့ကတော့ လုပ်ချလိုက်ပြန်ဘီ

    ရေခဲတောင်ကြာပွင့်ရဖို ့က… ပိုးမင်းသား အကူအညီလိုတယ်..
    ဒါကြောင့်..ပိုးမျိုးစုံရှိသော…အကျွန်ုပ် စိလုပ်ဂြီး..မောင်မောင်ဂေါက်ကို အီမြန်ဆက်တွယ်ကြပါ..
    ဒေါ်လှ ကိုလဲ ခေါ်ခဲ့ပါ

    အကျွန်ုပ်သည်လဲ..ဤစာကိုဖတ်ပြီးသည်နှင့် တစ်ပြိုင်နက်..ပရော်ဖတ်ဆာ မောင်မောင်ပေ အား ဒေါ်လှ အီများအီပြားပေး၍ မြေနီကုန်း ကားမှတ်တိုင်တွင် လျက်ဆား ရောင်းရန် စာချုပ်ချုပ်ပြီး ဖြစ်ပါသည်

    သို ့ပါ၍ ဗိုလ်ချုပ် အခွေရောင်းပေးရန် ထပ်မခေါ်ကြပါနဲ ့တော့

    Reply

  • ကြောင်ကြီး

    September 24, 2011 at 10:32 am

    ေဩာ်…သဂျီးက ကျားတထောင်သန်မာဆေးမြစ် အားကိုးနဲ့ ထောင်ထောင် ထောင်ထောင် လုပ်နေတာကိုး။ မမြောက်နဲ့ သဂျီးရေ၊ ကြောင်ကြီးက ပိုထောင်သဗျ၊ ခေါင်းကဆံပင်ကို ထိုးထိုးထောင်ထောင် ဖြစ်အောင် စပိုက်ခ်ကေ ညှပ်ထားတယ်။

    Reply

    • windtalker

      September 24, 2011 at 10:53 am

      ဟူး…တော်ပါသေးရဲ ့
      စပိုက်ခ်ကေ မို ့လို ့သာပေါ့
      နို ့
      ဟိုကေ ဆိုရင်
      လွယ်လောက်ဘူးနော..
      ဟီဟိ
      ရော ့ခ် ကေ ပြောတာ ပါ
      🙂

      Reply

  • etone

    September 24, 2011 at 11:38 am

    သေချာတာတော့ တိုင်းရင်းဆေး အတော်များများက သွေးတိုးစေနိုင်တယ် ဟိဟိ 😛

    Reply

  • MOEPWINTPHYU

    September 24, 2011 at 4:42 pm

    ဒေါ်လာကမရှိလို
    အလကားကုပေးပါဦးဦးပေ
    မိုးပွင်တိုတောင်အလကားဆေးကုပေးနေသေးတာပဲနော်…

    Reply

  • ဆူး

    September 24, 2011 at 7:17 pm

    သဂျီး အိမ်အောက်မှာ မြုပ်ထားတာ ဆေးမြစ်လား.. တလောက ကြားတာ ရွှေချောင်းတွေ ဆိုလားလို့..

    Reply

  • မောင်ပေ အသင်၏ဆေးသည် တောက်တဲ့သဲခြေမပါသောကြောင့် အာနိသင်မရှိနိုင် ဆေးစွမ်းမထက်နုူိင်ဟု
    ကျားတစ်ထောင် အဖွဲ့မှကြေငြာချက်ထုတ်ပြန်လိုက်သည်။

    ပုံ
    ပေါက်ပုပိန်

    Reply

    • windtalker

      September 24, 2011 at 8:41 pm

      ကိုပေါက်ကတော့
      ရွာထဲ က
      ဘကြီးက
      ဘယ်သူလဲ ဆိုတာ
      လုပ်ပြီ
      သားမပြောဘူးနော်
      ကိုပေါက်ပြောတာနော်
      ဟီဟိ

      Reply

  • pooch

    September 24, 2011 at 11:45 pm

    အင်း…. ဟုတ်တယ် ဆေးက အတော်စွမ်းတာ …. ဖတ်တာနဲ့ ကို အကုန်ပျောက်သွားတယ်
    ဘာမှ မမြင်ရတော့ဘူး….. 🙂

    Reply

Leave a Reply to MOEPWINTPHYU Cancel Reply

Your email address will not be published.