kyawkyaw11September 23, 20111min03

မန်းဂေဇက်မှ သူငယ်ချင်းများအားလုံး ကျမ်းမာပါစေလို့ဆုတောင်းပေးလိုက်ပါတယ်

လူဆိုတာပတ်ဝန်းကျင်ကိုအလှဆင်ရပါတယ် ကိုယ့်ပတ်ဝန်းကျင်မှာဘယ်သူတွေဘာတွေခံစားနေရ

သလဲ ဘယ်ဘဝရောက်နေလဲ ဘာတွေဖြစ်နေသလဲ သိဖို့လိုပါတယ် ဘယ်လိုကူညီရမလဲ

ဘယ်လိုဖြေရှင်းပေးရမလဲ  လူဆိုတာ လူ့ပတ်ဝန်းကျင်မှာ လူ့ကျင့်ဝတ်နှင့်ညီအောင်နေနိုင်ရပါမယ်

ဘာသာတရားဆိုတာ လူတွေကိုထိမ်းချုပ်ထားတဲ့ဥပဒေ ပြဌါန်းချက်ကြီးတစ်ခုပါ

ဘာသာတရားတိုင်းက လူတစ်ဦးစီတိုင်းကောင်းဖို့ ညွန်ကြားထားတဲ့လမ်းညွန်ချက်ကြီးတွေပါ

လူဆိုတာ ကိုက်လုပ်လိုက်တဲ့လုပ်ရပ်တစ်ခုဟာ ပတ်ဝန်းကျင်ကိုထိခိုက်သလား တရားတော်နှင့်

ဆင့်ကျင်သလား ကိုယ့်အတွက်ကောအကျိုးရှိလား အများအတွက်ကောအကျိုးရှိလား–

ကိုယ်လုပ်လိုက်တဲ့လုပ်ရပ်ဟာ တရားတော်နှင့်လဲမဆန့်ကျင်ဘူး အများတွက်လဲ အကျိုးသက်ရာက်

တယ်ဆိုရင် ကောင်းသောလုပ်ရပ်လေးပါ

တရားတော်နှင့်တော့မဆန့်ကျင်ဘူး အများကိုထိခိုက်စေတယ်ဆိုရင် တော့ မကောင်းတဲ့လုပ်ရပ်လေးပါ

တို့လူသားတွေဟာ အများအတွက်အသက်ရှင်နေရတာပါ စီးပွားရှာတာကလဲ သားသမီးတွေအတွက်ပါ

ဒီလိုဘဲ လိုဆိုတာဆင့်ကဲဖြစ်စဉ်ထဲမှာ ကြီးပြင်းနေကြရတာပါ

ဒီသားသမီးတွေကလဲ စီးပွားတွေ ပညာတွေ ရှာကြရအုံးမှာ  သူတို့သားသမီးလေးတွေအတွက်လေ

အိမ်တောင်ရှင်တွေကလဲ ဘာမှသွေးမတော် စပ်တဲ့ဇနီး/ခင်ပွန်းတွေကို အသက်ပေးမတတ်ချစ်တယ်ဆိုပြီး ပြုစု ယုယ ကြင်နာ နေကြရတယ်

ဒါတွေယာဘာတွေလဲ သဘာဝတရားကပေးတဲ့ ဆင့်ကဲဖြစ်ရပ်တွေပါ

ဒီလိုအကြင်နာ တရားတွေပါမလာကြဘူးဆိုရင် လူတွေ လူညွန့်တုံးကုန်တာ ကြာလှပေါ့

ဒါကြောင့် ကိုယ်လုပ်လိုက်တဲ့လုပ်ရပ်တွေဟာ အများအတွက်ဖြစ်ချင်ပါတယ် ကျွန်တော့ဆန်ဒပါ

ကျွန်တော့တို့တွေဟာ တစ်နေ့တော့ ဘယ်ကိုမှန်းမသိတဲ့ နေရာတွေကိုအသီးသီးပြန်ကြရမှာပါ

ဒီတိုတောင်းလှတဲ့လူ့ဘဝလေးမှာ တစ်ဦးတစ်ဦး လှပတဲ့နှလုံးသားနဲ့ကြည့်ပြီး

ပတ်ဝန်းကျင်ကိုအလှဆင်နိုင်ကြပါစေလို့ ———————————–

ဂျိတ်တောသားငထွား

3 comments

  • lulaymg

    September 23, 2011 at 5:33 pm

    နှလုံးသား ကောင်းများ ပိုင်ဆိုင်နိုင်ကြပါစေ
    မျက်နှာမြင် ချစ်ခင်ပါစေ အသံကြားသနားပါစေ
    လူ့လောက ကောင်းကျိုး သယ်ပိုး နိုင်မည့် အခွင့်အလမ်းများ ရရှိကြပါစေ ။

    Reply

  • yetazar

    September 23, 2011 at 6:38 pm

    သဘာဝတရားကြီးရဲ့အလှစစ်တွေကို ကိုရှာဖွေတွေ့ရှိနိုင်တဲ့သူတစ်ယောက်ဖြစ်ပါစေဗျာ ။ ကြင်နာတတ်တဲ့ အမြင်တွေနဲ့ သံယောဇဉ်စကားတွေကိုကြားရတာ ကြည်နူးပီတိဖြစ်မိပါတယ် ။

    Reply

  • winer

    September 23, 2011 at 6:46 pm

    ဘယ်ကိုမှန်းမသိတဲ့ နေရာတွေကိုအသီးသီး သွားကြရတဲ့အခါ လက်ဆုပ်လက်ကိုင်တစ်ခုခုတော့
    ပါအောင်ယူသွားသင့်ပါတယ် ။

    Reply

Leave a Reply

Your email address will not be published.